လူ့လောကနှင့်မသက်ဆိုင်သောနတ်ဘုရားမ
Vol. 4 Ch. 43
အချိန်အနည်းငယ်ကြာပြီးနောက် စစ်ထူယန် နိုးထလာခဲ့သည်။ သူ၏ခန္ဓာကိုယ်အားလေးပင်စွာမလိုက်ပြီးထထိုင်ကာပတ်ဝန်းကျင်အားတစ်ချက်အကဲခတ်ကြည့်လိုက်၏။သူသည်သူ၏အခန်းထဲသို့ပြန်လည်ရောက်ရှိနေခဲ့လေပြီ။
အတွင်းအားကုန်ဆုံး၍ပင်ပန်းနွမ်းနယ်မှုကြောင့်စစ်ထူယန်၏ခန္ဓာကိုယ်မှာအားနည်းနေပြီး ရက်ပိုင်းလောက်အနားယူမှသာလျှင်ပုံမှန်အတိုင်းပြန်ကောင်းနိုင်ပေလိမ့်မည်။ယခုအချိန်သူ၏အတွင်းအားနှင့်သွေးကြောများမှာအနည်းငယ်ရှုပ်ထွေးနေပြီးအတွင်းအားကိုအသုံးချရန်ခတ်ခဲလှသည်။စစ်ထူယန်သက်ပျင်းချလိုက်၏။ ထိုအချိန်သူ၏အခန်းတံခါးပွင့်လာပြီး စစ်ထူယန်၏သားငယ်သည်ကြက်သားစွပ်ပြုတ်ပန်းကန်အားကိုင်ကာအထဲသို့ဝင်ရောက်လာခဲ့လေသည်။
စစ်ထူယန်၏သားငယ်သည်စစ်ထူကျင်းဖြစ်ပြီး အရိုးအဆစ်နှင့်သွေးလည်ပတ်မှုအားနည်းသောကြောင့် ငယ်စဉ်အချိန်မှစ၍ယခုအသက် ၁၃ နှစ်သို့ရောက်သည့်အချိန်အထိတစ်ခါမှသိုင်းမလေ့ကျင့်ဖူးပေ။စစ်ထူယန်၏မိန်းမဖြစ်သူကျွင်းယွမ် မှာမူ သူမ၏သားငယ်လေးအားစာပေပညာအားသင်ယူစေပြီး အသက်၁၆နှစ်ပြည့်ချိန်တွင် တော်ဝင်တရားရုံးစာမေးပွဲသို့ဝင်ဖြေစေကာ ဧကရာဇ်မင်းမြတ်၏ယုံကြည်ရသော ပညာရှိအမတ်မင်းတစ်ယောက်သာဖြစ်စေလိုခဲ့သည်။
ထို့ကြောင့် ယခုအရွယ်ထိ စစ်ထူကျင်းမှာ သိုင်းတစ်ကွက်ပင်မတတ်မြောက်ခဲ့ပေ။စစ်ထူကျင်း၏စိတ်ထားမှာရိုးရှင်းပါသည်။သူသည် ထိပ်သီးသိုင်းသမားတစ်ယောက်ဖြစ်ချင်ပြီးသူ့အမေ၏ဆန္ဒဖြစ်သော ပညာရှိအမတ်မင်းတစ်ယောက်ဖြစ်အောင် မဖြစ်ဖြစ်သည့်နည်းလမ်းဖြင့်ကြိုးစားမည်ဟုသာဆုံးဖြတ်ထားခဲ့သည်။သို့သော် ကံတရားနှင့်အမှန်တရားမှာဆိုးဝါးလှချေသည်။သူ့အား သိုင်းလောက၏ထိပ်သီးတစ်ယောက်အနေနှင့်ဖြစ်ခွင့်မပေးပေ။
စစ်ထူယန်သူ၏သားငယ်လေးအားကြည့်လိုက်ပြီးပြုံး၍ပြောလိုက်သည်။
"ကျင်းအာ ဒိကိုလာပါဦး"
စစ်ထူကျင်း သူ၏အဖေအားပြန်လည်ပြုံးပြလိုက်ပြီး စွပ်ပြုတ်ပန်းကန်အား ဘေးခုံပေါ်တွင်ချလိုက်ပြီးစစ်ထူယန်နားသွားလိုက်သည်။
စစ်ထူယန် စစ်ထူကျင်းအားထိုင်ခိုင်းလိုက်ပြီး လွန်ခဲ့သည့်နာရီအနည်းငယ်ကဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကိုပြန်မေးလိုက်သည်။စစ်ထူကျင်းသူမြင်တွေ့ခဲ့ရသော အရာများကိုတစ်လုံးမျှမကျန်ရလေအောင်သေချာပြောပြလိုက်သည်။ နားထောင်ရင်းဖြင့် စစ်ထူယန် မျက်လုံးများသည် တုန်လှုပ်နေခဲ့ပြီးသူ၏စိတ်ထဲတွင်မည်မျှတုန်လှုပ်နေမှန်းမည်သူမှမသိနိုင်ချေ။
ထန်ရှောင်းမှာရောင်းရင်းဝူယဲ့ဖြင့်သိုင်းပညာယှဉ်ပြိုင်ရင်း ဒဏ်ရာရကာရှုံးနိမ့်သွားမည်သူသူမထင်ထားခဲ့ချေ။ ထိုတိုက်ပွဲမတိုင်မှီသူ၏စိတ်ထဲတွင် ထန်ရှောင်းနှင့်ချိုးဝူယဲ့အားမတိမ်းမယိမ်းဟုသာထင်ထားခဲ့သော်လည်း အမှန်တကယ်သိုင်းပညာဖလှယ်ကြသောအခါ ထန်ရှောင်းမှာ အပြတ်အသတ်ရှုံးနိမ့်သွားလိမ့်မည်ဟုသူမထင်ထားခဲ့ချေ။စစ်ထူယန် ချိုးဝူယဲ့အား ကျေးဇူးကြွေးတစ်ခုထပ်တင်သွားခဲ့လေပြီ။
ထို့နောက်စစ်ထူယန်တစ်ခုခုအားသတိရသွားဟန်ဖြင့် သူ၏ဝတ်ရုံအောက်မှ သေချာထည့်ကာသိမ်းဆည်းထားသောသစ်ရွက်လေးတစ်ရွက်အား ထုတ်ယူလိုက်သည်။ထိုသစ်ရွက်တွင် သေးငယ်သော စာသားပေါင်းများစွာရှိနေပြီး ဓားဖြင့်ပုံဖော်ထားသည့်ပုံပင် ထူးဆန်းသည်မှာဓားဖြင့် ပုံဖော်ထားမှန်းသိသာလှသော်လည်း ဟိုဘက်ဒီဘက်မပြတ်တောက်ပဲသပ်သပ်ရပ်ရပ်ဖြင့်ပုံပန်းမပျက်ပဲတည်ရှိနေခဲ့လေသည်။စစ်ထူကျင်းသူ၏အဖေစစ်ထူယန်ကိုင်ထားသော သစ်ရွက်ကလေးအတွင်းမှ စာသားများကိုဖက်ကြည့်လိုက်သည်။
"သက်တံဖြူအောင် မိုးရောင်အောက်၌
ကိုင်းပင်ဦးလို လေပြေယင်းခတ်
လေညင်းဆုံရာ ကိုင်းတစ်ခတ်သည်
ရွက်များထုတ်ခါ ကြွေလွင့်စေပြီး
လေပြေညွန်ရာ ဘယ်အရပ်သို့
မျှောလွင့်လှုပ်ခါ စီးမျှောလေပြီ"
"တကယ်ကောင်းတဲ့ကဗျာတစ်ပုဒ်ပဲ"
စစ်ထူကျင်းရေရွတ်မိလိုက်သည်။ စစ်ထူယန်သည်ထိုသစ်ရွက်ကိုကြည့်၍သက်ပျင်းချကာပြောလိုက်သည်။
"ဒီကဗျာရဲ့နာမည်ကို ရောင်ရင်းကမပေးချင်မှတော့ကျုပ်ကပဲရောင်းရင်းကိုယ်စားပေးပါရစေ"
ထိုကဗျာမှာစစ်ထူယန်အတွက်များစွာအဓိပ္ပာယ်ရှိလှသည်။ သူသည်ထိုကဗျာကြောင့်သာဉာဏ်အလင်းရပြီး ရွက်ကြွေဓားသိုင်းအား အစွန်းဆုံးအထိ နားလည်သဘောပေါက်ခဲ့ခြင်းဖြစ်သည်။ထိုအရာကြောင့်သာလျှင်သူသည် အဆင့်လွန်ထိပ်သီးတစ်ယောက်လျင်မြန်စွာဖြစ်သွားခဲ့ခြင်းဖြစ်သည်။ထို့နောက် စစ်ထူယန် သစ်ရွက်လေးအားသိမ်းဆည်းလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့်ကောင်းကင်ထက်သို့မော့ကြည့်ကာ...
"ဒီကဗျာကို ရွက်ကြွေတေးသွား လို့ခေါ်မယ်"
"ရွက်ကြွေဓားသိုင်းရဲ့အထွတ်အထိပ် ရွက်ကြွေတေးသွား"
.......................
နေလုံးကြီးသည် တဖြည်းဖြည်းနှင့် တောင်စွယ်ရာသို့တိမ်ဝင်နေခဲ့လေပြီ...
ချိုးဝူယဲ့သည် ယာလော့တောင်ခြေရှိသစ်ပင်တစ်၏အကိုင်းအခတ်တစ်ခုတွင် သစ်ပင်၏ပင်စည်အားနောက်ကျောမှီကာလှဲလျောင်းနေခဲ့ပြီး ဝါးခမောက်ကိုခတ်ငိုက်ငိုက်ဆောင်းထား၏။ထိုစဉ် ချိုးဝူယဲ့ဘေးမှသစ်ကိုင်းတစ်ခုပေါ်တွင် စွဲမက်ဖွယ်ပုံရိပ်တစ်ခုမှာ ဖျက်ကနဲပေါ်လာခဲ့၏။ထိုပုံရိပ်မှာအခြားမဟုတ်ချေ။ ယွင်ရှင်းမေပင်ဖြစ်လေသည်။
ချိုးဝူယဲ့ မှာပုံမပျက် သစ်ပင်ကိုမှီ၍လှဲလျောင်းနေတုန်းပင်။ယွင်ရှင်းမေ ချိုးဝူယဲ့အားကြည့်၍ခေါင်းခါရမ်းကာမေးလိုက်သည်။
"စထွက်တော့မှာလား"
ချိုးဝူယဲ့ ဒုံရင်းဒုံရင်းဖြင့်သာပြန်ဖြေလိုက်၏။
"ဟိိုနှစ်ကောင်ကရောက်တောင်မရောက်လာသေးဘူး"
ချိုးဝူယဲ့ ဝါးခမောက်အားချွတ်လိုက်ပြီးယွင်ရှင်းမေဘက်သို့လှည့်လိုက်သည်။ ချိုးဝူယဲ့၏မျက်နှာသေမှာတောင့်ခဲသွား၏။ ယွင်ရှင်းမေမှာ ချိုးဝူယဲ့ပေးထားသောဝတ်ရုံနက်နှင့်ဝါးခမောက်အားမဝတ်ဆင်လာပဲ မနေ့ညက သက်လတ်ပိုင်းဆိုင်ရှင်ဆီမှရရှိခဲ့သော နှစ်တစ်ရာရေခဲနက်ပိုးချီမျှင်ဖြင့်ရက်လုပ်ထားသည့် စိမ်းနုရောင်ဝတ်စုံကိုသာဝတ်ဆင်ထားခဲ့သည်။
ယွင်ရှင်းမေ၏ တင်၊ရင် အမို့အမောက် ကောက်ကြောင်းတို့မှာ အပြစ်ပြောစရာတစ်စက်မှပင်မရှိပဲ ပြစ်မျိုးမှဲ့မထင်လှပနေခဲ့သည်။ သူမသည် ကနုတ်များခြယ်လှယ်ထားသည့် စိမ်းဖျော့ဖျော့နှစ်တစ်ရာရေခဲနက်ပိုးချီမျှင်ပဝါဖြင့်သူမ၏ မျက်နှာတစ်ဝက်အားဖုန်းကွယ်ထားပြီး သူမ၏ဆံနွယ်မှာရိုးရှင်းစွာဖြင့်သာနောက်သို့စုထား၏။သူမသည်လူ့လောကနှင့်မသက်ဆိုင်သောနတ်ဘုရားမတစ်ပါး၏အသွင်ကိုပိုင်ဆိုင်ထားလေသည်။
ချိုးဝူယဲ့ခေတ္တမျှငေးမောမိသွားသော်လည်း ချက်ချင်းသတိပြန်ဝင်လာပြီး နဂိုမူလမျက်နှာအတိုင်းမျက်နှာသေပြန်ဖြစ်သွားပြီးသူ၏ ဝါးခမောက်အားဆောင်းလိုက်သည်။ သစ်ပင် အကိုင်းလေးတစ်ခုတွင်တင်ထားသော သူ၏သစ်သားဓားအိမ်ဖြင့်ဓားတစ်ချောင်းအားခါးတွင်ချိတ်လိုက်ပြီး ယာလော့တောင်ခြေတက်လှမ်းသို့ကြည့်၍ပြောလိုက်သည်။
"သူတို့လာပြီ"
....................
ပြီး...