← Chapters

တိမ်ကြားဓားပြအဖွဲ့အစည်း

Vol. 4 Ch. 46

တိမ်ကြားဓားပြအဖွဲ့အစည်း

Vol. 4 Ch. 46

ရှောင်လင်ကျောင်းမှဘုန်းကြီးများရောက်လာသောအခါရ ခွန်ယဲ့ ဝမ်လျောင့် ကျင်းကော်ဟန်တို့ သုံးယောက်ပေါင်း၍အရှေ့ဆုံးမှဦးဆောင်လာသောမျက်ခုံးဖြူဖြူ တောင်ဝေးတစ်ချောင်းနှင့်ဆရာတော်အားနှုတ်ဆက်လိုက်သည်။

"ကျောင်းထိုင်က ဆရာတော်တုံးယွမ်ကိုလွတ်လိမ့်မယ်လို့တပည့်တော်တို့မထင်ထားဘူး"

ဆရာတော်တုံးယွမ်ဆိုသည်မှာတာ့ယွမ်အင်ပါယာကြီးတစ်ခုလုံးတွင်မသိသူမရှိသော ရွှေတုတ်ရှင်ပြိုင်စံရှားဘုန်းကြီးတစ်ပါးဖြစ်လေသည်။ ဆရာတော်တုံးယွမ်​၏အဆင့်မှာထန်ရှောင်းနှင့်သိပ်မကွာချေ အဆင့်၉ ပြိုင်စံရှားသိုင်းထိပ်ခေါင်ဖြစ်လေသည်။

ခွန်ယဲ့ ဝမ်လျောင့် နှင့် ကျင်းကော်ဟန်တို့မှာတာ့ယွမ်အင်ပါယာကြီးတွင်အလွန်အစွမ်းထက်သော အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်များဟုဆိုနိုင်သော်လည်း ဆရာတော်တုံးယွမ်နှင့်တော့မယှဉ်သာသေးချေ။ဓားဝိဇ္ဇာ​၏ဂူဗိမာန်ကိစ္စသည် ကျောင်းလင်ဘုန်းကြီးကျောင်းအားဤသို့အလေးအနက်ထားစေလိမ့်မည်ဟုမထင်ထားချေ။ဤကိစ္စသည်မည်သို့မျှမရိုးရှင်းနိုင်ချေ။

"ဒကာကြီးတို့ကိုယ်တော်တို့ဘယ်အချိန်စထွက်ကြမှာလဲ"

ဆရာတော်တုံးယွမ်သူ​၏လက်အားအရှေ့တွင်ထား၍မေးလိုက်သည်။ဝမ်လျောင့်က..

"ဆရာတော်တုံးယွမ် အခုစထွက်လို့လဲအဆင်ပြေပါတယ် အကုန်အဆင်သင့်ဖြစ်ပြီဆိုတော့စထွက်ဖို့ပဲကျန်ပါတော့တယ်"

ရှောင်လင်ကျောင်းမှာ ဘုန်းကြီးအများအပြားမခေါ်လာပေ။ ကိုယ်တော်ခြောက်ပါးတည်းရောက်လာ​၏။ထိပ်တန်းသိုင်းပညာအဆင့်ရှိသော ကိုယ်တော်ငါးပါးနှင့် ပြိုင်စံရှားဖြစ်သောဆရာတော်တုံးယွမ်တို့ဖြစ်လေသည်။ဂိုဏ်းဂိုဏ်းစုစုပေါင်းအင်နားနှင့်ဆိုလျှင် သောကန်ပြည်နယ်ကြီးတစ်ခုလုံးကိုလှိုင်းဂရပ်ကြီးတစ်ခုဖြစ်သွားစေနိုင်​၏။

ဝမ်လျောင့် အမြင့်တစ်နေရာသို့ခုန်တက်လိုက်ပြီး အတွင်းများထည့်ကာအော်ပြောလိုက်သည်။

"အကုန်အဆင်သင့်ပြင်ထားကြစထွက်မယ်"

ယာလော့တောင်ပေါ်မှပုံရိပ်တစ်ခုပြီးတစ်ခု လေပေါ်သို့ကိုယ်ဖော့သိုင်းဖြင့်ပျံဝှဲသွားကြ​၏။ဤမြင်ကွင်းမှာသာမန်လူများအဖို့အလွန်အံ့ဩစရာကောင်းသော်လည်း သစ်ပင်အမြင့်ပေါ်တွင်ကြည့်နေသော ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့အတွက် မထူးဆန်းချေ။

ချိုးဝူယဲ့သူ​၏ခေါင်းကို ယာလော့တောင်ခြေဖက်သို့လှည့်လိုက်သည်။ထို့နောက်သူတို့နှစ်ယောက်​၏ပုံရိပ်မှာဖျပ်ကနဲပျောက်ကွယ်သွား​၏။

.................

နာရီပိုင်းလောက်ရှေ့ဆုံးမှခရီးနှင်ပြီးနောက် ဝမ်လျောင့် စန်းတိယုံအားခေါ်ကာ ရှင်းလင်းရေးအဖွဲ့သားများအား ရှေ့ရှိတော့ထဲသို့လွတ်ရန်ပြောလိုက်သည်။ သူတို့ရှေ့ရှိတောနက်ကြီးမှာဟန်ပြောင်းပြည်နယ်နှင့်သောကန်ပြည်နယ်ကိုပိုင်းခြားထားသောသဘာဝအကာရံတံတိုင်းကြီးတစ်ခုဖြစ်လေသည်။ လမ်းကြောင်းမှန်ပေါ်မှဟန်ပြောင်းပြည်နယ်သို့မသွားပဲဖြတ်လမ်းဖြစ်သော တောနက်ကြီးမှခရီးသွားပါက ဓားပြများနှင့်သေချာပေါက်တွေ့ဆုံရပေလိမ့်မည်။

ထို့ပြင်ယခုအချိန်မှာ ညနေစောင်းပြီဖြစ်၍ဓားပြများစတင်ကျက်စားချိန်ဟုပြောလျှင်လည်းမမှားချေ။ စန်းတိယုံလက်တီးစုလိုက်ပြီး ရှင်းလင်းရေးအဖွဲ့အားအသိပေးရန်အမြန်ထွက်ခွာသွား​၏။ 

စန်းတိယုံစုပေါင်းဂိုဏ်းရှင်းလင်းရေးဂိုဏ်းသား နှစ်ဆယ့်ငါးယောက်ဆီသို့သွား၍ပြောလိုက်သည်။

"ရှင်းလင်းရေးသမားတွေ အခုမင့်တို့တာဝန်ထမ်းရွက်ပြီးသွေးဆာရက်စက်ကြတဲ့ဓားပြတွေကိုသုတ်သင်ဖို့ လမ်းကြောင်းပေါ်ရောက်လာခဲ့ကြပြီ အကုန်လုံးအခုပဲအသင့်ပြင်ထားကြစထွက်ကြမယ်..."

စန်တိယုံပြောပြောပြီးချင်းမှာတင် သစ်ပင်ပေါ်မှလူတစ်ယောက်ခုန်ဆင်းလာပြီး ရှင်းလင်းရေးဂိုဏ်းသားများကိုသိမ်းကျုံး၍ကြည့်ကာပြောလိုက်သည်။

"ခုငါကမင်းတို့အားလုံးရဲ့ခေါင်းဆောင်ပဲ"

ရှင်းလင်းရေးအဖွဲ့သားများမျက်မှောင်ကြုတ်သွားသည်ကိုမြင်တော့ စန်းတိယုံအသံမြင့်ကာပြောလိုက်သည်။

"သူက မင်းတို့ကိုဦးဆောင်ဖို့စီနီယာအကြီးအကဲတွေစီစဉ်ပေးထားတဲ့ ထိပ်တန်းသိုင်းသမားတစ်ယောက်ပဲ မင်းတို့ကြားဖူးကြမှာပါဓားမြောင်နှစ်လက်သိုင်းသမားကို သူကအဲ့ဒီသွမ့်ထင်းရန်ပဲ"

ရှင်းလင်းရေးအဖွဲ့ထဲမှ သွမ်းထင်းရန်​၏ချေမိုးမှုအပေါ်မကျေနပ်ချက်များအားလုံးပျောက်ကွယ်သွားကြသည် သူတို့ကိုဦးဆောင်မည့်သူမှာ နယ်နယ်ရရမဟုတ်သောကြောင့်မည်သူမှစောဒကမတက်ရဲကြပေ။သူတို့ထဲမှအဆင့်အမြင့်ဆုံးပင်လျှင် အဆင့်မြင့်သိုင်းသမားအနည်းငယ်သာရှိလေသည်။ ထိပ်တန်းသိုင်းသမားတစ်ယောက်သာဦးဆောင်၍ဓားပြများကိုသုတ်သင်ရှင်းလင်းမည်ဆိုပါက အနိုင်ရရှိရန်ယုံကြည်ချက်အပြည့်ရှိကြလေသည်။

စန်းတိယုံသွမ့်ထင်းရန်ကိုခေါင်းငြိမ့်ပြလိုက်ပြီး ရှင်းလင်းရေးအဖွဲ့သားများဘက်သို့လှည့်ကာပြောလိုက်သည်။

"ဒီတောနက်ကြီးကမင်းတို့အားလုံးသိကြတဲ့အတိုင်းပဲ ဟန်ပြောင်းပြည်နယ်နဲ့သောကန်ပြည်နယ်ရဲ့စည်းပဲ ဒီတောထဲမှာဓားပြအဖွဲ့ပေါင်းများစွာပုန်းအောင်းနေတယ်လို့သီတင်းရထားတယ် မင်းတို့တာဝန်က ဂိုဏ်းကိုကိုယ်စားပြုပြီး အဲ့ဒီဓားပြတွေအကုန်လုံးကိုရှင်းလင်းဖို့ပဲ သူတို့ဆီကရလာတဲ့ပစ္စည်းတွေအကုန်လုံးကို ကို့ဘာသာယူကြ"

"သတိလည်းပေးအုံးမယ် ဒီတောနက်ကြီးထဲမှာ တိမ်ကြားဓားပြအဖွဲ့လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်သူတို့ကိုသေချာသတိထားပါ ကို့အသက်ကိုမသေအောင်သေချာဂရုစိုက်ကြပါ"

ထို့နောက် စန်းတိယုံမီးရှူးတစ်ခုအားသွမ်းထင်းရန်ကိုပေးလိုက်သည်။

"အသက်အန္တရာယ်တစ်ရှိလာပြီဆို ကျုပ်တို့ကိုသတိပေးပါရောင်းရင်းသွမ့် ကျုပ်တို့အမြန်ဆုံးလူလွတ်ပေးပါ့မယ်"

"ကောင်းပါပြီရောင်းရင်းစန်း"

သွမ့်ထင်းရန်မီးရှုးအားယူလိုက်ပြီးခေါင်းငြိမ့်ကာလက်တီးစု၍နှုတ်ဆက်လိုက်သည်။စန်းတိယုံ ရှင်းလင်းရေးအဖွဲ့ကြားထဲတွင်သူ့အားကြည့်နေသော စန်းကျွင်းထန်ကိုကြည့်၍ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်သူ​၏ပုံရိပ်သည်လေပေါ်တွင်လျင်မြန်စွာပျောက်ကွယ်သွား​၏။

သွမ့်ထင်းရန် ရှင်းလင်းရေးအဖွဲ့သားများဘက်သို့လှည့်လိုက်ပြီးသူဓားမြောင်နှစ်ချောင်းကိုထုပ်ကာအားနှင့်မာန်နှင့်ဟစ်ကြွေးလိုက်သည်။

"ရှင်းလင်းရေးအဖွဲ့သားတို့ ဓားပြတွေကိုရှင်းလင်းဖို့အချိန်တန်ပြီ ဒီကောင်တွေကိုသတ်ဖြတ်ရတာ လူ့အသက်တွေကိုကယ်ရသလိုပဲ ဒီကောင်တွေကိုများများသတ်နိုင်လေ လူ့အသက်တွေများများကယ်နိုင်လေပဲ"

သွမ်းထင်းရန် တောနက်ကြီးဆီသို့မျက်နှာမူလိုက်ပြီးကျယ်လောင်စွာ အော်လိုက်သည။

"စထွက်ကြမယ်"

............

ပြီး

All Chapters