← Chapters

အခန်း (၃၇၆)

Vol. 26 Ch. 376

အခန်း (၃၇၆)

Vol. 26 Ch. 376

"နောက်တစ်ယောက် … "

သူ့အသံက တိတ်ဆိတ်ငြိမ်သက်နေပြီး မုန်တိုင်းပြီးဆုံးသွားပြီနောက် တိုက်ခတ်လာသော လေပြည်လေညင်းလေးကဲ့သို့ ဖြစ်နေသည်။ သို့သော် လူတိုင်း၏ စိတ်နှင့် ပင်မဝိညာဉ်ထဲတွင်တော့ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့၏။

ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များထဲတွင် ထိပ်ဆုံး (၅)ယောက်ထဲ အပါအဝင်ဖြစ်သော မျက်ခုံးနီ ဓားမောက်ဘုရင်က ရှုံးနိမ့်သွားခြင်းပေလော။ ဧည့်သည်တချို့ကတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီး ကိုယ့်မျက်လုံး ကိုယ်မယုံနိုင် ဖြစ်နေကြသည်။ မျက်ခုံးနီဓားမောက် ဘုရင်က ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့က မယုံကြည်နိုင်ကြပေ။

(၁၀)စက္ကန့် အတောအတွင်း အစွမ်းထက်သော တိုက်ခိုက်မှုများက ပြိုင်ဘက်၏ တူညီသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခြင်းကို ခံခဲ့ရသည်။ အလွန်ကြီးကျယ်ခမ်းနားသော ခရမ်းရောင်မိုးကြိုးနဂါးကြီးက သူတို့၏မျက်လုံးထဲတွင် စွဲမြဲနေပြီး ထိပ်တန်းပညာရှင်တစ်ယောက် စစ်ကြေညာလိုက်သလို ခံစားနေရ၏။

တံခါး (၇) ပေါက် ၊ တံခါး (၈)ပေါက်အဆင့်သာ ရှိသေးသော တာအိုသခင်လေးဆီတွင် အကာအကွယ် ချီစွမ်းအင်များပင် မရှိခဲ့ပေ။ သူက မိုးကြိုးနဂါးကြီးကို ဆင့်ခေါ်ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ခုကို မည်သို့ဖန်တီးနိုင်ရသနည်း။ သူ၏သိုင်းပညာက ထိုမျှထူးဆန်းနေခြင်းပေလော။

သူ၏ဓားမောက်က အဖိုးတန်လက်နက်တစ်ခုပေလော။ ထိုကဲ့သို့ ပြီးပြည့်စုံသော ဓားမောက်ပညာ သို့မဟုတ် ဉာဏ်အလင်းပွင့်မှုအဆင့် စွမ်းအားများ မရှိလျှင် သူက အဖိုးတန်လက်နက်ကို သုံးနေလျှင်ပင် မျက်ခုံးနီ ဓားမောက်ဘုရင်ကို အနိုင်ရရန် မဖြစ်နိုင်ပေ။

သူက မည်သည့်ဂိုဏ်းမှ ရောက်လာသနည်း။ မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ သူက အနာဂတ်တွင်တော့ တန်းကန်အင်ပါယာ ဂုဏ်ပုဒ်ကို သေချာပေါက် ယှဉ်ပြိုင်နိုင်ပါလိမ့်မည်။

ကျုံးနင်နှင့် တခြား သစ္စာဖောက်များကတော့ မျက်ခုံးနီ ဓားမောက်ဘုရင်၏ ရှုံးနိမ့်မှုကြောင့် နောက်ဆုတ်သွားခဲ့ကြ၏။ သူက အမည်မသိ တာအိုသခင်လေးကို ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့လည်း လုံးဝ မတွေးမိကြပေ။ သို့သော် ပို၍ အံ့ဩသွားသည်မှာ ထိုတာအိုသခင်လေး၏ လှုပ်ရှားမှုများနှင့် တိုက်ခိုက်ရေးပုံစံဖြစ်သည်။

ထိုအရာက လေးလံပြီး သွက်လက်သည်။ မှန်ကန်ပြီး ရန်လိုစိတ် ပြင်းထန်၏။ လျှပ်စီးနှင့် မိုးကြိုးတိုက်ခိုက်မှုများက ကောင်းကင်အပြစ်ပေးမှုကဲ့သို့ ထင်မှတ်ရသည်။ ထိုတာအိုသခင်ငယ်လေးက သူတို့အကြောက်ဆုံး သူတို့ဆရာနှင့် တူညီနေခဲ့၏။ သူက ရန်လိုတတ်သည်။ ပြိုင်ဘက်ကင်းပြီး ဖြောင့်မတ်မှန်ကန်၏။ သူတို့နှစ်ယောက်စလုံးက သူတို့အားလုံးကို စိတ်ထဲတွင် ကြောက်ရွံ့ တုန်လှုပ်သွားစေနိုင်သည်။

တာအိုသခင်လေးဆီတွင် သူတို့ဆရာ၏ ကျောက်စိမ်းလည်ဆွဲရှိနေပြီး သူ၏ဓားမောက်ပညာထဲတွင် ကောင်းကင်ည လှံသိုင်းပညာ အနှစ်သာရများ ပေါင်းစပ်ထားနိုင်သည်။ သူတို့ဆရာက သူ့ကို အရာအားလုံး သင်ကြားပေးခဲ့ခြင်းပေလော။ သို့မဟုတ် သူ့ဆရာ၏ စိတ်ဝိညာဉ်က အပြစ်ကင်းစင်သော လူငယ်‌လေး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ခြင်းများ ဖြစ်နေခြင်းပေလော။

သူတို့၏ ခန့်မှန်းချက်များက အကြောက်တရားများကြောင့် ရပ်တန့်နိုင်ခဲ့ခြင်း မရှိကြပေ။ သူတို့၏ တုံ့ပြန်မှုများကို လူတိုင်းက မြင်နေရ၏။

တခြားသော တပည့်များဆီတွင်လည်း တူညီသော အတွေးမျိုး ရှိနေကြသည်။ သို့သော် သူတို့ကတော့ ပို၍ အံ့ဩနေပြီး လူတိုင်းထက် ပို၍ ဝမ်းသာနေကြသည်။ သူက သူတို့၏ ဆရာ စေလွှတ်လိုက်သော အကူအညီတစ်ယောက်ပေလော။ သူတို့၏ ဆရာက တစ်နေရာရာတွင် ပုန်းအောင်းနေခြင်းပေလော။

ကြိုးနီမိန်းမပျိုနှင့် မဟာတံတိုင်းမှ ခါးကုန်းကြီးတို့က မုန့်ချီကို ထိတ်လန့်အံ့ဩစွာ စိုက်ကြည့်နေမိကြ၏။ နှင်းပြင်ကြီးထဲတွင် တပ်မှူး (၈)ယောက်ထဲမှ တစ်ယောက်ကို သတ်ပစ်လိုက်ပြီးနောက် သူတို့က သူ့ကို အလေးထားလာကြသော်လည်း သူတို့၏ အံ့ဩမှုက နိမ့်ပါးမှု မရှိချေ။

ယခုမှသာ သူတို့က ထိုတာအိုသခင်လေးကို လျှော့တွက်နေမိသေးကြောင်း နားလည်သွားခဲ့သည်။ သူတို့က သူ့ကို လျှော့တွက်မိလိုက်သည်ဟု တွေးလိုက်မိသည့် အချိန်၌ သူတို့၏ မူလခံစားချက်များက အသစ်ပြန်ဖြစ်သွားပြီး သူက မည်မျှအစွမ်းထက်နေကြောင်း နားလည်သွားကြသည်။

မျက်ခုံးနီ ဓားမောက်ဘုရင်က လူငယ်များထဲတွင် ထိပ်တန်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူက သိပ်မကြာခင် ဝေ့ကျင်း တစ်ဝက်အဆင့်ကို ရောက်တော့မည်ဖြစ်၏။ သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သည့် အချိန်ကျလျှင်လည်း တန်းကန်အင်ပါယာ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်သော အရည်အချင်းရှိသည်။

ယခုတစ်ကြိမ်တော့ သူ၏ ရှုံးနိမ့်မှုက အလွန်လျင်မြန်လွန်းလှ၏။ သူက ပြိုင်ဘက်၏ လက်ထဲတွင် အလွန်ပျက်စီးလွယ်လွန်းနေသည့်အတွက် တစ်ဖက်ပြိုင်ဘက်က သွေးပူခြင်း‌ပင် မရှိခဲ့ပေ။

အစောပိုင်းတွင် တာအိုသခင် ချင်းယွမ်၏ လှုပ်ရှားမှုများကြောင့် သူက အလွန်သိမ်မွေ့ညင်သာသော ပုံရိပ်တစ်ခုကို ပြောင်းလဲပစ်နိုင်ပြီး ယောကျ်ားဆန်ပြီး ရန်လိုတတ်သည့် ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ တာအိုသခင်လေးက ကောင်းကင်ဘုံ၏ ကိုယ်စား တရားမျှတမှုအတွက် အပြစ်ပေးမှုများ လုပ်ဆောင်ရန် တာဝန်ရှိသည်။ ထို့ကြောင့် မတူညီသော ပုံရိပ်နှစ်ခု၏ ကြားထဲတွင် ပဋိပက္ခရှိနေခြင်း မရှိပေ။

သူက ချက်ချင်းပင် အလွန်သိမ်‌မွေ့ညင်သာသော တာအိုသခင်တစ်ယောက်ဖြစ် ပြန်ပြောင်းသွားခဲ့သည်။ အကယ်၍ သူက အေးအေးဆေးဆေး ရပ်နေမည်ဆိုလျှင် တိတ်ဆိတ်သော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး လှုပ်ရှားလိုက်မယ်ဆိုလျှင် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

"ချွင် … "

အခန်းထဲတွင် တစ်စုံတစ်ခု ပြုတ်ကျသွားသလို ထင်မှတ်ရ၏။ ကြည့်ရသည်မှာတော့ သခင်မကြီး ဟွမ်ဖူ ဖြစ်ပုံရသည်။

တိုက်ပွဲကို မြင်လိုက်ရပြီးနောက် မိန်းကလေး ဟွမ်ဖူက ဟွမ်ဖူတောင်ကို သတိရသွားခဲ့၏။ တာအိုသခင် ချင်းယွမ်က မျက်ခုံးနီ ဓားမောက်ဘုရင်ကို အနိုင်တိုက်ခိုက်နိုင်လိုက်ခြင်းက ဝမ်ဟန်းရွှေ၏ မျက်နှာကို ကုတ်ခြစ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူက မမှည့်သေးသော လိမ္မော်သီးတစ်လုံးကို စားလိုက်ရသည့်အလား ချဉ်စုတ်စုတ်ဖြစ်သွားသလို ခံစားလိုက်ရ၏။

ထိုရှုံးနိမ့်မှုကြောင့် သူက မျက်နှာပျက်ခဲ့ရသလို လကျေးရွာ၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။ တာအိုသခင်လေးက ခန့်မှန်း၍ မရနိုင်ဟု မျက်ခုံးနီ ဓားမောက်ဘုရင် ပြောခဲ့သည့်အချိန်တွင် သူက အတွေ့အကြုံအရ ဂရုစိုက်ရန် လိုအပ်မည်ဟုသာ တွေးခဲ့မိသည်။

ယခုတော့ သူ့အစွမ်းက အမှန်တကယ်ကို ခန့်မှန်း၍ မရနိုင်တော့ပေ။ ထို့ကြောင့် သူက တိုက်ပွဲကို ကြည့်နေခဲ့သည်ကိုပင် တာအိုသခင်လေး၏ အစစ်အမှန် စွမ်းရည်ကို မမြင်နိုင်သေးပေ။ သူက ပင့်သက်ရှိုက်လိုက်မိပြီး သူ၏ ဒေါသများ ၊ အရှက်တရားများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

သူက တာအိုသခင်ကို တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းက တကယ်ကို ထူးချွန်ပါတယ်။ အခု မင်းက ဘာလို့ နတ်ဘုရားစုစည်းခြင်း တောင်ထိပ်ရဲ့ကိုယ်စား စိန်ခေါ်တယ်ဆိုတာ ငါ သိသွားပြီ။ ဒါပေမဲ့ ငါတို့မှာ အချိန်မရှိတော့ဘူး။ ငါက မင်္ဂလာပွဲနောက်ကျမှာစိုးလို့ မင်းနဲ့ထပ်ပြီး မကစားနိုင်တော့ဘူး…."

"နဂါးဘုရင် … ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ "

သူက အလွန်တည်ငြိမ်သော အမူအရာနှင့် သွေးစိမ်းနဂါးဘုရင်ကို စေလွှတ်လိုက်သည်။

သူက ဝေ့ကျင်း တစ်ဝက်အဆင့် အစောင့်အရှောက်တစ်ယောက်ဖြစ်၏။သူက တာအိုသခင်လေးကို အနိုင်ကျင့်နေသည်ဟု တခြားသူများက မြင်နေလျှင်ပင် သူကတော့ မျက်နှာပျက်ရခြင်းကိုသာ ရွေးချယ်လိုက်သည်။

လူအနည်းစုကသာ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ရှိနိုင်ကြ၏။ သူတို့ဆီတွင် မတူညီသော စွမ်းအားများ ရှိကြသည်။ သွေးစိမ်းနဂါးဘုရင် ရှိနေလျှင် ဝမ်ဟန်းရွှေက မည်သည့်အရာကိုမျှ စိုးရိမ်နေရန် မလိုကြောင်း ယုံကြည်နေခဲ့၏။

ဉာဏ်အလင်းပွင့်မှုအဆင့် တစ်စုံတစ်ယောက်က သူ့အဆင့်ထက် ကျော်လွန်ပြီး အနိုင်ရလိမ့်မည်ဟု သူတော့ မယုံကြည်နိုင်ခဲ့ပေ။ ထိုကဲ့သို့ ရလဒ်မျိုးကလည်း ဖြစ်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

ဟွမ်ဖူတောင်က လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ခဲ့သည့် အချိန်တွင်ပင် သူက အားနည်းသော ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင် တစ်ယောက်နှင့်သာ လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့သည်။ ထိုရလဒ်ကပင် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ခဲ့၏။ တချို့သော အင်အားစုများကတော့ သူ့ကို ပူးပေါင်း လုပ်ကြံရန်ပင် စီစဉ်ခဲ့ကြသည်။

သွေးစိမ်းနဂါးဘုရင်က စိန်ခေါ်လိုက်သည်ကို မြင်သည့်အချိန်တွင် ကျုံးနင်နှင့် တခြားဧည့်သည်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။ တာအိုသခင်လေး ရှုံးနိမ့်သွားမည်ဆိုလျှင် ဝမ်ဟန်းရွှေ မျက်နှာပျက်ရခြင်းကို မမြင်ရနိုင်တော့သည့်အတွက် သူတို့၏ အခြေအနေက အိုးတိုးအန်းတမ်း မဖြစ်နိုင်တော့ပေ။ သူတို့က အနာဂတ်တွင် မျက်နှာချင်းဆိုင်ရန်လည်း မခက်နိုင်တော့ပေ။

ချီရှောင်ချုံနှင့် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်မှ တခြားသစ္စာရှိ တပည့်များကတော့ ဖြစ်ပျက်နေသည့်အရာများကို ရှုပ်ထွေးနေကြ၏။ ဘာကြောင့် အလွန်အစွမ်းထက်သော တာအိုသခင်လေးက လက်ထပ်ပွဲကို ရပ်တန့်ခြင်း မရှိဘဲ တားဆီးနေရသနည်း။

ထို့ကြောင့် တာအိုသခင်လေး၏ ပြိုင်ဘက်အသစ်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ ရင်ထဲ၌ မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။ ထိုအစား လကျေးရွာက မင်္ဂလာပွဲကျင်းပရန် ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကိုပင် ခေါ်လာခဲ့သည့်အတွက်ကိုသာ မကျေမနပ် ဖြစ်နေကြသည်။ အကယ်၍ သူတို့ဆီတွင်သာ အလားတူ ပညာရှင် တစ်ယောက်ရှိနေမည်ဆိုလျှင် လကျေးရွာက အနိုင်ကျင့်မှာကို ကြောက်လန့်နေစရာ မလိုအပ်ပေ။

ကြိုးနီမိန်းမပျိုနှင့် ခါးကုန်းကြီးတို့ကတော့ နောက်ထပ်တိုက်ပွဲကို မျှော်လင့်ထားကြခြင်း မရှိကြပေ။ မုန့်ချီက သူတို့အတွက် လုံလုံလောက်လောက် အချိန်ဆွဲ မပေးနိုင်တော့မှာကိုသာ ကြောက်လန့်နေခဲ့သည်။

အကယ်၍ သွေးစိမ်းနဂါးဘုရင်က အနိုင်ရသွားသည့်အတွက် ဝမ်ဟန်းရွှေက သတို့သမီးကို ကြိုဆိုလိုက်မည်ဆိုလျှင် မိန်းကလေး ဟွမ်ဖူက ထွက်ပြေးရန် အချိန်မလုံလောက်တော့ပေ။

ယခုတစ်ကြိမ် ပြိုင်ဘက်က အလွန်ကြံ့ခိုင်သန်စွမ်းပြီး အရပ်ပုပု အဘိုးအို တစ်ယောက် ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပနေပြီး သူ၏မျက်လုံးများလည်း အစိမ်းရောင်မီးတောက်များကဲ့သို့ ထင်မှတ်ရသည်။

ပျော့ပျောင်းပြီး ဝေဝါးနေသော သူ့အသံကတော့ ညအချိန် အုတ်ဂူထဲမှ ထွက်လာသော တစ္ဆေတစ်ယောက်၏ အသံနှင့် တူညီနေပြီး သူ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် လိုက်ဖက်ညီနေခြင်း မရှိပေ။

"မင်းက ဟွမ်ဖူတောင်ရဲ့ကျောက်စိမ်းပြားကို ပိုင်ထားတယ်။ ပြီးတော့ ကောင်းကင်ည လှံသိုင်းပညာ အနှစ်သာရ တစ်စိတ်တစ်ပိုင်းကိုလည်း နားလည်ထားတယ်။ မင်းရဲ့အစွမ်းက တကယ်အံ့ဩစရာပဲ။ ဒါပေမဲ့ မင်းကို သိုင်းလောကမှာ လုံးဝမကြားဖူးသေးဘူး။ ဒါကြောင့် ငါလည်း မင်းကို အဲဒီလိုပဲ တွေးမိတော့တယ်…"

မုန့်ချီက သူပြောချင်သည့် အဓိပ္ပာယ်ကို သိနေသည်။

"ကျုပ်က အုတ်ဂူကြီးထဲကို တကယ် ရောက်ခဲ့ဖူးတယ်…"

သူက သူ၏ ဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ရပြီး အသတ်ခံရလုနီးပါးဖြစ်နေခဲ့သည်။ အကယ်၍ ဟွမ်ဖူတောင်ကသာ ကယ်တင်ခဲ့ခြင်း မရှိလျှင် သူတို့၏ ကြားထဲတွင် ပဋိပက္ခများ ဖြစ်လာနိုင်၏။

မုန့်ချီက ထိုအရာကို စဉ်းစားမိသည့်အတွက် သူ၏အဆင့်အတန်းက ထိုအဘိုးအိုနှင့် အမှန်တကယ် ပတ်သက်နေကြောင်း နားလည်သွားခဲ့သည်။

နေရာတိုင်းတွင် အာမေဋိတ်အသံများကို ကြားလိုက်ရ၏။ ထို့ကြောင့်လည်း တာအိုသခင် ချင်းယွမ်က အလွန်အစွမ်းထက်နေခြင်းဖြစ်သည်။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော အုတ်ဂူကြီးထဲကိုပင် ဝင်ရောက်နိုင်ခဲ့ပြီး ဟွမ်ဖူတောင်နှင့် ရွာ (၉) ရွာ ဘိုးဘေးများကဲ့သို့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့၏။

သူက သေချာပေါက် အနာဂတ်တွင် ဝေ့ကျင်း အဆင့်ကို ရောက်သွားနိုင်သည်။ သူသာ မသေသရွေ့ ထိုအရာကို သူတို့က သံသယဝင်စရာ မလိုအပ်ပေ။ ချီရှောင်ချုံကတော့ စိတ်လှုပ်ရှားမှုကြောင့် လှုပ်ရှားနေခဲ့၏။ သူက တာအိုသခင်လေးကို သူ့ဆရာ၏ လက်ရှိတည်နေရာနှင့် အသက်ရှင်နေခြင်း ရှိမရှိ မေးချင်နေခဲ့သည်။

"အံ့ဩစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ နှမြောဖို့ ကောင်းတယ်။ မင်းက နတ်ဘုရားစွမ်းရည်တွေ မပြည့်စုံသေးခင် ငါနဲ့ ကြုံလိုက်ရတာပဲ…"

သွေးစိမ်းနဂါးဘုရင်က ရယ်လိုက်မိသည်။

ရွာ (၉) ရွာထဲတွင် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိခဲ့သော လူတိုင်းအတွက် စည်းမျဉ်းတစ်ခု ရှိသည်။ အကယ်၍ ထိုလူကို သူတို့အတွက် အသုံးချနိုင်ခြင်း မရှိလျှင် သတ်ပစ်ရမည်ဖြစ်ပြီး သူတို့၏စိတ်ဝိညာဉ် လွှဲပြောင်းမှုကို ယူဆောင်ရမည် ဖြစ်သည်။

သူတို့အားလုံးက ယခုတစ်ကြိမ် ထိုသို့တွေးနေကြောင်း မုန့်ချီက သိနေ၏။ သို့သော် သူ မည်သည့်နေရာမှ ရောက်လာကြောင်း မည်သူမျှ မသိနိုင်ကြပေ။ သူ့ဆီတွင် ကျောက်စိမ်းပြား‌ရှိနေပြီး သူ၏လှုပ်ရှားမှုများက ဟွမ်ဖူတောင်နှင့် တူညီနေခဲ့၏။

အကယ်၍ သူက ဆန်းကြယ်သော အုတ်ဂူကြီးဆီသို့ သွားခဲ့ကြောင်း ငြင်းဆန်လိုက်မည်ဆိုလျှင်ပင် တခြားလူများက ထိုသို့ကောက်ချက်ချနိုင်သေးသည်။ ထိုသို့ဆိုလျှင် သူ့ကို အလွတ်ပေးမည့်အစား သတ်ပစ်ကြပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ ဟွမ်ဖူဖေးကို ကယ်တင်ပြီးသွားလျှင် လကျေးရွာက သူ့နောက်ကို သေချာပေါက် လိုက်လာနိုင်၏။ သူက ထိုအရာကို ကြောက်စရာ လိုအပ်မည်လော။

သူက သွေးစိမ်းနဂါးဘုရင်ကို လျှော့မတွက်ရဲပေ။ သူ၏အသက်ရှူနှုန်းကလည်း သူ့လေသံကဲ့သို့ သေချာမှုမရှိသလို ခန့်မှန်း၍လည်း မရနိုင်ပေ။ သူက ထိုနေရာတွင် ရပ်နေသည့်အချိန်၌ ငရဲကြီး (၉) သွယ်မှ အေးစက်သော လေလှိုင်းတစ်ခုကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူ့ပုံစံက အလွန်အမင်းကို ကြောက်စရာ ကောင်းလွန်းလှ၏။

သူက မီးတောက်သခင်နှင့် ဒိုအာချာတို့ကဲ့သို့ အဆင့်မျိုး မရှိသော်လည်း ဝေ့ကျင်း တစ်ဝက်အဆင့်တွင် အလွန်အမင်း နိမ့်ကျနေခြင်းတော့ မဟုတ်ချေ။ ထို့ပြင် သူ့ဆီ၌ မည်သည့်အတွင်းဒဏ်ရာမျှလည်း မရှိပေ။ သူ့လို ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်လိုက်သည့်အချိန်တွင် မုန့်ချီက သတ်ဖြတ်ရေးသိုင်းကွက်ဖြစ်သော အဖိုးတန်လက်နက် သို့မဟုတ် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်တို့ကို မသုံးဘဲ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။

ပြောရမည်ဆိုလျှင်တော့ သူက တူညီသော လှုပ်ရှားမှုများကို အသုံးပြုနိုင်သည်။ သူက ပြိုင်ဘက်၏ စိတ်အခြေအနေကို နှောင့်ယှက်ပြီး သူ၏ ပင်မဝိညာဉ်ကို တိုက်ခိုက်နိုင်သည်။ ထို့နောက် ကမ္ဘာမြေကြီး၏ စွမ်းအား တချို့ကို အသက်သွင်းနိုင်၏။ ထိုအရာများက လူတစ်ယောက်၏ တံခါးပေါက်များကို ဖျက်ဆီးပစ်ရန် တိုက်ပွဲထဲတွင် ကူညီပေးနိုင်သည်။

သို့သော် မုန့်ချီ၏ လူငယ်မှတ်တမ်းထဲတွင် ထိပ်ဆုံး (၁၀)ယောက် အပါအဝင် ဖြစ်၏။ သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကိုလည်း လေ့ကျင့်ထားခဲ့သည်။ သူက ပင်မဝိညာဉ် တိုက်ခိုက်မှုတွင် အားနည်းနိုင်သော်လည်း သူ့ကိုယ်သူ ကောင်းကောင်းကာကွယ်နိုင်သည်။

သူက ပြိုင်ဘက်၏ သာမန်တိုက်ခိုက်မှုများကို အလွန်အမင်း စိုးရိမ်နေခြင်း မရှိခဲ့ပေ။ သူက ချင်ယုနှင့် တိုက်ခိုက်ခဲ့သည့် အချိန်တွင်လည်း အတူတူသာ ဖြစ်၏။ သူတို့က နောက်ဆုံးသော သိုင်းကွက်ကို ချက်ချင်း မသုံးခဲ့ကြပေ။ သူတို့က ပြိုင်ဘက်ကို တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုမျှ ပေးခဲ့ခြင်း မရှိဘဲ ထိုကဲ့သို့ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့၏။ ပြိုင်ဘက်က သူ့ကို မတိုက်ခိုက်နိုင်တော့သည့် အချိန်တွင် သူတို့၏လှုပ်ရှားမှုများက မည်မျှအစွမ်းထက်ဦးမည်နည်း။ သူကတော့ အစီအစဉ်များအရ ထိုအဘိုးအိုထက် သာလွန်မည်ဟု ယုံကြည်ထားသည်။

သူက တိုက်ပွဲမစခင် ပြိုင်ဘက်ကို ကြောက်လန့်နေခြင်းမျိုး အဖြစ်မခံခဲ့ပေ။ ထိုအရာက သူ့ကို ရှုံးနိမ့်သွားစေနိုင်၏။ အကယ်၍ သူသာ ထိုနည်းလမ်းအတိုင်း တွေးတောလိုက်မည် ဆိုလျှင် သေချာပေါက် ရှုံးနိမ့်သွားနိုင်၏။

ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်သည့်အချိန်တွင် အနိုင်ရရန် ယုံကြည်ချက် လိုအပ်ပြီး ထိုယုံကြည်ချက်က မောက်မာမှုအဖြစ် ပြောင်းလဲသွား၍လည်း မရနိုင်ပေ။

မုန့်ချီက ဘယ်လက်ကို ဆန့်ထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုများက လုံးဝ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ထိုအရာက လျင်မြန်ခြင်းမရှိသလို နှေးကွေးမှု မရှိပေ။ သူက ဓားကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူ၏လှုပ်ရှားမှုကို လူတိုင်းက အံ့ဩနေကြ၏။

"ချွင် … "

ဓားရှည်ကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် ဓားပေါ်တွင် မီးတောက်များ ထွက်ပေါ်လာသည်။

မျက်ခုံးနီ ဓားမောက်ဘုရင်ကတော့ သူ၏ရှုံးနိမ့်မှုအတွက် ပို၍ မကျေမနပ် ဖြစ်နေခဲ့၏။ ထိုသို့ဆိုလျှင် တာအိုသခင်လေးက ဓားရှည်နှင့် ဓားမောက်နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပုံရသည်။ ထိုသို့ဆိုလျှင် သူနှင့် တိုက်ခိုက်သည့်အချိန်၌ အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း မရှိနိုင်ပေ။

သွေးစိမ်းနဂါးဘုရင်ကတော့ မုန့်ချီ လှုပ်ရှားမှုကို သတိမထားမိသည့်အလား ထင်မှတ်ရ၏။ မုန့်ချီက တိုက်ခိုက်တော့မည့်အချိန်တွင် သူက ကိုယ်ဖော့ပညာကို သုံးပြီး လက်ဝါးနှစ်ဖက်နှင့် တိုက်ခိုက်လိုက်၏။

သူ၏လက်ဝါးနှစ်ဖက်က အရပ်မျက်နှာနှစ်ဖက်ကို တိုက်ခိုက်လိုက်သည့်အချိန်တွင် အနီးအနားတွင် ရှိနေသော လေလှိုင်းများဆီမှ အလွန်ကြောက်စရာကောင်းသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ နှင်းပွင့်များကလည်း အစိမ်းရောင်မီးတောက်များ ဖြစ်လာသည့်အလား ပြောင်းလဲလာခဲ့သည်။

မုန့်ချီ၏ စိတ်ထဲတွင်တော့ ငရဲကြီး (၉)ထပ်ကို ကျရောက်သွားသလို သရဲတစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများကို ကြားနေရသည်။ သူ၏ခန္ဓာကိုယ်ကို သရဲတစ္ဆေများက ဝါးမြိုသွားသလို ခံစားနေရ၏။ သူ၏ပင်မဝိညာဉ်ထဲတွင်လည်း နာကျင်မှုနှင့် ထုံကျင်မှုကို ခံစားလိုက်ရသည်။

သူက လှုပ်ရှားခြင်း ကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို ကြိုတင် အသုံးပြုထားသည့်အတွက် အရာအားလုံးကို ထိန်းချုပ်နိုင်သောနတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲနိုင်ခဲ့သည်မှာ ကံကောင်းသွားသည်။

သူ၏အသက်ရှူသံက အကန့်အသတ်မရှိဘဲ ပင်မဝိညာဉ်က တိုးတက်လာခဲ့၏။ ထို့ကြောင့် သူက ကြောက်စရာကောင်းသော သရဲတစ္ဆေများ၏ ငိုကြွေးသံများကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။ အဆုံးတွင်တော့ သူတို့က သူ့ကို သက်ရောက်စေနိုင်ခဲ့ခြင်း မရှိပေ။

သူက သွေးစိမ်းနဂါးဘုရင်၏ တိုက်ခိုက်မှုကို အရိပ်တစ်ခုကဲ့သို့ ရှောင်ထွက်လိုက်၏။ ထိုအချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသော ဓားမောက်နှင့် သွေးစိမ်းနဂါးဘုရင်၏ အားနည်းချက်ကို တိုက်ခိုက်လိုက်သည်။

ပြိုင်ဘက်ကတော့ သူ၏ လှုပ်ရှားမှုကို ကြိုတင် သိထားပုံရ၏။ ချက်ချင်းပင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဘယ်ခြေထောက်နှင့် လှမ်းကန်လိုက်သည်။ တိုက်ခိုက်မှုတွင် အစိမ်းရောင်အလင်းတန်းများလည်း ပါလာခဲ့၏။ သူ့ပြိုင်ဘက်က ဓားမောက်၏ ထိပ်ကို ဦးတည်နေခြင်းဖြစ်ပြီး လက်ထဲမှ ဓားလွတ်သွားအောင် တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်းလည်းဖြစ်သည်။

တိုက်ခိုက်မှုနှင့်အတူ ပါလာသော လေလှိုင်းများက ကြည့်နေသူများအားလုံးကို ထိတ်လန့်သွားစေနိုင်၏။ ထိုလေလှိုင်းများက ပုံရိပ်ယောင်တစ်ခု မဟုတ်ချေ။ ထိုအရာက အစစ်အမှန် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည့်အတွက် ကြည့်နေသူများ၏ ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်များက အေးခဲသွားသလို ခံစားလိုက်ရ၏။

ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ အစွမ်းက အမှန်တကယ်ကို ထူးခြားလွန်းလှသည်။ သွေးစိမ်းနဂါးဘုရင်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေသည့်အတွက် သူ့စွမ်းအားတချို့ကို ထိန်ချန်ထားမည်ဆိုလျှင်ပင် လူသားနှင့် ကောင်းကင် ဆက်သွယ်မှုအဆင့်ကို မရောက်သေးသူများက သူ၏ သိုင်းကွက် (၁၀)ကွက်ကို ရင်ဆိုင်နိုင်သူ တစ်ယောက်မျှ မရှိခဲ့ပေ။

အများစုကတော့ အေးစက်သော လေလှိုင်းများကို ခံနိုင်ရည် မရှိကြပေ။ သိုင်းကွက် အနည်းငယ်အတွင်း သူတို့က တစ်ကိုယ်လုံး တုန်လှုပ်လာပြီး ခြေထောက်နှင့် လက်များ အေးခဲသွားကြ၏။ သူတို့၏အစွမ်းကလည်း အနိမ့်ဆုံးသို့ လျော့ကျသွားခဲ့ကြသည်။

တချို့လူများဆီတွင် လေလှိုင်းများကို ကာကွယ်နိုင်သည့် ထူးခြားသော စွမ်းရည်များ ရှိကြသော်လည်း အစွမ်းကုန် တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။ သို့သော် ယခုတစ်ကြိမ် သူ၏ ပြိုင်ဘက်ကတော့ သာမန်လူများနှင့် ကွဲပြား၏။ သူ၏အရေပြားတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး သူ၏ အရှိန်အဝါက နတ်ဘုရားတစ်ပါး ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်နေသည်။

အေးခဲသော ကြောက်စရာလေလှိုင်းများကပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်ပုံ မရချေ။ တာအိုသခင်လေးက သူ၏ဓားမောက်ကို ကိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားတိုက်ခိုက်နိုင်ပုံရ၏။ တိုက်ခိုက်မှုတိုင်းကလည်း လှုပ်ရှားမှု၏ အားနည်းချက် နေရာများကို ဦးတည်နေခြင်းဖြစ်သည်။

သူ၏ တိုက်ခိုက်မှုများက လျင်မြန်သလို နှေးကွေးသည်။ လေးလံသလို ပေါ့ပါးပြီး မတူညီသော အခြေအနေပေါ်လိုက်၍ ပြောင်းလဲနေခြင်းဖြစ်၏။ ထိုအရာက မြင့်တက်လာသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ သူ၏ ဓားမောက် သိုင်းပညာက နာမည်ကျော် ပညာရှင်များထက်ပင် သာလွန်နေကြောင်း သံသယ ဝင်စရာ မလိုအပ်ပေ။

တာအိုသခင်လေး၏ ဘယ်လက်ထဲတွင် ကိုင်ထားသော ဓားကတော့ တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည်။ ဓားထိပ်ဖျားကတော့ အားနည်းချက်ကို ရှာဖွေနေသည့်အလား လှုပ်ရှားနေခဲ့၏။ သူက ထိုဓားရှည်ကို မသုံးခဲ့သော်လည်း ဓားရှည်ဆီမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် သူက အလေးအနက် ထားနေရပြီး ထိုဓားရှည်ကို ကာကွယ်ရန်အတွက် စွမ်းအားတချို့ ချန်ထားရသည်။

သွေးစိမ်းနဂါးဘုရင်က ထိုအဆင့်ကို ရောက်နိုင်သော လူများများ မတွေ့ဖူးချေ။ မျိုးရိုးစဉ်ဆက် အကြီးမြတ်ဆုံး တန်းကန်အင်ပါယာတစ်ယောက်ဖြစ်သော ဟွမ်ဖူတောင် အပါအဝင် ထိုအဆင့်ကို ရောက်သည့်လူက လက် (၅)ချောင်းပင် မပြည့်ချေ။ သူ့အဆင့်နှင့် အစွမ်းက မုန့်ချီထက် အဆပေါင်းများစွာ ပိုမြင့်နေသည်မှာ ကံကောင်းသွား၏။

မည်သို့ဖြစ်စေကာမူ သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသည်။ သူ၏ စိတ်ဝိညာဉ်က ပတ်ဝန်းကျင်နှင့် ပေါင်းစပ်နိုင်သည့်အတွက် လူသားနှင့်ကောင်းကင် တစ်သားတည်း အဆင့်ကဲ့သို့ တူညီသော အခြေအနေကို အသုံးပြုနိုင်သည်။ ရလဒ်အနေနှင့် သူ၏ ပြိုင်ဘက်အပါအဝင် ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံးကို မြင်နိုင်၏။

သူ့ပြိုင်ဘက်၏ ချီစွမ်းအင် စီးဆင်းမှု ၊ ကြွက်သားတုံ့ပြန်မှုနှင့် အသုံးပြုတော့မည့် လှုပ်ရှားမှုများကို သိနေသည်။ ယခုအချိန်တွင် မုန့်ချီက သူ့ကို ဖုံးကွယ်ထားနိုင်သည့်အရာ လုံးဝ မရှိချေ။ ထို့ကြောင့် မုန့်ချီက ဤတိုက်ခိုက်မှုတွင် ရုန်းကန်နေရကြောင်း သိသာနေ၏။

သူ တိုက်ခိုက်ရန် ကြိုးစားလိုက်သည့်အချိန်တိုင်း ထောင်ချောက်တစ်ခုထဲကို ကျရောက်သွားသလို ထင်မှတ်ရသည်။ သူကတော့ မီးတောက်များ လွှမ်းခြုံနေသော ပြိုင်ဘက်၏လက်ဖဝါးကြားထဲတွင် ကခုန်နေသလို ထင်မှတ်ရပြီး သူ၏ သိုင်းကွက်များကို ပြောင်းလဲနေရ၏။ အကယ်၍ သူ့ဆီတွင်သာ ခန့်မှန်း၍ မရနိုင်သော ကိုယ်ဖော့ပညာမရှိလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပါပြီ။

သွေးစိမ်းနဂါးဘုရင်ကတော့ တည်ငြိမ်စွာ တိုက်ခိုက်နေပြီး ရှေ့သို့ အလျင်စလို မတက်ခဲ့ပေ။ အဆင့်နှင့် အစွမ်းအရ အသာစီးရနေသည့်အတွက် အနိုင်ရရန် နည်းလမ်းကတော့ ရန်သူကို နံရံသို့ တဖြည်းဖြည်း ကပ်သွားအောင် တွန်းပို့လိုက်ခြင်းသာဖြစ်သည်။

အကယ်၍ သူသာ မဆင်မခြင် ရှေ့တက်သွားမည်ဆိုလျှင် ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားနိုင်၏။ မည်သို့ဖြစ်စေကာမူ အားနည်းသူများက လှည့်ကွက်ဆင်၍သာ အနိုင်ရနိုင်ပြီး အစွမ်းထက်သူကတော့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ပြီး အနိုင်ရနိုင်သည်။

တာအိုသခင်လေး၏ ကိုယ်ဖော့ပညာနှင့် ချီစွမ်းအင်စီးဆင်းမှုများက ထူးဆန်းသည်။ ဒုတိယတစ်ခုကတော့ ပို၍ပင် အံ့ဩစရာကောင်း၏။ ထိုအရာက အုတ်ဂူထဲတွင် သူရခဲ့သော ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းပညာကြောင့်ပေလော။ အကယ်၍ သူသာ တခြားသော ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် ပြိုင်ဘက်၏ ချီစွမ်းအင် စီးဆင်းမှုနှင့် ကြွက်သား တုံ့ပြန်မှုကို ခန့်မှန်းပြီး သူ့ကို အလွယ်တကူ ရှင်းပစ်နိုင်သည်။

သွေးစိမ်းနဂါးဘုရင်က ထောင်ချောက်များကို ကြိုတင်စီစဉ်နိုင်ပြီး သိုင်းကွက် တစ်ကွက်တည်းနှင့် ပြိုင်ဘက်၏ အသက်ကို ယူဆောင်နိုင်၏။ တာအိုသခင် ချင်းယွင်ကတော့ ကွဲပြားသည်။

သို့သော် သူက ကိုယ်ဖော့ပညာ သုံးသည့်အချိန်တိုင်း ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက အလွန်လျင်မြန်စွာ စီးဆင်းလာတတ်ပြီး သွေးကြောမှတ်တိုင်းနှင့် အချိန်မရွေး ပေါင်းစပ်သွားတော့မလို ထင်မှတ်နေရသည်။ ထို့နောက် ချီစွမ်းအင် မျိုးစေ့လေးတစ်ခု ဖြစ်လာခဲ့၏။ သူက ဦးတည်ချက် ပြောင်းတော့မည့်အချိန်တွင် ထိုမျိုးစေ့များကို ဖောက်ခွဲပစ်ခဲ့သည်။

ထိုအရာက ချီစွမ်းအင်ပေါက်ကွဲမှု ဖန်တီးနိုင်ပြီး မထင်မှတ်ထားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်၏။ သူ၏လှုပ်ရှားမှုများကို ခန့်မှန်းကြည့်ခြင်းက ထိုမျိုးစေ့များ ဖောက်ခွဲမှုကို ခန့်မှန်းရခြင်းဖြစ်သည်။ သူက ဦးတည်ချက် ပြောင်းတော့မည့်အချိန်တွင် ထိုအရာများ လုပ်ဆောင်ခြင်းဖြစ်၏။ အကယ်၍ သွေးစိမ်းနဂါးဘုရင်က မှန်ကန်သော သုံးသပ်ချက်တစ်ခု ရခဲ့မည်ဆိုလျှင်ပင် အလျင်စလို တုံ့ပြန်ရဲခြင်းမရှိပေ။

အများဆုံးတော့ သူက ထိုအရာ၏ သက်ရောက်မှု မခံရစေရန် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားပြီး သိုင်းကွက်များကို ပြောင်းလဲနေရသည်။ ထိုအရာက ကိုယ်ဖော့ပညာ၏ လျှို့ဝှက်ဆန်းကြယ်မှုဖြစ်သည်။ ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကပင် အချိန်အတိုလေးအတွင်း သူ၏ပုံစံကို ရှာဖွေ၍ မရနိုင်ချေ။

မုန့်ချီကတော့ စိုးရိမ်တကြီး ရှောင်တိမ်းနေရမည့်အစား တည်ငြိမ်အေးဆေးနေခဲ့၏။ သူကတော့ ပြိုင်ဘက်ကို မခြိမ်းခြောက်နိုင်သည့်အတွက် မကျေမနပ်လည်း ဖြစ်မနေခဲ့ပေ။ သိုင်းပညာအပေါ် သူ၏နားလည်မှုများက သေချာပေါက် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

တခြားလူများအတွက် အဆုံးသတ်သွားနိုင်သော အခြေအနေမျိုးတွင် သူကတော့ အခွင့်အရေးများကို အမြဲတမ်း ရှာဖွေနေခဲ့သည်။ သူက ဝမ်းသာနေခဲ့ခြင်း မရှိဘဲ တိုက်ခိုက်မှုကိုသာ အလေးထားနေခဲ့၏။ သူက နှလုံးသားဓား ဆရာကြီးလုဆီမှ ထိုကဲ့သို့ အာရုံစူးစိုက်မှုကို သင်ယူနိုင်ခဲ့သည်။

မည်သို့ဖြစ်စေကာမူ သံသရာ ကမ္ဘာကြီးထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင် မည်မျှက ဓမ္မာကာရအဆင့် ပညာရှင်တစ်ယောက်၏ လွှမ်းမိုးမှုကို ခုခံရန် အခွင့်အရေး ရှိမည်နည်း။

လက်ရှိအချိန်တွင် မုန့်ချီကတော့ အနိုင်ရချင်စိတ်နှင့် ရှုံးမှာကြောက်သည့်စိတ်ကို မေ့လျော့ထားခဲ့သည်။ သူ့မျက်လုံးထဲတွင် သွေးစိမ်းနဂါးဘုရင် ၊ ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ရေလှိုင်းမီးတောက်ဓားတို့သာ ရှိနေခဲ့၏။

အစိမ်းရောင်မီးတောက်များ လွှမ်းခြုံနေသော လက်ဖဝါးများ ၊ အလွန်လျင်မြန်စွာ လှုပ်ရှားနေသော လူရိပ်တစ်ခု ၊ ငွေရောင်လျှပ်စီးကြောင်းများ တောက်ပနေသော ကောင်းကင်ပြစ်ဒဏ်ဓား ၊ အနီရောင်မီးတောက်များ လွှမ်းခြုံနေသော ရေလှိုင်းမီးတောက်များ …

လက်ရှိအချိန်တွင် မုန့်ချီက ထိုအရာများ အားလုံးကိုသာ မြင်နေရသည်။ သူက အစိမ်းရောင်လွှမ်းခြုံနေသော နှင်းများကို မမြင်သလို ကြောက်စရာကောင်းသော လေလှိုင်းများ ၊ အနီရောင်ပန်းပွင့်များနှင့် ဝမ်ဟန်းရွှေ ၊ ကြိုးနီ မိန်းမပျိုတို့ကဲ့သို့ ကြည့်နေသူများကိုလည်း မမြင်တော့ပေ။

ထိုအရာ အနည်းငယ်ကသာ သူတို့၏ ပင်မဝိညာဉ်နှင့် ဆက်သွယ်နေပြီး မုန့်ချီ၏ အာရုံစူးစိုက်မှုကို ခံစားနေခဲ့သည်။ ဝမ်ဟန်းရွှေနှင့် ကြိုးနီ မိန်းမပျိုတို့ကိုသူ့စိတ်ထဲမှ ထုတ်ထားပြီးနောက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက အစစ်အမှန်ကဲ့သို့ ခေါင်းထဲတွင် အသေးစိတ် ပေါ်လာခဲ့သည်။

ထိုအရာက စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး မုန့်ချီ ကိုယ့်ကိုယ်ကိုယ် ထုတ်ပယ်ထားခဲ့သော နယ်ပယ်တစ်ခုဖြစ်သည်။ ယခု တံခါး (၈)ပေါက်အဆင့် ပွင့်နေပြီး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်နေရသည့် ဖိအားအောက်တွင်ပင် သူက ထိုနယ်ပယ်ကို အေးအေးဆေးဆေး ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ နားလည်နိုင်စွမ်းကလည်း တဖြည်းဖြည်းပို၍ ရှင်းလင်းပြီး နက်ရှိုင်းလာခဲ့၏။

ထိုအရာက မမြင်နိုင်သော နယ်ပယ်ဖြစ်ပြီး လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ရှိရန် ပထမ တံခါးလည်း ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် ကမ္ဘာကြီးထဲတွင် သွေးစိမ်းနဂါးဘုရင်က လက်ဝါးနှင့် တိုက်ခိုက်ပြီး သတ်ရန် ကြိုးစားလိုက်ကြောင်း မြင်လိုက်ရသည်။

သူက လက်ဖဝါးပေါ်တွင် စွမ်းအားများ အားလုံးကို စုစည်းထားပြီး လက်ဝါးနှင့်အတူ အလွန်ကြောက်စရာကောင်းသော လေလှိုင်းတစ်ခု လိုက်ပါလာခဲ့၏။ သွေးစိမ်းနဂါးဘုရင်၏ ဘယ်လက်ကတော့ မုန့်ချီ အသုံးပြုနိုင်သော ပြောင်းလဲမှုများကို ထိန်းချုပ်ရန် ပြင်ထားသည်။

စိတ်ဝိညာဉ်ကမ္ဘာကြီးထဲ၌ မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက ချီစွမ်းအင်မျိုးစေ့များကို ဖောက်ခွဲလိုက်ပြီး ကိုယ့်ဖော့ပညာကိုသုံး၍ သူ၏ တည်နေရာကို မထင်မှတ်ထားစွာ ပြောင်းလဲလိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော ဓားမောက်နှင့်လည်း အလွန်လျင်မြန်စွာ ခုတ်လိုက်၏။

သွေးစိမ်းနဂါးဘုရင်ကတော့ အံ့ဩသွားခြင်းမရှိဘဲ နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြန်သည်။ (၁၀) ကြိမ် (၁၂) ကြိမ်ခန့် ကြာပြီးနောက် သူက မုန့်ချီ၏ ကိုယ်ဖော့ပညာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

သူက မည်မျှ ရှောင်တိမ်းစေကာမူ သူ့ဆီတွင် ချီစွမ်းအင်မျိုးစေ့ မည်မျှရှိနေစေကာမူ သူက မျိုးစေ့တချို့ကိုတော့ အမြဲလိုလို ဖောက်ခွဲပစ်ရန် လိုအပ်သည်။ ထို့ကြောင့် သူက အချိန်တိုင်း မျိုးစေ့အသစ်များ ဖန်တီးရန် လိုအပ်၏။ အကယ်၍ သူသာ အနည်းငယ်ပို၍ အလေးထားလိုက်မည်ဆိုလျှင် ထိုပုံစံကို သေချာပေါက် မှတ်မိပါလိမ့်မည်။ နောက်ဆုံးတွင် ထိုတာအိုသခင်လေးကလည်း သေချာပေါက် ရှုံးနိမ့်သွားနိုင်၏။

သူက တည်ငြိမ်စွာ ရပ်နေပြီး မုန့်ချီက အရိပ်တစ်ခုကဲ့သို့ နေရာပြောင်းလဲ၍ ပတ်ပတ်လည်မှ တိုက်ခိုက်နေသော်လည်း စိတ်မဝင်စားခဲ့ပေ။

မုန့်ချီက အစိမ်းရောင် အလင်းတန်းများ လွှမ်းခြုံနေသည့် နှင်းများပေါ်သို့ နင်းလိုက်သည့်အချိန်တိုင်း တည်နေရာကို ပြောင်းလဲရန် ကြိုးစားနေသည်။ သွေးစိမ်းနဂါးဘုရင်က လူမရှိသော နေရာသို့ ရောက်လာသည့်အချိန်တိုင်း အတောင်ပံဖြန့်လာသည့် ဧရာမသိမ်းငှက်ကြီးပုံစံဖြစ်နေ၏။

သူက တစ်ကြိမ်ပြီး တစ်ကြိမ် လက်ဝါးနှင့် တိုက်ခိုက်နေပြီး တစ်ကြိမ်ပြီး တစ်ကြိမ် စွမ်းအားများက တိုးမြင့်လာခဲ့သည်။ ထိုအချိန်တွင် နှင်းပေါ်၌ လွှမ်းခြုံနေသော အစိမ်းရောင်အလင်းတန်းများက ရုတ်တရက် လင်းလက်လာပြီး သူတို့၏ ပတ်ပတ်လည်တွင် အစိမ်းရောင်သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

ထို့နောက် ငရဲကြီး (၉) ထပ်မှ သရဲတစ္ဆေသန်းပေါင်းများစွာ ထွက်ပေါ်လာသကဲ့သို့ လေလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်၏။ မုန့်ချီသာ ထိုလေလှိုင်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်မည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်သွားပါလိမ့်မည်။

"မိပြီ … "

သွေးစိမ်းနဂါးဘုရင်က တစ်ယောက်တည်း ပြုံးလိုက်မိ၏။ ယခုတစ်ကြိမ်တော့ ထိုတာအိုသခင်လေးက လုံးဝ သေဆုံးသွားရပါတော့မည်။

ဝမ်ဟန်းရွှေ အပါအဝင် လူအုပ်ကြီးဆီတွင်လည်း ထိုအတွေးမျိုး ပေါ်လာကြ၏။ မုန့်ချီက ကိုယ်ဖော့ပညာကြောင့်သာ တိုက်ပွဲကို ဆက်လက်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည်။ ပြိုင်ဘက်ကသာ ထိုအရာကို နားလည်သွားကြမည်ဆိုလျှင် မုန့်ချီက အလွယ်တကူ ရှောင်တိမ်းနိုင်တော့မည် မဟုတ်ဘဲ သေချာပေါက် ရှုံးနိမ့်သွားနိုင်၏။

မုန့်ချီက အံကြိတ်လိုက်ပြီး သူ၏ဓားမောက်ကို (၈)ချက်တိတိ တိုက်ခိုက်လိုက်သည်။ လေစီးကြောင်းများ စုစည်းလာပြီး သူ၏ဓားပေါ်တွင် ခရမ်းရောင် နဂါးကြီးတစ်ကောင် စုစည်းလာခဲ့သည်။ သူ တိုက်ခိုက်လိုက်သည့်အချိန်တွင် အလွန်ကြီးကျယ်ခမ်းနားသော ခရမ်းရောင်အလင်းတန်းများက လူတိုင်း၏ မျက်လုံးကို လွှမ်းခြုံသွား၏။

ထိုအရာက အစောပိုင်းတွင် တွေ့ခဲ့သော အရာများနှင့် ကွဲပြားနေပြီး ပို၍ ကြောက်စရာကောင်းသည်။

"ကောင်းတယ် … နောက်ဆုံးတော့ ပြိုင်ဘက်က မဆင်မခြင် တိုက်ခိုက်လိုက်ပြီပဲ.."

သွေးစိမ်းနဂါးဘုရင်က စိတ်လှုပ်ရှားလာပြီး သူ၏စွမ်းအင်များက လက်ဖဝါးပေါ်တွင် စုစည်းလာခဲ့သည်။ ကြောက်စရာကောင်းသော ချီစွမ်းအင်များကလည်း လေဟာနယ်ထဲတွင် ပြည့်နှက်လာပြီး အစိမ်းရောင်မီးတောက်များကလည်း နေရာတစ်ခုလုံး ပျံ့နှံ့သွားသည့်အတွက် ငရဲပြည်အလား ပြောင်းလဲသွား၏။

လက်ဖဝါးထဲမှ စွမ်းအားများက မိုးကြိုးနဂါးကြီးကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် ထိုနဂါးကြီးက စာရွက်တစ်ရွက်နှင့် ဖန်တီးထားသည့်အလား အလွယ်တကူ ပျက်စီးသွားခဲ့၏။ ထိုလက်ဝါးနှစ်ခုက ကောင်းကင်ပြစ်ဒဏ်ဓားကို တိုက်ခိုက်မိသည့်အချိန်တွင် သွေးစိမ်းနဂါးဘုရင်က ဓားထဲတွင် မည်သည့်စွမ်းအားကိုမှ ခံစားမိခဲ့ခြင်းမရှိချေ။

မုန့်ချီက လက်ထဲတွင် ကိုင်ထားသော ဓားမောက်ကို လွှတ်ပေးလိုက်၏။ သူက ထိုအရာကို လွှတ်လိုက်ပြီးမှသာ အမှန်တကယ် တိုက်ခိုက်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်မျိုးစေ့များစွာက ပေါက်ကွဲသွားခဲ့ပြီး သူ့ကို ထိလုနီးပါး ဖြစ်နေသော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

ယခုတစ်ကြိမ် ခန္ဓာကိုယ်ပြောင်းလဲမှုက လုံးဝကို ကွဲပြား၏။ သွေးစိမ်းနဂါးဘုရင်ကတော့ မုန့်ချီ၏ ချီစွမ်းအင်မျိုးစေ့ဖောက်ခွဲမှုပုံစံကို နားလည်သွားသည့် အချိန်တွင် ချီစွမ်းအင်မျိုးစေ့များက ကွဲပြားသွားသည်။ ယခုတစ်ကြိမ်တော့ ပို၍ ချောမွေ့ပြီး ပို၍ထူးဆန်းနေခဲ့၏။ သူ၏ တွက်ချက်မှုနှင့်လုံးဝကို ကွဲလွဲသွားခဲ့သည်။

သူ့ပြိုင်ဘက်က သူ့ကို လှည့်စားခဲ့ခြင်းပေလော။ တမင်တကာ ဖုံးကွယ်ထားခြင်းပေလော။ ထိုတာအိုသခင်လေးက ပထမဆုံး လှုပ်ရှားခဲ့သည့် အချိန်ကတည်းကစပြီး သူ့ကို ထောက်ချောက်ဆင်ခဲ့ခြင်းပေလော။

“တော်တော်လေးကို ရှုပ်ထွေးတဲ့ လှည့်ကွက်တစ်ခုပဲ..”

သူ့လက်ဝါးက မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓားကို တိုက်ခိုက်မိသည့်အချိန်တွင် မုန့်ချီကတော့ ဘယ်လက်ထဲတွင် ကိုင်ထားသောဓားနှင့် တိုက်ခိုက်လိုက်သည်။

ဓားပေါ်တွင် အလင်းတန်းများက တဖြည်းဖြည်း စုစည်းလာခဲ့၏။ ထိုအလင်းတန်း၏ ကြီးကျယ်ခမ်းနားမှုကို ပြောပြရန် စကားလုံးပင် မရှိချေ။ သူ၏ အရှိန်အဝါနှင့် စွမ်းအားကလည်း တဖြည်းဖြည်း ကြီးထွားလာပြီး ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်တစ်ခု၏ အစွမ်းမျိုး ဖြစ်သည်။

"သွားပြီ … "

သွေးစိမ်းနဂါးဘုရင်၏ တိုက်ခိုက်မှု လွဲချော်သွားသည့်အချိန်တွင် သူ့ဆီ၌ အားနည်းချက်တစ်ခု ပေါ်လာခဲ့သည်။ သူ၏စွမ်းအားနှင့် စိတ်ဝိညာဉ်အများစုက မုန့်ချီ၏ ဓားမောက်ကို တိုက်ခိုက်ရာတွင် အသုံးပြုထား၏။

ထို့ကြောင့် ယခုတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ မျက်ခုံးကြားထဲ၌ ထုံကျင်သွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူ ခုခံရန် စွမ်းအား မကျန်တော့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ရပြီး အားတင်းလိုက်ရ၏။

သူက တည်ငြိမ်စွာ တိုက်ခိုက်နေနိုင်သေးသည်မှာ ကံကောင်းသွားသလို ခံစားလိုက်ရသည်။ မည်သို့ဖြစ်စေကာမူ သူက အစွမ်းကုန် မသုံးလျှင်ပင် ပြိုင်ဘက်၏ သတ်ဖြတ်ရေးသိုင်းကွက်ကို ဖိနှိပ်နိုင်သေးသည်။ သူက ချန်ထားသော ချီစွမ်းအင်များကို သုံးပြီး ကမ္ဘာမြေကြီး၏ စွမ်းအားများကို စုပ်ယူလိုက်၏။ ထို့နောက် ဘယ်လက်ညှိုးနှင့် ဓားကို လှမ်းထိုးလိုက်သည်။

သူ၏ တိုက်ခိုက်မှုက အလွန်လျင်မြန်လွန်းလှသည့်အတွက် သူ၏ ဘယ်လက်ထဲတွင် အရိုးများ မရှိတော့သလို ထင်မှတ်ရ၏။ အရာအားလုံးက ပုံရိပ်ယောင်များကဲ့သို့ ဖြစ်လာသည်။

"ချွင် … "

သူ၏လက်ညှိုးက ဓားကိုယ်ထည်ကို ထိလိုက်မိသည့်အချိန်တွင် ဓားစွမ်းအားများက ရေခဲများကဲ့သို့ အရည်ပျော်ကျသွားခဲ့သည်။ ရေလှိုင်းမီးတောက်များကလည်း ပျောက်ကွယ်သွားခဲ့ပြီး သူ့ဓားထဲတွင် မည်သည့်အစွမ်းမျှ မရှိသေးပေ။

မုန့်ချီ၏ ပါးစပ်မှနေ၍ သွေးများ စီးကျလာခဲ့၏။ ထိုအချိန်တွင် သူ၏ ညာလက်ကို မြှောက်ပြီး ဓားမောက်ကို ပြန်ယူလိုက်သည့်အချိန်တွင် သူ့ပုံစံက ပို၍ အရပ်ရှည်လာသလို ထင်မှတ်ရသည်။

"ဂျိမ်းးးး … "

အနက်ရောင်တိမ်တိုက်များက လျင်မြန်စွာ စုစည်းလာပြီး ပတ်ဝန်းကျင်က ချက်ချင်း မည်းနက်လာသည်။ တိမ်တိုက်ထဲတွင် များပြားလွန်းလှသော လျှပ်စီးကြောင်းများကို မြင်နေရ၏။

ကောင်းကင်ဖျက်လက်ဝါး၏ အရှိန်အဝါကို တုပခဲ့ဖူးသည့်အတွက် မုန့်ချီက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကိုသုံးပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်၏ အရှိန်အဝါနှင့် ကောင်းကင်နတ်သမီး အရှိန်အဝါကိုလည်း တုပအသုံးပြုနိုင်သည်။

"ဂျိမ်းးး… ဂျိမ်းးးး… "

သူ့ဓားက (၉)ကြိမ်မြောက် တိုက်ခိုက်လိုက်သည့်အချိန်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများက မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခေါင်းနှင့်အမြီးက တစ်ဆက်တည်း ဖြစ်သွား၏။ လေလှိုင်းများက ကျဆင်းလာပြီး ထိုအရာနှင့် ယှဉ်လိုက်လျှင် ကမ္ဘာကြီးက သေးငယ်လာသလို ထင်မှတ်ရသည်။

သူက ဓားကို ဖမ်းပြီး အမြင့်မှ တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ ရှိနေသည့်အတွက် သူ့ပုံစံက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။

"ဘုန်း … "

ကောင်းကင်ပေါ်မှ လျှပ်စီးကြောင်းများ ကျဆင်းလာပြီး သူ့ဓားထဲကို ပေါင်းစပ်လာသည်။ ထိုလျှပ်စီးကြောင်းများက မြေပေါ်တွင် ရှိနေသော နှင်းများကို အရည်ပျော်ကျသွားစေနိုင်ပြီး အဖြူရောင်မြူခိုးများ ဖြစ်သွားစေခဲ့၏။

ဓားမောက်၏ အရှိန်အဝါကလည်း အလွန်ကြီးကျယ်ခမ်းနားလွန်းလှပြီး နတ်ဘုရားအပြစ်ပေးမှုကဲ့သို့ဖြစ်နေ၏။ မည်သူကမျှ ထိုကဲ့သို့ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။

လူအုပ်ကြီးကတော့ အံ့အားသင့်စွာ ကြည့်နေမိကြ၏။ ထိုအရာက သဘာဝ ပြောင်းလဲမှုများဖြစ်ပြီး ကမ္ဘာမြေကြီး၏အကူအညီ ဖြစ်သည်။ ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ အစစ်အမှန် စွမ်းအားလည်းဖြစ်၏။

သွေးစိမ်းနဂါးဘုရင်ကတော့ စိုးရိမ်ထိတ်လန့်လာခဲ့သည်။ သူက နောက်ထပ် ထောင်ချောက်တစ်ခုထဲသို့ ကျရောက်သွားသည့်အချိန်တွင် ထွက်ပြေးရန် နည်းလမ်း မရှိတော့ပေ။ ထိုကဲ့သို့ အရေးပေါ် အခြေအနေမျိုးတွင် သူက ထောင်ချောက် တစ်ခုထဲသို့ ကျရောက်နေခြင်းကို စိုးရိမ်နေရန်လည်း အချိန်မရှိတော့ပေ။

လကျေးရွာသခင်ကြီး တိုက်ခိုက်သကဲ့သို့ အစွမ်းထက်သော တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရသည့် အချိန်တွင် သူလည်း အကြောက်တရားများကို ခံစားလာရ၏။ သို့သော် သူက သိုင်းလောကတွင် သူ၏ဂုဏ်သိက္ခာကို ဖန်တီးနိုင်ခဲ့သည်မှာ သူ၏ အစစ်အမှန် စွမ်းရည်များကြောင့်ဖြစ်သည်။ သူက ထိုအခြေအနေမျိုးတွင် တွေဝေမနေသင့်ကြောင်း သိနေ၏။

သူက ကမ္ဘာမြေကြီး၏ စွမ်းအားများကို အလွန်လျင်မြန်စွာ စုပ်ယူလိုက်ပြီး သူ၏ ပင်မဝိညာဉ်ကို မထိခိုက်စေဘဲ ကြောက်စရာကောင်းသော လေလှိုင်းများကို ဖန်တီးလိုက်သည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်းပို၍ ကြည်လင်လာခဲ့၏။ သူက ခြေလှမ်းများကို လှုပ်ရှားနေရင်း မုန့်ချီ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနေခဲ့သည်။

သူက အစိမ်းရောင် ပြောင်းလဲနေသော ညာလက်ဖဝါးနှင့် တိုက်ခိုက်နိုင်ခဲ့ပြီး အစိမ်းရောင်သွေးများ စီးကျနေခဲ့၏။ လျှပ်စီးကြောင်းများကတော့ ပို၍ လင်းလက် တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ အခြေအနေကို ဖယ်ရှားနိုင်ခဲ့သည်။

လူအုပ်ကြီးကတော့ မည်သည့်အရာကိုမျှ မမြင်ရသလို မည်သည့်အသံကိုမျှ မကြားရပေ။ သူတို့၏မျက်လုံးများ နောက်တစ်ကြိမ် ကြည်လင်လာသည့်အချိန်တွင် တာအိုသခင်ချင်းယွင်က တံခါးဆီသို့ ပြန်လှည့်သွားခဲ့၏။

သူ့ဘေးတွင်ရှိနေသော အနီရောင်ပန်းပွင့်များကတော့ တောက်ပနေသေးပြီး နှင်းပွင့်များကတော့ အရည်ပျော်ကျသွားသည်။ သူ၏မျက်နှာပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး မျက်လုံး ၊ ပါးစပ်နှင့် နှာခေါင်းမှနေ၍ သွေးများ စီးကျလာနေသည်။

သူ၏ခေါင်းပေါ်တွင် ရှိနေသော ဆံထုံးက အနည်းငယ် ပြေလျော့နေသော်လည်း အဝတ်အစားများကတော့ အကောင်းအတိုင်း ရှိနေသေးသည်။ သူက နောက်တစ်ကြိမ် တည်ငြိမ်အေးချမ်းသော အမူအရာနှင့် ပြန်ရောက်လာခဲ့၏။

တစ်ဖက်တွင်တော့ သွေးစိမ်းနဂါးဘုရင်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူ၏ ဆံပင်များက မျက်နှာနှင့် ပုခုံးပေါ်သို့ ကျရောက်နေ၏။ သူ၏ ရင်ဘတ်တစ်ခုလုံးတွင်လည်း သွေးများစိုရွှဲ‌နေပြီး မျက်လုံးထဲတွင် ရှိနေသော အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်နေသည်။ သူက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားပြီးမှသာ တည်ငြိမ်နိုင်ခဲ့၏။

"အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

မုန့်ချီက သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ့ပုံစံက အလွန်ကျက်သရေရှိပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားကတော့ တိုက်ပွဲထဲတွင် လုံးဝ ကုန်ဆုံးသွားပုံရသည်။

အကယ်၍ သူကသာ ယခုအချိန် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်လိုက်ရမည်ဆိုလျှင် အတော်လေး ခေါင်းကိုက်သွားနိုင်၏။ နောက်ဆုံးတွင်တော့ သူက ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ရခဲ့သေးသည်။

ထိုအရာက အစစ်အမှန် ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်၏။ သို့သော် သတ်ဖြတ်ခြင်းနှင့် အနိုင်ရယူခြင်းက ကွဲပြား၏။ အကယ်၍ သူသာ သွေးစိမ်းနဂါးဘုရင်ကို သတ်ချင်သည်ဆိုလျှင် စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးပြီး သူ့ကိုအသက်ရှူရန် အခွင့်အရေးပေး၍ မရချေ။ သို့သော် ပြိုင်ဘက်က ထွက်ပြေးနိုင်ခြင်း ရှိမရှိ သူ မသိသေးပေ။

သူက အသက်ကို ထိန်းသိမ်းရန်အတွက် အခြေအနေကို အရင်ဆုံး စဉ်းစားရသည်။ သူ့အပြုံးက လွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှုရှိ၏။ သို့သော် စိုးရိမ်မှု အနည်းငယ် ရှိနေသည်။ အကယ်၍ ဤတိုက်ပွဲကသာ အနာဂတ်ပြိုင်ပွဲများကို ခြိမ်းခြောက်ဖိနှိပ်နိုင်ခြင်း မရှိလျှင် သူ့အတွက် အတော်လေး ပြဿနာများ၏။

Translated by Hein Htet

All Chapters