ခင်...ခင်များကလျှပ်တပြတ်လေမိစ္ဆာရှီ..ရှီဖုန်း...
Vol. 5 Ch. 49
"အခုချက်ချင်းတဘလူစုခွဲပြေးတော့"
အော်ပြောနေရင်းနှင့်ပင် လူထွားကြီးမှာ နောက်သို့ပင်ပြန်မကြည့်ပဲ ခြေဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင်ပြေးလေတော့သည်။သူ့နောက်မှအဖွဲ့သားများသည်လည်းနောက်ကျမနေချေ။လူစုခွဲ၍အရပ်မျက်နှာအသီးသီးသို့ပြေးကြလေတော့သည်။ ချိုးယီမှာလှောင်ပြုံပြုံးလိုက်ပြီး အနောက်ဘက်အရပ်မျက်နှာသို့လှည့်၍ပြောလိုက်သည်။
"ညီကိုအဲ့ဒီဘက်ခြမ်းကိုခင်ဗျားနဲ့ထားခဲ့မယ်"
ထို့နောက်ချိုးယီ၏ပုံရိပ်သည်မှုန်ဝါး၍တောထဲသို့လျင်မြန်စွာပြေးဝင်သွားတော့သည်။
ရွာဝင်ပေါက်အရှေ့မှလူငယ်လေးမှာအချိန်ပနည်းငယ်အတွင်းဖြစ်ပျက်သွားသောအရာအားလုံးကို ကြောင်အစွာငေးကြည့်နေခဲ့သည်။သူ၏နာမည်သည် တုန်းလီ ဖြစ်ပြီး ရွာခေါင်းဆောင်၏သားဖြစ်သည်။သူသည် ထိုရွာ၏ သိုင်းသမားသုံးယောက်ထဲမှတစ်ယောက်ဖြစ်သည်။တုန်းလီ၏ရွာသည် အဆင့်မြင့်သိုင်းသမားတစ်ယောက်ပင်မရှိချေ။တစ်ရွာလုံးက တုန်းလီကိုပါရမီရှင်ဟုခေါ်ဆိုကြပြီးနောင်တစ်ချိန်တွင် အဆင့်မြင့်သိုင်းသမား မဟုတ်လျှင်ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်လိမ့်မည်ဟုခန့်မှန်းထားကြလေသည်။
ခေါင်းဆောင်နျူဆိုသည်မှာ အဆင့်မြင့်သိုင်းသမားတစ်ယောက်ဖြစ်ပြီးဟန်ပြောင်းနှင့် သောကန်ပြည်နယ်၏တောနက်နယ်စပ်တစ်ခုလုံးအား လွမ်းမိုးမှုကြီးစွာဖြင့်လက်ဝါးကြီးအုပ်ထားသော တိမ်ကြားဓားပြအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လေသည်။ ဤအခြေအနေတွင်ထိပ်တန်းသိုင်းသမားတစ်ယောက်ပင် တိမ်ကြားအဖွဲ့အစည်းကိုရန်မစချင်ပေ။
တောနက်တစ်နေရာတွင်ချိုးယီ၏ပုံရိပ်သည်ရုတ်တရက်ပေါ်လာခဲ့သည်။ထိုနေရာတွင်ခေါင်းဆောင်နျူဟူသောလူထွားကြီးနှင့်ကျန်ဓားပြလေးယောက်မှာမတူညီသောနေရာလမ်းကြောင်းများတွင် အပတ်တကုတ်ပြေးလွားနေခဲ့သည်။ ချိုးယီသည်သစ်ကိုင်းတစ်ခုတွင်ဆင်းသက်လိုက်ပြီး သူ၏နောက်ကျောမှဓားအား ဓားအိမ်ထဲမှဆွဲထုပ် လိုက်သည့်အချိန်တွင် စူးရှသောဓားအလင်းတန်းတစ်ချက်လတ်သွားပြီး ချိုးယီ၏ပုံရိပ်သည်ဖျပ်ကနဲပျောက်ကွယ်သွားလေသည်။
"ရွစ်..ရွက်..ရွက်..ရွက်"
စူးရှသောဓားအလန်းတန်းတစ်ချက်သည် လူထွားကြီးနှင့်ဓားပြလေးယောက်အား ဖြတ်သန်းသွားပြီး ချိုးယီ၏ပုံရိပ်သည် ၎င်းတို့ငါးယောက်ရှေ့သစ်ကိုင်းတစ်ခုတွင်ဖျပ်ကနဲပေါ်လာခဲ့သည်။ထို့နောက်သူ၏ဓားအားနောက်ကျောမှဓားအိမ်ထဲသို့ပြန်လည်ထည့်သွင်းလိုက်လေသည်။
လူထွားကြီးမှာသူ၏လည်ပင်းအားရုတ်တရက်ဖြတ်သန်းသွားသောအလင်းတန်းကြောင့်ကြောင်အသွားပြီးသူ၏လည်ပင်းအားလက်ဖြင့်တို့ကြည့်လိုက်သည်။သို့သော်မည်သည့်အရာမှမဖြစ်ပျက်သွားသည့်ပုံပင်။ထိုစဉ်ရုတ်တရက်လူထွားကြီး၏ခန္ဓာကိုယ်သည်လှုပ်ရှားမှုများထိုင်းမိုင်းလာပြီးတောင့်ခဲသွားကာ သူ၏မျက်ခွံများမှာပင့်မရလောက်အောင်ပင်လေးလံလာ၏။
"ငါ..ငါအရမ်း..."
"ဘုတ်"
လူထွားကြီးနှင့်အခြားဓားပြများမှာလဲကျသေဆုံးသွားခဲ့ချေပြီ..။
.................
ရွာအဝင်ဝတွင် လူငယ်လေးတုန်းလီမှာသူ၏အရှေ့မှအနက်ရောင်ဝတ်စုံနှင့်လူငယ်အားကြည့်၍အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ထိုအနက်ရောင်ဝတ်စုံနှင့်လူငယ်လေး၏ ခြေရင်းတွင်လည်းဓားပြသုံးယောက်မှာရုပ်ပျက်ဆင်းပျက်နှင့်သေဆုံးနေလေသည်။
ထိုစဉ်.....
"ဘုတ်..ဘုတ်...ဘုတ်...ဘုတ်"
အလောင်းငါးလောင်းသည်ကောင်းကင်ပေါ်မှပြုတ်ကျလာခဲ့သည်။လူငယ်လေးတုန်းလီမှာအံ့အားသင့်သွားပြီးအလောင်းလေးလောင်းအားကြည့်လိုက်သည်။ထိုလူများမှာထွက်ပြေးသွားသော လူထွားကြီးနှင့်သူ၏နောက်လိုက်ဓားပြများဖြစ်လေသည်။
ထို့နောက်ကောင်းကင်ပေါ်မှ အပြာရောင်ဝတ်စုံနှင့်နောက်ကျောတွင်ဓားတစ်ချောင်းအားလွယ်ထားသောလူငယ်လေးမှာမြေပြင်ပေါ်သို့ဖြည်းညင်းစွာဆင်းသက်လာခဲ့လေသည်။
"ကျုပ်ခြေတစ်လှမ်းနောက်ကျသွားတာပဲ"
ချိုးယီမြေပြင်ပေါ်သို့ဆင်းသက်လာပြီး အနက်ရောင်ဝတ်ရုံနှင့်မိစ္ဆာဆန်ဆန်ချောမောသောမျက်နှာရှိသည့်လူငယ်လေးအားပြောလိုက်လေသည်။ ထိုလူငယ်မှာအခြားလူမဟုတ်ပေ သိုင်းလောကတွင် လျှပ်တစ်ပြက်လေမိစ္ဆာဟုကျော်ကြားသောရှီဖုန်းပင်ဖြစ်လေသည်။
ရွာအဝင်ဝရှိတုန်းလီမှာ ချိုးယီထံသို့ပြေးလာပြီးစိတ်လှုပ်ရှားစွာဖြင့်လက်တီးစု၍နှုတ်ဆက်လိုက်သည်။
"သူရဲကောင်းယီချိုး ရောင်းရင်းရဲ့နာမည်ကိုကြားဖူးနေတာကြာပါပြီအခုမှပဲလူကိုယ်တိုင်တွေ့ရတော့တယ် လူတွေပြောကြတဲ့အတိုင်းပဲ ရောင်းရင်းရဲ့သိုင်းပညာကတကယ်ကိုမြင့်မားလွန်းပေတယ်"
"ကျုပ်နာမည်ကတုန်းလီပါ ကျုပ်တို့ရွာကိုကူညီပြီးကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်"
"မပြောပလောက်ပါဘူး မပြောပလောက်ပါဘူး ကျုပ်ကကြုံကြိုက်လို့ဝင်ပြီးကူညီလိုက်တာပါမပြောပလောက်ပါဘူး အဆင်ပြေပါတယ်"
ချိုးယီပြုံး၍ပြောလိုက်လေသည်ထိုလူငယ်၏ဟန်ပန်သည်လွန်ခဲ့သည့်လေးနှစ်ကသူ၏ပုံစံနှင့်အနည်းငယ်ထပ်တူညီပေသည်။
တုန်းလီအနက်ရောင်ဝတ်စုံနှင့်ရှီဖုန်းအားကြည့်လိုက်ပြီးလက်တီးစု၍မေးလိုက်သည်။
"ဒီကသူရဲကောင်းကိုရောဘယ်လိုခေါ်ရမလဲဗျ"
"အာ..သူလား သူကရှီဖုန်းလေ တချို့သိုင်းလောကသားတွေကတော့သူ့ကိုလျှပ်တစ်ပြက်လေမိစ္ဆာလို့လဲခေါ်သေးတယ်"
ချိူးယီရယ်ရယ်မောမောဖြင့်ကြားဖြတ်ပြောလိုက်လေသည်။တုန်းလီမျက်လုံးပြူးသွားပြီးထိတ်လန့်တကြားအော်ပြောလိုက်သည်။
"ခင်...ခင်များကလျှပ်တပြတ်လေမိစ္ဆာရှီ..ရှီဖုန်း..."
......................
နာရီအနည်းငယ်ကြာပြီးနောက် တစ်ရက်တာ၏ညအချိန်သို့ပင်ရောက်ရှိလာပေတော့မည်။ကောင်းကင်မှာအနည်းငယ်မှောင်ရိပ်သန်းလျှက်.....
ဓားပျံများစီးနင်းထားသော ချိုးဝူယဲ့နှင့်ယွင်ရှင်းမေသည်တောတောင်အသွယ်သွယ်ကိုဖြတ်သန်းလာပြီးနောက် ဟန်ပြောင်းပြည်၏နယ်စပ်မြို့ဖြစ်သည့် ချန်းအန် မြို့အနီးနားသို့ပင်ရောက်ရှိလာချေပြီ။ရှေ့တွင်အရှိန်အဟုန်ဖြင့်ပျံသန်းနေသော ယွင်ရှင်းမေအားချိုးဝူယဲ့သတိပေးလိုက်လေသည်။
"ယွင်ရှင်းမေ"
"ဟမ်"
"ကျုပ်တို့ဆက်သွားလို့မရတော့ဘူးဟန်ပြောင်းပြည်နယ်ရဲ့နယ်စပ်မြို့ထဲရောက်တော့မယ် ကျုပ်တို့ဒီလိုသွားနေတာသာမန်လူတွေမြင်ရင်နတ်ဘုရားထင်ပြီးထိုင်ကန်တော့နေအုံးမယ် ဒီနယ်စပ်မြို့နားကတောင်မှာပဲဆင်းရအောင်"
"ကောင်းပြီ"
ချိုးဝူယဲ့၏သတိပေးသံကြားသောအခါယွင်ရှင်းမေခေါင်းငြိမ့်လိုက်ပြီး တိမ်လွာများ၏အလွန်ပေသောင်းချီမြင့်မားသောကျောက်တောင်ကြီးတစ်တောင်တွင်ဆင်းသက်လိုက်လေသည်။
ချိုးဝူယဲ့"......"
ချိုးဝူယဲ့မှာပြောစရာစကားများအမှန်ပင်ပျောက်ဆုံးသွားချေသည်။ထိုမိန်းမသည် အဘယ်ကြောင့်လွန်လွန်ကဲကဲအမြဲလုပ်နေရသနည်း.....။
.........................
ပြီး...