ရေကုန်ရေခန်းတိုက်ခိုက်ခြင်း
Vol. 4 Ch. 37
လက်နက်ပုန်းအရှင်သခင်ထန်ရှောင်းဆိုသည်မှာထန်ကျေးရွာ၏ခေါင်းဆောင်ဖြစ်သည်။သူသည်အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်ဖြစ်သည့်အပြင်သိုင်းလောက၏ပြိုင်စံရှားသိုင်းသမားဆယ်ယောက်ထဲမှတစ်ယောက်ဖြစ်ပြီးတာ့ယွမ်အင်ပါယာ၏ နံပတ်တစ်လက်နက်ပုန်းအရှင်လည်းဖြစ်သည်။ယခုအချိန် သောကန်ပြည်နယ်တွင် ထန်ရှောင်းကိုယှဉ်ပြိုင်နိုင်သူဟူ၍လက်သုံးချောင်းပင်မပြည့်ပေ။
ထန်ရှောင်းသည်ယခုအသက် ခြောက်ဆယ့်သုံးနှစ်ရှိပြီဖြစ်ပြီးအသက်သုံးဆယ်ကျော်လူရွယ်ကဲ့သို့နုပျိုနေဆဲပင်။သူ၏ပုံစံမှာသေသေသပ်သပ်ဝတ်စားထားပြီး အထက်တန်းစားစာပေပညာရှင်တစ်ယောက်၏အရှိန်အဝါကိုပေးစွမ်းလေသည်။
ထန်ရှောင်းသည်ရွှေတံဆိပ်တော်အမတ်မင်း၏နောက်လိုက်တစ်ယောက်ဖြစ်သလို သူ၏ကိုယ်ရံတော်တစ်ယောက်လည်းဖြစ်သည်။ထို့ကြောင့်ပင် ရွှေတံဆိပ်တော်အမတ်မင်းသည် ထန်ကျေးရွာအားများစွာထောက်ပံ့ထားပေးသည်။ထို့အပြင်ထန်ရှောင်းမှာ ရွှေတံဆိပ်တော်အမတ်မင်း၏ အပြည့်အဝယုံကြည်မှုကိုပါရရှိထားသေးသည်။
ထန်ရှောင်းသောကန်ပြည်နယ်သို့ရောက်ရှိလာခြင်းမှာ ရွှေတံဆိပ်တော်အမတ်မင်း၏အမိန့်ကြောင့်သာဖြစ်သည်။ လူဝကြီးနှင့်လိုက်ပါသွားသော ထိပ်တန်းသိုင်းသမား ငါးယောက်ထဲမှတစ်ယောက်သည် ရွှေတံဆိတ်တော်အမတ်မင်းဆီသို့ လမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်နှင့်တိုက်ခိုက်ခဲ့ပြီး ထိုလူငယ်၏သိုင်းပညာမှာ သူတို့ငါးယောက်လုံးပေါင်းလျှင်တောင်မနိုင်နိုင်ဟုရေးထားသောကြောင့် ရွှေတံဆိပ်တော်အမတ်မင်းသူ၏အစီအစဉ်အားထိုလူငယ်ဝင်ရှုပ်မှာအလွန်စိုးရိမ်နေခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သောလူငယ်မှာအခြားလူမဟုတ်ပေ ထိပ်တန်းသိုင်းသမားနှစ်ယောက်အား ခြင်ရိုက်သလိုရိုက်ချခဲ့သော ချိုးဝူယဲ့ပင်ဖြစ်သည်။ ထို့ကြောင့်ရွှေတံဆိပ်တော်အမတ်မင်းသည်ထန်ရှောင်းကိုစေလွတ်ခဲ့ခြင်းဖြစ်သည်။ သူ၏လျှို့ဝှက်အစီအစဉ်အားမည်သည့်နည်းနှင့်မျှအထိအခိုက်မခံနိုင်ချေ။ ကြည့်ရသည်မှာရွှေတံဆိပ်တော်အမတ်မင်းမှာကြီးမားသော လျှို့ဝှက်အစီစဉ်ကြီးတစ်ခုရှိပုံရသည်။
....................
ထန်ရှောင်းရယ်ရယ်မောမောဖြင့်ယပ်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး စစ်ထူယယန်ကိုအပြုံးလေးတစ်ခုဆင်မြန်းကာပြောလိုက်သည်။
"ဒီကရောင်းရင်း ခင်ဗျားရဲ့သင်တန်းကျောင်းမြေနေရာကအမတ်မင်းအဖို့အရေးကြီးလို့ ဒီကရောင်းရင်းသဘောထားကြီးကြီးနဲ့ရောင်းပေးဖို့မျှော်လင့်ပါတယ်"
စစ်ထူယန်၏မျက်နှာသည် သုန်မှုန်သွားခဲ့သည်။သူသည်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသောသူတစ်ယောက်ဖြစ်သည်။သို့သော်ထန်ရှောင်းကို တိုက်ခိုက်နိုင်မည်ဟုယုံကြည်ချက်မရှိပေ။ထို့ပြင်ထိုလူမှာ တာ့ယွမ်အင်ပါယာ၏နံပတ်တစ် လက်နက်ပုန်းအရှင်လည်းဖြစ်သည်။မည်သို့ပင်ဖြစ်စေကာမူ ထန်ရှောင်းနှင့်သာတိုက်ခိုက်ရမည်ဆိုပါက စစ်ထူယန်အတွက်ဖိအားအလွန်များလိမ့်မည်ဖြစ်သည်။သို့သော် ထိုအကြောင်းကြောင့်သူ ထန်ရှောင်းကိုကြောက်သည်ဟုလည်းမဆိုလိုချေ။
အတင်းအကျပ်လုပ်လာလျှင်မည်သူပင်ဖြစ်စေပြန်လည်တိုက်ခိုက်ရပေမည်။ထိုသည်မှာ မလျှော့သောဇွဲ ဖြင့်မဆုတ်မနစ်သောသိုင်းသမားတစ်ယောက်၏စိတ်ဓာတ်ပင်ဖြစ်သည်။
"အားနာပါတယ် ကျုပ်ဒီနေရာကိုတကယ်မရောင်းနိုင်ဘူး ဒီနေရာက ဘိုးဘေးတွေလက်ထက်ကတည်းကမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ဘိုးဘွားအမွေအနှစ်မြေနေရာပါ ကျုပ်လက်ထဲမှာသာဒီမြေနေရာကိုဆုံးရှုံးသွားခဲ့ရင် တမလွန်ကကျုပ်အဖေနဲ့ဘိုးဘေးတွေကိုမျက်နှာပြဝံ့မှာမဟုတ်ဘူး"
စစ်ထူယန်အံကြိတ်ရင်းပြောလိုက်သည်။ဘိုးဘွားအမွေအနှစ်ဖြစ်သောကြောင့်သူဤနေရာအားစွန့်လွတ်ရန်ဆန္ဒမရှိပေ။ မည်သို့ဖြစ်စေ သဘောတူညီမှုမရမှတော့ သေချာပေါက်ထန်ရှောင်းနှင့်တိုက်ခိုက်ရတော့ပေမည်။ သူ၏ကိုယ်နေဟန်ထားနှင့် ဓားအားအသင့်အနေအထားဖြင့်ပြင်ဆင်ထားလိုက်သည်။
"ဟင်း....ဒါဆိုရင်တော့မတက်နိုင်ဘူးပဲ"
ထန်ရှောင်းသူ၏ယပ်တောင်အားခေါက်ချိုးကာပိတ်လိုက်ပြီးစစ်ထူယန်ဆီသို့ အလွန်လျင်မြန်သောအရှိန်ဖြင့်တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ စစ်ထူယန်သူ၏ဓားဖြင့် ပြေးဝင်လာသော ထန်ရှောင်းအားခုတ်ချလိုက်သည်။ သို့သော် ထန်ရှောင်းမှာသူ၏ယပ်တောင်ဖြင့် စစ်ထူယန်၏ဓားချက်အားဘေးသို့သပ်ချလိုက်ပြီး မြေပြင်ပေါ်သို့ခြေတစ်ချက်အားယူ၍နင်းလိုက်သည်။
ထန်ရှောင်း၏ခန္ဓာကိုယ်သည်လေပေါ်သို့သုံးမီတာလောက်မြောက်တက်သွားပြီဒလေထဲတွင်ခန္ဓာကိုယ်ကိုတစ်ပတ်လည်၍ ယပ်တောင်ဖြန့်ထုပ်ကာ စစ်ထူယန်ဆီသို့ တစ်ချက်ဝေ့ရမ်းလိုက်သည်။
"ဝုန်း"
ပြင်းထန်သော အတွင်းအားများနှင့်တကွ အပ်ချောင်းကြီး ခုနှစ်ချောင်းထွက်လာပြီး စစ်ထူယန်ဆီသို့ လေ၏အဟုန့်ဖြင့်ပစ်ခွင်းလိုက်သည်။ စစ်ထူယန်အသက်ပျင်းပျင်းတစ်ချက်ရှုလိုက်ပြီး အာရုံစိုက်လိုက်သည်။ သူ၏စိတ်ထဲတွင် ထိုအပ်များကိုသစ်ရွက်လေးခုနှစ်ရွက်ကဲ့သို့နှလုံးသွင်းလိုက်သည်။
ထို့နောက်စစ်ထူယန်စတင်လှုပ်ရှားလိုက်သည်။သူ၏ပုံရိပ်များသည်အနောက်မှာကျန်ခဲ့ပြီး သူသည်အပ်များကိုတစ်ချောင်းပြီးတစ်ချောင်းလျင်မြန်စွာ နှစ်ပိုင်းဖြတ်လိုက်သည်။
"ဝှစ်....ရွက်..ရွက်..ရွက်"
လူဝကြီးနှင့်ထိပ်တန်းသိုင်းသမား ငါးယောက်မှာမျက်လုံးပြူး၍ စစ်ထူယန်နှင့်ထန်ရှောင်း၏တိုက်ပွဲကိုကြည့်ရှုနေခဲ့ကြသည်။စစ်ထူယန်သည်လျင်မြန်လွန်းလှသည် တစ်တောင်တစ်ခတ်စာအချိန်အတွင်း အပ်ချောင်းကြီး ခုနှစ်ချောင်းလုံးကိုဖြတ်တောက်ပစ်လိုက်လေသည်။အနောက်တွင်လည်းပုံရိပ်များစွာထင်ကျန်ထား၏။
ထိုအချိန်တွင်ထန်ရှောင်းလည်မြေပြင်ပေါ်သို့သေသပ်စွာပြန်ကျလာပြီးစစ်ထူယန်လည်းအပ်ချောင်းများကိုဖြေရှင်းပြီးသားအခြေအနေဖြစ်နေခဲ့သည်။အရာအားလုံးခဏတာငြိမ်သက်သွားကြသည်။ ပထမသိုင်းတစ်ကွက်တွင် မည်သူမှအထိအခိုက်မရှိပဲလှလှပပဖြေရှင်းနိုင်ခဲ့သည်။
မကြာပေ စစ်ထူယန်နှင့်ထန်ရှောင်းတစ်ပြိုင်တည်းအတူတူလှုပ်ရှားလိုက်ကြသည်။သူတို့၏ပုံရိပ်များသည်ရှိရင်းစွဲနေရယမှပျောက်ကွယ်သွားပြီး အလယ်တွင်နှစ်ယောက်လုံးထွက်ပေါ်လာကာတိုက်ခိုက်နေပြသည်။
"ရွှစ်...ဝှစ်"
နှစ်ယောက်သားအဆက်အပြတ်တိုက်ခိုက်လိုက်ကြသည်။သူတို့နှစ်ယောက်၏ပုံရိပ်များသည်တစ်နေရာပြီးတစ်နေရာ ပေါ်လာကစက္ကန့်ပိုင်းအတွင်းသိုင်းကွက်ပေါင်းများစွာဖလှယ်လိုက်ပြသည်။သူတို၏တိုက်ခိုက်မှုကြောင့် သစ်ပင်များစွာကျိုးပဲ့ပျက်စီးခဲ့ရသည်။
စစ်ထူယန်သည်စိတ်ထဲတွင်အလွန်ဖိအားများနေခဲ့၏။ ထိုထန်ရှောင်းမှာသူအားသာသာယာယာပင်တိုက်ခိုက်နေပြီးတစ်ခါတလေမထင်ရင်မထင်သလိုသူ၏ ဝတ်စုံ ၊ ယပ်တောင် စသည့်အရာများမှ လက်နက်ပုန်းနှင့်အပ်ချောင်းများထွက်ထွက်လာတတ်သေးသည်။အတွင်းအားချင်းဆိုလျှင်လည်း စစ်ထူယန်ထန်ရှောင်းကိုမည်သို့မျှမယှဉ်နိုင်ချေ။ထို့ကြောင့်သူထန်ရှောင်း၏အတွင်းအားတိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်သည်ထက် လမ်းလွဲပစ်လိုက်ရသည့်အကြိမ်ရေကပိုများလေသည်။
သိုင်းကွက်နှစ်ဆယ်ဖလှယ်ပြီးချိန်တွင် စစ်ထူယန်၏အဝတ်အစားများမှာစုတ်ပြဲနေပြီး သူ၏အသားတွင်အပ်များစိုက်ဝင်နေခဲ့သည်။ သူအတွင်းအားကိုအသုံးချရသည်မှာအတော်ပင်ခတ်ခဲလာခဲ့သည်။အပ်များသည်သူ၏သွေးကြောဆုံမှတ်အချို့ကိုစိုက်မိထားပြီးအတွင်းအားများကိုလွယ်လွယ်ကူကူစီးဆင်းအောင်မလုပ်ဆောင်နိုင်တော့ချေ။
စစ်ထူယန်ထန်ရှောင်းနှင့်လူခဏတာကွဲသွားသည့်အချိန်ကိုအခွင့်ကောင်းယူ၍ သူ၏ဓားတွင်အတွင်းအားကုန်ထည့်ကာအလျားလိုက်ဝေ့ရမ်းလိုက်သည်။
"ရွမ်း"
ကြီးမားပြင်းထန်သောဓားစွမ်းအင်အတွင်းအားလှိုင်းဂရပ်ကြီးတစ်ခုထွက်ပေါ်လာပြီး ထန်ရှောင်းဆီသို့ထိုးခွင်းသွား၏။ ထန်ရှောင်း၏အမူအရာသည်အနည်းငယ်လေးနက်သွားပြီး သူ၏ယပ်တောင်အားအဆက်မပြတ်ဝေ့ရမ်းကာသိုင်းကဟန်တစ်ခုပြုလုပ်လိုက်သည်။သူ၏ဘေးပတ်ပတ်လည်မှလေများသည်ရွှေ့လျားမှုအလွန်မြန်ဆန်လာပြီး လေပွေတစ်ခုအဖြစ်ပုံဖော်မိသွား၏။ ထန်ရှောင်းတီးတိုးရေရွတ်လိုက်သည်။
"လှိုင်းသုံးခုမုန်တိုင်း"
"ဝုန်း....ဝုန်း...."
......................
ပြီး...