နောက်ဆုံး ကြိုးမျှင်။
Vol. 177 Ch. 2485
ဧကရီ ထွက်ခွာသွားသော အခါ ယဇ်ပူဇော်ခြင်း အခမ်းအနားကို ပြန်၍ ရုပ်သိမ်း လိုက်ကြသည်။
လင်းယွန်နှင့် နတ်နဂါး အင်ပါယာကြား ပဋိပက္ခ ပြီးဆုံးသွားသည် ဟုလည်း ဆိုလို၏။ ခုနစ်ရက်အကြာတွင် ဆုစီယာက နန်းတက်သည်။
သူမသည် ဧကရာဇ် နန်းတော်၏ နန်းတော်သခင် ဖြစ်လာပြီး နတ်နဂါးအင်ပါယာ အပေါ် ထိန်းချုပ်ခွင့် ရခဲ့၏။
ဓားမော့နှင့် မီးဧကရာဇ်သည် ဆုစီယာတစ်ယောက် ဧကရာဇ် မဖြစ်မီ သူမကို ကူညီ ဆောင်ရွက်ပေးရန် ဆက်နေသည်။
ဒဏ္ဍာရီလာ ဧကရာဇ်နှစ်ပါး၏ အကူအညီဖြင့် လူတိုင်းက ဆုစီယာအပေါ် လက်ခံလာကြ၏။
လင်းယွန်က ထွက်ခွာမသွားသေးဘဲ ဆုစီယာနှင့်အတူ ဧကရာဇ် နန်းတော်အတွင်း နေထိုင်ခဲ့သည်။
ရံဖန်ရံခါတွင် ပိုင်လိရွှမ်၊ မိန်ဇီဟွာ၊ လီဝူယု၊ လွင့်မျောနေသော ရေခွက် တို့နှင့်အတူ ဝိုင်းဖွဲ့နေတတ်၏။
ကျန်အချိန်များတွင် ဒသမတန်း ဓားရည်ရွယ်ချက်ကို နားလည်မှု ရယူခဲ့သည်။ ယနေ့တွင် တောက်ပသော ဓားရောင်ခြည်ကို ထုတ်လွှတ်ပြီး လျှို့ဝှက် နယ်မြေ အပေါ် လွှမ်းခြုံပစ်၏။
သူနှင့် မလှမ်းမကမ်းတွင် ခရမ်းငယ်က မီးအိမ်များ ပြုလုပ်နေဆဲဖြစ်သည်။ မီးအိမ်ထဲ၌ လင်းယွန် ပြုပြင်ထားသော ကိုယ်ခံပညာများကို ကျောက်စိမ်းတုံးများဖြင့် ပွားယူထား၏။
လေဝဲဓား အပါအဝင်၊ ကျား-နဂါး လက်သီး၊ မိုးကြိုး ဓားပန်းချီနှင့် ပုံရိပ်ယောင် နတ်ဘုရားဓားတို့ကို နဂါးဝိညာဉ် အဆင့်ထိ မြှင့်တင်ပေးထားသည်။
“ ဒါတွေလုပ်ရတာ ပျင်းစရာ ကောင်းတယ် ငါက တိုက်ရတာပဲ ကြိုက်တယ် နင်ဘာလို့ ဒါတွေ လုပ်နေတာလဲ ... ငါ့ကို ပြောပြနိုင်မလား။ “
ခရမ်းငယ်က မေးသည်။
“ဘာလို့ မှန်းဆချက် မပေးရတာလဲ။ ”
လင်းယွန်မှ ပြုံးကာ ပြန်မေးလိုက်၏။
“ ဟမ့် ... မင်းရဲ့ နားလည်မှုတွေကို အမွေအဖြစ် ချန်ထားခဲ့ဖို့ ... ကြံစည်နေတာ မဟုတ်လား။ “
“ ထက်မြက်တယ် ... ငါရဲ့ လက်ရှိ အောင်မြင်မှုက လမ်းတစ်လျှောက် ... ကြုံတွေ့ ခဲ့ရတဲ့ အခွင့်အလမ်းတွေ ကြောင့်ပဲ၊ အခု ...
... ငါ့ခွန်အားက အမည်ခံ နတ်ဘုရား နယ်ပယ်ထက် ကျော်လွန်နေပြီ သဘာဝအတိုင်း ခွန်လွန်အတွက် အမွေအချို့ ချန်ထားခဲ့ရမယ်။”
ခွန်လွန်သည် သူ့အပေါ် ကူညီသည့် အတွက် ခွန်လွန်ကို ပြန်လည် ကူညီရပေမည်။
“ အခု မီးခွက်သုံးထောင် ပြီးပြီလား။ “
မြေပြင်ပေါ်ရှိ မီးအိမ်များကို ကြည့်ကာ မေးမြန်းလိုက်သည်။ ခရမ်းငယ်မှ ခေါင်းညိတ် ပြတော့၏။
လင်းယွန်က လက်ကို မြှောက်လိုက်သည်နှင့် ထိုမီးအိမ် (၃၀၀၀)ခမျာ ကောင်းကင်ပေါ် ပျံတက်သွားပြီး နတ်ဖီးနစ် သစ်ပင်၌ တွဲလျောင်း ချိတ်ဆွဲကုန်သည်။
“ ဝှစ် ... ။ “
အတွေး တစ်တည်းခုဖြင့် ဖဲကြိုး သုံးထောင် ထွက်ပေါ်လာကာ မီးအိမ်များကို ဖုံးလွှမ်းသွားလေသည်။
ထိုမှတဆင့် ဓားရည်ရွယ်ချက်များ စီးဝင်ကာ ဖဲကြိုးများက တံဆိပ် ဖြစ်သွားသည်။ ဤသည်မှာ ဒသမတန်းဓား ဖြစ်၏။
“ နောက်ဆုံးတော့ ပြည့်စုံသွားပြီ။ “
လင်းယွန်က ခေါင်းညိတ်ပြီး၊
“ မီးအိမ်ကို ရယူနိုင်တဲ့ လူကို ငါ့ဓားက ကာကွယ်ပေးမယ် ... ။ ”
-ဟု ကတိပြုလိုက်၏။
ဧကရာဇ် တစ်ပါး မဆိုနှင့် အမည်ခံ နတ်ဘုရားများသည်ပင် ထိုဖဲကြိုးမှ ပြင်းထန်စွာ ဒဏ်ရာ ရရှိစေမည် ဖြစ်သည်။
“ နင်က စေတနာရှိနေမှတော့ ... ငါတွန့်တိုနေမှာ မဟုတ်ဘူး။ ”
သတ္တုနတ်ရူရ်ဖြင့် ထွင်းထုထားသော ဖဲကြိုးများကို စွန့်လွှတ်လိုက်သဖြင့် ခရမ်းငယ် မှလည်း ဖီးနစ် သူတော်စင် မူလကို မီးခွက်ထဲ လောင်းထည့်ပေးလိုက်၏။
“ ဘယ်တော့ ထွက်ဖို့ အစီအစဉ်ရှိလဲ။”
ခရမ်းငယ်မှ မေးသည်။ လင်းယွန်၏ အပြုံးများ ပျောက်ကွယ်သွား၏။ ဆုစီယာနှင့် လမ်းခွဲရ ပေဦးမည်။
“ ဆုစီယာက ကောင်းကင်ဘုံ ကံကြမ္မာ အဆောင်ကိုယူမယ်ထင်လား ... ခရမ်းငယ် မင်း ဘယ်လို မြင်လဲ။ ”
ဤအဆောင်ကို လက်ခံသူသည် ခွန်လွန်နယ်မြေအပေါ် ကာကွယ်ရန် တာဝန် ရှိပေမည်။ ထို့ကြောင့် လင်းယွန်မှ အတင်း အကြပ် မလုပ်လိုချေ။ ခရမ်းငယ်က၊
“ သူမ ငြင်းမှာ မဟုတ်ပါဘူး ... ဧကရီနဲ့ သဘောတူညီချက် ရှိထားပုံရတယ်။ “
-ဟု ဖြေကြားလာသည်။
လင်းယွန်မှ ဆက်မပြောတော့ချေ။ သူသည် ယွဲ့ဝေဝေကို ရှာရန် ခွန်လွန်မှ ထွက်ခွာ ရဦးမည် ဖြစ်ပြီး နဂါးပြာဘိုးဘေးနှင့်လည်း သွားရောက် တွေ့ဆုံလိုသေးသည်။
“ ငါတို့ နှစ်ယောက်ထဲက တစ်ယောက် နေခဲ့ရမယ်။”
သူ ထင်သည့် အတိုင်းပင် ဆုစီယာက နေခဲ့ရန် ရွေးချယ်သည်။ ထို့ကြောင့် သူမထံသို့ ကောင်းကင်ဘုံ ကံကြမ္မာ အဆောင်ကို ပေးအပ်လိုက်သည်။
“ လင်းအာ ... နတ်ဘုရားသင်္ချိုင်း တောင်တန်းကို သွားမယ်ဆိုရင် နင်ပထမဆုံး တွေ့ရမဲ့ လူက ဝမ်မူယန်ပဲ။ “
ဆုစီယာက သူမ မြင်ခဲ့သော အခမ်းအနားကို ပြန်လည် ဝေမျှ ပေးသည်။
“ ဝမ်မူယန်က နတ်သမီး ဆိုပေမယ့် သွေးဘုရင်အတွက် အခွံတစ်ခုပါ အခမ်းအနား ဒဏ်ရာကြောင့် အနားယူ နေရပေမယ့် ... အခု ဆိုရင် သူမ ပြန်ကောင်းလာနိုင်တယ် ...
... သွေးဘုရင်က သူမ ခန္ဓာကိုယ်နဲ့ ရင်းနှီးသွားရင် အမည်ခံ နတ်ဘုရား ဖြစ်လာမှာ သေချာတယ်။ “
သွေးဘုရင်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်တည်းက နတ်ဘုရား ဖြစ်သွားခဲ့၏။ ၎င်းမှ ယဇ်ပူဇော်ခြင်း နည်းလမ်းကို အသုံးပြု ခဲ့သော်မှ နတ်ဘုရား ဖြစ်နေဆဲ ပေပင်။
နောက်ဆုံး တွေ့ဆုံမှုတွင် ဝမ်မူယန် တစ်ယောက် အဘယ့်ကြောင့် ဤမျှ စကား ပြောဆို နေခဲ့သည်ကို လင်းယွန် နားလည် လာတော့၏။
“ မနေ့ညက စီနီယာ သက်တံ၊ အဖြူနဲ့ အနက်က သွေးလဂိုဏ်းကို ရှင်းဖို့ ... နတ်နဂါး အင်ပါယာနဲ့ ပူးပေါင်းပေးလိမ့်မယ် ...
... နင့်ဆရာက ကောင်းကင် တာအိုဂိုဏ်းကို အရှုပ်အထွေး ဖြစ်စေခဲ့တဲ့ သွေးဘုရင်ကို ကိုယ်တိုင် သတ်ချင်နေတယ်။ “
ဆိုလိုသည်မှာ သွေးလဂိုဏ်းနှင့် ဝိညာဉ်နတ်မိစ္ဆာ မိသားစုကို သုတ်သင်ရန် အင်အားစုအားလုံး ပါဝင်ပေမည်။
“ ဒါပေမယ့် အဲဒီနည်းလမ်းက နင့်အပေါ် မူတည်နေတယ် ... နင်သာ နတ်ဘုရား သင်္ချိုင်း တောင်တန်းထဲက အရာတွေကို မဖြေရှင်း နိုင်ခဲ့ရင် အားလုံး အလကားပါပဲ။ “
လင်းယွန်က ခေါင်းညိတ်ပြီး၊
“ ငါရှာခိုင်းတဲ့ လူကို ရှာတွေ့ပြီလား။ “
-ဟု မေးမြန်းလိုက်၏။
“ အဲဒီလူက သူ့ကိုယ်သူ နက်နက်နဲနဲ ဖုံးကွယ်ထားပေမယ့် ငါတို့ ရှာတွေ့ခဲ့ပါတယ်။”
ထို့နောက်တွင် လင်းယွန်က နတ်မိစ္ဆာ တံခါး၏ သခင် ဖြစ်လာသော အန်းလျူယွင်ထံ ထွက်ခွာလာခဲ့သည်။
ဧကရာဇ် အကြီးအကဲများသည် သူနှင့် အန်းလျူယွင် ပတ်သတ်မှုကြောင့် ၎င်းတို့၏ အရေးကိစ္စများအပေါ် ဝင်ရောက် စွက်ဖက် လာမည်ကို စိုးရိမ်ခဲ့ကြသည်။
ယင်းကြောင့် အန်းလျူယွင်ကို သူနှင့် အဆက်အသွယ် ဖြတ်ရမည်ဟု ကတိတောင်း ခဲ့ပြီး သူ့ဆရာ ဒုက္ခသို့ လာကူခြင်း ဖြစ်သည်။
သူ့ကို မြင်သောအခါ ဧကရာဇ် အကြီးအကဲ လေးဦးသည် ကြောက်ရွံ့ဟန်ဖြင့် ကြိုဆိုရန် ထွက်လာကြ၏။
“ သခင်ငယ်ကို နှုတ်ဆက်ပါတယ်။”
အန်းလျူယွင်က စိတ်လှုပ်ရှားစွာ ချက်ချင်း ခရီးဦးကြိုပြုသည်။ အကြီးအကဲ လေးပါးခဗျာ ပါးစပ်ပိတ် ကျသွား၏။
မျက်နှာ ပြောင်းလဲလျက် စကားတစ်ခွန်းမျှ မပြောဝံ့ကြချေ။
“ မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးဖို့ ငါ့မှာ သီးသန့် ကိစ္စရှိတယ် ... ထွက်သွားကြ ... တံခါး ပိတ်ခဲ့ဖို့ မမေ့နဲ့။”
လင်းယွန်က အန်းလျူယွင်ကို ကောက်ပွေ့ချီလျက် ခန်းမအတွင်းရှိ ပလ္လင်ထံ လျှောက်လှမ်း သွားတော့သည်။
ဧကရာဇ် အကြီးအကဲ လေးပါးခမျာ လင်းယွန်စိတ်ကူးကို ချက်ခြင်း ခန့်မှန်းမိသွားပြီး မျက်နှာများ နီရဲလာကြ၏။
ဧကရာဇ် အကြီးအကဲတစ်ဦးက သည်းမခံနိုင်တော့ဘဲ၊
“ ပန်းသင်္ချိုင်း၊ အဲဒါ နှလုံးမဲ့ နတ်မိစ္ဆာ ဧကရာဇ် ကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ ... နတ်မိစ္ဆာ တံခါးရဲ့ အထွတ်အမြတ် ပလ္လင်ပါ။ "
-ဟု လှမ်းအော် လေသည်။
“ ကောင်းပြီ ... ငါ ကောင်းကောင်း အသုံးချလိုက်မယ်။ “
“ ဝေါ့ ... ။ “
လင်းယွန်က နောက်ပြန် လှည့်မကြည့်တော့ဘဲ လက်ဝှေ့ယမ်း လိုက်၏။ အဆိုပါ ဧကရာဇ်အကြီးအကဲခမျာ မျက်နှာ ဖြူဖျော့လျက် သွေးများအန်ပြီး လွင့်ပျံ သွားခဲ့၏။
ယင်းကြောင့် အခြားသော ဧကရာဇ်သုံးပါး၏ မျက်နှာများ ပြောင်းသွားပြီး တစ်စက္ကန့် မျှပင် မနေရဲတော့ချေ။
သို့တိုင် နာကျင်ကြည်နူးစွာ အော်ဟစ်လိုက်သည့် အန်းလျူယွင်၏ လေသံ သဲ့သဲ့ကို ကြားလိုက်ရ သေးသည်။
ဤသို့ တောအုပ်အတွင်း ကျားဘုရင် အမဲလိုက်နေသော ဖြစ်စဉ်ကြီးမှာ ခုနစ်ရက်နှင့် ခုနစ်ည ကြာခဲ့သည်။ အဆုံးတွင်း အန်းလျူယွင် တစ်ယောက် အနားယူနေခဲ့၏။
“ သူတို့က ရန်လိုနေတာ မဟုတ်ပါဘူး။ “
“ ငါ သိပါတယ် ... ဒါပေမယ့် သူတို့ကို သင်ခန်းစာ ပေးရမယ် ... မဟုတ်ရင် နောင်မှာ မင်း မကြိုက်တာကို သူတို့ လုပ်ခိုင်းလိမ့်မယ် ...
... မင်းက ငါ့မိန်းမဖြစ်တာမို့ မင်းဆန္ဒကို ဘယ်သူမှ ဆန့်ကျင်စွက်ဖက်ဖို့ အနေအထား မရှိဘူး။ “
ထိုစကားကြောင့် အန်းလျူယွင် မျက်နှာ နီရဲလာပြီး၊
“ သခင်ငယ်၊ မင်းက နတ်ဘုရားသင်္ချိုင်း တောင်တန်းကို သွားမလို့ မဟုတ်လား။
-ဟု စကားလမ်းကြောင်း ပြောင်းလိုက်သည်။
လင်းယွန်က ခေါင်းညိတ်၏။ အန်းလျူယွင်မှ လင်းယွန် လည်ပင်းထံ သိုင်းဖက်ကာ ပလ္လင်ပေါ် ပြန်၍ ဖိချလိုက် တော့သည်။
ထို့နောက်တွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်များ စွန်းထင်းလျက် လင်းယွန်က ပြန်ထွက်သွားသည်။
“ လူယုတ်မာ ... ။ “
လင်းယွန်က ဓားသေတ္တာကို ပြန်လည်ထမ်းပိုးလိုက်သဖြင့် ခရမ်းငယ်၏ အသံ ထွက်ပေါ်လာသည်။
နှစ်ရက်အကြာတွင် နတ်နဂါး အင်ပါယာ၏ စည်ကားသော မြို့တစ်မြို့ထံသို့ ရောက်ရှိလာ၏။
မြို့ဝင်လမ်းတွင် လူအများ ဥဒဟို ဖြတ်သန်း သွားလာ နေကြသည်။ လင်းယွန်က ထူးထူးခြားခြား ဟောင်းနွမ်းနေသော ဆိုင်ငယ် တစ်ဆိုင်ရှေ့ ရပ်လိုက်၏။
ဤဆိုင်ကို မည်သူမျှ စိတ်မဝင်စားကြချေ။
“ ဆိုင်ရှင် ... မုန့်နှစ်ထုပ်ပေးပါ။ “
“ ဟုတ်ကဲ့ ရပါပြီ။ “
ဆိုင်ရှင်က ပြုံးပြီး မုန့်နှစ်ထုပ် ကမ်းပေးလိုက်၏။ သို့သော် ဝါးခမောက် အောက်မှ စူးရှသော မျက်ဝန်းများနှင့် အကြည့်ချင်း ဆုံသွားချိန်၌ ဆိုင်ရှင်ခမျာ မုန်ထုပ်များ လွတ်ကျသွားလေသည်။
“ မတွေ့တာကြာပြီနော် ... ငါ့ကို မှတ်မိသေးလား။ “
လင်းယွန်က မေးလိုက်သည်။ ဆိုင်ရှင်ခမျာ ပြန်မဖြေနိုင်တော့ဘဲ ချက်ချင်း ဒူးထောက် ချလိုက်သည်။
“ ပန်းသင်္ချိုင်း ကျေးဇူးပြုပြီး ... ငါ့အသက်ကို နှမြောပါ ... အခု ငါက မင်းနဲ့ နှိုင်းယှဥ်စရာ မရှိပါဘူး ... ငါ့လို အမှိုက်အတွက် မင်းလက်ကို ညစ်ပေမခံပါနဲ့။ “
“ မဟုတ်ဘူး ... ငါမင်းကို သတ်မယ်လို့ အဲဒီကတည်းက ပြောခဲ့တာ မင်းအလေးအနက် ထားသင့်တယ် ... ။ “
စကားဆုံးသည်နှင့် ဆိုင်ရှင် ဦးခေါင်းကို လက်ဖဝါးဖြင့်ဖိချကာ အသားပုံအဖြစ် ပြောင်း လိုက်တော့သည်။
ဤအရာက သူ့ကို စိတ်သက်သာရာ ရစေပြီး ချည်နှောင်ထားသည့် ခွန်လွန်၏ ကံနှင့် ပြီးပြတ်သွားခဲ့ပြီ ဖြစ်သည်။
***