← Chapters

ဝါးပြာတောင်တန်းဂိုဏ်းမှစန်းတိယုံ

Vol. 4 Ch. 44

ဝါးပြာတောင်တန်းဂိုဏ်းမှစန်းတိယုံ

Vol. 4 Ch. 44

ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့နှစ်ယောက်သား ယာလော့တောင်ခြေကိုတက်သည့်ကျဉ်းမြောင်းသောလမ်းငယ်လေးအားကြည့်လိုက်ကြသည်။စန်းကျွင်းထန်နှင့် တန်လီဟုခေါ်သော လူနှစ်ယောက်သည် ယာလော့တောင်ခြေလမ်းလို့မနှေးမမြန်ဖြင့်လမ်းလျှောက်လာနေခဲ့ကြသည်။၎င်းတို့နှစ်ယောက်​၏ပါးစပ်များသည်လှုပ်တုပ်လှုပ်တုပ်ဖြင့်တစ်ခုခုအားဆွေးနွေးနေကြဟန်ပင်။

"ရောင်းရင်းတန် ဒီရှာဖွေစူးစမ်းမှုမှာ ဝါးပြာတောင်တန်းဂိုဏ်း၊ယွင်ထုံဂိုဏ်း၊ခွန်းလွန်ဂိုဏ်းအပြင် လောကီကိစ္စတွေကိုဝင်မစွက်ဖက်တတ်တဲ့ ရှောင်လင်ကျောင်းကဘုန်းတော်ကြီးတွေပါ ပါလာတယ်လို့ကျုပ်ဝမ်းကွဲအကိုကြီးဆီကနေသီတင်းကြားထားတယ်"

ရောင်းရင်းတန်ဟူသော တန်လီမှာအံ့အားသင့်သွားပြီး သူမရှင်းသောအချက်အားမေးလိုက်မိသည်။

"ဒီကိစ္စဒီလောက်လှုပ်ခတ်မှုကြီးတာ တော်ဝင်ရုံးတော်ကမသိနိုင်ဘူးလား"

"မသိနိုင်ပါဘူး ဒီကိစ္စအရမ်းအရေးကြီးတော့ ရှောင်လင်ကျောင်းအပြင်အခြားဂိုဏ်းကြီးတွေကလည်း အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်တွေကြီးပဲစေလွတိပြမှာ"

ထို့နောက် စန်းကျွင်းထန်စကားခေတ္တမျှရပ်တန့်လိုက်ပြီးနောက်စကားဆက်လိုက်သည်။

"တာ့ယွမ်အင်ပါယာက ပြည်နယ်ကြီး ငါးခုကအကြီးဆုံးဂိုဏ်းကြီးတွေဖြစ်တဲ့ ရှောင်လင်ကျောင်း၊ ခွန်းလွန်ဂိုဏ်း၊ယွမ်ထုံဂိုဏ်းနဲ့ဝါးပြာတောင်တန်းဂိုဏ်းတွေက အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်တွေအပြင်ထိပ်တန်းသိုင်းသမားအများအပြားကိုပါစေလွတ်ထားတာ တော်ဝင်ရုံးတော်ကသိသွားတော့ကောသူတို့ဘာလုပ်နိုင်မှာမို့လို့လဲ"

တော်ဝင်ရုံးတော်ကထောင်ချီတဲ့စစ်တပ်ကြီးတစ်ခုစေလွတ်လိုက်ရင်တောင်မှ ဂိုဏ်းကြီးလေးဂိုဏ်းက ထိပ်သီးသိုင်းသမားတွေကြောင့်ပြားကပ်သွားနိုင်တယ် ဒီကိစ္စကဂိုဏ်းကြီး ခုနှစ်ဂိုဏ်းကအတူတူတိုင်ပင်ပြီးလုပ်ကြတာဆိုပေမဲ့ အော်မေ့ဂိုဏ်း၊လျှပ်တစ်ပြက်ဂိုဏ်းနဲ့ ဝူတန်ဂိုဏ်းသုံးဂိုဏ်းက အလှမ်းဝေးလို့ အခြားပြည်နယ်ကနေအတူတူစုပြီးလာကြလိမ့်မယ်"

တန်လီသဘောပေါက်သွားပြီး သူ​၏မျက်လုံးများအရောင်လတ်သွားခဲ့သည်။ထို့နောက်စန်းကျွင်းထန်အားသူပါဝင်ရမည့်နေရာကိုမေးမြန်းလိုက်သည်။

"ရောင်းရင်းစန်းကျုပ်တို့ကဘယ်နေရာကနေပါဝင်ရမှာလဲ ကျုပ်တို့ရဲ့မဖြစ်စလောက်သိုင်းပညာလေးတွေနဲ့ဂိုဏ်းကြီးတွေနဲ့ရောဖို့ကတကယ်မလွယ်ကူလှဘူး"

စန်းကျွင်းခေတ္တမျှစဉ်းစားလိုက်ပြီး....

"ကျုပ်ဝမ်းကွဲအကိုပြောပြတဲ့အတိုင်းဆို ကျုပ်တို့နှစ်ယောက်က သာမန်ရှင်းလင်းရေးဂိုဏ်းသားတွေနဲ့အတူတူလိုက်ရလိမ့်မယ် အချိန်တစ်ခူရောက်ရင်ကျုပ်ဝမ်းကွဲအကိုကလာခေါ်ထုပ်ပေးမယ်ပြောတယ် ဒီကိစ္စလှုပ်ခတ်မှုကြီးတော့ ဂိုဏ်းကြီးလေးဂိုဏ်းဓားပြရှင်းလင်းရေးအမည်ခံထားပြီးလုပ်ရှားကြမှာ"

တန်လီနားလည်သွားဟန်ရှိပြီးခေါင်းငြိမ့်လိုက်သည်။ချိုးဝူယဲ့နှင့်ယွင်ရှင်းမေမှာအောက်မှ စန်းကျွင်းထန်နှင့်တန်လီတို့နှစ်ယောက်သားပြောနေကြသည့်အရာများကို တိတ်ဆိတ်သွာနားထောင်နေခဲ့ကြသည်။စန်းကျွင်းထန်နှင့်တန်လီတို့နှစ်ယောက်စလုံးမှာ ယွင်ရှင်းမေနှင့်ချိုးဝူယဲ့တို့ရှိနေသည်ကိုပင်သိပုံမရချေ။

အချိန်အနည်းငယ်ကြာပြီးနောက်လူတစ်ယောက်ယာလော့တောင်ပေါ်မှ ကိုယ်ဖော့ပညာဖြင့် စန်းကျွင်းထန်နှင့်တန်လီတို့ဘက်ချဉ်းကပ်လာသည်ကိုချိုးဝူယဲ့ခံစားမိလိုက်သည်။

"ဝှစ်"

ပြာနုရောင်ဂိုဏ်းဝတ်စုံတွင်အဆင့်အတန်းအားကိုယ်စားပြုသောအဆင်တန်ဆာများစွာကပ်ထားသည့် လူတစ်ယောက် စန်းကျွင်းထန်နှင့်တန်လီတို့အရှေ့ကိုရောက်ရှိလာပြီး သစ်ပင်တစ်ပင်ပေါ်မှ မြေပြင်သို့ ကမ္ဘာ့ဆွဲအားသက်ရောက်ခြင်းမခံရသည့်အလားဖြည်းညင်းစွာဆင်းသက်လာခဲ့သည်။သူသည်ဝါးပြာတောင်တန်းဂိုဏ်း​၏ဒုတိယမျိုးဆက်မှစီနီယာတပည့်ကြီးတစ်ယောက်ဖြစ်ပြီးသူ​၏နာမည်မှာစန်းတိယုံဖြစ်လေသည်။

သူသည်ဝါးပြာတောင်တန်းဂိုဏ်း​၏စီနီယာထိပ်တန်းသိုင်းပညာရှင်ကြီးတစ်ယောက်ဖြစ်သည့်အပြင် သိုင်းလောကတွင်လှံသွားသုံးခုသူရဲကောင်းဟုခေါ်တွင်သူလည်းဖြစ်သည်။စန်းတိယုံသည် စန်းကျွင်းထန်နှင့် တန်လီတို့နားရောက်ရှိလာခဲ့ချိန်တွင် စန်းကျွင်းထန်နှင့်တန်လီတို့နှစ်ယောက်သားလက်တီးစုလိုက်ပြီးကျွင်းထန်က နှုတ်ဆက်လိုက်သည်။

"အကိုကြီးစန်းတိယုံ"

စန်းတိယုံခေါင်းငြိမ့်လိုက်ပြီး တန်လီနှင့်စန်းကျွင်းထန်အားကြည့်ကာပြောလိုက်သည်။

"ဒီကိစ္စအရမ်းအရေးကြီးတယ် တောင်ပေါ်ရောက်ရင် ငါပို့ပေးတဲ့ရှင်းလင်းရေးဂိုဏ်းသားတွေနေရာမှာပဲနေကြ"

ထို့နောက်စန်းတိယုံသူနှင့်အတူယူဆောင်လာခဲ့သော အထုပ်အပိုးတစ်ခုအား စန်းကျွင်းထန်နှင့်တန်လီတို့ဘက်ကိုပစ်ပေးလိုက်ပြီးအထဲမှာ သာမန်ဂိုဏ်းသားဝတ်စုံများကိုဝတ်ဆင်ရန်ပြောလိုက်သည်။စန်းကျွင်းထန်နှင့် တန်လီတို့နှစ်ယောက်သားခေါင်းငြိမ့်လိုက်ပြီး ကြံ့ကြာမနေတော့ပဲ အထုပ်အပိုးအားဖြည်ကာ သစ်ပင်ကွယ်ရာများသို့သွားကာ ဝတ်ဆင်လိုက်ကြသည်။

အပင်တစ်ပင်ပေါ်တွင် နောက်ကျောမှီကာထိုင်နေသော ချိုးဝူယဲ့မှာ ထူးဆန်းသောအကြည့်တစ်ခုဖြင့် ယွင်ရှင်းမေကို ကြည့်လိုက်သည်။ထိုမိန်းမမှာမျက်တောင်တစ်ချက်မခတ်ပဲထိုမြင်ကွင်းအားကြည့်ရဲသည်လား။

စန်းတိယုံ မှာသာမန်ဂိုဏ်းသားဝတ်စုံများအားဝတ်ဆင်ပြီးသော စန်းကျွင်းထန်နှင့်တန်လီတို့နှစ်ယောက်ကိုကြည့်၍ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်ယာလော့တောင်ပေါ်ရောက်တာနဲ့ ဘယ်မှမသွားနဲ့ငါ ရှင်းလင်းရေးအဖွဲ့မှာနေရာချမပေးခင်အထိငါ့နားမှာပဲနေ"

"ပြီးတော့ဒါအပျော်သွားတာမဟုတ်ဘူး လမ်းတစ်လျှောက်မှာဓားပြတွေနဲ့လဲတွေ့ရဦးမယ် ဟိုရောက်ရင်လည်းအန္တရာယ်တွေအပြည့်ပဲ ဒီမတိုင်ခင်တော့ မင်းတို့နှစ်ယောက်ကိုရှင်းလင်းရေးအဖွဲ့ထဲထည့်ပေးမယ် မင်းတို့ရှေ့ကနေဓားပြတွေကိုကောင်းကောင်းတိုက်ခိုက်ဖို့လိုတယ်"

စန်းတိယုံစကားခဏမျှရပ်လိုက်ပြီး..

"အစကအဓိကအဖွဲ့ထဲထည့်ပေးမလို့ ရှင်းလင်းရေးအဖွဲ့မှာလူလိုနေလို့အမှားအယွင်းမဖြစ်ရလေအောင်မင်းတို့နှစ်ယောက်ကို ရှင်းလင်းရေးအဖွဲ့ထဲကိုထည့်ပေးလိုက်တာ ဒါပေမဲ့စိတ်မပူနဲ့အချိန်တန်လို့ ငါအချက်လာပြတဲ့အချိန်ငါ့နောက်ကိုချက်ချင်းလိုက်ခဲ့ကြ"

စန်းတိယုံ စန်းကျွင်းထန်နဲ့တန်လီကိုနားလည်အောင်ရှင်းပြပြီးနောက်....

"တခြားမေးစရာမရှိရင်သွားကြမယ် ခုနနေတခြားဂိုဏ်းကြီးတွေလဲရောက်လာကြတော့မယ်"

စန်းကျွင်းနှင့်တန်လီခေါင်းငြိမ့်လိုက်ပြီး စန်းတိယုံနှင့်ယာလော့တောင်ပေါ်သို့ကိုယ်ဖော့သိုင်းဖြင့်ထွက်ခွာသွားကြသည်။သစ်ပင်ပေါ်မှာ ဝတ်ရုံနက်ခြုံကာဝါးခမောက်ဆောင်းထားသော ချိုးဝူယဲ့နှင့် စွဲမက်ဖွယ်ရာနှစ်တစ်ထောင်ရေခဲအလှနတ်ဘုရားမယွင်ရှင်းမေတို့​၏ပုံရိပ်မှာ သစ္ဆေသရဲများသဖွယ် ဖျပ်ကနဲ ပျောက်ကွယ်သွားကြသည်။

.....................

ပြီး...

All Chapters