← Chapters

မည်သို့သေဆုံးသွားသနည်း

Vol. 5 Ch. 51

မည်သို့သေဆုံးသွားသနည်း

Vol. 5 Ch. 51

"ဟဲဟဲ အလှလေးပါလား"

"ဒီလောက်လှတဲ့ခန္ဓာကိုယ်ကောက်ကြောင်းနဲ့မိန်းကလေးတစ်ယောက်ကိုငါ့ဘဝမှာပထမဆုံးမြင်ဖူးတာပဲ"

ချိုးဝူယဲ့ထွက်သွားရန်ပြင်ဆင်လိုက်သော်လည်းသစ်ပင်ကြားထဲမှလူသုံးယောက်ထွက်လာပြီးယွင်ရှင်းမေအားသွားရည်တစ်မြိုင်းမြိုင်းဖြင့်ဝိုင်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ထိုလူများနှင့်မီတာဆယ်ချီဝေးကွာသော်လည်း ထိုလူများ​၏စကားသံများမှာချိုးဝူယဲ့​၏နားထဲတွင်ကျယ်လောင်းစွာအော်ပြောနေသကဲ့သို့ပင်။ချိုးဝူယဲ့ ထိုဓားပြသုံးယောက်အားသနားသလိုကြည့်လိုက်လေသည်။ချိုးဝူယဲ့​၏အတွေးထဲတွင် ယခင်ဘဝမှပညာရှိများပြောဆိုခဲ့သည့် ယုတ္တိကျသောစာပိုဒ်တစ်ပိုဒ်အားတွေးမိလိုက်သည်။

'မွေးကြိုင်လှပတဲ့နှင်းဆီမှာဆူးရှိသလို ချောမောလှတဲ့မိန်းမတွေမှာလည်း မာနနဲ့အန္တရာယ်တွေရှိနေတယ်'

ထို့နောက်ချိုးဝူယဲ့ယွင်ရှင်းမေဘက်သို့လှည့်ကြည့်လိုက်သည်။ယွင်ရှင်းမေ​၏မျက်နှာမှာအေးခဲနေပြီး သူမ​၏မျက်လုံးများမှာ ချိုးဝူယဲ့နှင့်စကားပြောစဉ်ကအချိန်နှင့်မတူပဲ နက်မှောင်ကာ အေးစက်နေခဲ့သည်။ထိုလူများသည်ဘဝတစ်ပါးသို့ကူးပြောင်းနိုင်ချေအလွန်မြင့်မားနေလေပြီ။

သစ်ပင်ကြားထဲမှထွက်လာသောလူသုံးယောက်သည် ယွင်ရှင်းမေနှင့်ချိုးဝူယဲ့တို့အနားအပြုံးကိုယ်စီဖြင့်ချဉ်းကပ်လာကြ​၏။သို့သော်သူတို့​၏အပြုံးမှာသာမန်နှင့်မတူပဲအနည်းငယ်ကြောက်စရာကောင်းနေခဲ့သည်။

ချိုးဝူယဲ့မှာပုံမှန်အတိုင်းသာရပ်နေပြီးထိုသုံးယောက်​၏အခြေအနေအားဆန်းစစ်ကြည့်လိုက်သည်။ချိုးဝူယဲ့​၏ယင်-ယန်မျက်လုံးအတတ်သည် အသက်ဝင်လာပြီးထိုလူသုံးယောက်အားဆန်းစစ်ကြည့်လိုက်သည်။ထိုလူသုံးယောက်​၏အတွင်းအားအရဆိုလျှင်ထိုလူသုံးယောက်မှာထိပ်တန်းသိုင်းသမားများဖြစ်လေသည်။ သို့သော်အတွင်းအားပမာဏအရသာမန်ထိပ်တန်းသိုင်းသမားအဆင့်လောက်သာရှိသည်။

ချိုးဝူယဲ့ခေါင်းခါရမ်းလိုက်ပြီးထိုလူသုံးယောက်အားလူပြတ်သဖွယ်ကြည့်နေလိုက်သည်။ယခုကိစ္စသည်သူ​၏ကိစ္စမဟုတ်သောကြောင့်ဝင်ပါရန်စိတ်ကူးမရှိပေ ယွင်ရှင်းမေကိုယ်တိုင်ဖြေရှင်းပေလိမ့်မည်။ထိုလူသုံးယောက်ယွင်ရှင်းမေနားသို့ကပ်သွားလိုက်ပြီးအပြုံးလေးဖြင့်ပြောလိုက်သည်။

"ဒီကမိန်းကလေးဘယ်ကလာပြီးဘယ်ကိုသွားမလို့ပါလဲ"

ရှေ့ဆုံးမှတြိဂံပုံစံဦးထုပ်ဆောင်းထားသောသူကမေးလိုက်သည်။သို့သော်ယွင်ရှင်းမေမှာပြန်မဖြေပဲထိုလူအားအေးစက်စက်သာကြည့်လိုက်သည်။

ဦးထုပ်ဆောင်းထားသောသူမှာကြက်သိန်းဖျန်းသွားပြီးသူ​၏နောက်ကျောမှာအေးစိမ့်စိမ့်ဖြစ်သွားသော်လည်းစိတ်ထင့်နေသည်ဟုသာတွေးလိုက်ပြီးအပြုံးမပျက်ပဲထပ်ပြောလိုက်သည်။

"မိန်းကလေးကျုပ်ကဟွမ်ကျောက်ပါ ဒီနယ်တစ်ဝိုက်ကလူတွေကတော့ ကျုပ်တို့ညီအကိုသုံးယောက်ကိုကျောက်သုံးဖော်လို့ခေါ်တယ်မိန်းကလေးရဲ့ဂိုဏ်းနဲ့နာမည်လေးသိခွင့်ရှိမလား"

ထိုလူသုံးယောက်မှာဟန်ပြောင်းပြည်နယ်တောနက်နယ်စပ်တစ်ဝိုက်တွင်နာမည်ကျော်ကြားသည့်နာမည်ကြီးဓားပြသုံးယောက်ဖြစ်သည်။ သိုင်းလောကနှင့်တောပုန်းဓားပြများကြားတွင်ကျောက်သုံးဖော်ဟုနာမည်ရရှိထားပြီး ထိပ်တန်းသိုင်းသမားများဖြစ်ကြလေသည်။

ထူးဆန်းသည်မှာထိုသုံးယောက်လုံး​၏နာမည်တွင်ကျောက်ပါပြီး မျိုးရိုးနာမည်သာကွာခြားလေသည်။ဟွမ်ကျောက်၊ဟူကျောက်၊ရန်ကျောက် ဟူ၍ပင်။ထို့ကြောင့်သိုင်းလောကသာများကထိုဓားပြသုံးယောက်ကို ကျောက်သုံးဖော်ဟုခေါ်ဆိုခြင်းဖြစ်သည်။

ဟွမ်ကျောက်ဘေးမှဟူကျောက်သည်ပြုံးဖြဲဖြဲဖြင့်ရှေ့သို့တက်လာပြီးခတ်ထန်စွာပြောလိုက်သည်။

"မိန်းကလေးကဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ဒီကအကိုကြီးတို့ကဓားပြတွေဆိုပေမဲ့မိန်းကလေးကိုနာကျင်အောင်မလုပ်ပါဘူး ဒါပေမဲ့.."

ဟူကျောက်​၏မျက်လုံးသည်ယွင်ရှင်းမေဘေးမှချိုးဝူယဲ့ထံရောက်ရှိသွားသောအခါရက်စက်သည့်အပြုံးတစ်ခုကအစားထိုး

လာခဲ့သည်။

"သူ့ကိုတော့ဒီကအကိုကြီးတို့ကိုင်တွယ်ရလိမ့်မယ် ဟီးဟီးဟီး"

ချိုးဝူယဲ့​၏မျက်နှာသေမှာထူးဆန်းသောအမူအရာများပေါ်လာခဲ့သည်။ရထိုဓားပြသုံးယောက်မှာ မိခင်ဝမ်းထဲမှထွက်မှထွက်လာစဉ်ဦးနှောက်ပြုတ်ကျကျန်ထားခြင်းပေလော။တစ်ဖက်လး​၏ခွန်အားအတိမ်အနက်ကိုမသိပဲ ကိုယ့်ကိုယ်ကိုထိပ်တန်းသိုင်းသမားဟူ၍အထင်ကြီးနေသည့်ထိုလူသုံးယောက်အားချိုးဝူယဲ့အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ထို့အပြင် ဓားပြတိုက်သည်ဆိုကာမှလူရွေးပြီးဓားပြတိုက်သည်မှာလုံးဝအဓိပ္ပာယ်မရှိချေ။ချိုးဝူယဲ့​၏စိတ်ထဲတွင်ထိုဓားပြသုံးယောက်အားကျိန်ဆဲလိုက်လေသည်။

'မင်းဖင်ကြီးကိုကိုင်တွယ်ပါလား ထွီး ဓားပြတိုက်တာတောင် သောက်တဏှာထပြီးလူရွေးတိုက်တဲ့ ဆန်ကုန်မြေလေးတွေ"

"မိန်းကလေးကဒီက..."

"ဘန်း"

ဟူကျောက်သူ​၏စကားမဆုံးသေးခင်မှာတင် ပြင်းထန်သောဝေသနာတစ်ခုခံစားလိုက်ရပြီးလေပေါ်သို့ပျံနေရသည်ဟုခံစားမိလိုက်သည်။

"ဝုန်း...ဝုန်း"

ဟူကျောက်၊ဟွမ်ကျောက်နှင့် ရန်ကျောက်တို့သုံးယောက်စလုံးမှာမည်သည့်အရာဖြစ်ပျက်သွားမှန်းမသိလိုက်ခင်မှာတင် ရုတ်တရက်ခဏအတွင်းမှာပဲ မီတာရာနှင့်ချီအောင်ရိုက်လွင့်ခြင်းခံလိုက်ရလေသည်။ဓားပြသုံးဖော်မှာ မည်သို့တိုက်ခိုက်ခြင်းခံလိုက်ရမှန်းမသိလိုက်ရပဲ မီတာရာနှင့်ချီအောင် လွင့်ပျံသွားပြီးကျောက်တောင်တစ်တောင်နှင့်တိုက်မိလိုက်သည်။

"အုန်း.."

ထိုကျောက်တောင်သည် ဓားပြသုံးယောက်​၏ရိုက်ခတ်မှုကြောင့်ချိုင့်ဝင်သွားပြီး ထိုဓားပြသုံးယောက်​၏ခန္ဓာကိုယ်များသည်ကျောက်တောင်ခဲတွင်နစ်ဝင်နေခဲ့သည်။ဟူကျောက်၊ဟွမ်ကျောက်နှင့်ရန်ကျောက်တို့မှာရုပ်ပျက်ဆင်းပျက် အရိုးအသားများကြေမွကာသေဆုံးသွားခဲ့ရပြီးမည်သို့သေဆုံးသွားမှန်းပင်မသိလိုက်ရချေ။

ချိုးဝူယဲ့လည်းအံ့အားသင့်သွား​၏။ယွင်ရှင်းမေလက်ဝေ့ရမ်းလိုက်သည်ကိုသာတွေ့လိုက်ရပြီး မည်သည့်စွမ်းအင်လှိုင်းမှမပျံ့နှံ့သွားပဲထိုလူသုံးယောက်မှာ လျှပ်တပြတ်အတွင်းမီတာရာနှင့်ချီရိုက်လွင့်ခြင်းခံလိုက်ရပြီး ကျောက်တောင်များပင်ချိုင့်ဝင်အောက်ရိုက်နှက်ခြင်းခံလိုက်ရသည်။

ချိုးဝူယဲ့ကြက်သီးထသွား​၏။ထိုအရာမှာတာအိုကျင့်ကြံသူတစ်ယောက်ပိုင်သည့်ခွန်အားသာဖြစ်လေသည်။ချိုးဝူယဲ့သက်ပျင်းတစ်ချက်ချ၍ခေါင်းခါရမ်းလိုက်သည်။ ထို့နောက်ချိုးဝူယဲ့ယွင်ရှင်းမေအားဆက်သွားရန်အချက်ပြလိုက်ပြီး ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့​၏ပုံရိပ်မှာဖျပ်ကနဲပျောက်ကွယ်သွားတော့သည်။

.......................

ပြီး...

All Chapters