ဓားပျံစီးနင်းခြင်း
Vol. 4 Ch. 47
ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့၏ပုံရိပ်များသည်တောထဲတွင်လျင်မြန်စွာရွေ့လျားနေပြီးသစ်ပင်တစ်ပင်နှင့်တစ်ပင်ခုန်ကူးကာ သွားလာနေခဲ့ကြသည်ဤအမြန်နှုန်းနှင့်ဆိုလျှင် တစ်ရက်မိုင်၅၀၀ ၆၀၀ကျော်အထိရောက်ရှိနိုင်၏။သို့သော် ဟန်ပြောင်းပြည်နယ်နှင့်သောကန်ပြည်နယ်ကြား တောနက်ကြီးမှာမိုင်ထောင်ချီကျယ်ပြောလှ၏။ ချိုးဝူယဲ့တို့သွားနေသည့်နှုန်းဖြင့်ဆိုပါက သုံးရက်အတွင်းဟန်ပြောင်းပြည်နယ်သို့ရောက်ရှိနိုင်ပေသည်။
လမ်းခုလတ်အတွင်း ချိုးဝူယဲ့နှင့်ယွင်ရှင်းမေသည် တောပုန်းဓားပြများနှင့်တွေ့ခဲ့ရသော်လည်း ထိုတောပုန်းဓားပြများ၏သိုင်းပညာအဆင့်အတန်းမှာချိုးဝူယဲ့တို့အတွက်အရေးမပါအရာမရောက်သဖြင့် ချိုးဝူယဲ့တို့ဂရုမစိုက်ပဲ သူတို့၏လမ်းခရီးကိုသာအာရုံစိုက်ထားလိုက်၏။
အချိန်အနည်းငယ်ဆက်သွားပြီးနောက် သစ်ကိုင်းတစ်ခုပေါ်တွင်ယွင်ရှင်းမေရပ်တန့်လိိုက်သည်။ ယွင်ရှင်းမေရပ်တန့်သွားသောအခါချိုးဝူယဲ့လည်းရပ်တန့်သွားပြီး ယွင်ရှင်းမေကိုကြည့်၍ပြောလိုက်သည်။
"ဘာဖြစ်တာလဲ"
ယွင်ရှင်းမေမှာမျက်မှောင်ကြုတ်နေပြီး ချိုးဝူယဲ့အားမည်သည့်စကားမျှမပြောသေးပေ။ ထို့နောက် သူမလက်ဝေ့ရမ်းလိုက်သောအခါ ဓားတစ်ချောင်းလေထဲတွင်ပေါ်လာပြီး လေပေါ်တွင်လှည့်ပတ်နေခဲ့သည်။ချိုးဝူယဲ့ ယွင်ရှင်းမေကိုတိတ်တဆိတ်ကြည့်လိုက်သည်။ဤမိန်းမမည်သည့်အရာကိုလုပ်ချင်နေမှန်းမသိချေ။
ယွင်ရှင်းမေလက်နှစ်ချောင်းဖြင့် ဓားပျံအားညွန်လိုက်သည်။လေပေါ်တွင်ပျံဝဲနေသောဓားသည် ယွင်ရှင်းမေ၏ခြေထောက်နားသို့ရောက်လာခဲ့သည်။ ယွင်ရှင်းမေ ဓားပျံပေါ်သို့တက်လိုက်ပြီး လေပေါ်သို့အနည်းငယ်ပျံသန်းသွားလိုက်၏။ချိုးဝူယဲ့လည်းအံ့အားသင့်သွားခဲ့သည်။ ဤလောကတွင်တာအိုကျင့်ကြံသူများရှိမှန်းသူသိသော်လည်း မျက်စိရှေ့တွင်ဓားပျံကိုစီးနင်းနေသော မသေမျိုးတစ်ပါး၏ပုံရိပ်မျိုးကိုတစ်ခါမှမတွေ့ဖူးခဲ့ချေ။
ယွင်ရှင်းမေချိုးဝူယဲ့ အနားဓားပျံဖြင့်သွားလိုက်ပြီး...
"ဒီအတိုင်းသွားရတာသိပ်ကြာလွန်းတယ် ငါအဲ့ဒီလောက်ကြီးကိုယ်လက်လှုပ်ရှားမလုပ်ချင်ဘူး"
ပြောရင်းဆိုရင်းနှင့်ပင် ယွင်ရှင်းမေ သူမ၏လက်အားဝေ့ရမ်းလိုက်သောအခါချိုးဝူယဲ့၏ခြေထောက်နားတွင်ဓားပျံတစ်ချောင်းပေါ်လာခဲ့သည်။ ချိုးဝူယဲ့ယွင်ရှင်းမေအားနားမလည်နိုင်စွာကြည့်လိုက်သည်။ယွင်ရှင်းမေ ပုံမှန်အတိုင်းသာပြောလိုက်သည်။
"နင့်ရဲ့ခြေလှမ်းသိုင်းပညာကိုဓားပျံနဲ့အတူစီးမျှောကြည့်"
ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးမည်သည့်စကားမျှမပြောပဲဓားပျံပေါ်သို့ခုန်တက်လိုက်သည်။ဓားပျံပေါ်တွင်ချိုးဝူယဲ့၏မျက်နှာသေ၌ဒုက္ခရောက်သည့်အမူအရာဖြင့်ပြောလိုက်သည်။
"နေပါဦး ကျုပ်ကဓားပျံပေါ်လိုက်တာကဟုတ်ပြီ ဘယ်လိုထိန်းချုပ်ရမှာလဲ"
"ဒီဓားပျံကနင်ထိန်းချုပ်နိုင်မှာမဟုတ်ဘူးဓားပျံကိုထိန်းချုပ်ဖို့ဆိုတာ အစစ်အမှန်တာအိုပညာရှင်တစ်ယောက်ဖြစ်မှပဲရမယ်"
ယွင်ရှင်းမေ၏အေးစက်စက်အသံသည်ချိုးဝူယဲ့၏နားထဲတွင်ပဲ့တင်ထပ်သွား၏။ ထို့နောက်ယွင်ရှင်းမေ၏ပုံရိပ်သည်ဓားပျံအားစီးနင်း၍မသေမျိုးနတ်ဘုရားမတစ်ပါးနှယ် လေထဲတွင်ဆံနွယ်နှင့်ဝတ်ရုံများလွင့်မျှောသွား၏။ချိုးဝူယဲ့စီးနင်းထားသောဓားပျံသည်ရုတ်တရက်အရှိန်ပြင်းပြင်းဖြင့်ရှေ့သို့တဟုန်ထိုးထွက်သွားသောကြောင့် ချိုးဝူယဲ့ဟန်ချက်ပျက်သွားပြီးပြုတ်ကျမလိုဖြစ်သွားခဲ့သည်။
သူတတ်မြောက်ထားသော တိမ်စီးနင်းကိုယ်ဖော့သိုင်းဖြင့် လေထုနှင့်အရှိန်အားလိုက်လျောညီထွေးဖြစ်အောင်ကြိုးစားလိုက်သည်။ သူ၏တိမ်စီးနင်းခြေလှမ်းအပေါ်နားလည်တတ်မြောက်မှုသည်အစွန်းဆုံးအထိရောက်ရှိခဲ့ပြီးဖြစ်သောကြောင့်ဤအခြေအနေအား လိုက်လျောညီထွေးဖြင့်ထိန်းချုပ်ရန် အချိန်သိပ်မယူလိုက်ရပေ။
ဓားပျံ၏အရှိန်သည်အလွန်လျင်မြန်သောကြောင့်ပတ်ပတ်လည်တွင်လေထုကိုခွင်းသွားသည့်လေလှိုင်းနှင့်လေလှိုင်းသံများကိုသာကြားရလေသည်။ ထိုအရာမှာသာမန်လူအတွက်သာဖြစ်သည်။ချိုးဝူယဲ့၏အာရုံခံအင်္ဂါများသည်သာမန်လူများထက်အဆမတန်အပြတ်အသတ်သာလွန်နေသောကြောင့်အောက်မှအခြေအနေများကိုအနည်းငယ်ပင်စူးစမ်းနိုင်သေးသည်။
မသေမျိုးများကဲ့သို့ဓားပျံစီးနင်းထားသော ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့၏ပုံရိပ်သည်တောတောင်အသွယ်သွယ်ကိုတိမ်ပေါ်မှတစ်ဆင့်ဖြတ်သန်းသွား၏။ ချိုးဝူယဲ့သည် ထိုမျှမြင့်မားသောအမြင့်တွင်ရောက်နေသောကြောင့် လေထုသည်အနည်းငယ်အေးစက်လာသည်ကိုသတိထားမိသွားသည်။
ချိုးဝူယဲ့အောက်သို့ငုံကြည့်လိုက်သည်အလွန်လှပသောတောတောင်ရေမြေများ၏ရှုခင်းပုံရိပ်သည်ချိုးဝူယဲ့၏မြင်ကွင်းထဲသို့ရောက်ရှိလာခဲ့သည်။သူသည်မြင့်မားသောကောင်းကင်ပေါ်တွင်ပျံသန်းနေသောကြောင့် တောနက်ကြီးထဲမှဓားပြစခန်းများကိုအထင်းသားမြင်နေရသည်။
သို့သော်လည်းချိုးဝူယဲ့မှာမည်သည့်အရာမှလုပ်ဖို့အစီအစဉ်မရှိချေ။ ထိုဓားပြစခန်းများမှာမကြာခင် ဂိုဏ်းကြီးလေးဂိုဏ်း၏ရှင်းလင်းရေးအဖွဲ့သားများနှင့်တိုးတော့မည်မဟုတ်လော။
ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့၏ပုံရိပ်များသည်တိမ်များကြားတွင်ဓားပျံဖြင့်လျင်မြန်စွာသွားနေပြီး ထိုအမြန်နှုန်းနှင့်ဆိုလျင်နာရီပိုင်းအတွင်း ဟန်ပြောင်းပြည်နယ်သို့ရောက်ရှိနေလိမ့်မည်။
......................
"ဟားဟားဟားကောင်လေးမင်းက ဒီရွာရဲ့ပါရမီရှင်ဆိုတဲ့တစ်ယောက်ဟုတ်တယ်မို့လား"
လူအုပ်ကြီးရှေ့တွင်ရပ်နေသော ဆံပင်တိုတိုနှင့်လူငယ်လေးတစ်ယောက်သည်သူ၏လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီး သူ၏ရှေ့မှ ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနှင့်သက်လက်ပိုင်းအရွယ်လူကြီးအား ဒဲ့စိုက်ကြည့်လိုက်ပြီးဒေါသအပြည့်ဖြင့်ပြောလိုက်သည်။
"ခေါင်းဆောင်နျူ ဘာကြောင့်ဒီလိုလုပ်ရတာလဲ ကျုပ်တို့လဲခင်များတို့ကို လတိုင်းလတိုင်း ငွေစတွေနဲ့ စားသောက်စရာတွေပေးနေတာပဲလေ ဒီရွာကိုအလွတ်ပေးလိုက်လို့မရဘူးလား"
သူ၏ရှေ့မှခေါင်းတောင်နျူဆိုသော နျူပေါ် ကလူကြမ်းရယ်သံဖြင့်ရယ်၍ သူ၏ရှေ့မှဒေါသထွက်နေသောလူငယ်လေးအား...
"ဟားဟား ကောင်လေး ဒီတောနယ်မြေတစ်ဝိုက်မှာ သိုင်းပညာရှိတဲ့ရွာဆိုလို့မင်းတို့ရွာပဲရှိတယ် တစ်ချိန်ချိန်ကျရင်ငါတို့ကိုပြန်ပြီးပုန်ကန်နိုင်တယ် အဲ့ဒီတော့ တခြားရွာတွေသိုင်းမကျင့်ရဲအောင်မင်းတို့ရွာကိုဥပမှာအနေနဲ့ဖျက်စီးပြရလိမ့်မယ်"
နျူပေါ်ရှေ့မှလူငယ်လေးမှာ ဒေါသအလွန်ထွက်သွားပြီးအော်ပြောလိုက်သည်။
"ခင်ဗျားတို့သိပ်လွန်သွားပြီ"
........................
ပြီး...