← Chapters

ဒါပဲလား..

Vol. 4 Ch. 42

ဒါပဲလား..

Vol. 4 Ch. 42

အချိန်အနည်းငယ်ကြာအတွင်းအားယှဉ်ပြိုင်ပြီးနောက် ထန်ရှောင်းမှာ မျက်နှာပျက်လာခဲ့သည်။ သူ​၏မြင့်မားလှသောအတွင်းအားဖြင့် ချိုးဝူယဲ့​၏ လက်ဝါးအားမည်သို့ပင်ထိုးဖောက်စေကာမူ ချိုးဝူယဲ့၏အတွင်းအားလက်ဝါးမှာတုတ်တုတ်မျှပင်မလှုပ်ချေ။ ထိုအခြေအနေသည်ထန်ရှောင်းအတွက်အလွန်ဒုက္ခများစေ​၏။ထန်ရှောင်းပို၍အားစိုက်ထုပ်လိုက်သော်လည်း ချိုးဝူယဲ့မှာ လက်တစ်ဖက်တည်းဖြင့်သာမလှုပ်မရပ်တားဆီးထား​၏။

နောက်ဆုံးမည်သို့မှအနိုင်မယူနိုင်တော့သည့်အဆုံးထန်ရှောင်းအတွင်းအားများကိုဖြန့်ထုပ်လိုက်ရပြီး လေထဲသို့ခြေတစ်ချက်ကန်ကာ နောက်ကျွမ်းတစ်ချက်ထိုး၍ဆုတ်လိုက်သည်။ချိုးဝူယဲ့​၏ပုံရိပ်မှာရပ်နေရင်းမှရုတ်တရက်ပျောက်ကွယ်သွားပြီး ထန်ရှောင်းပင် လေပေါ်မှပြန်မကျသေးချေ။ ချိုးဝူယဲ့​၏ပုံရိပ်များသည် ထန်ရှောင်း​၏တစ်ဝိုက်တွင် စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေကြသည်။

ထန်ရှောင်းမျက်နှာပျက်သွားပြီး အတွင်းအားအသုံးပြု၍ကိုယ်ဖော့ညာဖြင့်လေထုကိုတစ်ချက်နင်းချလိုက်ပြီး လေပါ်သို့နောက်တစ်ဆင့်ထပ်ခုန်လိုက်​၏။ မြေပြင်နှင့် ဆယ်မီတာအကွာသို့ရောက်သော ထန်ရှောင်း​၏ ပုံရိပ်သည် လေထဲတွင်လှည့်ပတ်နေခဲ့​၏။ထန်ရှောင်းလှည့်ပတ်နေရာမှပတ်ပတ်လည်တွင် အပ်များနှင့်သေးငယ်သော ဓားသွားလေးများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင်ပတ်ပတ်လည်ဝိုင်းနေသောချိုးဝူယဲ့​၏အရိပ်သဏ္ဍာန်များဆီသို့လေထုကိုခွင်း၍တိုးဝင်သွား​၏။

ချိုးဝူယဲ့သည်သူ့ဆီတိုးဝင်လာနေသော လက်နက်ပုန်းများကိုတစ်ချက်ကြည့်လိုက်ပြီးလက်တစ်ဖက်ဝေ့ရမ်း၍အလွန်ပြင်းထန်သောအတွင်းအားလှုင်းကြီးတစ်ခုထုတ်ဖော်လိုက်သည်။

"ဝုန်း...ထန်း..ထန်း.ထန်း"

ဓားမြောင်များဓားသွားများ အပ်ချောင်းများစွာသည် အတွင်းအားလှိုင်းများကြောင့်လွင့်ထွက်သွားပြီး အတွင်းအားလှိုင်းကြီးမှာ ထန်ရှောင်းဆီသို့ဆက်လက်တိုးဝင်သွား​၏။ ထန်ရှောင်း​၏မျက်နှာမှာ အလွန်ပျက်ယွင်းနေခဲ့သည်။ သူထိုအအတွင်းစွမ်းအင်လှိုင်းကြီးအား အချိန်မှီမရှောင်နိုင်တော့ချေ။ လေပေါ်တွင်ဖြစ်သောကြောင့်ပြန်လည်တိုက်ခိုက်ရအလွန်ခက်ခဲ​၏။ခန္ဓာကိုယ်တစ်ဝိုက်တွင်အတွင်းအားများဖြည့်တင်း၍တိုက်ခိုက်မှုအားခုခံရန်သာတက်နိုင်လေသည်။

"အုန်း"

ချိုးဝူယဲ့​၏အတွင်းအားလှိုင်းကြီးသည် ထန်ရှောင်းအားရိုက်ခတ်သွားခဲ့ပြီး ထန်ရှောင်းအား လေထဲတွင်နောက်သို့မီတာဒါဇင်ချီလွင့်စဉ်သွားစေခဲ့သည်။ထန်ရှောင်းမြေပြင်ပေါ်သို့ မသက်သာစွာပြုတ်ကျသွားခဲ့သည်။ 

"ဘုတ်"

"ဝေါ့" ထန်ရှောင်းသွေးတစ်လုပ်အန်လိုက်ရပြီး အတွင်းကိုအလျင်အမြန်ထိန်းညှိလိုက်သည်။ ချိုးဝူယဲ့​၏ ပြင်းထန်လှသောအတွင်းအားလှိုင်းကြောင့် ထန်ရှောင်း​၏အတွင်းအားများကမောက်ကမဖြစ်သွားပုံပင်။ ထန်ရှောင်းသူ​၏ယပ်တောင်ရိုးနောက်မှလျှို့ဝှက်အကန့်လေးတစ်ခုတွင် တြိဂံပုံစံ အတုံးလေးတစ်တုံးလေးအားထုတ်ယူလိုက်​၏။ ထိုအရာမှာသူ​၏နောက်ဆုံးဝှက်ဖဲတစ်ချပ်ပင်ဖြစ်သည်။ ထိုလက်နက်ပုန်းအား သူအစွန်းရောက်လက်နက်ပုန်းကျင့်စဉ်အဆင့်ခြောက်ရောက်မှသာဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပြီးအရင်းအမြစ်ရှားပါးမှုကြောင့်သုံးခုသာဖန်တီးနိုင်ခဲ့​၏။

ထိုလက်နက်ပုန်းနှင့်သာဆိုလျှင်ဆန်းကြယ်သောဝန်ရုံနက်နှင့်ချိုးဝူယဲ့အားသူအနိုင်လိမ့်မည်ဟုယုံကြည်ထားပါသည်။သို့သော်ကံကြမ္မာမှာသူ့အားအခွင့်အရေးမပေးခဲ့ပါချေ။လက်တစ်စုံသည်သူ​၏ လည်ဂုတ်အားအလျားလိုက်ထောက်ထား​၏။မည်သည့်အချိန်ကရောက်နေမှန်းမသိသော ဝတ်ရုံနက်နှင့် ချိုးဝူယဲ့မှာ သူ​၏လည်ဂုတ်အားလက်ဝါးစောင်းဖြင့်ထောက်ထားခဲ့လေသည်။ထိုအဓိပ္ပာယ်မှာ သူရှုံးသွားခဲ့လေပြီ။

"ခင်ဗျားရှုံးသွားပြီ"

ချိုးဝူယဲ့အေးစက်စက်ဖြင့်ပြောလိုက်သည်။သူ​၏လက်ဝါးစောင်းတွင်အတွင်းအားအနည်းငယ်ထည့်၍ထန်ရှောင်း​၏လည်ပတ်အားခုတ်ချလိုက်လျှင်ထန်ရှောင်းသေဆုံးရပေလိမ့်မည်။ထန်ရှောင်းသက်ပျင်းချလိုက်​၏။သူ​၏အပြောင်မြောက်ဆုံးလျှို့ဝှက်လက်နက်ပုန်းကိုပင်မထုတ်သုံးလိုက်ရချေ။သူ​၏တြိဂံပုံစံလက်နက်ပုန်းအားပြန်လည်သိမ်းဆည်းလိုက်ပြီး စိတ်ပျက်စွာဖြင့်အရှုံးကိုဝန်ခံလိုက်​၏။ 

"ကျုပ်ရှုံးပြီ မိတ်ဆွေလေးသတ်လိုရင်သတ်နိုင်တယ်"

ထိုမြင်ကွင်းမှာ ရွက်ကြွေသိုင်းသင်တန်းကျောင်းရှိလူများအားလုံးကိုကြက်သေသေသွားစေပြီး စိတ်ထဲတွင်အလွန်တုန်လှုပ်သွားစေခဲ့သည်။ ထန်ရှောင်ဆိုသည်မှာမည်သူနည်း တာ့ယွမ်အင်ပါယာ​၏နံပတ်တစ်လက်နက်ပုန်းအရှင် ပြိုင်းစံရှားသိုင်းသခင်တစ်ယောက်ဖြစ်သည်။သို့သော် မည်သည့်နေရာမှလာမှန်းမသိသောနာမည်မရှိသည့် ဆန်းကြယ်သည့်ခရီးသွားသိုင်းသမားတစ်ယောက်​၏လက်ထဲတွင် အရှုံးပေးလိုက်ရသည်လား ထို့အပြင်ထိုဆန်းကြယ်သည့်ဝတ်ရုံနက်သိုင်းသမားမှာ အားပင်သိပ်မစိုက်လိုက်ရသည့်ပုံပင်။

ကျုံးရီလည်းထိုဆန်းကြယ်ဝတ်ရုံနက်သိုင်းသမားကြောင့် အလွန်ထိပ်လန့်သွားခဲ့သည်။ထိုဆန်းကြယ်သောဝတ်ရုံနက်မှာမည်သို့သောဖြစ်တည်မှုနည်း မည်သည့အတွက်ကြောင့်ထိုမျှအားကောင်းနေသနည်း မဆုံးနိုင်သောမေးခွန်းပေါင်းများစွာသည် သူ​၏စိတ်ထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။ ထို့အပြင်ထန်ရှောင်းကိုလွယ်လွယ်ကူကူနှင့်ပင်အနိုင်ယူသွားဖြင်းဖြစ်သည်။ သူ​၏လက်နက်ကိုပင်သေချာအသုံးမပြုသွားပေ။သူတို့​၏ကျောင်းအုပ် ထိုလူရောက်လာချိန်တွင် နှုတ်ဆက်လိုက်သေးသည်ကိုအမှတ်ရလိုက်သည်။ကျောင်းအုပ်မှာထိုလူနှင့်ရင်းနှီးသည့်ပုံပင်။

...........

ချိုးဝူယဲ့ သူ​၏လက်အားရုပ်သိမ်းလိုက်ပြီး လှည့်ထွက်သွား​၏။ချိုးဝူယဲ့​၏အပြုအမူကြောင့် ထန်ရှောင်းပင်ကြောင်အသွား​၏။သူအလွန်ပြင်းထန်သောဒဏ်ရာများရလိမ့်မည်ဟုခန်းမှန်းထားသော်လည်း ထိုဆန်းကြယ်သော လူငယ်မှာ သူ့အားဘာမှပင်လုပ်မသွားချေ။မည်သို့ပင်ဖြစ်စေထန်ရှောင်း သည်လက်တီးစုလိုက်ပြီးချိုးဝူယဲ့အား ကျေးဇူးတင်လိုက်​၏။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး ကျုပ်ဒီအကြွေးကိုနောင်တစ်ချိန်ပြန်ဆပ်ပါ့မယ် မိတ်ဆွေလေးနာမည်သိပါရစေ"

ချိုးဝူယဲ့နောက်သို့ပြန်လှည့်မကြည့်ပဲရှေ့သို့သာခြေလှမ်းများဆက်လှမ်းနေခဲ့သည်။ချိုးဝူယဲ့လှည့်မကြည့်ပဲပြောလိုက်​၏။

"ကျုပ်နာမည်ကဝူယဲ့ ကျုပ်ကဘယ်အင်အားစုကမှမဟုတ်ဘူး ခရီးသွားတစ်ယောက်သာသာပဲ ကျုပ်ကိုခင်ဗျားတို့ရဲ့ရှုပ်ထွေးတဲ့ကိစ္စထဲလာမဆွဲ့ထည့်နဲ့ပြီးတော့"

ထို့နောက်ချိုးဝူယဲ့​၏ ခြေလှမ်းများရပ်တန့်သွားပြီး...

"ကျုပ်ကို ထပ်ပြီး ပြဿနာမရှာတာပိုကောင်းမယ် မဟုတ်ရင်ကျုပ်အကုန်လုံးကိုသတ်မိလိမ့်မယ်"

ထို့နောက်ချိုးဝူယဲ့​၏ပုံရိပ်သည် လူများအားလုံးရှေ့တွင်ဖျပ်ကနဲပျောက်ကွယ်သွား​၏။ သိုင်းသင်တန်းကျောင်းတွင်ရှိနေသော လူများအားလုံးသတိပြန်ဝင်မလာသေးချေ။

 ထန်ရှောင်းလည်းဘေးဘီဝဲယာသို့လှည့်ကြည့်လိုက်သည်။ သူ​၏လူတစ်ချို့မှာသေဆုံးနေပြီးအချို့မှာ ထွက်ပြေးသွားကြ​၏။ ထန်ရှောင်းသက်ပျင်းချကာခေါင်းခါရမ်းလိုက်ပြီး သူ​၏ပုံရိပ်မှာ ကိုယ်ဖော့ပညာဖြင့်လေပေါ်သို့လျင်မြန်စွာဝှဲပျံသွားပြီး လူများအားလုံးမျက်စိရှေ့မှပျောက်ကွယ်သွားတော့သည်။

ရွက်ကြွေသိုင်းသင်တန်းကျောင်းမှအဆင့်မြင့်သိုင်းဆရာတစ်ယောက်က တုန်လှုပ်စွာပြောလိုက်​၏။

"ဒါပဲလား...ပြီးသွားပြီလား"

.............

ပြီး...

All Chapters