ဓားပြတို့၏အိမ်မက်ဆိုး
Vol. 4 Ch. 48
"လွန်တော့ရောမင်းဘာလုပ်နိုင်မှာမို့လို့လဲ ဒီမှာကောင်လေးမင်းနဲ့အချိန်မဖြုန်းတော့ဘူး ဒါပေမဲ့စိတ်ချပါ ငါတို့မင်းကိုမသတ်သေးဘူး ဒီတစ်ရွာလုံးလုယက်ဖျက်စီးခံရတာကို မင်းကိုယ်တိုင်တွေ့မြင်ရဦးမယ် ဟားဟားဟား"
လူထွားကြီးကရယ်မောလိုက်ပြီးသူ၏နောက်မှလူများကို လှုပ်ရှားရန်အချက်ပြလိုက်သည်။သို့သော် မည်သည့်အသံမှမကြားသည့်အပြင်တစ်စုံတစ်ယောက်မျှမလုပ်ရှားသေးပဲရပ်မြဲအတိုင်းသာရပ်နေကြသည်။
"ခေါင်းဆောင်...ခေါင်းဆောင်..အ..အပေါ်မှာ"
လူထွားကြီး၏နောက်မှ နောက်လိုက်ဓားပြတစ်ယောက်ကကောင်းကင်ထက်ကိုမော့ကြည့်ရင်းထိတ်လန့်တကြားအော်ပြောလိုက်သည်။
လူထွားကြီးနှင့်ကျန်သည့်သူများကလည်းကောင်းကင်ကိုကြည့်လိုက်ကြသည်။လူနှစ်ယောက် မှန်ပေသည် ကောင်းကင်ထက်တွင်လူနှစ်ယောက်သည်အရှိန်အဟုန်ဖြင့်ပျံသန်းနေခဲ့လေသည်။ လူထွားကြီးမှာ စိုးထိတ်စွာရေရွက်လိုက်သည်။
"ဒါ..ဒါ..ဘယ်လိုဖြစ်နိုင်မှာလဲ မသေ..မသေမျိုးနတ်တွေ... မသေမျိုးနတ်တွေ"
လူငယ်လေးသည်လည်းအပေါ်ကိုမော့ကြည့်လိုက်ပြီးစိတ်ထဲတွင်တုန်လှုပ်စွာအော်ဟစ်လိုက်သည်။
"ဒါ...ဒါ...ဒါကမသေမျိုးနတ်တွေလား"
ဓားပြတွေထဲမှအချို့ဆိုလျှင် မြေပေါ်တွင်ဒူးထောက်၍ကန်တော့ကုန်ကြလေသည်။ရွာထဲရှိသစ်ပင်ကြီးတစ်ပင်ရှိအကိုင်းအခတ်တွင်ထိုင်နေသော အပြာရောင်ဝတ်စုံနှင့်လူငယ်လေးမှာကောင်းကင်ထက်ကိုမော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။
"ဟိုအဖိုးကြီးပြောတဲ့ နတ်ဝိဇ္ဇာဖြစ်သွားတဲ့လူတွေကဒီလောကကြီးမှာတကယ်တည်ရှိနေတာပဲ"
လေထဲတွင်ပျံသန်းနေသောချိုးဝူယဲ့မှာ သူတို့နှစ်ယောက်အားကြည့်နေသော အောက်မှလူများကို တွေ့ရသော်လည်း ဂရုမစိုက်တော့ပဲရှေ့သို့သာဆက်သွားလိုက်ကြသည်။ဤဓားပြများအဖို့ ဓားပျံစီးနင်းနေသောသူများမှာ မသေမျိုးနတ်များသဖွယ်ဖြစ်နေသည်မှာသူနားလည်ပေသည်။
မကြာခင်မှာပဲလေထုကိုခွင်း၍ထိုလူများ၏ ထိတ်လန့်အံ့ဩနေသောအကြည့်များ၏အလွန်ကိုရောက်ရှိသွား၏။ဤနှုန်းဖြင့်ဆိုလျှင်မကြာခင် ဟန်ပြောင်းပြည်နယ်သို့ရောက်ရှိပေလိမ့်မည်။
သစ်ပင်ပေါ်ရှိအပြာရောင်ဝတ်စုံနှင့်လူငယ်လေးမှာ ကောင်းကင်အလွန်သို့ပျံသန်း၍ပျောက်ကွယ်သွားသောလူနှစ်ယောက်အားငေးမော၍ကြည့်ကာ...
"ငါရောနောင်တစ်ချိန် နတ်ဝိဇ္ဇာတစ်ပါးဖြစ်နိုင်မလား"
လူငယ်လေးမှာခေါင်းခါရမ်းလိုက်ပြီးသက်ပျင်းချကာသူ၏အတွေးများကိုအဆုံးသတ်လိုက်သည်။ထို့နောက်ရွာအပြင်ဘက်သို့ခေါင်းလှည့်လိုက်ပြီးစိတ်ပျက်စွာပြောလိုက်သည်။
"မပြီးဆုံးနိုင်တော့တဲ့ပြဿနာကောင်တွေပဲ"
"ဝှစ်"
ထို့နောက်ထိုလူငယ်လေး၏ ပုံရိပ်မှာသစ်ပင်ထက်မှမည်သူမှမသိလိုက်ပဲပျောက်ကွယ်သွားတော့သည်။
..........
ရွာပြင်ဘက်တွင် လူငယ်လေးမှာမသေမျိုးနတ်နှစ်ပါးထွက်ခွာသွားပြီးနောက်စိတ်ဓာတ်ကျသွားပြီးရေရွတ်လိုက်သည်။
"ဒီရွာကိုနတ်ဘုရားတွေကတောင် မကယ်ချင်တော့ဘူးလား ဘာကြောင့်လဲ"
စိတ်ဓာတ်ကျသွားဟန်ရသောလူငယ်လေး၏အမူအရာကို မြင်သောအခါလူထွားကြီးမှာ ကျယ်လောင်စွာရယ်မောလိုက်ပြီး သနားဟန်ဖြင့်ပြောလိုက်သည်။
"ကျွတ် ကျွတ် နတ်ဘုရားတွေကတောင် မင်းတို့ရွာကိုကယ်ချင်ပုံမရဘူး ဟား ဟား ဟား"
"ဟုတ်တယ်ကောင်လေး အသာတကြည်နဲ့ငြိမ်ငြိမ်လေးအသေခံလိုက်"
"ဟီးဟီးဟီးဒါပေမဲ့စိတ်မပူပါနဲ့ မင်းတို့ ညီမလေးတွေ အမတွေကိုတော့ ချန်ထားပြီး ငါတို့ကပဲသက်ဆုံးတိုင်အထိစောင့်ရှောက်ပေးပါ့မယ်"
ထိုစကားများမှာ လောင်နေသည့်မီးစအပေါ် လောင်စာများလောင်းချလိုက်သကဲ့သို့လူငယ်လေးကိုဖြူရော်သွားစေခဲ့သည်။သို့သော်ထိုအချိန်တွင်...
"နားညီးလိုက်တာကွာ..မင့်တို့ကောင်တွေတခြားနေရာကိုလစ်တာကောင်းမယ်"
အပြာရောင်ဝတ်စုံနှင့်လူငယ်လေးတစ်ယောက် ရွာအထင်ဝတွင်ပေါ်လာပြီးစိတ်အနှောင့်မယှက်ဖြစ်စွာပြောလိုက်သည်။ဓားပြများမှာ ဒေါသထွက်စွာအော်ပြောရန်ပြင်လိုက်တုန်းရှိသေးသည်။
"ဘယ်ကောင်...အမ် ယီ..ယီ..ယီချိုး"
"ဓား..ဓားသခင်ယီချိုး"
ဓားပြများမှာအပြာရောင်ဝတ်စုံနှင့်လူငယ်လေးအား တုန်လှုပ်စွာတစ်ယောက်တစ်ပေါက်ပြောနေကြသည်။ရှေ့ဆုံးမှ လူထွားကြီး၏မျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်သွားပြီးသူ၏နှုတ်ခမ်းများမှာ လှုပ်လှုပ်ရွရွဖြစ်နေလေသည်။
တောပုန်းဓားပြ များနှင့် အနက်ရောင်သိုင်းသမားများကြားတွင် ယီချိုး၏နာမည်မှာ မကောင်းဆိုးဝါးသဖွယ်ကျယ်ပြန့်စွာပျံ့နှံ့နေ
ပြီးသူနှင့်ထိပ်တိုက်တိုးသွားသည့်မည်သည့်လူဆိုးဓားပြများမဆို သေရင်သေမသေရင်ဒုက္ခိတဖြစ်သွားကြသည့်သူကြီးများသာ။
အချို့မှာယီချိုး၏မျက်နှာအမူအရာအားမမြင်ရသော်လည်း လွန်ခဲ့သည့်လအနည်းငယ်က ဓားပြများကြားတွင် စားသားတစ်ကြောင်းထွက်ပေါ်လာခဲ့လေသည်။
ထိုစားသားမှာ "အပြာရောင်ဝတ်စုံ ခါးမှယင်-ယန်သဏ္ဍာန်ကျောက်စိမ်းပြား နောက်ကျောတွင်ဓားတစ်ချောင်းလွယ်ထားသည့်သူကိုတွေ့လျှင် လွတ်အောင်ပြေး မမြင်အောင်ပုန်း"
ဟုသည့်စာသားပင်ဖြစ်သည်။
သိုင်းသမားများကြားတွင်ကောက်ချက်ချထားမှုအရဆိုလျှင် ယီချိုး၏သိုင်းပညာမှာ အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်ပြီးအနိုင်ကျင့်သူများကိုမုန်းတီးသူတစ်ယောက်ဖြစ်သည်။ အဖြူရောင်သိုင်းသမားဖြစ်စေ အနက်ရောင်သိုင်းသမားဖြစ်စေ သူ၏အရှေ့တွင်အားနည်းသူအပေါ်အနိုင်ကျင့်မိပါက ထိုလူမှာ နောက်တစ်နေ့နေထွက်သည်ကိုမမြင်နိုင်တော့ချေ။ထိုအချက်များကြောင့်လူထွားကြီးမှာ ယခုအလွန်ကြောက်ရွံ့နေခဲ့သည်။
ထိုအပြာရောင်ဝတ်စုံနှင့်လူငယ်လေးမှာယီချိုးဟုနာမည်ပြောင်းထားသောချိုးယီဖြစ်လေသည်။ ချိုးယီသည်ယခုသိုင်းလောကတွင်နာမည်ကြီးသောထိပ်သီးတည်ရှိမှုတစ်ခုဖြစ်နေချေပြီ။ချိုးယီသည် လူထွားကြီးကိုမျက်လုံးမှေးကာကြည့်လိုက်ပြီး..
"ဆိုတော့ခင်ဗျားပြောတာဒီရွာကိုဘယ်သူမှမကယ်နိုင်တော့ဘူးပေါ့အဲ့လိုလား"
"မဟုတ်..ကျုပ်ပြောတာအဲ့လိုမဟုတ်..."
"ဖုန်း.."
လူထွားကြီးမှာစကားပင်မဆုံးသေးချေ။ ချိုးယီဆယ်မီတာအကွာအဝေးမှ အတွင်းအားလက်ဝါးတစ်ချက်ဖြင့်ရိုက်လိုက်သည်။လူထွားကြီးနှင့်သူ၏ဓားပြအဖွဲ့အားလုံးမှာနောက်သို့ ခြေလှမ်းဒါဇင်နှင့်ချီကာ နောက်ဆုတ်သွားကြပြီး ရှေ့ဆုံးမှအဆင့်မြင့်သိုင်းသမားဖြစ်သောလူထွားကြီးမှာသွေးတစ်လုပ်အန်လိုက်ရသည်။ထို့နောက်လူထွားကြီးမှာ ထိတ်လန့်တကြားအော်ပြောလိုက်သည်။
"သူရဲကောင်းယီချိုး ကျုပ်တို့ကတိမ်ကြားဓားပြအဖွဲ့အစည်းကပါ ကျုပ်တို့ကိုသတ်ရင် ခင်ဗျားကို တိမ်ကြားဓားပြအဖွဲ့အစည်းရဲ့အကြီးပိုင်းတွေကသေချာပေါက် အမဲလိုက်လိမ့်မယ်"
လူထွားကြီး၏စကားကြောင့် ချိုးယီ၏မျက်နှာသည်အေးစက်သွားခဲ့သည်။ချိုးယီလူထွားကြီးအားအေးစက်စွာပြောလိုက်သည်။
"တိမ်ကြားဓားပြအဖွဲ့အစည်းဟုတ်လား တိမ်ကြားမကလို့တိမ်ပြင်ပဲနေနေ ခင်ဗျားလိုထောင့်မကျိုးပေမကျိုးကောင်တွေကြီးပဲဆိုရင်တော့ ကျုပ်ကအကုန်သတ်မှာ ဘယ်သူကသားကောင်ဘယ်သူကမုဆိုးလဲဆိုတာကြည့်ကြသေးတာပေါ့"
.............
ပြီး...