← Chapters

ထန်ရှောင်းနှင့်တိုက်ခိုက်ခြင်း

Vol. 4 Ch. 39

ထန်ရှောင်းနှင့်တိုက်ခိုက်ခြင်း

Vol. 4 Ch. 39

"သူကဘယ်သူလဲ"

လူဝကြီးနှင့်ထန်ရှောင်းပြိုင်တူမေးလိုက်မိသည်။ ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ ချိုးဝူယဲ့ ​၏လက်ဝါးတစ်ချက်ကိုခံရဖူးသော နှစ်ယောက်က တုန်လှုပ်စွာပြောလိုက်သည်။

"သူ..သူက ကျုပ်ပြောတဲ့ လမ်းကလူငယ်ပဲ"

"ဘာ"

ထန်ရှောင်းအံ့အားသင့်သွားသည်။ အမတ်မင်းအထူးသတိပြုစောင့်ကြည့်ရန်မှာလိုက်သည့်သူမှာ ဤနေရာတွင်ရှိနေခဲ့သည်။ ထန်ရှောင်းအလွန်စိတ်မသက်မသာဖြစ်သွားသည် ရွှေတံဆိပ်တော်အမတ်မင်းစောင့်ကြည့်ရန်မှာလိုက်သည့်သူမှာ ဤနေရာသို့ရောက်ရှိနေပြီး သူ​၏ရည်ရွယ်ချက်အမှန်ကိုလည်း မသိရသေးချေ။ 

ပိုဆိုးသည်က ထိုလူ​၏သိုင်းပညာအနိမ့်အမြင့်ကိုသူလုံးဝမခံစားမိချေ။ ထန်ရှောင်းသူ​၏ဝှက်ဖဲတချို့နှင့် လက်နက်ပုန်းများကိုအဆင်သင့်ပြင်ဆင်ထားလိုက်​၏။ လူဝကြီး လည်းအံ့ဩသွားသည်။ ထိုဝတ်ရုံနက်နှင့်ဝါးခမောက်ဆောင်းထားသောသူများ သူတို့လမ်းတွင်တွေ့ခဲ့သော လူငယ်ဖြစ်သွားလေသည်။ လူဝကြီးမှာ ထိုလူငယ်ဤကိစ္စတွင်ဝင်မပါဖို့သာဆုတောင်းနေမိသည်။ လူထိုငယ်ဝင်ပါလာလျှင် ထိုဆန်းကြယ်သောလူငယ်နှင့် စစ်ထူယန်ကြော်င့် ထန်ရှောင်းလိုပြိုင်စံရှားသိုင်းသမားပင်ဒုက္ခရောက်သွားနိုင်လေသည်။

ချိုးဝူယဲ့အံ့အားသင့်သွားခဲ့သည်သူရိုက်နှက်ခဲ့သော လူဝကြီး​၏ထိပ်တန်းသိုင်းသမားများသည် သူ့ကိုမှတ်မိနေမည်ဟုမထင်ထားခဲ့ပေ။ ချိုးဝူယဲ့ အမှန်တကယ်ကိုပေါ့ဆမိသွားသည် သူ​၏ သစ်သားဓားအားသစ်သားဓားအိမ် တစ်ခုမပြုလုပ်ခဲ့ရပေ ထို့အပြင်ကျောက်စိမ်းပြားကို ဝတ်ရုံနောက်တွင်ထားဖို့ရာမေ့လျော့ခဲ့လေသည်။

ထိုအရာများကြောင့်သူ့အားမှတ်မိသွားကြသော်လည်းသူ​၏သရုပ်မှန်အားပြသရန်အစီအစဉ်မရှိသေးချေ။ချိုးဝူယဲ့ အောက်သို့ငုံ့ကြည့်လိုက်ပြီးပြောလိုက်​၏။

"အို...ကျုပ်ကိုမှတ်မိနေမယ်မထင်ထားဘူး အမြင်အာရုံကမဆိုးဘူးပဲ"

"ဒီကမိတ်ဆွေလေး ကျုပ်တို့ရဲ့ အရေးကိစ္စကိုဝင်မစွက်ဖက်ဘူးလို့မျှော်လို့ပါတယ် မဟုတ်ရင်တော့ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ ကျုပ်လဲမပြောနိုင်ဘူး"

ထန်ရှောင်းသူ​၏ယပ်တောင်ကိုခေါက်ချိုးကာပိတ်လိုက်ပြီး လက်တီးစု၍ပုံမှန်လေသံဖြင့်ပြောလိုက်သည်။ချိုးဝူယဲ့ မျက်မှောင်ကြုတ်သွားပြီး ထန်ရှောင်းအားကြည့်၍ပြောလိုက်သည်။

"ခင်ဗျားတို့ဘာလုပ်လုပ်ခင်ဗျားတို့ကိစ္စကျုပ်စိတ်မဝင်စားဘူး ဒါပေမဲ့ဒါကကျုပ်ကကြောက်လို့ဝင်မစွက်ဖက်တာလို့တော့မဆိုလိုဘူး 

ချိုးဝူယဲ့စကားခဏရပ်သွားပြီး ဆက်ပြောလိုက်သည်။

"ကျုပ်ဘယ်သူ့ကိုမှလဲအရင်ရန်မစသလိုဘယ်သူ့ကိုမှလဲမကြောက်ဘူး ဒါပေမဲ့ကျုပ်ကိုလာခြိမ်းခြောက်တာမျိုးကတော့ကျုပ်မကြိုက်ဘူး ခင်ဗျားရဲ့လူတွေ ကျုပ်ကိုလမ်းမှာရန်စထားတာကို ကျုပ်ကသဘောထားကြီးကြီးနဲ့ ခွင့်လွတ်ပေးခဲ့တာ ကျုပ်ကိုထပ်ခြိမ်းခြောက်လို့ကတော့ ခင်ဗျားကဘယ်သူကြီးဖြစ်ဖြစ် ခင်ဗျားနောက်က ဘာကောင်ကြီးနေနေ ကျုပ်တိုက်ခိုက်ရလိမ့်မယ်"

ချိုးဝူယဲ့စကားကြောင့်ထန်ရှောင်း စိတ်အနည်းငယ်ခုသွားသော် လည်း ပြုံး၍စကားဆက်ပြောလိုက်​၏။

"မိတ်ဆွေလေးဝင်ပါမယ်ဆို သေချာစဉ်းစားသင့်တယ် ရွှေတံဆိပ်တော်အမတ်မင်းဆိုတာ တော်ဝင်ရုံးတော်က တံဆိပ်တော်အာဏာပိုင်နော် အပြစ်ပြုမိရင် အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်တောင် သေဘေးကပြေးမလွတ်နိုင်ဘူးနော်"

"ကျုပ်ကိုထပ်ခြိမ်းခြောက်နေတာလား"

ချိုးဝူယဲ့မျက်လုံးကျဉ်းမြောင်းသွားခဲ့သည်။ သူ​၏သာမန်ထက်ပိုကောင်းသောအာရုံကြောင့် သူနှင့် မီတာ တစ်ရာ ကျော်အကွာအဝေးတွင် ထိပ်တန်းအဆင့်နှစ်ယောက်နှင့်အဆင့်မြင့်သိုင်းပညာရှင်အဆင့်ရှိတဲ့လုပ်ကြံသတ်ဖြတ်သူ ငါးယောက် ချဉ်းကပ်လာကြောင်းသတိထားမိ​၏။ ကြည့်ရသည်မှာသူထိုထန်ရှောင်းဖြင့်မဖြစ်မနေတိုက်ခိုက်ာတော့မည့်ပုံပင်။

"မိတ်ဆွေလေးကျုပ်ကခြိမ်းခြောက်နေတာမဟုတ်ပါဘူး မိတ်ဆွေလေးပြဿနာကြီးထဲဝင်မပါမိစေရလေအောင်ပြောပြတာပါ"

ထန်ရှောင်းအနည်းငယ်စိတ်အေးသွားခဲ့သည် သူ​၏လူများယခုရောက်လာခဲ့ချေပြီ။ သသတစ်ယောက်တည်းဆိုလျှင် ထိုဆန်းကြယ်သောဝတ်ရုံနက်နှင့်လူငယ်အား အနိုင်ယူနိုင်လိမ့်မည်ဟုမထင်ချေ။ သို့သော် ယခုသူ့ဘက်တွင် လူအများအပြားရှိနေခဲ့လေပြီ။ ထို့နောက်သူယပ်တောင်ကိုဖြန့်ထုပ်လိုက်ပြီးလေတွင်တစ်ချက်ခတ်ကာ အချက်ပေးလိုက်​၏။ 

စစ်ထူယန်မျက်နှာပျက်သွားပြီးသူ​၏ဓားအားချက်ချင်းအသင့်ပြင်လိုက်​၏။ သို့သော်ချိုးဝူဝူယဲ့မှာတုတ်တုတ်မျှပင်မလှုပ်သေးပေ။ ထိုအဆင့်လောက်သာရှိသောသူများ​၏တိုက်ခိုက်မှုသည် ချိုးဝူယဲ့အပေါ်အရာမထင်ပေ။

ထန်ရှောင်းမည်သည့်နေရာမှရောက်လာမှန်းမသိသော အနက်ရောင်အလုံးလေး လေးလုံးသူ​၏လက်ငါးချောင်းကြားထဲတွင်ရုတ်တရက်ထွက်ပေါ်လာပြီး ချိုးဝူယဲ့ဆီသို့အတွင်းအားဖြင့်ပစ်လွတ်လိုက်​၏။ 

"ဖုန်း..ဖုန်း..ဖုန်း..ဖုန်း"

ထိုအနက်ရောင်အလုံးလေးများမှာ ချိုးဝူယဲ့အနားတစ်ဝိုက်တွက်ပေါက်ကွဲသွားပြီး နက်မှောင်သောမီးခိုးများထွက်လာပြီး ကိုးမီတာပတ်ပတ်လည်ကိုလွမ်းခြုံသွား​၏။ ထိုအချိန်ထန်ရှောင်းအော်လိုက်သည်။

"လှုပ်ရှားတော့.... ကျိုးကွီး မင်းတို့ခြောက်ယောက် စစ်ထူယန်ကိုထိန်းထား"

 ထန်ရှောင်​၏ အချက်ပေးအော်သံကြားသည်နှင့် သိုင်းသင်တန်းကျောင်းအပြင်ဖက်မှ လူရိပ်များစွာထွက်လာပြီး အချို့က လက်နက်ပုန်းစကြာ ၊ အပ်များဖြင့် ချိုးဝူယဲ့ရှိနေသောအနက်ရောင်မြူထူထူထဲသို့ပစ်ခတ်လိုက်သည်။

"ဝှစ်...ဝှစ်"

ကျိုးကွီးဟုခေါ်သော လူဝကြီးနှင့်ထိပ်တန်းသိုင်းသမားများမှာ စစ်ထူယန်ရှေ့တွင်ပိတ်ရပ်လိုက်သည်။ စစ်ထူယန်အသက်ကိုပုံမှန်ရှူထုပ်လိုက်ပြီး သူ​၏ဓားသွားအား တစ်ဖက်သို့စောင်းလိုက်​၏။။

"ရွှမ်း"

"တိုက်ကြ"

လူဝကြီးအော်လိုက်ပြီးခြောက်ယောက်သား စစ်ထူယန်ကိုဝိုင်စ၍စတင်တိုက်ခိုက်တော့သည်။

.................

ထန်ရှောင်း လေပေါ်သို့ကိုယ်ဖော့သိုင်းဖြင့်ခုန်တက်လိုက်ပြီး သူ​၏ယပ်တောင်အားဖြန့်ကာ မီးခိုးနက်ရောင်မြူထူထူကြီးထဲသို့ စွမ်းအင်များစွာပါသော ယပ်တောင်ဖြင့်ဝေ့ရမ်းလိုက်သည်။ အတွင်းအားလှိုင်းကြီးသည် မြူခိုးထဲသို့မရောက်ခင်မှာတင် အံ့ဩဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့သည်။

"ရွစ်....ရွှမ်း"

.................

 ပြီး...

All Chapters