← Chapters

မြေပြင်ပေါ်သို့ဆင်းသက်ခြင်း

Vol. 5 Ch. 50

မြေပြင်ပေါ်သို့ဆင်းသက်ခြင်း

Vol. 5 Ch. 50

ကျောက်တောင်ပေါ်သို့ဆင်းသက်လိုက်ပြီးနောက်ချိုးဝူယဲ့တောင်အောက်သို့ကြည့်လိုက်သည်။ထိုမြင်ကွင်းမှာမဆိုးဘူးဟုပြော၍ရပေသည်။မြင့်မားသောကျောက်တောင်ပတ်ပတ်လည်တွင်။အဖြူရောင်တိမ်လွာများဝန်းရံထားပြီး အဖြူရောင်မိုးတိမ်များ​၏အောက်တွင် စိမ်းလန်းနေသောတောင်တန်းများဝေ့ဝိုက်ကာ စီးဆင်းနေသောမြစ်ချောင်း​များ၏မြင်ကွင်းမှာရင်သပ်ရှုမောဖွယ်ရာပင်။

"ဆိုတော့ဒါကဟန်ပြောင်းပြည်နယ်ပေါ့"

ချိုးဝူယဲ့ရှုခင်းများကိုကြည့်၍တီးတိုးပြောလိုက်သည်။

"ကြည့်ရတာတော့မဆိုးဘူးပဲ"

ထို့နောက်ချိုးဝူယဲ့ဘေးသို့လှည့်လိုက်ပြီးမျက်စိမိတ်ထားသောယွင်ရှင်းမေအားကြည့်၍ပြောလိုက်သည်။

"ရှာတွေ့လား"

"အင်း..အရှေ့တောင်ဘက်မိုင် ၄၅၀ လောက်မှာ မတည်ငြိမ်တဲ့စွမ်းအင်အပိုင်းအစလေးတွေရှိတယ် ဟိုလူတွေပြောနေတဲ့ဗိမာန်ပဲဖြစ်လိမ့်မယ်"

ယွင်ရှင်းမေမျက်လုံးဖွင့်၍ပုံမှန်အတိုင်းပြောလိုက်သည်။သူမအဖို့ထိုဓားဝိဇ္ဇာ​၏အဆင့်မှာမပြောပလောက်သေးပေ။

"ကောင်းပြီလေ..ကျုပ်အရင်ဆင်းတော့မယ်"

ချိုးဝူယဲ့ထိုသို့ပြောလိုက်ပြီးနောက် ကောင်းကင်နှင့်တိမ်တိုက်များအထက်တွင်ရှိနေသော မိုးထိကျောက်တောင်ကြီးပေါ်မှ နောက်ပြန်ခုန်ချလိုက်လေသည်။

"ဝူး...ဝုန်း..ဝုန်း..."

ချိုးဝူယဲ့​၏ဘေးပတ်ပတ်လည်တွင် လေထုနှင့်လေတိုးသံများကျယ်လောင်စွာရိုက်ခတ်လျှက်ရှိသည်။ချိုးဝူယဲ့သည်လေထု​၏ပွတ်အားကြောင့်သူ​၏ခန္ဓာကိုယ်ပင်အနည်းငယ်ပူလာခဲ့သည်ကိုခံစားမိပါသည်။

လူသားအကန့်အသက်နှင့်နီးစပ်နေသောသူ​၏ခန္ဓာကိုယ်ပင်အနည်းငယ်ပူလာသောကြောင့် သာမန်လူသားတို့​၏ခန္ဓာကိုယ်ဆိုလျှင်လေထုပွတ်အားကြောင့်မီးတောက်သွားနိုင်ပေသည်။သို့သော်ချိုးဝူယဲ့မှာအနည်းငယ်နွေးသွားရုံမှလွဲ၍မည်သည့်အရာကိုမျှမခံစားရသေးချေ။ထို့အပြင်သူခုန်ချလာသည်မှာနိမ့်နိမ့်လေးမဟုတ်ပေ ပေသောင်းချီမြင့်မားသောမိုးထိကျောက်တောင်ကြီးတစ်တောင်ပေါ်မှခုန်ချလာခြင်းဖြစ်သည်။

"မေမေ...မေမေ ဟိုမှာကြည့် ဟိုမှာလူတစ်ယောက်ကောင်းကင်ပေါ်ကနေခုန်ဆင်းလာတယ်"

ဥယျာဉ်တစ်ခုတွင်သူ​၏အမေအားလက်ကလေးဖြင့်ဆွဲ၍ကိုင်ထားသောခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်သည်လေးငါးမိုင်ကွာဝေးသောအနောက်မြောက်ဘက်ရှိမိုးထိကျောက်တောင်ကြီးဆီသို့ကြည့်၍စိတ်လှုပ်ရှားစာအော်ပြောလိုက်သည်။

ကလေးငယ်လက်တွဲထားသော နုပျိုသည့်မိန်းကလေးသည် သူ​၏သားကြည့်နေသည့်အရပ်သို့ကြည့်လိုက်သော်လည်း မှောင်ရိပ်သန်းနေသောညပိုင်းသို့ပင်ရောက်ရှိနေပြီဖြစ်၍မိုးထိကျောက်တောင်ကြီးကိုပင်ဝါးတားတားသာမြင်နိုင်လေသည်။လူတစ်ယောက်​၏ပုံရိပ်ကိုမြင်ရဖို့ဆိုလျှင်ဝေးလေစွ။

"ပေါက်ကရတွေလျှောက်မပြောရဘူးလေချီအာ"

သူ​၏အမေဖြစ်ဟန်ရှိသည့်အသက် ၃၀ အရွယ်နှင့်အဆင့်အတန်းမြင့်မားသောဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမတစ်ယောက်သည် ချိုသာသောအပြုံလေးတစ်ခုဖြင့် သူ​၏သားခေါင်းကိုခတ်ဖွဖွလေးပုတ်ကာပြောလိုက်သည်။ကလေးလေးကလည်းသူ​၏အမေကိုနှုတ်ခမ်းဆူ၍ပြန်ပြောလိုက်လေသည်။

"မေမေကလည်းချီအာတကယ်ပြောနေတာကို"

"ဟုတ်ပါပြီကွယ်"

အမေဖြစ်သူမှခတ်ဖွဖွလေးရယ်၍ကလေး​၏ပါးလေးကိုညစ်လိုက်​၏။ထိုအချိန်တွင်...

"သခင်မ...သခင်မ"

အစေခံမလေးတစ်ယောက်သည်ဥယျာဉ်ထဲသို့စိုးထိတ်စွာပြေးဝင်လာခဲ့လေသည်။

"ဘာဖြစ်တာလဲ အလောတကြီးနဲ့"

သူမ ကလေးလေး​၏လက်ကိုကိုင်ထားရင်းဖြင့်နောက်လှည့်ကာမေးလိုက်သည်။

"သခင်မ မကောင်းတော့ဘူး ရွှေတံဆိပ်တော်အမတ်မင်းရဲ့လူတွေထပ်ရောက်လာပြီး သခင်ကြီးကိုခတ်ခဲအောင်လုပ်ကြတော့မယ်"

သူမ​၏နာမည်မှာရွယ်ဟွားရန်ဖြစ်ပြီးတော်ဝင်နန်းတော်​၏မင်းသမီးတစ်ပါးဖြစ်သည်။လက်ရှိဧကရာဇ်မင်း​၏သမီးတော်ဖြစ်သည့်အပြင် မင်းသမီးနှစ်ပါးထဲမှမင်းသမီးကြီးဖြစ်သည်။

လွန်ခဲ့သည့်ဆယ်နှစ်လောက်တုန်းကသူမသည်တပ်မှုး ချီရှန်းကျောက်နှင့်ချစ်ကျွမ်းဝင်ခဲ့ပြီး ဧကရာဇ်မင်းက တပ်မှုးချီရှန်းကျောက်ကိုမြောက်စားကာမင်းသမီးရွယ်ဟွားရန်ဖြင့်နေရာချပေးခဲ့လေသည်။

ယခုချီရှန်းကျောက်မှာ ထိပ်တန်းသိုင်းသမားဖြစ်သည့်အလျောက် စစ်သူကြီးတစ်ယောက်ဖြစ်နေသည့်အပြင် ဟန်ပြောင်းပြည်နယ်​၏နယ်စပ် စစ်တပ်ကိုပင်တာဝန်ယူထားရသည့်အရေးပါအရာရောက်သောသူတစ်ယောက်ဖြစ်နေချေပြီ။

မင်းသမီးရွယ်ဟွားရန် သူမ​၏သားလေးကိုကြည့်ကာညင်သာစွာသက်ပျင်းချ၍ပြောလိုက်သည်။

"ဟင်း...သွားကြစို့"

.....................

မိုးထိနောက်တောင်.... လွန်ခဲ့သည့်အချိန်အနည်းငယ်တွင်.....

"ဝူး...ဝူး"

ချိုးဝူယဲ့လေထုထဲမှမြေပြင်အထက်သို့ဆက်လက်ကျဆင်းနေပြီး မြေပြင်နှင့်မီတာတစ်ရာအကွာအဝေးသို့ရောက်သောအခါ.....

"ဝှစ်"

ချိုးဝူယဲ့သူ​၏လက်ထဲမှဝါးခမောက်အားအရှိန်ပြင်းပြင်းဖြင့်ပစ်ချလိုက်သည်။ထို့နောက် ချိုးဝူယဲ့သည် ကျဆင်းနေသော ဝါးခမောက်အားသူ​၏ခြေထောက်ဖြင့်နင်း၍ အမြင့်ပေါ်မှပြုတ်ကျလာသည့်အရှိန်အားသပ်လိုက်သည်။သူ​၏တိမ်စီးနင်းကိုယ်ဖော့သိုင်းအားအသုံးပြု၍ သူ​၏ခန္ဓာကိုယ်အာဒလေဖြင့်တစ်သားတည်းကျအောင်စီးမျှောလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ငှက်မွေးလေးတစ်ချောင်းနယ်ညင်သာစွာဆင်းသက်လာခဲ့သည်။ ထို့နောက်လေပေါ်မှကျလာသော ဝါးခမောက်အားသူ​၏လက်ဖြင့်ဖမ်း၍သူ​၏ခေါင်းပေါ်သို့ပြန်ဆောင်းလိုက်​၏။

ချိုးဝူယဲ့ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။သို့သော် လေတိုးသုံကြား၍အပေါ်သို့မော့ကြည့်လိုက်သည်။

"ဝုန်း...ဝုန်း"

ယွင်ရှင်းမေသည်တောင်ပေါ်မှခုန်ချလာပြီးယခုမြေပြင်နှင့်မီတာ တစ်ရာပင်မကွာဝေးတော့ချေ။သို့သော်အရှိန်သပ်မည့်ပုံမပေါ်သေးပဲဆက်လက်ကျဆင်းလာခဲ့သည်။ချိုးဝူယဲ့အေးခဲသွားပြီးသူ​၏နှုတ်ခမ်းများပင်အနည်းငယ်လှုပ်တုတ်တုတ်ဖြစ်သွား​၏။သို့သော် ယွင်ရှင်းမေမှာမြေပြင်နှင့်ဆယ်မီတာသာကွာဝေးသည့်အချိန်တွင်သူမ​၏ခန္ဓာကိုယ်အားတစ်ပတ်လှည့်လိုက်သည် သူမမြေပြင်ပေါ်သို့ကျဆင်းနေသည့်အရှိန်မှာလည်းသေသွားပြီး အလွန်ပေါ့ပါးသော ပန်းပွင့်လေးတစ်ပွင့်နယ် မြေပြင်ပေါ်သို့ကျဆင်းလာခဲ့သည်။

ချိုးဝူယဲ့ထုံးစံအတိုင်း ယွင်ရှင်းမေအားမျက်နှာသေဖြင့်ကြည့်၍ပြောလိုက်သည်။

"သွားကြစို့"

..........................

​

ပြီး...

All Chapters