← Chapters

အဲ့လူကရွှေတံဆိပ်တော်အမတ်မင်းပဲ

Vol. 5 Ch. 53

အဲ့လူကရွှေတံဆိပ်တော်အမတ်မင်းပဲ

Vol. 5 Ch. 53

"ဒါပေမဲ့ပျော်စရာကောင်းမဲ့ပွဲတော့မဟုတ်ဘူး"

ရှီဖုန်း ကောင်းကင်ပြင်ကြီး​၏အဝေးကိုငေးကြည့်လျှက်တီးတိုးပြောလိုက်သည်။အချိန်အနည်းငယ်ကြာပြီးနောက်ချိုးယီတံခါးဝသို့ခေါင်းကိုစောင်းငဲ့ကာကြည့်လိုက်သည်။ 

အသက်သုံးဆယ်ကျော်အရွယ်မုတ်ဆိတ်မွေးနှင့်စစ်ဝတ်စုံအားဝတ်ဆင်ထားသောခန့်ညားသည့်လူတစ်ယောက် သည်တစ်ယောက်ထဲဝင်လာလေသည်။ထို့နောက်ထိုလူမှာချိုးယီတို့နားသွား၍လက်တီးစုကာနှုတ်ဆက်လိုက်သည်။မှန်ပေသည်ထိုလူမှာချီရှန်းကျောက်ဖြစ်ပေသည်။

"မင်္ဂလာပါသူရဲကောင်းယီချိုး ကျုပ်ကချီရှန်းကျောက်ပါ သူရဲကောင်းယီလာတာကြားရတော့ကျုပ်တောင်အံ့ဩသွားတယ်"

"မင်္ဂလာပါစစ်သူကြီးချီ ခင်ဗျားရဲ့အကြောင်းတွေကျုပ်ကြားဖူးပါတယ်"

ချိုးယီပြုံး၍နှုတ်ဆက်လိုက်သည်။ဤစစ်သူကြီးချီမှာ အလွန်ဖော်ရွေသည့်ပုံပင်။ထို့နောက်ချီရှန်းကျောက်သည်ချိုးယီအားအကဲခတ်လိုက်သည်ချိုးယီသည်အလွန်ငယ်ရွယ်ကာတည်ငြိမ်သည့်ပုံသဏ္ဍာန်ရှိပြီးပေါင်းသင်းရလွယ်ကူသောကြောင့်စစ်သူကြီးချီရှန်းကျောက်ကပြုံး၍ပြောလိုက်သည်။

"သူရဲကောင်းယီရဲ့ သိုင်းပညာကသူများတွေပြောသလိုတကယ်ကိုခန့်မှန်းလို့မရဘူးပဲ"

ချိုးယီ စစ်သူကြီးချီရှန်းကျောက်အားရယ်မော၍ပြောလိုက်သည်။

"ဘယ်ကသာ စစ်သူကြီးချီကလည်းကျုပ်ကိုမြောက်နေပြန်ပြီ"

စစ်သူကြီးချီရှန်းကျောက်​၏အသားများသည်အလွန်ကျစ်လစ်နေပြီးပျော့ပြောင်းသည့်ပုံမရှိသောကြောင့်ခန္ဓာကိုယ်ကာယလေ့ကျင့်သူဖြစ်မှန်းသိလိုက်ရသည်။ထို့အပြင် စစ်သူကြီးချီရှန်းကျောက်မှာ အတွင်းအားအရဆိုလျှင်လည်းထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်နေချေပြီ။ချိုးယီ​၏စိတ်ထဲတွင်ချီရှန်းကျောက်အားအသိအမှတ်ပြုလိုက်သည်။ထို့နောက်ချိုးယီ ရှီဖုန်းအားခေါ်၍စစ်သူကြီးနဲ့မိတ်ဆက်ပေးလိုက်သည်။

"ဒါကကျုပ်ရဲ့ညီအကို ရှီဖုန်းပါ သိုင်းလောကသားတွေကတော့ လျှပ်တစ်ပြက်လေမိစ္ဆာလို့လဲခေါ်သေးတယ်"

"အနက်ရောင်သိုင်းသမား လျှပ်တပြတ်လေမိစ္ဆာလား"

စစ်သူကြီးချီရှန်းကျောက်​၏မျက်နှာမှာသိပ်မသာယာတော့ချေ။ချိုးယီမှာစစ်သူကြီးချီရှန်းကျောက်မှာ အနက်ရောင်သိုင်းသမားများအား သဘောမကျကြောင်းရိပ်မိလိုက်သည်။ထို့ကြောင့်ချိုးယီ စစ်သူကြီးချီရှန်းကျောက်အားစိတ်မခုစေရန်ပြောလိုက်သည်။

"စစ်သူကြီးချီ ညီအကိုရှီဖုန်းကအနက်ရောင်သိုင်းသမားလို့ သိုင်းလောက ကလူတွေကသူတို့ဘာသာသတ်မှတ်ထားတာပါ တကယ်တော့သူက အနက်ရောင်သိုင်းသမားမဟုတ်ပါဘူးသူကျင့်တဲ့ ယင်ကိုးပါးသိုင်းကျမ်းကြောင့် အနက်ရောင်သိုင်းသမားလို့သတ်မှတ်ခံထားရတာပါ "

"တကယ်တော့သိုင်းသမားအချို့က သူ့ဆီကယင်ကိုးပါးသိုင်းကျမ်းကိုလိုချင်လို့သူ့ကိုတိုက်ခိုက်ကြပြီး ညီအကိုရှီဖုန်းရဲ့သိုင်းပညာကြောင့်သာအများစုကမတိုက်ရဲပဲအနက်ရောင်သိုင်းသမားလို့တံဆိပ်ကပ်လိုက်တာပါ

ဒါကြောင့်စစ်သူကြီးချီစိတ်မပူပါနဲ့"

"ကောင်းပါပြီသူရဲကောင်းယီကိုယ်တိုင်ပြောမှတော့ကျုပ်လက်ခံပါတယ်"

ချီရှန်းကျောက်ပြုံး၍ပြောလိုက်သည်။ထို့နောက်ချီရှန်းကျောက်​၏မျက်နှာသည်တည်တံ့သွားပြီးချိုးယီအားကြည့်၍ပြောလိုက်သည်။

"ကျုပ်သူရဲကောင်းယီတို့ဆီလာရတဲ့အကြောင်းအရင်းက ကျုပ်အကူအညီတောင်းချင်လို့ပါ"

ချိုးယီ​၏မျက်နှာသည်လည်းတည်သွားပြီး..

"အဲ့ဒီကိစ္စကမြို့ပတ်ပတ်လည်မှာရှိနေတဲ့ တောပုန်းဓားပြတွေနဲ့သက်ဆိုင်မယ်ထင်တယ်"

"မှန်ပါတယ် အဲ့ဒိကိစ္စအတွက်ကျုပ်စိတ်ပူနေရတာ နယ်စပ်ဂိတ်ကစစ်သားတွေက တော်ဝင်ရုံးတော်ကအမိန့်တော်ကြောင့်အပြင်ထွက်လို့မရဘူး ဒီကိစ္စအကွက်ချစီစဉ်ခံထားရတာပဲ"

စစ်သူကြီးချီရှန်းကျောက် စိတ်မသက်သာစွာဖြင့်ပြောလိုက်ပြီးအပြင်ဖက်သို့လမ်းလျှောက်ကာထွက်လိုက်​၏။ချိုးယီနှင့်ရှီဖုန်းတို့လည်းနောက်ကလိုက်သွားလိုက်​၏။

ချိုးယီလမ်းလျှောက်ရင်းဖြင့်မေးလိုက်သည်။

"ဒီကိစ္စကိုစစ်သူကြီးချီဘယ်လိုလုပ်မယ်လို့စဉ်းစားထားလဲ"

ချီရှန်းကျောက် မျက်နှာသည်လေးနက်နေပြီးမသေချာမရေရာသည့်ပုံဖြင့်...

"ကျုပ်တို့ချန်းအန်မြို့မှာမြို့စောင့်တပ်သားက ငါးထောင်ပဲရှိတယ် အဓိကအင်အားကိုနယ်စပ်ဂိတ်ကနေယူရတာဒါပေမဲ့ အခုတော်ဝင်ရုံးတော်ကရုတ်တရက်ကြီးနယ်စပ်ဂိတ်ကိုအင်အားအလုံးအရင်းနဲ့စောင့်ကြပ်ခိုင်းထားတာ ချန်းအန်မြို့ကိုတပ်ကူမလွတ်နိုင်ဘူး"

စကားပြောရင်းနှင့်ပင်မသိလိုက်ခင်မှာပဲသုံးယောက်သား မြို့တံတိုင်းပေါ်သို့ရောက်ရှိသွားခဲ့သည်။ချီရှန်းကျောက်မြို့တံတိုင်းပေါ်မှ အရှေ့ဘက် လေးငါးမိုင်အကွာရှိတောအုပ်ထဲသိုကြည့်လိုက်ပြီး...

"သူတို့ကအရေအတွက်ဘယ်လောက်လဲမသိတာခတ်နေတယ် ဟင်း.."

ချီရှန်းကျောက်သက်ပျင်းချသံကိုကြားသောအခါချိုးယီစိလိုစိတ်ဖြင့်မေးမြန်းလိုက်သည်။

"ဒီကိစ္စရဲ့နောက်ကွယ်ကဘယ်သူလဲဆိုတာစစ်သူကြီးချီခန့်မှန်းထားတဲ့သူရှိလား"

"ကျုပ်ကခန့်မှန်းထားတာမဟုတ်ဘူးဘယ်သူလဲဆိုတာပါအတိအကျသိတယ် ဒါပေမဲ့သူ့ကိုကျုပ်ဘာမှလုပ်လို့မရဘူး"

ချီရှန်းကျောက်စိတ်ဓာတ်ကျစွာပြောလိုက်​၏။ချိုးယီလည်းသက်ပျင်းချလိုက်ပြီး တစ်စုံတစ်ခုအားခန့်မှန်းကာပြောလိုက်​၏။

"စစ်သူကြီးချီရဲ့မျက်နှာကိုကြည့်ရပုံထောက်ရင်တော့ တော်ဝင်ရုံးတော်ကလူပဲနေမယ်"

"ဟုတ်တယ် ပြီးတော့အဲ့လူကရွှေတံဆိပ်တော်အမတ်မင်းပဲ ဒီတစ်ခေါက်သူ့လူတွေက သူတို့လိုချင်တဲ့နေရာမပေးလို့ ကျုပ်ကိုခြိမ်းခြောက်သွားတာ တကယ်လုပ်လိမ့်မယ်လို့မထင်ထားဘူး ရွှေတံဆိပ်တော်အမတ်က တကယ်ပဲဘာတွေကြံစည်နေလဲနားမလည်နိုင်တော့ဘူး"

"ရွှေတံဆိပ်တော်အမတ်မင်း...ကျုပ်ကြားဖူးသလိုလိုပဲ"

"ခဏလေး ကျုပ်တို့ကိုလမ်းမှာတိုက်ခိုက်ခဲ့တဲ့သူတွေကသူတို့ကိုသူတို့ရွှေတံဆိပ်တော်အမတ်မင်းရဲ့သံတမန်တွေလို့ပြောသံကြားမိသလားလို့"

ရှီဖုန်းတစ်ခုခုအားစဉ်းစားမိဟန်ဖြင့်ဝင်ပြောလိုက်သည်။ချီရှန်းကျောက်လည်းအံ့ဩသွားဟန်ဖြင့်...

"အညိုရင့်ရင့်အဝတ်အစားတွေကိုဝတ်ထားတဲ့လူသုံးယောက်ကိုပြောတာလား"

ချိုးယီလည်းအမှတ်ရသွားဟန်ဖြင့်ပြောလိုက်သည်။စစ်သူကြီးချီရှန်းကျောက်ပြောသည့်သူသုံးယောက်မှာ သေချာပေါက်လမ်းတွင်သူတို့အားတိုက်ခိုက်ခဲ့သောသူများဖြစ်သည်။

"ဟုတ်တယ် ဟန်ပြောင်းနယ်စပ်ရဲ့တောစပ်မှာတွေ့ခဲ့တယ် သူတို့ကိုသူတို့ရွှေတံဆိပ်တော်အမတ်မင်းရဲ့သံတမန်တွေလို့ပြောပြီး ကျုပ်တို့ကို ချန်းအန်မြို့အနီးနားတစ်ဝိုက်ကိုဘယ်သူမှလာခွင့်မရှိဘူးဆိုပြီးပြောတယ်"

"ကျုပ်တို့လည်းအစကသာသာယာယာထွက်သွားချင်ခဲ့တာ ဒါပေမဲ့ သူတို့ကရုတ်တရက်ကြီးကျုပ်တို့ကိုလာတိုက်ခိုက်လို့ ညီအကိုရှီဖုန်းကသူတို့သုံးယောက်စလုံးကိုသတ်ပစ်လိုက်ပြီ"

ချိုယီ​၏စကားများသည် ချီရှန်းကျောက်အားထိပ်လန့်သွားစေခဲ့သည်။ထို့နောက် ချီရှန်းကျောက်မှာသက်ပျင်းချလိုက်ပြီးစိတ်ဓာတ်ကျစွာပြောလိုက်သည်။

"သွားပြီပြဿနာတွေတော့ရှုပ်ကုန်တော့မှာပဲ"

ချိုးယီလည်းစိတ်မသက်သာစွာပြောလိုက်သည်။

"ကျုပ်တို့လုပ်ရပ်က စစ်သူကြီးချီကိုအခတ်အခဲအများကြီးပိုဖြစ်သွားစေခဲ့တယ်ထင်တယ်"

ချီရှန်းကျောက်ခေါင်းခါရမ်း၍ပြောလိုက်သည်။

"ဟင်း...ဘာမှမဖြစ်ဘူးရှိစေတော့ သူတို့သေသေမသေသေ ကျုပ်တို့တောပုန်းဓားပြတပ်ကြီးနဲ့ရင်ဆိုင်ရမှာတော့မလွဲဧကန်ပဲ"

.....................

ပြီး...

All Chapters