← Chapters

အတိတ်မှ လင်းယွန်ကို သတ်ခြင်း။

Vol. 177 Ch. 2482

အတိတ်မှ လင်းယွန်ကို သတ်ခြင်း။

Vol. 177 Ch. 2482

တာအိုပန်း သုံးပွင့်ကို မြင်ပြီးနောက် ဓားမော့ဧကရာဇ်မှ မျက်လုံးပြူးသွားတော့၏။ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။

မီးဧကရာဇ်၏ မျက်နှာသည်ပင် ပြောင်းလဲသွားကာ ပွဲကြည့်ပရိတ်သတ်များ အားလုံး အသက်ရှူရပ်သွားကြသည်။

“ ထာဝရ ဓားတာအို … ။ ”

“ ဒဏ္ဍာရီက အမှန်ပဲ ... ဓားတာအို ဒသမတန်း ရောက်ပြီးရင် … တကယ်ပဲ ထာဝရ တာအို ဖြစ်သွားတာကိုး ။ ”

၎င်းတို့သည် ဒဏ္ဍာရီသာ ဖြစ်သည်ဟု ထင်မိကြသော်လည်း ယနေ့တွင် ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ရချေပြီ။

သက်တံဓားဧကရာဇ်က ပြုံးလျက် ဖြစ်ပျက်နေသည့် အရာများ အပေါ် ချက်ချင်း နားလည်လာ၏။

လင်းယွန် အတွက်မူ သတိ ကြီးစွာ ထားနေရဆဲ ဖြစ်သည်။ ထာဝရတာအို သုံးပါး ဖြင့် အငိုက်ဖမ်း နိုင်သော်လည်း ဧကရီသည် အမည်ခံ နတ်ဘုရား ဖြစ်၏။

ထို့ကြောင့် ကောင်းကင်နဂါးကို ထပ်မံ ဆင့်ခေါ်လိုက်မိသည်။ မျက်လုံးများ ရွှေရောင် ပြောင်းသွား၏။

ချက်ချင်းပင် အချိန်ယန္တရားကို ဖြတ်ကျော်လာသော ကောင်းကင် နဂါး လက်သည်းကြီး ထင်ရှားလာသည်။

ဧကရီက သူမထံ ဝင်လာသော ကောင်းကင် နဂါး လက်သည်းကို မျက်ခုံးပင့် ကြည့်ပြီး ပြန်လည် ထိုးနှက် လိုက်လေသည်။

“ ဘုန်း ... ။ ”

သို့သော် ကောင်းကင်နဂါး၏ လက်သည်းသည် သူမ လက်သီးများအပေါ် ဖြိုခွဲပစ်ရာ အသက်ရှူ ကြပ်သွား၏။

၎င်းသည် စကြာဝဠာ အစ၌ မင်းမူနေခဲ့သော ရှေးဟောင်း ကောင်းကင် နဂါး ဖြစ်၏။ လက်သည်းများသည် နှစ်တစ်သန်းကို ဖြတ်သန်းခဲ့လျှင်ပင် အမည်ခံ နတ်ဘုရား အပေါ ခြိမ်းခြောက်နိုင်သည်။

ထိုဖိအားများအောက်၌ ဧကရီတစ်ယောက် လှုပ်ရှားမှု နည်းပညာနှင့် ရောင်ဝါမှာ ကန့်သတ်ခံလိုက်ရသည်။

“ ဗြိ … ။ ”

ကောင်းကင် နဂါး လက်သည်းက ပခုံးပေါ်သို့ ပွတ်ဆွဲသွားသဖြင့် သွေးများ ဖြာကျ လာသည်။

သူမ၏ သွေးသည် နတ်ဘုရား တစ်ပါး၏ သွေးကဲ့သို့ ရွှေရောင်အဆင်း ပြိုးပြိုးပြက်ပြက် လင်းလက်နေ၏။

“ ဒီကောင်က အကြင်နာမရှိဘူး။ ”

ဓားမော့ ဧကရာဇ်က စိတ်တိုလာသည်။ သို့သော် မစွက်ဖက်ရဲချေ။ ဧကရီ တစ်ယောက် လျင်မြန်စွာ ပြန်လည် ကောင်းမွန် သော်လည်း ဒဏ်ရာများ တိုးလာ​နေဆဲ ဖြစ်၏။

လင်းယွန်က သူမကို အသက်ရှုရန် အချိန်မပေးဘဲ ထာဝရတာအို ပန်းသုံးပွင့်ဖြင့် လိုက်လဲ တိုက်ခိုက်နေသည်။

“ ဟိတ် … ။ ”

မျက်စိတစ်မှိတ်အတွင်း လက်သီး ကိုးဆယ်ကျော်ကို ထုတ်​ဖော်ခဲ့လိုက်ရာ ဧကရီ ခမျာ မိုင်တစ်ထောင်အကွာသို့ ဆုတ်ခွာ လိုက်ရတော့၏။

လင်းယွန် သည်လည်း သက်သာလှသည် မဟုတ်ချေ။ မျက်နှာဖြူဖျော့လျက် နွမ်းနယ်လာ တော့၏။

ဧကရီက လင်းယွန်ကို ပြန်ကြည့်သည်။ ကောင်းကင် နဂါးကို ရင်ဆိုင်ရသည့် အချိန်တွင် သူမ၏ နတ်နဂါး အသွေးအသားနှင့် ဝိညာဉ်မှာ ကြောက်ရွံ့ တုန်လှုပ်နေ၏။

“ ထွက် လာ ခဲ့ … ။ ”

သို့သော် အံကြိတ်လျက် ပန်းပုံစံများ ရေးထွင်းထားသော အနက်ရောင် သေတ္တာရှည် တစ်လုံးကို ခေါ်ယူ သိုင်းလွယ်လိုက်၏။

ထိုသေတ္တာသည် အမြင့် ဆယ်ပေကျော် ရှိပြီး နတ်နဂါးရူရ်များ ရေးထွင်းထားလေသည်။

“ နတ်နဂါး ကောင်းကင်ဘုံ … ။ ”

ထိုအနက်ရောင် သေတ္တာကို မြင်လိုက်သောအခါတွင် ဆုစီယာ မျက်နှာသည် ပြောင်းလဲသွား၏။

“ အဲဒါ ဘာလဲ … ။ ”

လီဝူယုက မေးသည်။ ဆုစီယာမှ ပြန်မဖြေနိုင်မီ ဧကရီက လက်ဝှေ့ယမ်းလိုက်ပြီး လှံတစ်စင်းကို ယူလိုက်၏။

၎င်းသည် အုပ်စိုးရှင် သူတော်စင်လက်ရာ ရွှေရောင်လှံရှည် ဖြစ်သည်။ ထိုလှံကို ကိုင်စွဲပြီး သည်နှင့် ဧကရီ၏ အငွေ့အသက် တိုးလာ၏။

အမည်ခံ နတ်ဘုရား ရောင်ဝါကို လှံထဲ သွန်းလောင်းလျက် ဝင်လာသော ကောင်းကင် နဂါးလက်သည်းကို တားဆီးလိုက်သည်။

“ ဝုန်း … ။ ”

ကြီးမားသော ရိုက်ခတ်မှုနှင့်အတူ ပတ်ဝန်းကျင် တောင်တန်းများ တုန်လှုပ်လာ တော့၏။

“ ဧကရာဇ် နဂါးလှံ ... ။ ”

လူအများစုသည် ထိုသေတ္တာကို မသိသော်လည်း လှံရှည်အပေါ် မှတ်မိကြ၏။ ၎င်းသည် ရှေးယခင်က ဧကရီ အသုံးပြုခဲ့သော လူသတ် လက်နက် ဖြစ်သည်။

အမှောင်ခေတ်တွင် ထိုလှံဖြင့် ဝိညာဉ်နတ်မိစ္ဆာမျိုးရိုး ဧကရာဇ် (၇၀)ကျော်ကို သတ်ဖြတ်ခဲ့၏။

" သူမ ပြန်လာပြီ ... ။ “

ဓားမော့ဧကရာဇ်က လှံကိုကြည့်ကာ အတိတ်ကို ပြန်သတိရသွားသည်။ လင်းယွန်၏ ကောင်းကင် နဂါး နတ်ခန္ဓာသည် ကြာကြာ မခံနိုင်တော့ချေ။

ရွှေရောင် အဆင်း သဏ္ဍာန်များ ပျောက်ကွယ်သွားပြီး နဖူး၌ ချွေးများ ဖုံးလွှမ်း လာခဲ့သည်။

“ ရှေးဟောင်း ကောင်းကင် နဂါးက နတ်နဂါးအားလုံးရဲ့ သခင်လား ... ငါရဲ့ ခရမ်း ရွှေရောင် နဂါးက မယုံဘူး ဆိုရင်ရော … ။ ”

ဧကရီသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းမှ လာသည့် ရှေးဟောင်း ကောင်းကင် နဂါး လက်သည်းကြီးကို ကြည့်ပြီး အော်ငေါက် လိုက်သည်။

“ ဒါဆို ကောင်းကင် နဂါး ဖြစ်ရင်တောင် ငါသတ်နိုင်ပါသေးတယ် … ။ ”

“ ဝှစ် … ။ ”

ထို့နောက်တွင် ဧကရီသည် ကြယ်ရောင်များခြုံလျက် လှံဖြင့် ပစ်ပေါက် လိုက်တော့သည်။

ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်များက လှံနှင့်အတူ လိုက်ပါလာ၏။ လှံဖျားတွင် သွေးတစ်စက် ရှိနေပြီး အချိန်နှင့် အာကာသကို ထိုးခွဲလေသည်။

“ ဒါက ကောင်းကင် နဂါးရဲ့ သွေးတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ “

ဧကရာဇ်ဖြူက ထိတ်လန့်သွားသည်။ ဧကရာဇ်နက်မှ ပြန်မဖြေဘဲ မျက်မှောင်ကြုတ် လိုက်မိ၏။

ကောင်းကင် နဂါးကို မသတ်နိုင် သော်လည်း သွေးတစ်စက်ရရန် ဖြစ်နိုင်ခြေ ရှိ၏။

“ စွပ် … ။ “

လူတိုင်း ထိတ်လန့်နေစဉ် လင်းယွန်မှ ရှောင်လိုက်သဖြင့် ဧကရာဇ် နဂါးလှံသည် မူလ ရပ်နေသည့် မြေပြင်ပေါ် စိုက်ဝင်သွားသည်။

မြေပြင်၌ အက်ကွဲကြောင်းများ ပျံ့ကျဲသွားပြီး လှံတစ်လျှောက် သံချေးများ ချက်ချင်း ဖုံးလွှမ်းသွား၏။

မကိုင်စွဲသည်မှာ နှစ်ပေါင်း တစ်သန်းကြာ နေသည့်အလား ပျက်စီးသွားချေပြီ။ လင်းယွန်မှ အံ့သြစွာ ကြည့်မိချိန်၌ ဧကရီက သေတ္တာကို ဖွင့်ပြီး လက်နက်ပေါင်း တစ်ရာကျော် ထုတ်ယူလိုက်သည်။

အားလုံးသည် အုပ်စိုးရှင် လက်ရာများ ဖြစ်၏။ လီဝူယုက နတ်နဂါး ရတနာသိုက်ဟု ခေါ်ရသည့် အကြောင်းရင်းကို နားလည် လာတော့သည်။

“ ဒါ ... ဒါတွေက ဒီနှစ်တွေ တစ်လျှောက်လုံး နတ်နဂါးအင်ပါယာ စုဆောင်း ထားတဲ့ ရတနာတွေလား။ ”

“ အဲဒါတွေတင် မကဘူး ... နတ်နဂါး ရတနာသိုက်ကိုက အချိန်-အာကာသ ရတနာ တစ်ခုပဲ။ ”

ဆုစီယာက ပြန်ဖြေသည်။ ထိုမြင်ကွင်းကြောင့် လင်းယွန် သည်ပင် တုန်လှုပ် သွားခဲ့၏။

နတ်နဂါးအင်ပါယာသည် ခွန်လွန်မြေ၏ အုပ်စိုးရှင် ဖြစ်သောကြောင့် ခိုင်မာသည့် အုတ်မြစ် ရှိရမည်ကို ခန့်မှန်းထားပြီး ဖြစ်သည်။

သို့တိုင် အုပ်စိုးရှင် လက်နက် တစ်ရာကျော်သည် သူ့အတွက် ကြီးမားသော တုန်လှုပ် ချောက်ချားစရာ ဖြစ်နေသေး၏။

“ လူတော်တော်များများက … ခွန်လွန်မြေကို ကျူးကျော်ချင် နေကြတာ အံ့သြစရာ မရှိတော့ပါဘူး ... ဘိုးဘေးနယ်မြေ တစ်ခုအနေနဲ့ … ဘုံသုံးထောင်ထဲမှာ တကယ် ကြွယ်ဝပါပေတယ်။ ”

လင်းယွန်က မှတ်ချက်ပေးလိုက်သည်။

“ ဒါပေမယ့် ... ဒါက ငါ့ကို အရမ်း အထင်ကြီးရာ ရောက်နေတယ် မဟုတ်ဘူးလား။ ”

လင်းယွန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။ ဧကရီသည် အမည်ခံ နတ်ဘုရား ဖြစ်ပြီး အုပ်စိုးရှင် သူတော်စင် လက်ရာ တစ်ရာကျော်ကို ထုတ်ယူထား၏။

“ မင်းရဲ့ … အိုင်းရစ် ဓားသေတ္တာနဲ့ အုပ်စိုးရှင်နတ်ရူရ်ခုနစ်လုံး ရဖို့အတွက် ဒါတွေ ဆုံးရှုံးရမယ် ဆိုရင်တောင် ထိုက်တန်ပါတယ်။ ”

ဧကရီက ပြန်လည် ပြောကြားလာခဲ့သည်။

“ တောင်းပန်ပါတယ် … မင်းမှာ အုပ်စိုးရှင်လက်နက် တစ်သောင်း ရှိရင်တောင် လုံလောက်မှာ မဟုတ်ဘူး။ ”

" အဲဒါကြောင့် မင်းကို သတ်ပစ်မယ် … ။ ”

ဧကရီက သူမဘေးတွင် ပျံဝဲနေသော လက်နက်မျိုးစုံထံမှ လှံတစ်စင်းကိုပင် လှမ်းဆွဲ လိုက်သည်။

ထိုလှံဖျားသည် လေဟာနယ်ကို ထိုးဖောက် ဝင်ရောက်နေပြီး ဧကရာဇ်တစ်ပါး အပေါ် တိုက်ရိုက် သတ်ပစ်နိုင်၏။

ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ပေလိမ့်မည်။

“ ပန်းသင်္ချိုင်း … ။ ”

လင်းယွန်က သတိကြီးစွာဖြင့် ပန်းသင်္ချိုင်းကို ရင်ဘတ်ထဲမှ ထုတ်ယူလိုက် တော့သည်။

“ အရာအားလုံးက နိဗ္ဗာန်​ကို မျက်မှောက် ပြုရတယ်။ ”

လင်းယွန်က အချိန်-အာကာသ အတားအဆီး ဖြတ်ကျော်လျက် လှံဖျားကို ရှောင်လိုက်သည်။

“ ဝှစ် … ဝှစ် … ဝှစ် … ။ ”

တစ်ဆက်တည်းမှာပင် ဧကရီထံမှ နောက်ထပ် လက်နက် သုံးမျိုးခန့် ရောက်ရှိ လာခဲ့၏။

ယင်းကြောင့် ဓားရည်ရွယ်ချက် ဖွင့်ကာ ပစ္စုပ္ပန်သို့ ပြန်လာပြီး ရှောင်တိမ်း ရပြန်သည်။

“ ဝှစ် … ။ ”

ထို့နောက်တွင် ဧကရီပစ်သမျှသော အုပ်စိုးရှင် လက်ရာများစွာသည် အမှိုက်သဖွယ် သူ့ဘေးမှ ဖြတ်ကျော်သွား၏။

အချို့သည် သူ့ရင်ဘတ်ကို ဖောက်ထွင်း သွားသော်လည်း ​သူ့ကိုမထိချေ။ ထိုမြင်ကွင်းက လူတိုင်း၏ နှလုံးသားများကို ခုန်ပေါက်သွား စေ၏။

လင်းယွန်သည်လည်း နိဗ္ဗာန်တာအိုဖြင့် အချိန်ကို ခွဲခြမ်းပြီး ဝင်လာသော လက်နက်များ အပေါ် ရှောင်တိမ်းနေရသည်။

ထို့ကြောင့် တိုက်ပွဲကွင်းပြင်၌ လင်းယွန် ပေါင်းများစွာ ပျံ့ကျဲနေ၏။ ဧကရာဇ်များ အမြင် ၌ပင် ရှုပ်ပွနေပြီး လင်းယွန်အစစ်ကို ရှာမတွေ့ တော့ချေ။

ဧကရီသာလျှင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထို့ကြောင့် သူမက အဆုံးသတ်ရန် ပြင်၏။

“ ဝှစ် ... ဝှစ် ... ဝှစ် ... ။ ”

ခရမ်း-ရွှေရောင် နဂါး နှစ်ဆယ်ခန့် ပေါ်လာပြီး အုပ်စိုးရှင်လက်နက်ကိုယ်စီ ကိုင်ဆွဲ လျက် လင်းယွန်ထံ ပြေးဝင်လာသည်။

ဤအရာသည် ဧကရာဇ်ဖြူအတွက် နားလည်နိုင်သည်ထက် ကျော်လွန်သောကြောင့် စိုးထိတ်လာစေခဲ့သည်။

ကျန်ဧကရာဇ်များ အနေဖြင့်လည်း တုန်လှုပ်ခြောက်ခြားလာပြီး မည်သို့ ရှင်သန်ရ မည်ကို နည်းလမ်း ရှာမတွေ့ကြချေ။

“ ရွှပ် … ။ ”

ယင်းမှာ အကုန် မဟုတ်ဘဲ ဧကရီက နီညိုရောင် လေးကို ဖမ်းကိုင်လိုက်ပြန်သည်။ ထို့နောက် ရွှေမြှားတစ်စင်းကို ဆွဲလျက် ပစ်ချလိုက်တော့၏။

အတိတ်မှ လင်းယွန်ကို သတ်နိုင်သော် ပစ္စုပ္ပန်တွင် လင်းယွန်ဟူသည် ရှိနိုင်တော့မည် မဟုတ်ချေ။

***

All Chapters