တောင်ပိုင်း။ အသိ။
Vol. 177 Ch. 2484
ဧကရာဇ် ဒုက္ခနှင့်တူသော မိုးကြိုးများ ဆင်းသက်လာပြီး အချိန်-အာကာသမုန်တိုင်းက စင်မြင့်ပေါ်၌ ပို၍ ပြင်းထန်လာ၏။
လူတိုင်း မြင်ကွင်းသို့ လင်းယွန်နှင့် ဧကရီတို့ ပြန်ပေါ်လာသည်။ နှစ်ယောက်သား လျှပ်စီးများ လက်နေခဲ့သည်။
“ သူတို့ ပြန်လာပြီ။ “
ဓားမော့ ဧကရာဇ်က သက်သာရာ ရသွားသည်။ အစောပိုင်း အချိန်က မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်၏။ သို့သော် သူ့ခွန်အားနှင့် ရပ်ကြည့်နေရသည်။
သက်တံဓားဧကရာဇ်၊ အဖြူ၊ အနက်၊ ဆုစီယာနှင့် အဖွဲ့သည်လည်း စိတ်သက်သာရာ ရသွား၏။
“ သေ လိုက်တော့ ...။ “
ထိုစဉ် ဧကရီက မြေပြင်ပေါ် စိုက်ဝင်နေသော နဂါးလှံဆီ လက်လှမ်းခဲ့၏။ လှံတွင် ရှေးဟောင်း ကောင်းကင်နဂါး သွေးများ ပါရှိသဖြင့် အချိန် တိုက်စားမှုအောက်တွင် သံချေးတက်သွားသည်။
သို့သော် ဧကရီက လှံကို ကိုင်လိုက်သောအခါ သံချေး တက်နေသော နေရာများ တစ်ဖန် ပြန်လည် ထွန်းတောက်လာ၏။
လှံပေါ်တွင် စွန်းထင်းနေသော ကောင်းကင်နဂါး သွေးများက အာကာပြင်ပေါ် ထိုးဖောက်ကာ အစွမ်းထက် လာတော့သည်။
လင်းယွန်က ဒေါသ ထွက်လာပြီး ဓားတာအို၊ ယင်ယန်နှင့် နိဗ္ဗာန် တာအိုတို့ကို ခေါ်လိုက်သည်။
နဝမတန်းထက် သာလွန်သော ဓားရည်ရွယ်ချက်က လှံကို တွန်းထုတ်လျက် ဆက်ဝင်လာ၏။
“အဆုံးထိ တိုက်ချင်လား။ “
လင်းယွန်က ဧကရီကို ကြည့်ကာ ဒေါသကို ထိန်းပြီး မေးမြန်းလိုက်သည်။ သူ၏ ဒသမတန်း ဓားရည်ရွယ်ချက် မည်မျှ အစွမ်း ထက်မည်ကို မည်သူမဆို သိနိုင်၏။
ကနဦး ကျွမ်းကျင်မှု မျှသာဖြင့် ဓားတန်ခိုးရှင် အဆင့် ရောက်ရှိထားခဲ့သည်။ ၎င်းသည် ချီလင်ဓား တန်ခိုးရှင်နှင့် မယှဉ်နိုင် သော်လည်း အမည်ခံ နတ်ဘုရား တစ်ပါး ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
ဧကရီမှာ သန်မာသော်လည်း ခွန်လွန်မှ မထွက်သဖြင့် သူမအမြင်သည် အကန့်အသတ် ရှိသည်။ ဧကရီက ခေါင်းမော့ပြီး၊
“ အမည်ခံ နတ်ဘုရားဆိုတာ မင်း စိတ်ကူးကြည့်လို့ ရတဲ့အရာမျိုး မဟုတ်ဘူး ... အိုင်းရစ် ဓားသူတော်စင်ရဲ့ လျှို့ဝှက်ပညာကို ပိုကောင်းအောင် လုပ်ပါ။ ”
-ဟု ပြန်လည် အော်ဟစ် လိုက်သည်။
ယင်ယန် တာအိုနှင့် ဒြပ်ငါးပါး တာအိုသည် သူမ နောက်၌ ပွင့်လန်းလျက် ဧကရာဇ် နဂါးလှံကို လှည့်ပတ်နေ၏။
လင်းယွန်က သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ အတွေးတစ်ချက်နှင့် ဖဲကြိုး ကိုးထောင်ကို ထုတ်လိုက်လေသည်။
“ ခရစ် ... ။ “
ဓားရည်ရွယ်ချက်က ကြီးကျယ် ခမ်းနားစွာ လွင့်ထွက်သွားပြီး ကောင်းကင် အလွှာများ ကွဲအက်သွားသည်။
ဤဖြစ်စဉ် အောက်တွင် တောင်တန်းကြီးများ ထက်ဝက်ခန့် ကြေမွကုန် သွားတော့၏။
ဓားရောင်ဝါက တံတိုင်းကြီး သဖွယ် ဧကရာဇ် နဂါးလှံကို မီတာတစ်ထောင်သို့ ပြန်၍ တွန်းထုတ်ပစ်လိုက်သည်။
ဧကရီခမျာ အငွေ့အသက် ပြိုကျ တော့၏။ လင်းယွန်အတွက်မူ ကြယ်ရောင်များ ဖုံးအုပ်လျက် ဓားနတ်ဘုရားနှင့် တူနေသည်။
သူ့ဝိညာဉ်မှာ ကောင်းကင် တာအိုနှင့် ပေါင်းစပ်သွားသည်။ ရှေးဟောင်း သူတော်စင် နယ်မြေကြီး တစ်ခုလုံးကို ပြင်ပ ရှုထောင့်မှ မြင်လိုက်ရ၏။
“ ဒသမတန်း ဓားရည်ရွယ်ချက်ကို မင်းမြင်ချင်လား ... ဒါက ကနဦး ကျွမ်းကျင်မှု ဆိုပေမယ့် အမည်ခံ နတ်ဘုရား တစ်ပါးကို ဒဏ်ရာပေးနိုင်စွမ်း ရှိပါတယ်။”
အတွေးတစ်ချက်ဖြင့် တောင်နှင့် မြစ်များ တုန်ခါကုန်၏။ ရှေးဟောင်းသူတော်စင်နယ်မြေ အတွင်း၌ တစ်စုံတစ်ယောက် ဖြစ်နေသရွေ့ သူ့လက်မှ မလွတ်နိုင်ချေ။
“ ရွှပ် ... ။ “
ဧကရီက ဝင်လာသော ဓားရောင်ခြည်များကို ပိတ်ဆို့လျက် စင်ပေါ်မှ ထိတ်လန့်စွာ ပြုတ်ကျသွားသည်။
“ ငါ့ဓားက ထာဝရပဲ။ “
ဓားတာအိုပန်းမှ ရွှေရောင် အလင်းတန်းများ ပွင့်လာသည်။ ယင်းက ကမ္ဘာပေါ်တွင် အတောက်ပဆုံး ဖြစ်၏။
“ ဝေါ့ ... ။ “
ဤတစ်ကြိမ်၌ လင်းယွန်မှ ဓားကို လွှဲလိုက်သောအခါ ဧကရီ၏ ယင်ယန်တာအိုနှင့် ဒြပ်ငါးပါးတာအို အက်ကွဲကာ သွေးအန် သွားလေသည်။
" ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ... ။ "
ဓားမော့ ဧကရာဇ်က အံသြသွား၏။ မီးဧကရာဇ် သည်ပင် မယုံကြည်နိုင်စွာဖြင့် မျက်ခုံးပင့်မိသွားသည်။
“ ထာဝရဓားတာအိုလား။ “
“ ဓားက ဘာလို့ ယင်-ယန်တာအိုနဲ့ နိဗ္ဗာန်တာအိုကို ဝါးမြိုနေရတာလဲ သူ ဘယ်လို လုပ်လိုက်တာလဲ။”
“ အဲဒါ ထာဝရ တာအိုပဲ ...။ “
လူတိုင်း ထိတ်လန့် တုန်လှုပ်သွားပြီး လင်းယွန်တစ်ယောက် မည်သို့ အောင်မြင်နိုင် သည်ကို စိတ်ကူး မယဉ်နိုင်ချေ။
ဧကရီ သည်လည်း ချွင်းချက် မရှိချေ။ ဒသမတန်းဓားသည် အပြည့်အဝ နားလည်ခြင်း မရှိထားသည့်တိုင် သူမအပေါ် ဒဏ်ရာ ရစေနိုင်ခဲ့သည်။
လူအများအတွက် ဓားတာအိုသည် ထာဝရ တာအို နှစ်ပါးကို ဝါးမြိုနိုင်နေသည်မှာ နားမလည်နိုင်စရာ ပေပင်။
“ နတ်မီးတောက် ... ။ “
ဧကရီမှ နတ်မီးလျှံကို အသက်သွင်းကာ ကောင်းကင်ပေါ် ပျံတက် သွားလိုက်တော့၏။ သို့မှသာလျှင် ဓားရောင်ဝါ ကန့်သတ်ချက်က လွတ်မြောက်သွားသည်။
နတ်မီးတောက် ဟူသည် အချိန် ကြာမြင့်စွာ လောင်ကျွမ်း စေနိုင်သောအရာမျိုး မဟုတ်ချေ။
“ နောက်ဆုံးတော့ ... မင်းရဲ့ နတ်မီးတောက် လောင်ကျွမ်းရပြီ။ “
လင်းယွန်က တံဆိပ်များ ဖန်တီးလျက် ကောင်းကင်ပေါ် ပျံတက်၏။ နတ်ဘုရားသတ် အနန္တ ကောင်းကင် ဓား၏ ပထမဆုံး တံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ဓားရည်ရွယ်ချက်သည် ရှေးဟောင်း သူတော်စင် နယ်မြေ တစ်ခုလုံးနှင့် ရောနှော သွား၏။
“ ဟမ့် ... ။ “
ဧကရီ တစ်ယောက် ကြောက်ရွံ့မှု အရိပ်အမြွက်ကို ခံစားမိသောကြောင့် အဆုံး၌ မျက်နှာ ပြောင်းလဲသွားသည်။
တစ်ဖက်လူသည် အိုင်းရစ် ဓားသူတော်စင်၏ လျှို့ဝှက်နည်းပညာကို အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်း သူမ ချက်ချင်းသိသည်။
ထို့ကြောင့် နှောက်ယှက်လိုစိတ်ဖြင့် ရွေ့လျားလိုက်စဉ် ဒုတိယတံဆိပ်ကို လင်းယွန်မှ ထုတ်ဖော်နေပြီ ဖြစ်၏။
သူတော်စင် မူလ၊ ဓားရည်ရွယ်ချက်နှင့် သွေးသား စွမ်းအင်များက မရေမတွက်နိုင်သော လူများအဖြစ် ထွက်ပေါ်လာပြီး ကောင်းကင်ထံ ဒေါသတကြီး အော်ငေါက် နေကြသည်။
အချို့က မြေပြင်ပေါ် ဒူးထောက် နေ၏။ ဤသည်မှာ ကမ္ဘာဦးခေတ်တွင် နေထိုင်ခဲ့သော လူသားတို့၏ ပုံရိပ်များ ပေပင်။
ဓားရောင်ခြည်က ကောင်းကင် တာအို ဖြစ်သွားသည်။ လူတိုင်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
" ချန်ယန်၊ ဒါကို ဒီမှာပဲ အဆုံးသတ် လိုက်ရအောင် ... အဲဒါက နတ်ဘုရားတွေကို သတ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်ပဲ။ ”
ဓားမော့ဧကရာဇ်က စိတ်ပူပန်နေသော်လည်း ဝင်ရောက် စွက်ဖက် နိုင်ခြင်း မရှိချေ။ ထိုစွမ်းအား မည်မျှ ပြင်းကြောင်း မသိ ဖြစ်နေ၏။
ဧကရာဇ်နက်သည်သာ ဤလျှို့ဝှက် နည်းပညာကို တွေ့ကြုံခံစားဖူးသည်။ သို့သော် ထိုစဉ်က နဝမတန်းဓားမျှသာ ဖြစ်၏။
ယခုမူ ဒသမတန်း ဓားရည်ရွယ်ချက်ကို အသုံးပြုထားသဖြင့် အဆင့်သစ်သို့ ရောက်ရှိ နေခဲ့သည်။
လင်းယွန်က တတိယ တံဆိပ်ကို ဖန်ဆင်းလိုက်သော အခါ ဓားကြီးတစ်လက် လေဝဲအတွင်းမှ ဆင်းသက်လာ၏။
ကောင်းကင် တာအိုက ဓားကို လှည့်ပတ်နေသော စွမ်းအင်အဖြစ် လိုက်ပါ သွားလေသည်။
“ ဝှီး ... ။ ”
တစ်ချိန်တည်းမှာပင် အုပ်စိုးရှင် နတ်ရူရ် ခုနစ်လုံးက အိုင်းရစ် လျှို့ဝှက် နယ်မြေ အတွင်း လင်းလက်ပြီး ဓားကြီး၌ တံဆိပ်အဖြစ် ပေါ်လာ၏။
“ ခရစ် ... ။”
ထိအားသည် (Tai) တောင်ကြီးကို ကွဲအက်သွားစေကာ တိုက်ပွဲ မြေပြင်တဝိုက် ကျောက်တုံးများ ကြေမွှ ပျံဝဲစေ၏။
ဧကရီ မျက်နှာ ဖြူဖျော့လျက် အားပျော့ သွားသည်။ နတ်မီးတောက်သည်ပင် ငြိမ်းသွား ခဲ့၏။ ဆိုလိုသည်မှာ သူမ၏ ကျင့်ကြံမှုသည် အမည်ခံ နတ်ဘုရား နယ်ပယ်မှ ဧကရာဇ် နယ်ပယ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။
ဒဏ္ဍာရီ အဆင့်အတန်း သည်လည်း ယုတ်လျော့လာ၏။ ဧကရာဇ် ရွှေခန္ဓာသည်ပင် အက်ကွဲကြောင်းများ ပေါ်လာပြီး သွေးများ စိမ့်ထွက်လာသည်။
“ ဝေါ့ ... ။ “
သွေးတစ်လုတ် အန်လိုက်ချိန်၌ မဟာသူတော်စင်နယ်ပယ်သို့ ထပ်မံ ကျဆင်း သွားခဲ့၏။
ဓားရောင်ခြည်ကို အပြည့်အဝ တွန်းထုတ်ပြီးနောက် မဟာသူတော်စင်မှသည် အမည်ခံသူတော်စင် ဖြစ်သွားသည်။
မျက်နှာ၌ အရေးအကြောင်းများ ဖုံးလွှမ်းလာပြီး ဆံပင်များ ဖြူလာ၏။ ချက်ချင်း ကုစားရန် တရားထိုင်ချလိုက်စဉ် ဓားမော့နှင့် မီးဧကရာဇ်တို့ အပြေးအလွှား ဆင်းသက် လာသည်။
၎င်းတို့က လင်းယွန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကြ၏။ အဖြူ၊ အမည်းနှင့် သက်တံ ဓားဧကရာဇ်တို့သည်လည်း စိုးရိမ်စွာ ထွက်ပေါ်လာ၏။
“မင်း အဆင်ပြေရဲ့လား။ “
သက်တံဓားက သူ့တပည့်ကို မေး၏။ အနန္တကောင်းကင်ဓားကို သုံးခြင်းဖြင့် လင်းယွန် တစ်ယောက် သွေးသားစွမ်းအင်နှင့် သူတော်စင် မူလ ကုန်ဆုံးသွားရမည် ဖြစ်သည်။
“ ကျွန်တော် အဆင်ပြေပါတယ် ... ကျွန်တော့် ဓားရည်ရွယ်ချက်က ... ဒသမတန်း ရောက်လာပြီး တဲ့နောက် အဲဒီဓားပညာကို လုပ်ဆောင်ဖို့ အခက်အခဲ မရှိပါဘူး။”
လင်းယွန်မှ တစ်ကြိမ်သာ တိုက်ခိုက်သောကြောင့် ဧကရီ တစ်ယောက် သက်သာသွားခြင်း ဖြစ်သည်။
နောက်တစ်ကြိမ်သာ ထပ်မံ အသုံးပြုသော် သေနိုင်၏။
“ မင်း အနိုင်ရတယ်။ “
ဧကရီက မျက်လုံးများ ဖွင့်ကာ ပြောလိုက်သည်။
“ ကျေးဇူး တင်ပါတယ် ... ။ “
လင်းယွန်မှ တုန့်ပြန်၏။
“ နတ်ဘုရားသင်္ချိုင်း တောင်တန်းကို မင်းဖြေရှင်း နိုင်နေပြီလို့ ... ငါ ယုံကြည်ပါတယ် ... ကံကောင်းပါစေ။”
ဧကရီ အသွင်သည် စိတ်ပျက်ပုံ မပေါ်သဖြင့် လင်းယွန်မှ စိတ်သက်သာရာ ရသွားသည်။ သူမက ဆက်လက်ပြီး၊
“ နတ်နဂါးအင်ပါယာကို ဆုစီယာ ဆက်ခံပြီး ... အင်ပါယာက မင်းကို ကူညီပေး လိမ့်မယ် ... မင်းသူ့ကို ကောင်းကင်ဘုံ ကံကြမ္မာ အဆောင်ပေးမှာ မဟုတ်လား။”
“ အဲဒါက သူ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်ပါတယ် ... သူက ငါ့ဇနီးမို့ သူ့အမြင်ကို အလေးအနက်ထားတယ်။ “
ဧကရီက ခေါင်းညိတ်ပြီး ထွက်ခွာ သွားတော့သည်။
“ ခဏနေပါဦး ... တျန်ရွှမ်ဇီ ပန်းချီကားကို ပေးနိုင်မလား။ “
လင်းယွန်မှ ဧကရီကို လှမ်းပြောသည်။ ဧကရီက အံ့အားသင့်သွားပြီး ပန်းချီကားချပ်နှင့် တံဆိပ်နှစ်ခုကို ပစ်ပေးလိုက်၏။
“ တောင်ပိုင်း။ အသိ။ “
လင်းယွန်က တံဆိပ်တုံးပေါ်တွင် ရေးထွင်းထားသော စာသားများကို ဖတ်ကြည့် လိုက်ပြီး၊
“တောင်ပိုင်း ... အသိ ... ဒါငါ့ကို ပေးတာလား။ “
-ဟု မေးမြန်းတော့၏။
“ မင်းအမှတ်အသား ထည့်ထားပါ ... တစ်နေ့ သူပြန်လာလိမ့်မယ်။ ”
ဧကရီက ပြန်ပြောသည်။ ဤအခိုက်အတန့်တွင် သူမသည် ဝန်ထုပ်ဝန်ပိုး မရှိတော့ဘဲ တောင်ပိုင်း ဧကရာဇ် သင်္ချိုင်းကို သေသည်အထိ စောင့်ရှောက်သွားရန် ဆုံဖြတ်လိုက်တော့သည်။
***