စိတ်ဝင်စားစရာတွေကအခုမှလာမှာ
Vol. 5 Ch. 52
ချန်းအန်မြို့တော်...
ချန်းအန်မြို့တော်သည်ဟန်ပြောင်းပြည်နယ်၏နယ်စပ်မြို့ဖြစ်ပြီး ဟန်ပြောင်းနယ်စပ်စစ်တပ်ဂိတ်ကိုတိုက်ရိုက်ထိန်းချုပ်ထားသောအဓိကနယ်စပ်မြို့လည်းဖြစ်သည်။တာ့ယွမ်အင်ပါယာ၏စစ်သူကြီးတစ်ယောက်ဖြစ်သောချီရှန်းကျောက်သည်ချန်းအန်မြို့တွင်နေထိုင်ပြီးနယ်စပ်ဂိတ်မှတပ်သားတစ်သိန်းငါးသောင်းအားအမိန့်ပေးစေခိုင်းနိုင်သည့်အခွင့်အာဏာရှိပေသသည်။ထို့ကြောင့်ချန်းအန်မြို့သည်ငြိမ်သက်လျှက်ရှိပြီးရာဇဝတ်မှုဖြစ်သည်မှာခတ်ရှားရှားပင်။
ချိုးဝူယဲ့နှင့်ယွင်ရှင်းမေသည် ချန်းအန်မြို့ထဲသို့ရောက်ရှိနေပြီးနောက် ညမှောင်နေပြီဖြစ်သောကြောင့်တည်းခိုခန်းတစ်ခန်းရှာကာတည်းလိုက်လေသည်။တည်းခိုခန်းမှာအကောင်းစားမဟုတ်သော်လည်းတစ်ညအတွက်အခန်းနှစ်ခန်းကိုငွေတစ်စသာကျသင့်သောကြောင့်တည်းခိုရန်သင့်တော်သည်ဟုသတ်မှတ်နိုင်ပေသည်။
တည်းခိုခန်းထဲတွင်ချိုးဝူယဲ့ ဝတ်ရုံနက်နှင့်ဝါးခမောက်အားချွတ်လိုက်ပြီးစားပွဲပေါ်မှလက်ဖက်ရည်အိုးကိုယူကာ ခွက်ထဲသို့ငဲ့လိုက်သည်။ ထို့နောက် အကြမ်းရည် အငွေ့အားတစ်ချက်သပ်လိုက်ပြီး တစ်ကြိုက်သောက်လိုက်သည်။သို့သော်ချိုးဝူယဲ့မျက်မှောင်ကြုတ်၍အကြမ်းရည်ခွက်ကိုချလိုက်သည်။
ကြည့်ရသည်မှာ နယ်စပ်ဒေသရှိလက်ဖက်ရွကိများမှာအရည်အသွေးမကောင်းသည့်ပုံပင်။ထိုစဉ်..
"ဝှစ်"
ယွင်ရှင်းမေချိုးဝူယဲ့ရှေ့မှထိုင်ခုံသို့ရုတ်တရက်ရောက်ရှိလာခဲ့သည်။ချိုးဝူယဲ့ ယွင်ရှင်းမေအားမျက်နှာသေဖြင့်ကြည့်၍ပြောလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"မိုင်နှစ်ဆယ်ပတ်ပတ်လည်မှာလူတွေသောင်းနဲ့ချီပြီးစုဝေးနေတယ် ကြည့်ရတာတောဓားပြတွေပဲ"
ယွင်ရှင်းမေမျက်မှောင်ကြုတ်လိုက်ပြီးနောက်ဆက်ပြောလိုက်သည်။
"ဒီမြို့ကမလုံခြုံတော့ဘူး သောင်းချီတဲ့လူတွေထဲမှာ အဆင့်လွန်ထိပ်သီးသိုင်းသမားနှစ်ယောက်နဲ့ ထိပ်တန်းအဆင့်ရှိတဲ့သိုင်းသမား ဆယ့်ကိုးယောက်လဲပါသေးတယ် ကျန်တာ တော့ သာမန်လောက်ပဲ"
ယွင်ရှင်းမေအနည်းငယ်လေးနက်နေသည့်လေသံဖြင့်ပြောလိုက်သည်။ဤလူသောင်းဂဏန်းလောက်သည်သူမအတွက်အားစိုက်၍ဖြေရှင်းနိုင်သော်လည်းမြို့ထဲတွင်ရှိသည့် သာမန်လူသားနှင့်မိသားစုများအတွက်တော့မဟုတ်ပေ။ ထို့အပြင်ဤမြို့တွင်လည်းသူမအာရုံခံမိသလောက်စစ်အင်အားမှာ ငါးထောင်ထက်မပိုပေ။ထိုမျှအားနည်းသောအင်အားလောက်ဖြင့်သုံး သောင်းကျော်သည့်ဓားပြများနှင့် သိုင်းသမားများကိုဖြေရှင်းရန်မဖြစ်နိုင်ချေ။
ချိုးဝူယဲ့လည်းအနည်းငယ်လေးနက်သွားဟန်ရှိပြီးသူလည်းထိုအချက်အားစဉ်းစားမိလိုက်သည်။ချိုးဝူယဲ့မှာ အများအကျိုးသယ်ပိုးနေသည့် လူကောင်းတစ်ယောက်မဟုတ်သော်လည်း ဤသို့အသက်ပေါင်းများစွာသေဆုံးရမည့်ကိစ္စအားခေါင်းမရှောင်ချင်ပေ။ ထို့ကြောင့် အကယ်၍တိုက်ပွဲဖြစ်ခဲ့လျှင် အစွမ်းကုန်တိုက်ခိုက်ရန်ဆုံးဖြတ်ထားလိုက်၏။
"ကောင်းပြီလေ မနက်ဖြန်အတွက်တော့ခတ်ခဲဦးမှာပဲ"
....................
နောက်တစ်နေ့..မနက်အရုဏ်တက်ခါစအချိန်တွင်......
ချန်းအန်မြို့ဂိတ်အဝင်ဝတွင် အပြာရောင်ဝတ်စုံနှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောလူငယ်လေးနှစ်ယောက်သည်မြို့အဝင်ဝဂိတ်တံခါးတွင် မတ်တတ်ရပ်နေခဲ့ပြီး သူတို့၏အလှည့်အားစောင့်နေကြသည်။ဂိတ်အပေါက်ဝတွင်စစ်သားအယောက် နှစ်ဆယ်ခန့်သည်သေချာစောင့်ကြည့်နေပြီး ဂိတ်တံခါးအားစောင့်ကြည့်သတိထားနေခဲ့ကြသည်။
"အစောင့်အကြပ်တကယ်တင်းကျပ်ထားတာပဲ လာခဲ့တဲ့လမ်းတစ်လျှောက်မှာလည်းတောပုန်းဓားပြတွေနဲ့အနက်ရောင်သိုင်းသမားတွေချည်းပဲ ကြည့်ရတာတစ်ခုခုတော့ဖြစ်တော့မယ်ထင်တယ်"
အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသောချိုးယီသည်စိတ်ဝင်စားနေသည့်အမူအရာဖြင့်ပြောလိုက်သည်။အနက်ရောင်ဝတ်စုံနှင့်ရှီဖုန်းမှာ အတွေးနက်သွားပြီးချိုးယီအားမကြည့်ပဲပြောလိုက်သည်။
"တောပုန်းဓားပြတွေတဲ့အနက်ရောင်သိုင်းသမားတွေဒီအတိုင်းပေါင်းစည်းမိသွားဖို့ဆိုတာဘယ်လိုမမဖြစ်နိုင်ဘူးကြည့်ရတာတစ်ယောက်ယောက်ကအကွက်ချစီစဉ်ထားတဲ့ပုံပဲ ချီရှန်းကျောက်နေတဲ့မြို့ကိုတိုက်ခိုက်ရဲတယ်ဆိုတော့တော်ရုံသတ္တိမဟုတ်ဘူးပဲ"
"စိတ်ဝင်စားစရာပဲ"
"လူကြီးမင်းတို့ ခင်ဗျားတို့အလှည့်ရောက်ပါပြီ"
ထိုစဉ်စစ်သားတစ်ယောက်က အတွေးနက်နေသော ချိုးယီနှင့်ရှီဖုန်းတို့အားအော်ခေါ်လိုက်၏။ ချိုးယီနှင့်ရှီဖုန်းတို့မှာလက်တွေ့လောကထဲသို့ပြန်လည်ရောက်ရှိလာကြပြီးထိုဂိတ်စောင့်စစ်သားအား ပြန်လည်တုံ့ပြန်လိုက်ကြသည်။
"ကောင်းပါပြီ "
ဂိတ်စောင့်စစ်သားမှာဝင်ကြေးကောက်ခံပြီးနောက် ချိုးယီအားကြည့်လိုက်ပြီး တစ်ခုခုအားမရေမရာဖြစ်နေဟန်ရှိသည်။ထိုစစ်သားကချိုးဝူယဲ့အား လက်တီးစု၍မေးလိုက်သည်။
"ကျုပ်ကကျိုးကျီပါလူကြီးမင်းရဲ့နာမည်ဘယ်လိုခေါ်လဲမသိဘူး"
ထိုစစ်သား၏စကားကိုကြားသောအခါချိုးယီပြုံးလိုက်၏ထိုစစ်သားမှာ့အကြောင်းမသေချာမရေရာဖြင့်အနည်းငယ်ကြားဖူးနေဟန်ပင်။
"ကျုပ်နာမည်ကယီချိုးပါ"
"လူကြီးမင်းက သူ..သူရဲကောင်းယီချိုးလာဒါကြောင့်လူကြီးမင်းရဲ့ပုံစံကို ရင်းနှီးနေပါတယ်လေလို့ကြည့်နေတာ တကယ်သူရဲကောင်းယီချိုးဖြစ်သွားတာပဲ လူကြီးမင်းတို့နေဖို့အတွက် နေရာတွေကိုအထူးစီစဉ်ပေးထားပါတယ် ကျုပ်လမ်းပြပါရစေ "
ဂိတ်စောင့်စစ်သားလေးမှာစိတ်လှုပ်ရှားသွားပြီးနောက် ခံစားချက်အားထိန်းချုပ်လိုက်ပြီးနောက်စစ်သားတစ်ယောက်အားသီတင်းပို့ရန်ပြောလိုက်သည်။ထို့နောက်ချိုးယီတို့နှစ်ယောက်အား တင့်တကယ်သောစံအိမ်တစ်အိမ်ဆီသို့လမ်းပြပို့ဆောင်ပေးလိုက်၏။
ရှီဖုန်းသည်နောက်မှတိတ်တဆိတ်သာလိုက်ပါလာပြီးမည်သည့်အရာမှဝင်မပြောချေ။
"သူရဲကောင်းယီ ကျုပ်တစ်ယောက်ယောက်ကိုစစ်သူကြီးကိုသီတင်းသွားဖို့ခိုင်းထားပါတယ်"
"အမ်..စစ်သူကြီးကဘာကိစ္စကျုပ်တို့ကိုတွေ့ချင်ရတာတုန်း ကျုပ်တို့လာတာသီတင်းလဲကြိုမရထားပဲနဲ့"
ချိုးယီိနားမလည်နိုင်စွာပြောလိုက်လေသည်။ဂိတ်စောင့်စစ်သားမှာ ရယ်ရယ်မောမောဖြင့်ပြောပြလိုက်သည်။
"ဒီကိစ္စကဒီလိုပါသူရဲကောင်းယီ ကျုပ်တို့စစ်သူကြီးကမြို့ထဲကထိပ်သီးသိုင်းသခင်တွေနဲ့ သိုင်းပညာအဆင့်မြင့်မားတဲ့သူတွေကိုအကူအညီတောင်းစရာရှိလို့ပါတဲ့ ဒီလိုသီးသန့်စံအိမ်ကြီးတွေက သူရဲကောင်းယီတို့လိုသိုင်းလောကရဲ့အထွတ်အထိပ်မှာရှိတဲ့သိုင်းသခင်တွေအတွက်စစ်သူကြီးကသီးသန့်စီစဉ်ပေးထားတာပါ"
"အော် ကိစ္စတစ်ခုခုများဖြစ်လို့လား"
ချိုးယီစိတ်ဝင်စားစွာဖြင့်မေးလိုက်သော်လည်းဂိတ်စောင့်စစ်သားမှာအားနာသည့်လေသံဖြင့်...
"ဘာကိစ္စလဲတော့ကျုပ်လဲမသိဘူးဗျ စစ်သူကြီးကိုယ်တိုင်သူရဲကောင်းယီကိုလာပြောမယ်ထင်တယ်"
"ကျုပ်ဂိတ်စောင့်ဖို့တာဝန်ရှိသေးလို့ ကျုပ်ကိုခွင့်ပြုပါဦး"
"ကောင်းပါပြီ"
ချိုးယီခေါင့်ငြိမ့်လိုက်ပြီးနောက် ရှီဖုန်းဘက်သို့လှည့်ကာပြုံး၍ပြောလိုက်သည်။စိတ်ဝင်စားစရာတွေကအခုမှလာမှာ။
.....................
ပြီး...