အဲ့တာသူပဲ
Vol. 4 Ch. 38
"ရွမ်း..."
ဓားစွမ်းအင်လှိုင်းဂရပ်သည် ထန်ရှောင်း၏လေပွေကြီးနှင့်တိုက်မိသွားသောအခါ ထိုဓားချက်မှာလေပွေကြီးကြောင့်အနည်းငယ်အားလျော့သွားပုံရစော်လည်းလေပွေကြီးအား ပိုင်းဖြတ်လိုက်၏။
"ဝုန်း...ဝုန်း"
လေပွေကြီး၏ လေပတ်လမ်းကြောင်းများသည်ရှုပ်ထွေးကုန်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ တွန်းကန်လွင့်စင်ကုန်၏။
ထန်ရှောင်းကိုယ်တိုင်ပင်ခြေသုံးလှမ်းခန့်နောက်ပြန်ဆုတ်လိုက်ရသည်။ ဆက်လက်တိုးဝင်လာသောဓားစွမ်းအင်လှိုင်းကရပ်ကြီးသည်ထန်ရှောင်အားလေပေါ်သို့လွင့်စင်သွားစေခဲ့သည်။
ထန်ရှောင်းလေထဲတွင်ကြီးမားသောအားတစ်ခု၏တွန်းထုပ်ခံလိုက်ရခြင်းကြောင့်ဒေါသထွက်သွားတော့သည်။ထန်ရှောင်အားမာန်ပါပါဓားစွမ်းအင်လှိုင်းဂရပ်ကြီးကိုလက်ဝါးဖြင့်ရိုက်ထည့်လိုက်သည်။
"တော်လောက်ပြီ"
"ဝုန်"
ဓားစွမ်းအင်လှိုင်းဂရပ်ကြီး၏လက်ကျန်စွမ်းအင်များအကုန်လုံးတွန်းကန်ခံလိုက်ရပြီးသစ်ပင်တစ်ပင်ကိုထိမှန်သွား၏။ထိုသစ်ပင်မှာ ချက်ချင်းပင် ကျိုးပျက်သွားခဲ့သည်။ ထန်ရှောင်မြေပြင်ပေါ်သို့ညင်ညင်သာသာဆင်းသက်လိုက်သည်။ သို့သော် သူ၏ဝတ်ရုံမှာစစ်ထူယန်၏ဓားစွမ်းအင်များကြောင့်စုတ်ပြဲကုန်သည်။
"ကောင်းတယ် သိပ်ကောင်းတယ် ကျုပ်ကိုဒီအခြေအနေအထိရောက်အောင်လုပ်နိုင်တယ် ခင်ဗျားကကျုပ် အနည်းငယ်အလေးထားပြီးတိုက်ခိုက်ဖို့ထိုက်တန်တယ်"
ထန်ရှောင်းဒေါသသံဖြင့်ပြောလိုက်၏။ စစ်ထူယန်သည် အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သွားသည်မှာမကြာသေးသော်လည်း ပြိုင်စံရှားသိုင်းသမားတစ်ယောက်ကိုပင် အားကုန်ထုပ်သုံးကာတိုက်ခိုက်ရသည့်အခြေအနေအထိဖြစ်အောင်လုပ်နိုင်ခဲ့သည်။
ထိုအချက်အားကြည့်ခြင်းဖြင့်စစ်ထူယန်သည် သာမန်အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူနိုင်သည်မှာသိသာလှသည်။
ယခုစစ်ထူယန်သည် အပ်ချောင်းများကိုသူ၏ခန္ဓာကိုယ်မှပြန်လည်ဆွဲနုတ်လိုက်ပြီး အတွင်းအားကိုထိန်းညိလိုက်သည်။ သူအနည်းငယ်ပင်ပန်းနေခဲ့သည်။ ထန်ရှောင်းဖြင့်တိုက်ခိုက်ရသည်မှာမလွယ်ကူလှပေသူ့အတွက်အလွန်ဖိအားများစေသည်။ ခုနကဓားချက်သည် စစ်ထူယန်၏အတွင်းအားတစ်ဝက်ကျော်ကိုကုန်ဆုံးသွားစေခဲ့သည်။ ယခုသူ့မှာအတွင်းအားတစ်ဝက်ပင်မကျန်တော့ပေ။သူယခုရွေးချယ်မှုနှစ်ခုကိုသာပြုလုပ်နိုင်သည်။အရှုံးပေးမည်လော သို့မဟုတ် ဆက်တိုက်မည်လော။
"တောင်ဘက်ကသစ်ပင်မှာပုန်းကွယ်နေတဲ့မိတ်ဆွေ ဘယ်အချိန်ထိပုန်းနေအုံးမှာလဲပွဲကြည့်လို့ဝရင်ထွက်ခဲ့ပါဦး"
ထန်ရှောင်း သိုင်းသင်တန်းကျောင်းအပြင်ဘက်မှ သစ်ပင်တစ်ပင်ကိုကြည့်၍ပြောလိုက်သည်။ အမှန်ပင်ထိုအပင်မှာ ချိုးဝူယဲ့ ဝိုင်သောက်ရင်းထိုင်နေသောအပင်သာဖြစ်ပေသည်။
ချိုးဝူယဲ့ဝိုင်ကိုတစ်မော့သောက်လိုက်ပြီး အဖုံးပိတ်ကာ ခါးတွင်ချိတ်လိုက်၏။ ထို့နောက်ချိုးဝူယဲ့သည် ရွက်ကြွေသိုင်းသင်တန်းကျောင်းအဆောက်အဦးတစ်ခု၏ခေါင်မိုးပေါ်သို့ ကိုယ်ဖော့သိုင်းဖြင့်တစ်ချက်တည်းရောက်အောင်ပျံဝှဲသွားလိုက်သည်။ဆံပင်ရှည်များနှင့်အနက်ရောင်ဝတ်ရုံတို့လေထဲတွင် တစ်ဖျပ်ဖျပ်လွင့်လူးနေသည်မှာ မသေမျိုးတစ်ပါးကဲ့သို့အရှိန်အဝါကိုပေးစွမ်းလေသည်။
အမှန်မှာ ထန်ရှောင်း ချိုးဝူယဲ့ကိုသတိထားမိနေတာကြာပြီဖြစ်သည် ထိုဆန်းကြယ်သောလူသည် မည်သည့်အရာမှဝင်မစွက်ဖက်သည့်အချိန်သူအနည်းငယ်စိတ်မသက်မသာဖြစ်သွားပြီး ထိုလူမှာ သူတို့နှစ်ယောက် သေသေကြေကြေတိုက်ခိုက်ပြီးမှသာ ရုတ်တရက်ဝင်၍တိုက်ခိုက်လျှင် သူတို့နှစ်ယောက်လုံးကိုရှင်းပြီးသားဖြစ်သွားလိမ့်မည်။
ထို့ကြောင့် မည်သည့်အရာမှမဖြစ်သေးခင် ချိုးဝူယဲ့အားခေါ်ထုပ်လိုက်ရခြင်းဖြစ်သည်။ ဤနေရာမှာဆိုလျှင်သူနိုင်နိုင်ချေများပေသည်။ သူ့ဘက်တွင်ထိပ်တန်းသိုင်းသမားခြောက်ယောက်လည်းရှိသေးသည်မဟုတ်လေ။
ထိုဆန်းကြယ်သောသူကိုခေါ်ထုပ်နိုင်မှသာလျှင်သူအခြေအနေအားလုံးကိုထိန်းချုပ်နိုင်လိမ့်မည်။အကယ်၍ချိုးဝူယဲ့သာသူခေါ်လိုက်သည်ကိုမလာပဲ ထွက်ခွာသွားပါက ထန်ရှောင်းအမှန်တကယ်ကိုစိုးရိမ်သွားပေလိမ့်မည်။ စစ်ထူယန်နှင့်တိုက်ခိုက်နေတုန်းသူသည်ပို၍ထိပ်လန့်စရာကောင်းသောအကြောင်းအရာတစ်ခုခုအားမှန်းဆမိလိုက်သည် ထိုဆန်းကြယ်သောသူမှာ တော်ဝင်အကြီးအကဲ၏လူဆိုလျှင်.....
ထန်ရှောင်းဒီထက်ပိုပြီးမတွေးချင်တော့ချေ။ တော်ဝင်အကြီးအကဲ၏လူသာဆိုလျှင်သူတင်မဟုတ်ပဲ ထန်ကျေးရွာ နှင့် ရွှေတံဆိပ်တော်အမတ်မင်းကိုယ်တိုင်ပင်ဒုက္ခရောက်ရပေလိမ့်မည်။
သို့သော်ယခုတော့သူအနည်းငယ်စိတ်အေးသွားခဲ့သည်။သကောင့်သားမှာ ထွက်လာသည်မဟုတ်လော။အခြားဖြစ်နိုင်ခြေတစ်ခုမှာ ဖြတ်သန်းသွားလာသူသိုင်းသမားတစ်ဦး ပွဲတွေ့၍ဝင်ကြည့်ခြင်းလည်းဖြစ်နိုင်ပေသည်။
သို့သော်အခြားတစ်ဖက်ကစဉ်းစားကြည့်လျှင် ထိုဆန်းကြယ်သောဝတ်ရုံနက် ၏ သိုင်းပညာကိုသူမမြင်နိုင်သလိုမမှန်းဆနိုင်ခဲ့ပေ။ ယခု မီတာရာဂဏန်းဝေးကွာသော နေရာနှစ်ခုကို လေပေါ်မှတိုက်ရိုက်ပျံဝှဲလာခြင်းကိုကြည့်လျှင် ထိုဆန်းကြယ်သောသူ၏သိုင်းပညာမှာ အဆင့်လွန်ထိပ်သီးအောက်မည်သို့မှမလျော့နိုင်ချေ။
ထန်ရှောင်းမှာစိုးရိမ်ရမည်လား သာမန်ဟုသာတွေးရမလားမသိတော့ချေ။ အမှန်မှာ ချိုးဝူယဲ့သည် စစ်ထူယန်တို့၏တိုက်ပွဲတွေ့လို့သာဝင်ကြည့်ခြင်းဖြစ်ပြီး အခြားမည်သည့်အရာမှမသိချေ။ ရွှေတံဆိပ်တော်အမတ်မင်း၏ အစီအစဉ်ကိုဖျက်လိုဖျက်စီးလုပ်မည့်သူလား တော်ဝင်အကြီးအကဲ၏လူလား ၊ ဝေးသေးသည် ချိုးဝူယဲ့ဤအကြောင်းအရာများနှင့်ပတ်သတ်၍တစ်လုံးမှနားမလည်ချေ။
ချိုးဝူယဲ့ ဒီအတိုင်းသာထွက်ခြင်းဖြစ်သော်လည်း ထန်ရှောင်းအားအတွေးပေါင်းမြောက်များစွာဖြစ်သွားစေခဲ့သည်။ချိုးဝူယဲ့မည်သည့်အရာမှမပြောပဲခေါင်းမိုးပေါ် ခတ်တည်တည်နှင့်ရပ်နေသည်မှာ ထန်ရှောင်းကိုပိုပြီး ခေါင်းစားသွားစေခဲ့သည်။ထန်ရှောင်း လက်တီးစု၍ချိုးဝူယဲ့ကိုပြောလိုက်သည်။
"ကျုပ်ကထန်ရှောင်းပါ ဒီကမိတ်ဆွေကဘယ်သူလည်းမသိဘူး"
ချိုးဝူယဲ့လက်တီးပြန်စုလိုက်ပြီး ပုံမှန်လေသံဖြင့်သာပြောလိုက်သည်။
"ကျုပ်က ခရီးသွားတစ်ယောက်ပါ ဒီမှာဘာတွေဖြစ်နေလဲသိချင်ရုံနဲ့ လာကြည့်နေတာပါ"
"ရောင်ရင်းဝူယဲ့ပါလား"
စစ်ထူယန် လက်တီးစု၍ပြောလိုက်သည်။ချိုးဝူယဲ့လည်းလက်တီးစု၍စစ်ထူယန်ကိုပြောလိုက်သည်။
"ထပ်တွေ့ရတာ ရေစက်ပါပဲ"
ဘေးတွင်ရပ်နေသောထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ တစ်ယောက်သည်မျက်လုံးပြူးသွားပြီးသူ၏မျက်နှာဖြူဖျော့သွား၏။ သူဤလူအားရင်းရင်းနှီးနှိးကိုမှတ်မိပေသည်။ ထိုလူ၏ ခါးတွင်ချိတ်ထားသော မက်မွန်ရနံ့သင်းနေသော သစ်သားဓားတစ်ချောင်းနှင့် ကျောက်စိမ်းပြားတစ်ခုကိုအသေအချာကိုမှတ်မိနေခဲ့သည်။ထိုထိပ်တန်းသိုင်းသမားစကားထစ်ထစ်အအဖြင့် ထိပ်လန့်စွာပြောလိုက်သည်။
"သူ....အဲ့တာ...သူ...သူပဲ"
....................
ပြီး...