စစ်ပွဲစတင်ခြင်း
Vol. 5 Ch. 60
အားမာန်ပါသောအော်ဟစ်ကြုံးဝါးသံများနှင့်အတူ မြို့တော်ခံစစ်တိုက်ပွဲကြီးမှာစတင်လေပြီ။
ချိုးဝူယဲ့ မြို့တံတိုင်းကိုလှမ်းကြည့်၍ဖြည်းညင်းစွာပြောလိုက်သည်။
"စစ်ပွဲစတင်တော့မယ် ကျုပ်အရင်အခြေအနေကိုစောင့်ကြည့်မယ် ခင်ဗျားကတံတိုင်းပတ်လည်က ငနဲတစ်သိုက်ကို ဂရုစိုက်လိုက်ပါ"
ထို့နောက်ချိုးဝူယဲ့ လေပေါ်ခုန်တက်ရန်အားယုလိုက်သည်။သို့သော်.
"ခနနေအုံး"
ယွင်ရှင်းမေရုတ်တရက် တားဆီးလိုက်သည်။ထို့နောက်သူမ၏လက်ထဲတွင် ခြောက်လက်မရှည်လားပြီး သင်္ကေတစာလုံးများနှင့်အေးခဲဟူသည့်စာသားပါရှိသော အဆောင်စာရွက်တစ်ရွက်ထွက်ပေါ်လာခဲ့သည်။ထိုစာရွက်အားယွင်ရှင်းမေ ချိုးဝူယဲ့ဆီသို့ပျံသန်းသွားစေလိုက်သည်။
"ဒါတာအိုအဆောင်စာရွက်ပဲ နင်အသက်အန္တရာယ်ရှိလာတဲ့အခါအတွင်းအားသုံးပြီးဖျက်စီးလိုက် မီတာတစ်ရာအတွင်းမှာရှိတဲ့ အရာအားလုံးအေးခဲသွားလိမ့်မယ်"
"ပြီးတော့ဒီအဆောင်စာရွက်အားအများဆုံးငါ့ရဲ့စွမ်းအား နှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်"
ထို့နောက်ယွင်ရှင်းမေ
ယွင်ရှင်းမေရှင်းပြလိုက်ပြီးနောက်သူမ၏ပုံရိပ်မှာမှုန်ဝါးကာပျောက်ကွယ်သွားတော့သည်။ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးသူ၏အရှေ့တွင်ရှိနေသော တာအိုအဆောင်စာရွက်အားယူလိုက်သည်။ ထို့နောက်ထိုအဆောင်စာရွက်အားစေ့စေ့စပ်စပ်ကြည့်လိုက်ပြီးအိတ်ထဲသို့သိမ်းဆည်းကာ ခါးတွင်ချိတ်လိုက်သည်။
"တိုက်ကြ"
"ဓားပြများ၏အော်ဟစ်ကြုံးဝါးသံများနှင့်အတူသောင်းချီသောလူများသည် ချန်းအန်မြို့ပတ်ပတ်လည်တောတောင်များထဲမှထွက်ပေါ်လာကြလေသည်။
မြို့ဂိတ်ဝတံတိုင်းပေါ်တွင်မတ်တပ်ရပ်နေသော ချီရှန်းကျောက်စိတ်မသက်သာစွာပြောလိုက်သည်။
"ရန်သူကအင်အားများလွန်းတယ် ပြီးတော့ခုထိဆက်တိုးလာနေတုန်းပဲ"
"လေးသည်တော်တွေနဲ့မြားစင်တွေအသင့်ပြင်"
မြို့ဂိတ်ဝ၏အုတ်တံတိုင်းနေရာတွင်အဆင်သင့်နေရာယူထားသောလေးသည်တော်အယောက်တစ်ရာခန့်သည်၎င်းတို့၏လေးနှင့်မြှားကိုမြောက်ကာ ရှေ့တည့်တည့်ရန်သူများ၏ဦးတည်ရာကိုချိန်၍ပစ်ခတ်လိုက်ကြသည်။
"ရွီး.ရွှီး..ရွီး..ရွီး"
မြားတံပေါင်းမြောက်များစွာသည်ကောင်းကင်တစ်ခွင်ထွက်ပေါ်လာကြပြီးရှေ့ဆုံးမှပြေးလာနေသော သိုင်းသမားမဟုတ်သည့်သာမန်လူများကိုထိမှန်သွားခဲ့သည်။
"စွက်..စွက်"
"အား"
လူပေါင်းများစွာ၏အော်ဟစ်ညည်းညူသံများမှာအဆက်မပြတ်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။မြို့တံတိုင်းပေါ်တွင်မတိတပ်ရပ်၍အခြေအနေအားစောင့်ကြည့်နေခဲ့သောချိုးယီပင်လျှင်မျက်မှောင်ကြုတ်သွားခဲ့သည်။ စစ်မြေပြင်တစ်ယောက်လူပေါင်းများစွာလှဲကျသေဆုံးနေချေပြီ။ယခုစစ်ပွဲတစ်ပွဲ၏ရက်စက်မှုအား အမှန်တကယ်တွေ့မြင်ရချေတော့မည်။
လေးသည်တော်များ မြားတံများကို ငါးသုတ်ပစ်လွတ်ပြီးသွားသောအခါ ရန်သူတပ်သားများ၏သေဆူံးမှုနှုန်း မှာ နှစ်ရာသုံးရာခန့်ရှိနေချေပြီ။ သေဆူံးမှုနှုန်းမြန်လွန်းသည်ဟုပြော၍ရပေသည်။သို့သော်များစွာသော ရန်သူဓားပြတပ်များသည်ရှေ့သို့ဆက်လက်ချီတက်နေဆဲပင်။ အချိန်ကြာမြင့်လာသည်နှင့်အမျှရန်သူတပ်များမှာသေဆုံးမှုထောင်ဂဏန်းသို့ပင်ရောက်ရှိပေတော့မည်။ထို့အပြင် ၎င်းတို့သည်တံတိုင်းနှင့်တဖြည်းဖြည်းနီးကပ်လာချေပြီ။
ချိုးယီ ချီရှန်းကျောက်အားကြည့်၍ပြောလိုက်သည်။
"ကဲ ကျုပ်တို့အလှည့်ရောက်ပြီ"
ချီရှန်းကျောက် ခေါင်းငြိမ့်လိုက်ပြီး...
"ဂရုစိုက်ပါသူရဲကောင်းယီချိုး"
"ကာကွယ်ရေးတပ်ဖွဲ့တွေအသင့်ပြင်လေးသည်တော်တွေကာကွယ်ရေးတပ်ရဲ့တိုက်ပွဲမြေပြင်ကလွဲရင်ကျန်တဲ့နေရာအကုန်ပစ်ကြ"
ချီရှန်းကျောက်၏အမိန့်အားကြားသည်နှင့်တပြိုင်နက်လေးသည်တော်များလေးများကိုပို၍မြင့်မြင့်မြောက်ကာချိန်၍ပစ်ခတ်လိုက်ကြသည်။ချိုးယီရှေ့မသိမသာမသာနှင့်ရှေ့ဆုံးမှပြေးလာတေသော အဆင့်လွန်ထိပ်သီးဓားပြအားတစ်ချက်ကြည့်လိုက်ပြီးရှီဖုန်းဘက်သို့လှည့်ကာပြောလိုက်သည်။
"ညီနောင်ရှီဖုန်းခင်ဗျားအဲ့ဒီ လူကိုတာဝန်ယူလိုက် ကျုပ်ကရန်သူတပ်ကိုဖျက်းစီးနိုင်သလောက်ဖျက်စီးမယ်အဲ့ဒီလူကိုတစ်ခါတည်းရှင်းပစ်နိုင်ရင်အကောင်းဆုံးပဲ ကျုပ်အချက်ပြရင်ပြန်ဆုတ်ကြမယ်"
"ကောင်းပြီ ကျုပ်လဲသိချင်နေတာ သွေးအရိပ်ဓားပြ ဆိုတဲ့အဲ့အဘိုးဘာလုပ်နိုင်မလဲကျုပ်ကြည့်မယ်"
မှန်ပေ၏ရှီဖုန်းပြောသောသွေးအရိပ်ဓားပြဆိုသည်မှာ ရှေ့ဆုံးမှ ဓားပြများကိုအကာအကွယ်ယူ၍တံတိုင်းနားသို့မသိမသာရှေ့တိုးနေသောလူပင်ဖြစ်လေသည်။ ဤသို့ ထိုလူအိုကြီးအားမှတ်မိနေရခြင်းမှာ ရှီဖုန်းမှာထိုလူအိုကြီးအားယခင်ကတစ်ကြိမ်မြင်ဖူးသောကြောင့်ပင်။
ပြောရင်းနှင့်ပင် ရှီဖုန်း တံတိိုင်းပေါ်မှ ကိုယ်ဖော့သိုင်းဖြင့် ရှေ့တန်းမှ အဖိုးကြီးသွေးအရိပ်ဓားပြဆီသို့ခုန်ဆင်းလိုက်လေသည်။ ချိုးယီလည်းရန်သူတပ်အလိပ်လိုက်ကြီးအားကြည့်၍ခေါင်းခါရမ်းကာတံတိုင်းပေါ်မှညင်သာစွာခုန်ဆင်းလိုက်လေသည်။ဂိတ်တံခါးဝရှေ့တွင်မြို့ကာကွယ်ရေးတပ်သားလေးထောင်ခန့်သည် ညီညာသပ်ရပ်သွာတည်ရှိနေကြပြီးဓားများလှံများဖြင့်မာန်ပါပါရပ်နေကြသည်။ဂိတ်တံခါးဝရှေ့မှမပြိုလဲနိုင်သောကျောက်တောင်ကြီးတစ်ခုလိုပင်။
ချိုးယီတပ်သားလေးထောင်ရှေ့သို့ဖြည်းညင်းစွာဆင်းသက်လိုက်ပြီး လက်တစ်ဖက်အားနောက်ကျောသို့ပစ်လိုက်သည်။ရန်သူဓားပြတပ်များမှာ ဂိတ်တံခါးဝရှေ့သို့ရောက်ရှိ၍လာတော့ပေမည်။
ချိရှန်းကျောက်အလံလွင့်လိုက်ုပီး အားမာန်အပြည့်ဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။
"စစ်သည်တို့ တိုက်ကြ"
စစ်ပေးခရာသံများသည်မြို့အနှံ့ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။
......................
ပြီး...