← Chapters

စစ်ဘေးခေါင်းလောင်းသံ

Vol. 5 Ch. 58

စစ်ဘေးခေါင်းလောင်းသံ

Vol. 5 Ch. 58

ကွေယွေ့ဘေးပတ်လည်သို့အာရုံစူးစိုက်ကာရှာဖွေလိုက်သော်လည်း ဝတ်ရုံနက်နှင့်ဝါးခမောက်ဆောင်းထားသော ပုံရိပ်အားမည်သည့်နေရာမှမတွေ့ရတော့ချေ။ကွေယွေ့​၏စိတ်ထဲတွင်အလွန်တင်းကြပ်သွား​၏ ထိုလူသာချန်းအန်မြို့ထဲတွင်ဆက်လက်ရှိနေပါက ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေမှာစိုးရသေးသည်။ချီရှန်းကျောက်ကွေယွေ့နားကပ်လာပြီးစိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည်။

"ဒီလူကဘယ်သူလဲ သိုင်းလောကမှာဒီလိုလူရှိတယ်လို့လဲကျုပ်မကြားမိပါဘူး"

"ဟင်း...သူပြောသလိုကျုပ်တို့ကရန်သူမဟုတ်ဘူးလို့ပဲ မျှော်လင့်ရတာပဲ"

အဖိုးကြီးကွေယွေ့သူ​၏မုတ်ဆိတ်ကိုပွတ်သပ်၍ခေါင်းခါရမ်းကာသက်ပျင်းချလိုက်သည်။

.................

ချိုးဝူယဲ့တည်းခိုခန်းသို့ပြန်ရောက်လာပြီးနောက် အခင်းတစ်ခုတွင် တင်ပလ္လင်ခွေထိုင်ချလိုက်သည်။ထို့နောက်လက်ဟန်သင်္ကေတတစ်ခုကိုပြုလုပ်ပြီးနောက်အတွင်းအားစတင်လည်ပတ်လိုက်သည်။ပြင်းထန်လှသောစွမ်းအင်များသည် သွေးကြောထဲတွင်လှည့်ပတ်စီးဝင်နေကြပြီး ဒန်တျန်ထဲတွင်အချိန်နှင့်မျှအတွင်းအားများတိုးပွားလျှက်ရှိသည်။

ယခင်နှစ်များက ချိုးဝူယဲ့ယွင်ရှင်းမေထံမှ စွမ်းအင်ကျင့်ကြံဆေးလုံးဟုခေါ်သောဆေးလုံးတစ်လုံးအား အလှဲအထပ်ဖြင့်ရရှိခဲ့သည်။ယွင်ရှင်းမေအတွက်ထိုဆေးလုံးမှာ အသုံးမဝင်သော အမှိုက်တစ်ခုဖြစ်သော်လည်း သာမန်လူများအဖို့ အဖိုးမဖြတ်နိုင်သော နတ်ဆေးလုံးသဖွယ်ပင်။ လောကကြီးတွင်မည်သည့်အရာမှအလကားမရချေ။နောင်တစ်ချိန်ချိုးဝူယဲ့တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်လာလျှင် ချိုးဝူယဲ့ ယွင်ရှင်းမေအားမည်သည့်အရာမဆိုတစ်ခေါက်တစ်ခါကူညီပေးရပေမည်။

ချိုးဝူယဲ့မှာ ထိုမိန်းမသည်သူ​၏အကူအညီအားလိုလိမ့်မည်ဟုမထင်ထားခဲ့ချေ။ သူသည်ယခု သိုင်းလောကတွင်ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တန်ခိုးရှင်တို့လောကတွင် ငချွတ်လေးတစ်ယောက်သာသာပင်။ ထို့ကြောင့်သူ ထိပ်တန်းပညာရှင်တစ်ယောက်မဖြစ်လာသေးခင် သိုသိုတိတ်တိတ်သာလှုပ်ရှားပေဦးလိမ့်မည်။

ချိုးဝူယဲ့ ခေါင်းခါရမ်း၍သူ​၏အတွေးများအားရှင်းလင်းလိုက်သည်။ထို့နောက်ယခုချိန်ထိကျန်ရှိနေသေးသော စွမ်းအင်ကျင့်ကြံဆေးလုံး​၏အာနိသင်များကိုဆက်လက်ပြီးသွေးကြောထဲသို့ဖြန့်ကျက်ကာလှည်ပတ်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်ချိုးဝူယဲ့မျက်လုံးဖွင့်၍တီးတိုးရေရွတ်လိုက်သည်။

"အကြိမ်ခြောက်ဆယ်လှည့်ပတ်ခြင်း နောက်ဆုံးတော့ ကန့်သက်ချက်ကိုချိုးဖောက်နိုင်သွားပြီ"

အတွင်းအားလှည့်ပတ်ခြင်းအကြိမ်ခြောက်ဆယ်ဆိုသည်မှာသိုင်းလောကတွင်မည်သူတစ်ဦးတစ်ယောက်မှပြုလုပ်နိုင်ခြင်းမရှိသေးချေ။ ထို့ပြင် ချိုးဝူယဲ့မှာစွမ်းအင်ကျင့်ကြံခြင်းဆေးလုံးကြောင့် ယခင်နှစ်များအတွင်း၌ အတွင်းအားကျင့်ကြံရာတွင်အခြားသူများထက်အဆပေါင်းဆယ်ချီပို၍မြန်ဆန်နေတော့သည်။ မဟာသိဒ္ဓိအတွင်းအားကျင့်စဉ်ကြောင့်သာလျှင် သုံးနှစ်အတွင်းဆေးလုံး​၏အာနိတင်များကိုအပြည့်အဝစုတ်ယူနိုင်ခြင်းပင်။

ဆေးလုံး​၏အာနိတင်များမှာကြောက်ဖို့ကောင်းလောက်အောင်ပင် ချိုးဝူယဲ့အား နှစ်တစ်ရာနီးပါးရှိသော အတွင်းအားများကိုရရှိသွားစေသည်။သူ​၏ခန္ဓာကိုယ်လေ့ကျင့်မှုတွင်လည်းနောက်ကျကျန်မနေခဲ့ချေ။ ရှေးဟောင်းခန္ဓာကျင့်စဉ်သည်လွန်စွာဆန်းကြယ်လှသည်။ ရှေးဟောင်းခန္ဓာကျင့်စဉ်မှာကျင့်ကြံထားသော အတွင်းအားများကို ခန္ဓာကိုယ်ကျင့်စဉ်နှင့်တွဲဖက်ဖြည့်တင်းကာ ခန္ဓာကိုယ်အား အလျင်အမြန်သန်မာလာစေသည်။

ထို့ကြောင့်ရှေးဟောင်းခန္ဓာကျင့်စဉ်မှာ အတွင်းအားနှင့် ခန္ဓာကိုယ်သန်စွမ်းမှု ဟန်ချက်အားညီမျှစွာထိန်းညိပေးလေသည်။ရှေးဟောင်းခန္ဓာကျင့်စဉ်အစပိုင်းတွင်းခန္ဓာကိုယ်ပြန်လည်တည်ဆောက်၍ပုံသဏ္ဍာန်ကျစေရန်အတွက်သာပုံမှန်ထက်ပြင်းပြင်းထန်ထန်ပို၍လေ့ကျင့်ပေးရခြင်းဖြစ်လေသည်။

ခန္ဓာကိုယ်တည်ဆောက်မှု ပုံသဏ္ဍာန်ကျသွားသည့်အချိန်တွင် လေ့ကျင့်ထားသော အတွင်းအားများကိုစုတ်ယူအသုံးပြု၍ ရှေးဟောင်းခန္ဓာကိုယ်ကျင့်စဉ်ကိုလှည်ပတ်ကာ အဆက်မပြတ်သန်မာလာစေရန်ပြုလုပ်နိုင်သည်။

ဤသည်မှာမည်သည့်ခန္ဓာကိုယ်ကျင့်စဉ်နှင့်မှမတူသော ရှေးဟောင်းခန္ဓာကျင့်စဉ်​၏ထူးခြားချက်ပင်။ ချိုးဝူယဲ့ မျက်လုံးပြန်မှိတ်လိုက်ပြီး ယနေ့ညမအိပ်တော့ပဲအတွင်းအားလေ့ကျင့်ရန်သာဆုံးဖြတ်လိုက်သည်။

.................

နံနက်ခင်းအာရုဏ်မတက်ခင်အချိန်အနည်းငယ်အလိုတွင်..

"ဒေါင်...ဒေါင်...ဒေါင်"

ကျယ်လောင်လောခေါင်းလောင်းသံတစ်သံသည်ချန်းအန်မြို့အတွင်းမြည်ဟိန်းကာပဲ့တင်ထပ်သွားခဲ့သည်။ ချိုးဝူယဲ့အတွင်းအားလေ့ကျင့်ရာမှချက်ချင်းမျက်လုံးဖွင့်လိုက်ပြီး အတွင်းအားလေ့ကျင့်မှုအားအဆုံးသတ်လိုက်သည်။ထို့နောက်ထရပ်လိုက်ပြီးဝတ်ရုံနက်နှင့်ဝါးခမောက်အားခေါင်းတွင်ဆောင်းကာ သူ​၏လက်စွဲတော်ဖြစ်သော မက်မွန်သစ်သားဓားအားသစ်သားဓားအိမ်တွင်ထည့်လိုက်ပြီးခါးတွင်ချိတ်လိုက်သည်။

ချိုးဝူယဲ့သည်တည်းခိုခန်းမှ လျှပ်တစ်ပြက်ခုန်ထွက်လိုက်ပြီးနောက်လေထုကိုနင်း၍နောက်တစ်ဆင့်ထပ်ခုန်လိုက်ကာ ခေါင်မိုးပေါ်သို့ဖြည်းညင်းစွာဆင်းသက်လိုက်သည်။ချိုးဝူယဲ့မြို့မြို့အနေအထားအားတစ်ချက်အကဲခတ်လိုက်သည်။ နေရာတိုင်းတွင်လူများဖြင့်ရုတ်ရုတ်သဲသဲမတည်မငြိမ်ဖြစ်နေကြလေသည်။စစ်သားအချို့ကလည်း ချန်းအန်မြို့အားလှည့်ပတ်ကာ တင်းကျပ်စွာဖြင့်စောင့်ကြပ်လျှက်ရှိသည်။

ယခုအချိန်သည်တစ်မြို့လုံးဝရုန်းသုံးကားဖြစ်နေသည့်အချိန်ပင်

"ဖျပ်"

"မြို့ရိုးခံတပ်မှာအခြေအနေမကောင်းဘူး ဓားပြတွေနဲ့ လာတိုက်တဲ့သူတွေပိုပိုတိုးလာတယ် ဒီအတိုင်းဆိုမြို့တံတိုင်းခံစစ်ကတစ်ရက်တောင်ခံဖို့အတော်ခတ်ခဲသွားပြီ"

နှစ်တစ်ရာရေခဲနက်ပိုးသားဝတ်စုံအားဝတ်ဆင်ထားပြီးမျက်ကာတပ်ဆင်ထားသော ယွင်ရှင်းမေ​၏ပုံရိပ်သည် ချိုးဝူယဲ့ဘေးနားတွင်ရုတ်ခြည်းဆိုသလိုထွက်ပေါ်လာခဲ့သည်။ ချိုးဝူယဲ့ ချန်းအန်မြို့ခံစစ်တံတိုင်းအားကြည့်၍တည်ငြိမ်စွာပြောလိုက်သည်။

"ကျုပ်တို့ဝင်တိုက်မယ်ဆိုရင်တောင်ချန်းအန်မြို့ကတော့ဆုံးရှုံးမှုပြင်းထန်ဦးမယ်ထင်တာပဲ"

ယွင်ရှင်းမေ ချန်းအန်မြို့ခံစစ်တံတိုင်းပေါ်မှ တောက်ပြောင်သောသံချပ်ကာများကိုဝတ်ဆင်ထားသည့်စစ်သားများကိုကြည့်၍ ခံစားချက်မပါသောလေသံဖြင့်ပြောလိုက်လေသည်။

"လူသောင်းချီပေမဲ့ ငါးပုံမှာလေးပုံလောက်က သိုင်းပညာမရှိတဲ့သာမန်လူတွေပဲ"

..........................

ပြီး...

All Chapters