ဂန္ထဝင်တွင်မည့်ယှဉ်ပြိုင်မှု
Vol. 4 Ch. 41
ချိုးဝူယဲ့ အဆောက်အဦးတစ်ခုပေါ်တွင်မတ်တတ်ရပ်လိုက်ပြီး အေးစက်သော မျက်လုံးတစ်စုံဖြင့် ထန်ရှောင်းအားကြည့်လိုက်၏။ ယင်-ယန် မျက်လုံးကြောင့် သူ၏မျက်လုံးတစ်ဖက်မှာ မှင်ကဲ့သို့နက်မှောင်သွားပြီး တစ်ဖက်မှာ အလွန်စူးရှလှသည်။ထိုအကြည့်ကြောင့်ထန်ရှောင်းကြက်သိန်းဖျန်းသွားပြီး စိတ်ထဲတွင်အလွန်တုန်လှုပ်သွား၏။ ထိုလူငယ်သိုင်းသမားတွင်အဘယ်ကြောင့် ဤမျှစူးရှ၍ကြောက်မက်ဖွယ်ကောင်းသောမျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသနည်း။
ထန်ရှောင်းမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လူများကိုလှုပ်ရှားရန်အချက်ပြလိုက်သည်။
"ဝှစ်... ဝှစ်"
လူခုနှစ်ယောက်တောထဲမှထွက်လာပြီး ထန်ရှောင်းဘေးနားတွင် ရပ်လိုက်၏။ ချိုးဝူယဲ့အာရုံခံမိသည့်အတိုင်း လက်ရွေးစင်ထိပ်တန်းသိုင်းသမားနှစ်ယောက်နှင့်အဆင့်မြင့်သိုင်းသမား ငါးယောက်ဖြစ်လေသည်။ထိုမျှအင်အားနှင့်ဆိုလျှင်သိုင်းလောကတွင်အဆင့်မြင့်သောဂိုဏ်းတစ်ခုအဖြစ်ရပ်တည်နိုင်လိမ့်မည်။
ချိုးဝူယဲ့ ထန်ရှောင်းအားမျက်နှာသေဖြင့်ကြည့်၍ပြောလိုက်သည်။သူ၏အသံသည်အလွန်အေးစက်နေခဲ့သည်။
"ကျုပ်ကိုခင်ဗျားလူတွေနဲ့ချောင်းတိုက်ခိုင်းရဲတယ်လား ကျုပ်ကိုအဆိုးမဆိုနဲ့တော့"
ထို့နောက်ချိုးဝူယဲ့၏ပုံရိပ်သည်မှုန်ဝါးဝါးဖြင့်ပျောက်ကွယ်သွား၏။ထန်ရှောင်းထိတ်လန့်သွားခဲ့သည်။ထိူဆန်းကြယ်သောလူငယ်မှာအဘယ်ကြောင့် ရုတ်တရက်ပျောက်ကွယ်သွားသနည်း။ထန်ရှောင်းဘေးဘိဝဲယာသို့အာရုံစိုက်လိုက်သည်။ထိုစဉ် ချိုးဝူယဲ့၏ပုံရိပ်ပေါ်လာပြီးသူ့ဘေးနားရှိလူသတ်သမားအား ဖြတ်သန်းသွား၏။
ထိုမျှပင်မကသေးချေ ချိုးဝူယဲ့၏ပုံရိပ်များစွာသည် တစ်နေရာပြီးတစ်နေရာပေါ်လာပြီး သူ၏ဘေူရှိ လုပ်ကြံသူခုနှစ်ယောက်လုံးဆီသို့အကြိမ်ကြိမ်ဖြတ်သန်းသွား၏။ ထန်ရှောင်းသူ၏မျက်လုံးဖြင့်ပင် ချိုးဝူယဲ့အားမမြင်နိုင်တော့ချေ။ နောက်တွင်ကျန်ရစ်ခဲ့သော ပုံရိပ်များစွာကိုသာမြင်နေရ၏။
စက္ကန့်ပိုင်းအတွင်းသာဖြစ်ပျက်သွားပြီး ထန်ရှောင်း၏ရှေ့ ဆယ်မီတာအကွာတွင် ချိုးဝူယဲ့၏ပုံရိပ်မှာမှုန်ဝါး၍ပေါ်လာခဲ့လေသည်။
ထန်ရှောင်း၏မျက်လုံးများကျဉ်းမြောင်းသွားခဲ့လေသည်။ ချိုးဝူယဲ့ထုပ်သုံးလိုက်သောဓားသိုင်းကွက်၏ပုံစံကိုသူလုံးဝမမြင်လိုက်ရချေ။ ချိုးဝူယဲ့ လုပ်ကြံသူခုနှစ်ယောက်လုံးကိုဖြေရှင်းပြီးနောက် သူ၏သစ်သားဓားအား ခါးတွင်ချိတ်လိုက်လေသည်။
"ဘုတ်..ဘုတ်...ဘုတ်"
ထန်ရှောင်းဘေးမှ လူနှစ်ယောက်လုံးလဲကျသေဆုံးသွား၏ ထိပ်တန်းသိုင်းသမားများပင်မလွတ်ချေ။ သူတို့၏လည်ပင်းရင်ဘတ်နှင့်ဗိုက်နေရာများတွင် ဓားဖြင့်ဖြတ်တောက်ခံထားရသောအစင်းကြောင်းများထနေပြီးသွေးတစ်စက်မျှပင်မထွက်ပေ။ ထိုဒဏ်ရာများမှာ သေတွင်းသေကွက်များသာဖြစ်၏။ထန်ရှောင် အလွန်ထိတ်လန့်သွားခဲ့သည်။သူ၏လူခုနှစ်ယောက်လုံးကိုချိုးဝူယဲ့မည်သို့သတ်သွားမှန်းမသိလိုက်ချေ။ဤမျှကြောက်စရာကောင်းသောသူသည်သိုင်းလောကတွင်မည်သို့ပေါ်ပေါက်ခဲ့သနည်း။
ထန်ရှောင်း သူ၏ယပ်တောင်ထဲမှလက်နက်ပုန်းများနှင့်အဆိပ်များအပ်များစွာကိုအဆင်သင့်ပြင်ထားလိုက်၏။ချိုးဝူယဲ့မှာရပ်မြဲအတိုင်းပင်။ လေပြေလေးများသည် ဝါးခမောက်အောက်မှသူ၏ဆံနွယ်များနှင့် ဝတ်ရုံနက်ကိုလေထဲတွင် လူးလွင့်နေအောင်သယ်ဆောင်ထားပုံမှာ ဆန်းကြယ်သောသူရဲကောင်းတစ်ယောက်၏ပုံပန်းသဏ္ဍာန် သဖွယ်ဖြစ်နေတော့သည်။
နှစ်ယောက်သားငြိမ်သက်စွာရပ်နေကြပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ထန်ရှောင်းစတင်လှုပ်ရှားလိုက်သည်။
"ဝှစ်"
ထန်ရှောင်၏ပုံရိပ်ပျောက်ကွယ်သွားပြီး ချိုးဝူယဲ့၏ဘေးပတ်ပတ်လည်တွင်ထန်ရှောင်း၏။ပုံရိပ်ယောင် များပေါ်လာတော့သည် ထန်ရှောင်းနှင့်သဏ္ဍာန်တူသော ပုံရိပ်ယောင် ငါးခုပေါ်လာကြီး အပ်များ အဆိပ် သံချွန်များ မီးခိုးမှိုင်းများ နှင့်ပတ်ခတ်တော့သည်။ ထန်ရှောင်းသည်အရပ်မျက်နှာအသီးသီးမှကိုယ်ပွား၍တိုက်ခိုက်နေသယောင်ထင်ရသော်လည်း အမှန်မှာထန်ရှောင်းတစ်ယောက်တည်းလှုပ်ရှားနေခြင်းဖြစ်သည်။
တိုးဝင်လာသော လက်နက်ပုန်းများကို ချိုးဝူယဲ့ အတွင်းအားပြည့်ဝစွာပါဝင်သောလက်တစ်ဖက်တည်းဖြင့် ရပ်တန့်လိုက်။ထန်ရှောင်ပစ်လွတ်လိုက်သော လက်နက်ပုန်းများမှာအလွန်အစွမ်းထက်သည်ဟုယူဆရပေမည်။ ထန်ရှောင်းတွင် ချိုးဝူယဲ့မသိနိုင်သော ဝှက်ဖဲများနှင့်လက်နက်ပုန်းများစွာကျန်ရှိပါသေးသည်။ ချိုးဝူယဲ့ ထန်ရှောင်း၏ လက်နက်ပုန်းများကိုလက်တစ်ဖက်ဝေ့ရမ်း၍ပြန်လည်တွန်းထုပ်လိုက်သည်။
"ဝုန်း"
ထန်ရှောင်းလေပေါ်သို့ခုန်လိုက်ပြီး သူ၏ယပ်တောင်မှ နှစ်လက်မလောက်သာရှိသော သံချွန်ထိပ်ဖူးလေးတစ်ခုပစ်လွတ်လိုက်၏။
လေထဲတွင်ထိုသံချွန်ထိပ်ဖူးလေးမှာ လျင်မြန်စွာချိုးဝူယဲ့ဆီသို့တိုးဝင်လာပြီး ချိုဝူယဲ့နှင့် ငါးမီတာသာကွာဝေးသည့်အချိန်တွင် ထိပ်ဖူးလေးမှာတစ်ပတ်လည်၍ပွင့်သွား၏။သေးငယ်သော အပ်ချောင်းလေး ရာပေါင်းများစွာသည် ထိုထိပ်ဖူးထဲမှထွက်ပေါ်လာပြီး ချိုးဝူယဲ့ဆီသို့ တိုးဝင်သွားခဲ့သည်။
ချိုးဝူယဲ့မှာ မထူးမခြားနားစွာကြည့်လိုက်ပြီး သူ၏ခါးမှ သစ်သားဓားလေးကိုဆွဲယူကာ မြေပြင်တွင်စိုက်လိုက်၏။သစ်သားဓားလေးထိုးစိုက်လိုက်သောမြေနေရာမှ ပတ်ပတ်လည်တွင်ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ကျယ်ပြန့်သွား၏။
"ဝုန်း...ဝုန်း...ဝုန်း"
ထိုစွမ်းအင်လှိုင်းလုံးကြီးမှာ ရာနှင့်ချီသောအပ်ချောင်းလေးများအားရိုက်ခတ်သွားခဲ့သည်။ ထန်ရှောင်းပစ်လွတ်လိုက်သော လက်နက်ပုန်းများအား လုံးချိုးဝူယဲ့၏ စွမ်းအင်လှိုင်းလုံးကြီးကြောင့် ရှေ့ဆက်မတိုးနိုင်ပဲ အနောက်သို့လွင့်စဉ်ကုန်၏။
ထန်ရှောင်၏ပုံရိပ်သည်လေထဲမှပြန်လည်မှုန်ဝါးပျောက်ကွယ်သွားပြီး ချိုးဝူယဲ့ဆီသို့ လျင်မြန်သောအရှိန်ဖြင့်တိုးဝင်သွားသည်။ချိုးဝူယဲ့ကျန်လက်တစ်ဖက်ဖြင့် ထန်ရှောင်းတိုးဝင်လာသောနေရာသို့ လက်ဝါးတစ်ချက်ရိုက်ထုပ်လိုက်သည်။ထန်ရှောင်း၏လက်ဝါးနှင့်ချိုးဝူယဲ့ တို့၏လက်ဝါးထိပ်တိုက်ဆုံမိသွား၏။
"ဘန်း.....အုန်း"
ပြင်းထန်သော လက်ဝါးနှစ်ချက်၏ထိပ်တိုက်တွေ့ဆုံရိုက်ခတ်မှုကြောင့် ချိုးဝူယဲ့နှင့်ထန်ရှောင်းတို့ဘေးပတ်ပတ်လည်တွင်ရှိသော သစ်ရွက်များ သဲများ ခဲများ အားလုံး နောက်သို့လွင့်စင်ကုန်၏။ ၎င်းတို့လက်ဝါးနှစ်ဖက်ဆုံချက်ရှိမြေကြီးများပင် အနည်းငယ်အက်ကွဲကာချိုင့်ဝင်သွားခဲ့သည်။
ထန်ရှောင်းနှင့်ချိုးဝူယဲ့တို့၏ ဆံပင်များနှင့်ဝတ်ရုံများမှာနောက်သို့ အဟုန်ဖြင့်လွင့်လူးနေပြီး အတွင်းအားလှိုင်းများမှာပြင်းထန်လှသည်။ မီတာ တစ်ရာကျော်အကွာအဝေးမှ ကျုံးရီ နှင့် အဆင့်မြင့်သိုင်းဆရာများပင် အားကောင်း၍ပြင်းထန်သော အတွင်းအားလှိုင်းများကိုခံစားမိကြသည်။ အဆင့်မြင့်သိုင်းဆရာများထိတ်လန့်နေခဲ့ကြသည်။
ထိုယှဉ်ပြိုင်မှုပြီးဆုံးလျှင်ထိုလူယောက်၏တိုက်ပွဲမှာသောကန်ပြည်နယ်တွင် ဂန္ထဝင်တွင်သွားပေလိမ့်မည်။ သိုင်းလောကတွင် အဆင့်လွန်ထိပ်သီးများ၏ ယှဉ်ပြိုင်မှုများပင်သိပ်မရှိချေ။ ပြိုင်စံရှားသိုင်းသမားများဆိုလျှင် တစ်လုံးနေမှတစ်ခေါက်ပင်မတိုက်ခိုက်ကြပေ။
ကျုံးရီ၏မျက်လုံးများကျဉ်းမြောင်းသွားပြီးသူ၏စိတ်ထဲတွင်တစ်ခုခုအားတွေးမိသွားပုံပင်။ ထိုပြိုင်စံရှားထန်ရှောင်းမှာ အလွန်ပင် အားကောင်းလှချေသည်။ သူနှင့် ကျောင်းအုပ်ကြီးတို့ပေါင်းတိုက်လျှင်တောင်ထန်ရှောင်းအားအနိုင်ယူရန်မဖြစ်နိုင်သေးပေ။သို့သော် ထိုဆန်းကြယ်သော ဝတ်ရုံနက်သိုင်းသမားမှာ မူထန်ရှောင်းအား အစွမ်းကုန်ထုတ်သုံးရသည်အထိဖိအားပေးတိုက်ခိုက်နိုင်ခဲ့သည်။
ထို့အပြင်ထိုဆန်းကြယ်သောဝတ်ရုံနက်သိုင်းသမားမှာ ထန်ရှောင်းနှင့်စစ်ထူယန်တိုက်ခိုက်တုန်းကထန်းရှောင်းလိုပင် အလွန်သက်သောင့်သက်သာဖြင့်သာတိုက်ခိုက်နေခဲ့ပြီးထန်ရှောင်းမှာဖိအားများနေသည့်ပုံပင်။ထိုအချက်အားကြည့်၍အကဲဖြတ်ခြင်းဖြင့် ဝတ်ရုံနက်သိုင်းသမားမှာထန်ရှောင်းထက်သိုင်းပညာပို၍မြင့်မားဟန်ပင်။
.....................
ပြီး...