ရှေးဟောင်း ကောင်းကင် နဂါး။
Vol. 177 Ch. 2479
“ နတ်နဂါးတွေက အားကောင်းနိုင် ပေမယ့် ကောင်းကင်နဂါးဆိုတာ နဂါးအားလုံးရဲ့ သခင်ပဲ။ “
လင်းယွန် အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း စင်မြင့်ပေါ်တွင် ပဲ့တင်ထပ်နေ ခဲ့သည်။
ရွှေနဂါးဘုရင်သည် ရုပ်ခန္ဓာ ကျင့်ကြံသူ ဖြစ်ပြီး နတ်နဂါးသွေး ပိုင်ဆိုင်ထားသဖြင့် သေဆုံးခြင်း မရှိချေ။
မည်သို့ပင် ဆိုစေကာမူ ရွှေနဂါးဘုရင်သည် သွေးများ ဖုံးလွှမ်းနေသဖြင့် နဂါးဘုရင်ငါးပါးက စိုးရိမ်စိတ်များ ဝင်လာ၏။
ဧကရီက ဒေါသတကြီး လေသံဖြင့်၊
“ မင်းတို့အားလုံး ဘာကို စောင့်နေကြတာလဲ ... ငါ့နတ်နဂါးအင်ပါယာရဲ့ နဂါးဘုရင် ခြောက်ပါးက သူရဲဘောကြောင် သူတွေလား။ ”
-ဟု အော်ငေါက်လိုက်၏။
ကျန်ရှိနေသော နဂါးဘုရင်ငါးပါးက ကောင်းကင်ပေါ် ချက်ချင်း ပျံတက်ကာ ရွှေနဂါး ဘုရင် အနားတွင် ဆင်းသက်သည်။
၎င်းတို့သည် ငွေရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ အနီရောင် နှင့် နက်ပြာရောင် နဂါးဘုရင်များ ဖြစ်၏။
နဂါးပြာ မျိုးရိုးမှ လွဲပြီး အခြားသော မျိုးရိုးများ အကုန် ရှိနေသည်။
“နဂါးဘုရင် ခြောက်ပါး လက်တွဲရင် ဒဏ္ဍာရီလာ ဧကရာဇ်တွေကိုတောင် တိုက်ခိုက် နိုင်ပါတယ် သူတို့ တကယ် အလေးအနက်ထား နေပြီ။”
“ ဘာဖြစ်လဲ လင်းယွန်က နဂါးဘုရင် ခြောက်ပါးကိုမှ မကိုင်တွယ်နိုင်ရင် ... ဧကရီကို ဘယ်လိုလုပ် တိုက်ခိုက်မှာလဲ။ “
ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ညံလာ၏။ ရေခဲဧကရာဇ်က ထိတ်လန့်သွား လေသည်။
ဤနည်းဖြင့် လင်းယွန်တစ်ယောက် ဝှက်ဖဲများကို ထုတ်ပြရပေတော့မည်။ သို့သော် လင်းယွန်က တည်ငြိမ်နေဆဲ ဖြစ်၏။
“ ရေခဲ ဧကရာဇ် ... စောစောက မင်းပြောခဲ့တာကို ငါမယုံဘူး ... ဒါပေမယ့် အခု ငါယုံပြီ။ "
အမှောင်သခင် ဧကရာဇ်က ပြောကြားလာ၏။ လင်းယွန်၏ ခွန်အားသည် သူ့ကို အံ့အားသင့် စေသည်။
ရေခဲဧကရာဇ်က ခေါင်းခါယမ်းလိုက်ပြီး၊
“ သူက ငါပြောတာထက် ပိုသန်မာနေပြီ၊ သူ့ကို မမြင်နိုင်တော့ဘူး။ “
-ဟု ဖြည့်စွက် ပြောကြားတော့သည်။ စင်မြင့်ပေါ်၌ ရွှေနဂါးဘုရင်က သူ့နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး၊
“သူ့မှာ ထူးဆန်းတာ တစ်ခု ရှိတယ် ... သတိထားပါ။ “
-ဟု မှာကြားလိုက်၏။
ငွေနဂါးဘုရင်က
“သူ့ကို ဧကရာဇ် ရောင်ဝါနဲ့ နှိမ်နှင်းရအောင် ... ဘာပဲဖြစ်ဖြစ် သူက သူတော်စင် တစ်ပါးပဲ။ ”
ထို့နောက် နဂါးဘုရင် ခြောက်ပါးသည် ၎င်းတို့၏ ရောင်ဝါများကို တပြိုင်နက်တည်း လွှတ်ထုတ်လိုက်သည်။
ယင်းက ဓားမော့ ဧကရာဇ်ထက် ပို၍ ကြောက်စရာ ကောင်း၏။ ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်လျှင်ပင် သူတို့ (၆ )ပါးကို မယှဉ်နိုင်ချေ။
ရေခဲဧကရာဇ်သာ ဆိုသော် ဤအငွေ့အသက်ဖြင့် မြေပြင်တွင် ဒူးထောက် သွားမည် ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ လင်းယွန်ပေါ်သို့ ကျဆင်းလာပြီး ဖိအားအချို့ ခံစားလိုက်ရ၏။
ကောင်းကင် နဂါး အရိုး အသက်ဝင်လာပြီး ဖိအားများ လျော့ပါးသွား တော့သည်။
သူသည် ဧကရာဇ် တစ်ပါး မဟုတ် သော်လည်း ကောင်းကင်တာအိုနှင့် တိုက်ပွဲ ဝင်ချိန်၌ ဧကရာဇ် ဒုက္ခကို ခံစားဖူး၏။
၎င်းသည် သူ့ဆရာ ဒုက္ခကို ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် သာမန် ဧကရာဇ် ရောင်ဝါဖြင့် ဖိနှိမ်ရန် ကြိုးစားသော် ရယ်စရာ ကောင်းပေမည်။
“ ဒါက မင်းတို့ လုပ်နိုင်တာ အကောင်းဆုံးပဲလား။ “
လင်းယွန်က နဂါးဘုရင် ခြောက်ပါးကို ပြုံးပြုံးကြီး ကြည့်ကာ ပြောကြား လိုက်သည်။
“ နဂါးသွေးကို လောင်မြိုက်ပစ်။ “
လင်းယွန်၏ လှောင်ပြောင်မှုကြောင့် နဂါးဘုရင် ခြောက်ပါးခမျာ ရူးသွပ်သွားသည်။ နဂါး ဟောက်သံများနှင့်အတူ သက်ဆိုင်ရာ နဂါးမီးလျှံများ အရောင်မျိုးစုံ လောင်ကျွမ်းလာ၏။
နတ်နဂါးခြောက်ကောင် ပျံထွက်လာပြီး နက္ခတ်များနှင့်အတူ လေဟာနယ် ကွဲအက်လာ တော့သည်။
တောင်ကြီး တစ်လုံးဖြင့် ဖိနှိမ်ခံလိုက်ရ သကဲ့သို့ လင်းယွန် ခြေထောက်များ ကြမ်းပြင် အတွင်း နစ်မြုပ်သွား၏။
ရွှေနဂါးဘုရင်က ဤမြင်ကွင်းကို မြင်ရသောအခါ ဝမ်းသာသွားသည်။
“ သူ့ကို နှိမ်နှင်း ... ။ ”
နဂါးဘုရင် ခြောက်ပါးသည် လင်းယွန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား ကြသည်။
“ လာ ... ငါစောင့်နေတယ်။ “
လင်းယွန်က နဂါးမျိုးရိုး၏ လျှို့ဝှက် နည်းစနစ်ကို လှည့်ပတ်လျက် တံဆိပ်တစ်ခု ဖန်တီးလိုက်ရာ စင်မြင့်ပေါရှိ အချိန်နှင့် အာကာသ ပြောင်းလဲသွားသည်။
နောက်ဆုံးတွင် မရေမတွက်နိုင်သော နဂါးများဦးညွှတ်နေသည့် ကောင်းကင် နဂါးကြီး တစ်ကောင် မြင်ကွင်းထဲပေါ်လာသည်။
ကောင်းကင်နဂါး၏ အကြည့် တစ်ချက်သည် အချိန်ကာလအပေါ် လျင်မြန်စွာ ကုန်ဆုံးစေ၏။
“ ကောင်းကင် နဂါး ... ။ "
ကောင်းကင်နဂါးက အချိန်ကာလကို ဖြတ်သန်းပြီး လင်းယွန်ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်လာသည်။
စင်မြင့်တစ်ခုလုံး တုန်လှုပ်လာ၏။ လင်းယွန်ဆံပင်များ လေထဲပျံဝဲလျက် နတ်နဂါး ရောင်ဝါကို ပြန်၍ တွန်းထုတ်လိုက်သည်။
“ ဝှစ် ... “
ယင်းကြောင့် နဂါးဘုရင် ခြောက်ပါး၏ မျက်နှာများကို ပြောင်းလဲလာခဲ့ပြီး ဝင်လာသော လက်သီးများကို ပိတ်ဆို့ရန် ကြိုးစားတော့၏။
ခြောက်ယောက်သား ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့ သော်လည်း ဆုတ်ခွာ ပေးနေရဆဲ ဖြစ်သည်။
" ဟား ဟား ဟား ... လာဦးမယ်။ “
လင်းယွန်က ရယ်မောလျက် အဓိပတိ နဂါးလက်သီးကို ထုတ်ဖော်၏။ နောက်ဆက်တွဲ ပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။
အချိန်နှင့် အာကာသသည် လင်းယွန်၏ လက်လှိုင်းများအတွင်း လျင်မြန်စွာ ပြောင်းလဲ လာသည်။
အကျိုးဆက်အနေဖြင့် နဂါးဘုရင် ခြောက်ပါး၏ အရိုးများတွင် အက်ကြောင်းပေါ် လာတော့သည်။
၎င်းတို့က ထိပ်တိုက် ရင်ဆိုင်ဝံ့ခြင်း မရှိသောကြောင့် ရှောင်တိမ်း ထွက်ပြေးလေရာ ရယ်စရာ ကောင်းသည့် မြင်ကွင်းမျိုး ထွက်ပေါ်လာသည်။
“ ဟား ... ဟား ... ဟား ... ။ ‘’
လင်းယွန်က ရယ်မောလျက် ကောင်းကင်နဂါး သွေးများ လောင်ကျွမ်းလျက် လိုက်လံ တိုက်ခိုက်တော့သည်။
ဤမြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်သွားစေ၏။ အဆုံးတွင် လင်းယွန်က လိုက်ပါခြင်း မပြုတော့ဘဲ လက်သီးကို တင်းတင်း ဆုပ်လျက် ရပ်တန့်သွားသည်။
သူ့လက်ထဲ အတားအဆီးတစ်ခု ရှိနေသလို ခံစားရသည်။ ဤအတားအဆီးသည် ကောင်းကင် နတ်တောင်ပေါ်တွင် သူ ကြုံတွေ့ ရသည့်အရာ ထက်ပင် ကြီးမားချေ၏။
ထိုကဲ့သို့ ထူးထူးဆန်းဆန်း ရပ်တန့်သွားသော မြင်ကွင်းကြောင့် နဂါးဘုရင် ခြောက်ပါးက သံသယဖြင့် ရပ်လိုက်ကြသည်။
ရုတ်တရက် အချိန်-အာကာသ ရွေ့လျားလာပြီး ဧရာမ နဂါး လက်သည်းကြီး တစ်ဖက် ဆင်းသက်လာ၏။
၎င်းသည် နှစ်ပေါင်း တစ်သန်းကျော် အချိန်ကာလကို ဖြတ်သန်း လာနေ သကဲ့သို့ ကြယ်ရောင်စုံ လိုက်ပါလာသည်။
နဂါးဘုရင် ခြောက်ပါးခမျာ လက်မတုံ့ပြန်နိုင်မီ နဂါး လက်သည်းကြီးဖြင့် ဖမ်းကိုင်ခြင်း ခံလိုက်ရ၏။
ဧကရာဇ် ရွှေခန္ဓာ ပျက်စီးသွားပြီး နဂါးဘုရင်ခြောက်ပါး လုံးထွေးသွားကုန်သည်။
“ သေစမ်း ... ။ “
လူတိုင်း ထိတ်လန့်ကုန်၏။ ရေခဲနှင့် အမှောင်သခင် ဧကရာဇ် ပင်လျှင် အံသြသွား တော့သည်။
“ အား ... ။ “
နဂါးဘုရင်ခြောက်ပါးခမျာ ခေါင်း(၆)လုံး ခြေလက်(၆)စုံဖြင့် ဘောလုံးကြီး တစ်လုံးကဲ့သို့ လိမ်ယှက်သွားခြင်း ဖြစ်၏။
“ အား ... ။ “
ချက်ချင်း အော်ဟစ်သံများ ညံလာ၏။ ဧကရာဇ်ဖြူက မျက်လုံးပြူးသွားပြီး သက်တံ ဓားဧကရာဇ်ထံ လှည့်ကြည့်သည်။
“ သက်တံ ... မင်းတပည့်က ဒီလိုပဲ အမြဲ ရက်စက် ကြမ်းကြုတ်တတ်လား။ “
“ဒါက ရက်စက်လွန်းတယ် ... ။ “
ဧကရာဇ်နက်မှလည်း မှတ်ချက်ပေး၏။ ဤမြင်ကွင်းကြောင့် ဧကရီသည်ပင် ကိုယ်ဟန် ပြင်ယူ လိုက်ရသည်။
ဓားမော့ဧကရာဇ်က အံသြသွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွား၏။ သူသည် နဂါးဘုရင် ခြောက်ပါးကို အနိုင်ယူရန် မလွယ်ချေ။
လင်းယွန်ကဲ့သို့ လုံးချေခြင်းသည် အိမ်မက်သာ ဖြစ်ပေမည်။ မီးဧကရာဇ်လည်း မလုပ်နိုင်ကြောင်း လောင်းကြေး ထပ်ဝံ့၏။
ထိုအတွေးဖြင့် မီးဧကရာဇ်ထံ လှည့်ကြည့် လိုက်ရာ ထိတ်လန့်နေသောအသွင်ဖြင့် ငေးမော နေသည်ကို တွေ့လိုက်ရသည်။
“ လွှတ်လိုက် ... ။ “
ဧကရီက ဝင်ပြောလာသည်။
“ ကောင်းပြီ ... ။ “
လင်းယွန်က နဂါးဘုရင် ခြောက်ပါးကို ကန်ခွဲပစ်လိုက်၏။ သို့မှသာ လိမ်ယှက်နေသော ခန္ဓာကိုယ်များ ကွဲထွက်ကုန်သည်။
ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် ပြန်ကောင်းလာရန် လွယ်မည် မဟုတ်ချေ။ လင်းယွန်က ရှေ့သုံးလှမ်းတိုးပြီး ဧကရီကို ကြည့်ကာ၊
“ ဒါဆို ငါမင်းကို တိုက်ဖို့ အရည်အချင်း ပြည့်မီပြီလား။ “
-ဟု မေးမြန်းလိုက်သည်။
“ ကောင်းကင် နဂါးနတ်ခန္ဓာဆိုတာ ရှေးမှတ်တမ်းတွေထဲမှာပဲ ရှိတော့တယ် အခုလို လွန်ခဲ့တဲ့ နှစ်တစ်သန်းက ကောင်းကင် နဂါးကို မင်းဆင့်ခေါ်နိုင်လိမ့်မယ်လို့ မမျှော်လင့် ထားမိဘူး ...
... ဒါပေမယ့် ငါက မင်းနဲ့ တရား မျှတစွာတိုက်မယ် ... မင်းတို့ သုံးယောက် ငါ့ဆီ အရင်လာ ... ။ “
ဧကရီက သက်တံဓားဧကရာဇ်၊ အဖြူနှင့် အနက်တို့ထံ လှည့်ကြည့်ကာ စိန်ခေါ်လိုက်လေ သည်။
“မလိုပါဘူး ... ငါ မင်းနဲ့ တိုက်မယ်။”
-ဟု လင်းယွန်က ပြောလိုက်သည်။
ဧကရီထံမှ စွန့်လွှတ်လိုက်သော ရောင်ဝါသည် အန္တရာယ်များ လွန်းချေသည်။ ဧကရီသည် သူမ ထိုင်ခုံမှ ခုန်ဆင်းကာ၊
“ပန်းသင်္ချိုင်း မင်းက ကြင်နာလွန်းတယ် မာနကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုတာ ဘာလဲ ငါပြမယ်၊ ...
... မင်းပြိုင်ဘက်က ကြောက်မက်ဖွယ် ကောင်းနေရင် ကြင်နာခြင်းကို စွန့်လွှတ်လိုက်ပါ မဟုတ်လို့ နတ်ဘုရားသင်္ချိုင်း တောင်တန်းကို ဝင်တဲ့အခါ ... အသက် ဆုံးရှုံးရလိမ့်မယ် ...
... နှစ်ပေါင်း တစ်သိန်းအတွင်း မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ နတ်ဘုရား သင်္ချိုင်း တောင်တန်း အတွင်း ဝင်ခဲ့ကြတယ် ... ဒါပေမယ့် တစ်ယောက်မှ ပြန်မလာနိုင်ကြဘူး၊ မင်းလည်း ခြွင်းချက် ရှိမယ်ထင်လား.။ “
ထို့နောက် လင်းယွန်ကို လျစ်လျူရှုကာ သက်တံဓားဧကရာဇ်ထံ လှမ်းကြည့်ပြီး၊
“ သက်တံ ... မင်းတပည့်ကိုယ်စား ငါ့ဆီက လက်ဖဝါး တစ်ချက်ယူ ... ။ “
-ဟု ပြောကြား လိုက်တော့သည်။
***