← Chapters

ပြီးပြည့်စုံသည့်အစွန်းဆုံးသောတတ်မြောက်မှု

Vol. 4 Ch. 40

ပြီးပြည့်စုံသည့်အစွန်းဆုံးသောတတ်မြောက်မှု

Vol. 4 Ch. 40

"ရွမ်း.."

ပါးလွာသော ဓားစွမ်းအင်အတွင်းအားလှိုင်းတစ်ခုမြူခိုးထဲမှထွက်လာပြီးမြူခိုးနက်များအား အလယ်တည့်တည့်မှ ပိုင်းဖြတ်သွားခဲ့သည်။ ထူထဲနေသောမြူခိုးနက်သည် အလယ်တည့်တည့်တွင် ဒေါင်လိုက်နှစ်ခြမ်းပိုင်းဖြတ်ခံထားရသည်မှာ မယုံကြည်နိုင်စရာပင်။

ပါးလွာသောဓားစွမ်းအင် ထန်ရှောင်း​၏အတွင်းအားလှိုင်းကိုလျင်မြန်စွာဖြတ်တောက်သွားခဲ့သည်။ ထိုမျှတင်မရပ်တန့်သေးချေ ထိုပါးလွာသောဓားစွမ်းအင်သည် ထန်ရှောင်ဆီသို့ဆက်လက်တိုးဝင်သွားခဲ့သည်။ထန်ရှောင်း မျက်နှာအမူအရာပြောင်းသွားပြီး ပါးလွာသောဓားစွမ်းအင်လေးအား ဘေးတိုက်စောင်းကာ ရှောင်ရှားလိုက်သည်။ ထန်ရှောင်းကပ်သီးလေးလွတ်သွား​၏။ ပါးလွာသောဓားစွမ်းအင်မှာ ထန်ရှောင်းအနောက်မှ သစ်ပင်တစ်ပင်အား ဖြတ်သန်းသွားခဲ့သည်။

"ဝုန်း..ဘုန်း"

ထိုသစ်ပင်ကြီးမှာ ဒေါင်လိုက်နှစ်ခြမ်းကွဲသွားပြီးမြေပေါ်သို့ကျသွားခဲ့သည်။ထန်ရှောင်းကြက်သီးထသွား​၏ ထိုဓားစွမ်းအင်လှိုင်းလေးသာ သူ့အားထိသွားခဲ့လျှင်..... ထန်ရှောင်ခေါင်းခါရမ်းပြီးလက်ရှိအခြေအနေအားပြန်ပြီးအာရုံစိုက်လိုက်သည်။

ခုနက ထန်ရှောင်းပစ်လွတ်လိုက်သော အတွင်အားလှိုင်းသည် နှစ်ခြမ်းဖြတ်တောက်ခံလိုက်ရပြီး ထိုအတွင်းအားလှိုင်းမှာ အရပ်မျက်နှာအဘက်ဘက်သို့ဖြာထွက်သွားပြီးသစ်ပင်အကိုင်းအခတ်များကိုပင် ယိမ်းထိုးလူးလွင့်သွားစေခဲ့သည်။ 

ချိုးဝူယဲ့ ကိုယ်ဖော့သိုင်းဖြင့်မြူခိုးနက်ထဲမှခုန်ထွက်လာပြီး လေပေါ်တွင် ပျံဝှဲလိုက်သည်။ထို့နောက်ချိုးဝူယဲ့လေပေါ်တွင်နောက်ကျွမ်းတစ်ချက်ထိုးလိုက်ပြီး အနောက်တွင်ရှိသော သစ်ပင်တစ်ပင်​၏ ထိပ်ရှိသစ်ရွက်လေးတစ်ရွက်ပေါ်တွင် ရပ်လိုက်​၏။ 

ထန်ရှောင်စိတ်ထဲတွင်တုန်လှုပ်သွား​၏ ထိုသို့သော ကိုယ်ဖော့ပညာနှင့်သစ်ရွက်ပေါ်၌ရပ်တည်ရန် သူလိုပြိုင်စံရှားတစ်ယောက်ပင်မစွမ်းသာချေ။ပွဲကြည့်နေသောသူအားလုံးမှာ မျက်လုံးပြူးသွားကြသည်။

.................

စစ်ထူယန်သည် အလူးအလဲတိုက်ခိုက်နေရပြီး ထိပ်တန်းသိုင်းသမားများဖြစ်သောရန်သူခြောက်ယောက်​၏တိုက်ခိုက်မှုများကိုခုခံနေရသည်။ သူ​၏အတွင်းအားမှာတစ်ဝက်ပင်မကျန်ရှိသည့်အတွက် ထိပ်တန်းသိုင်းသမား ခြောက်ယောက်အားယှဉ်တိုက်ရန်ခတ်ခဲလှ​၏။

သို့သော်ထိုစဉ် စစ်ထူယန်အလွန်ထက်ရှလှသောဓားစွမ်းအင်တစ်ခုအားခံစားမိလိုက်​၏။စစ်ထူယန် ချိုးဝူယဲ့တို့တိုက်ခိုက်နေသော နေရာသို့ခေါင်းတစ်ချက်လှည့်ကြည့်မိလိုက်သည်။ထက်ရှလှသော ဓားစွမ်းအင်တစ်ခုသည် ထန်ရှောင်း​၏ အတွင်းအားလှိုင်းကိုနှစ်ခြမ်းဖြတ်တောက်၍ သစ်ပင်ကြီးအားနှစ်ခြမ်းခွဲသွားသည်ကိုမြင်လိုက်ရ​၏။ ထိုပါးလွာသောဓားစွမ်းအင်လှိုင်းသည်ထူးခြားလှသည်။

စစ်ထူယန် တိုက်ခိုက်မှုများအားခုခံနေရင်း တစ်ခုခုအားနည်းလည်သွားသလိုခံစားလိုက်ရ​၏။ ထို့နောက်သူမျက်စိမိတ်လိုက်သည်။ သူတိုက်ခိုက်ခဲ့သော သူ​၏ဓားသိုင်းပညာများအားလုံးကိုပြန်လည်သုံးသပ်မိလိုက်သည်။ အင်အားကြီးသည် ပြင်းထန်သည် လျင်မြန်သည် တုံ့ပြန်မှုအားကောင်းသည် သို့သော် တစ်ခုကျန်ခဲ့လေသည်။ ထိုအရာကား ချွန်ထက်မှု ထက်ရှမှုပင်။ ထက်ရှမှုမရှိသောကြောင့် သူ​၏ဓားသိုင်းပညာမှာ ရန်သူအား အပြီးတိုင် အနိုင်မယူနိုင်ပဲ ပြင်းထန်သောဒဏ်ရာကိုသာပေးစွမ်းလေသည်။ 

ထက်ရှမှု ပြင်းထန်မှု  လျင်မြန်မှု အင်အားကြီးမှု တုံ့ပြန်မှု။ထိုလေးချက်အား စစ်ထူယန်နားလည်သွားချိန်မျက်လုံးပြန်ဖွင့်လိုက်​၏။ သူ​၏ရှေ့မှအရာများသည်ပြောင်းလဲသွား​၏ သူ​၏ရှေ့မှ ထိပ်တန်းသိုင်းသမားများ​၏ ဓားကွက်နှင့် သိုင်းကွက်များမှာ ဟာကွက်များရှိနေခဲ့သည်။

စစ်ထူယန် အတွင်းအားကိုအသုံးပြု၍ သူ့အားဝိုင်းထားသော ထိပ်တန်းသိုင်းသမား ခြောက်ယောက်လုံးကိုတွန်းထုပ်လိုက်သည်။

ထို့နောက်စစ်ထူယန်သူ​၏ဓားအားပတ်ပတ်လည်ဝေ့ရမ်းလိုက်ပြီး ဓားအိမ်ထဲသို့ပြန်ထည့်လိုက်သည်။ဤလုပ်ဆောင်မှုအားလုံးမှာ တစ်စက္ကန့်လောက်သာကြာပါသည်။ထို့နောက်သူငြိမ်ငြိမ်လေးရပ်ကာမျက်လုံးပိတ်လိုက်​၏။သူ​၏ပါးစပ်မှတီးတိုးပြောလိုက်သည်။

"ငြိမ်တက်စွာကြွေလွင့်"

ထိပ်တန်းသိုင်းသမားခြောက်ယောက်လုံး အနောက်သို့ ခုန်ပျံကာဆုတ်လိုက်သည် သူတို့အားလုံးမြေပေါ်သို့ဖြည်းညင်းစွာပြန်လည်ဆင်းသတ်လိုက်ပြီးစစ်ထူယန်အားဆက်လက်တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ 

သို့သော် သူတို့ဘာမှပင်လုပ်ချိန်မရလိုက်ပေသူတို့​၏ရင်ဘတ် အချို့ထိပ်တန်းသိုင်းသမားများဆိုလျှင်လည်ပင်း သူတို့အားလုံး​၏ လည်ပင်များရင်ပတ်များ လည်ပင်းအောက် စသည့်နေရာများတွင် သေးငယ်သောဓားရှရာလေးတစ်ခုထွက်ပေါ်လာ​၏။ ထို့နောက် ထိုဓားရှရာလေးမှသွေးများစွာစီးကျလာခဲ့သည်။ ထိုသည်မှာ ရွက်ကြွေဓားသိုင်း​၏ ပြီးပြည့်စုံသည့်အစွန်းဆုံးသောတတ်မြောက်မှုပင်ဖြစ်လေသည်။ထိပ်တန်းသိုင်းသမားများအားလုံးမျက်လုံးပြူးကျယ်သွားပြီး စစ်ထူယန်အားလက်ညိုးထိုးကာ...

"ခင်ဗျား....ခင်ဗျား....."

"ဘုတ်...ဘုတ်"

လည်ပင်းတွင်စင်းကြောင်းလေးဖြင့်အဖြတ်ခံလိုက်ရသော ထိပ်တန်းသိုင်းသမားနှစ်ဦး လှဲကျသေဆုံးသွားခဲ့သည်။ ကျန်သူများလည်း ဒဏ်ရာမှနာကျင်မှုဝေသနာကိုမခံစားရပဲ အိပ်ချင်လာသလိုလို မျက်လုံးလေးလာ​၏။ လူဝကြီး ကျိုးကွီးမှာ အတွင်းအားထည့်ကာခြင်္သေ့ဟိန်းသံအား အသုံးပြုလိုက်​၏။

"မျက်လုံးမမှိတ်စေနဲ့ ပြေးနိုင်သလောက်အခုပြေးကြတော့"

ထို့နောက်လးဝကြီးမှာကိုယ်ဖော့ပညာဖြင့်သူအရင်ခုန်ထွက်ကာ ထွက်ပြေးသွား​၏။ နောက်များကျန်သည့်သူများကလည်းအံကြိတ်ကာ ကိုယ်ဖော့ပညာကိုယ်စီဖြင့်ထွက်ပြေးလိုက်ကြသည်။ စစ်ထူယန်မလိုက်တော့ချေ။ စစ်ထူယန်သက်ပျင်းချပြီး ချိုးဝူယဲ့ ရပ်နေသော အိမ်အဆောက်အဦး​၏ အပေါ်သို့ကြည့်လိုက်ပြီး ပြုံးလိုက်​၏။ထို့နောက်သူ​၏အာရုံသည်ဝိုးတိုးဝါးတားဖြစ်ပြီး မြေပေါ်သို့လှဲကျမလိုဖြစ်သွား​၏။ 

ရွက်ကြွေသင်တန်းကြောင်း​၏ အဆင့်မြင့်သိုင်းဆရာများနှင့်တပည့်များမှာ မျက်လုံးအပြူးသားဖြင့်ဆွံ့အစွာကြည့်နေတုန်းပင်။ ယခုမှအတွင်းအားချိန်ညိပြီးသော ကျုံးရီသာလျှင် အလျင်အမြန်ပြေးလာပြီး စစ်ထူယန်အားကူတွဲပေးလိုက်​၏။ ထို့နောက် အတွင်းအားကုန်ခမ်ကာအားလျော့နေသော စစ်ထူယန်ကိုစိတ်မကောင်စွာကြည့်၍ပြောလိုက်သည်။

"တာဝန်ကျေပါတယ် ကျောင်းအုပ်တာဝန်ကျေပါတယ်ကျန်တာ ကျုပ်တာဝန်သာထား  ကျောင်းအုပ်အေးအေးဆေးဆေးအနားယူပါ"

စစ်ထူယန်တစ်ချက်ပြုံးကာခေါင်းငြိမ့်လိုက်ပြီးနောက် သူ​၏အမြင်အာရုံများမဲမှောင်သွားတော့သည်။ ထိုစဉ်လူအုပ်ထဲမှမိန်းမကြီးတစ်ယောက်ပြေးဝင်လာခဲ့သည် ထိုမိန်းမကြီးမှာစစ်ထူယန်​၏မိန်းမဖြစ်လေသည် ထို့နောက်သူမစစ်ထူယန်ကိုပွေ့ဖက်ထားလိုက်​၏။ မျက်နှာတွင်လည်းမျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာ​၏။ 

သူမ​၏ယောက်ျားဒုက္ခရောက်၍သေဆုံးရတော့မည်ဟု ထင်မိကာရှိသေးသည် ဆန်းကြယ်သော ဝတ်ရုံနက်ဖြသင့်လူရောက်လာပြီး သူမယေက်ျား​၏ ဒုက္ခတစ်ခုဖြစ်သော ထန်ရှောင်းအားခွဲဝေယူသွား​၏။

ထို့ကြောင့်မျာစွာသက်သာသွားသည်ဟုထင်ရသော်လည်းထိပ်တန်းသိုင်းသမားခြောက်ယောက်မှာ စစ်ထူယန်အားဝိုင်း၍တိုက်ခိုက်ကြသည်။ စစ်ထူယန်နောက်ဆုံး မခုခံနိုင်တော့ဟုယူဆရသောအချိန်တွင်စစ်ထူယန်မှာရုတ်တရက် သိုင်းကွက်ပြောင်းသွားပြီး အနိုင်အရှုံးကိုပြောင်းပြန်လှန်လိုက်လေသည်။ သူမယောက်ျားစစ်ထူယန်မှာမည်မျှပင်ထူးချွန်သည့်သူနည်း။ 

ထို့အပြင်စစ်ထူယန်မှာအဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်လာသောကြောင့် ဤတာ့ယွမ်နိုင်ငံတော်ကြီးတွင်သူ​၏မိသားစုမှာ ဂုဏ်ရှိစွာနေထိုင်နိုင်တော့ပေမည်။

............

ပြီး...

All Chapters