နတ်လက်ဖဝါးနှစ်ဖက် ဟိုင်ချန်းလွေ့
Vol. 5 Ch. 54
"ကျုပ်တို့ကဘယ်လိုကူညီရမှာလဲစစ်သူကြီးချီပြောပါ"
ချီရှန်းကျောက်ခေါင်းငြိမ့်လိုက်ပြီးတစ်ခုခုပြောရင်ပြင်လိုက်သည်။ထိုစဉ်...
"ဝှစ်"
လေလှိုင်းလှုပ်ခတ်သံအနည်းငယ်ကြားလိုက်ပြီးရှီဖုန်းဘေးတစ်ဖက်သို့ခေါင်းလှည့်လိုက်သည်။
"ရွစ်"
သစ်ရွက်လေးရွက်သည်အရှိန်ပြင်းစွာဖြင့်ချိုးယီဆီသို့တိုးဝင်လာခဲ့သည်။ထိုသစ်ရွက်များ၏အရှိန်သည်အလွန်လျင်မြန်သောကြောင့်ချီရှန်းကျောက်ပင်တုန့်ပြန်ချိန်မရလိုက်ပေ။သို့သော်..
"ဝုန်း"
ချိုးယီသူ၏လက်တစ်ဖက်အားဝေ့ရမ်းကာခါထုတ်လိုက်သည့်အချိန်တွင် အတွင်းအားအကာကွယ်တစ်ခုထွက်ပေါ်လာပြီး သစ်ရွက်လေးရွက်ကိုပြန်လည်တွန်းကန်ကာရိုက်ထုတ်လိုက်လေသည်။ထို့နောက်ချိုးယီသစ်ရွက်တစ်ရွက်အားလက်နှစ်ချောင်းဖြင့်ညပ်၍ဦးတည်ချက်တစ်ခုအားမကြည့်ပဲပစ်လိုက်၏။
"ဝှစ်..ရွစ်"
ချိုးယီပစ်လိုက်သောသစ်ရွက်သည်တံတိုင်း၏ဘေးတစ်ဝိုက်တွင်လျင်မြန်စွာရွေ့လျားနေသောအရိပ်တစ်ခုဆီသို့ဦးတည်သွား၏။ထိုပုံရိပ်သည်သူ့ဆီသို့ဦးတည်လာနေသောသစ်ရွက်အားပုတ်ထုတ်လိုက်လေသည်။
"ဖက်.."
သစ်ရွက်သည်အုတ်တံတိုင်းတွင်တစ်ဝက်တိတိနစ်သွားကာစိုက်ဝင်နေခဲ့သည်။မူလကချီရှန်းကျောက် ရုတ်တရက်တိုက်ခိုက်ခံရတာကြောင့်ထိတ်လန့်သွားသော်လည်းထိုပုံရိပ်အားတွေ့ပြီးနောက်စိတ်တည်ငြိမ်သွားခဲ့သည်။
ချိုးယီသူ၏မျက်လုံးအားမေးကျဉ်းလိုက်ပြီးထိုပုံရိပ်အားကြည့်ကာမေးလိုက်သည်။သူ၏လက်တစ်ဖက်နောက်ပစ်ထားသောပုံစံကတော့မပြောင်းမလဲပင်။
"ခင်ဗျားကဘယ်သူလဲ ဘာကြောင့်တိုက်ခိုက်ရတာလဲ ကျုပ်တို့ရန်ငြိုးရန်စရှိလို့လား"
ထိုပုံရိပ်မှာ အသက် ခုနှစ်ဆယ်ကျော်အရွယ်ရှိဖြူဆွတ်နေသော်မုတ်ဆိတ်မွေးဖြင့်အဖိုးကြီးတစ်ယောက်ပင်။အနက်ရောင်နှင့် အဖြူရောင်စပ်ထားသောဝတ်စုံကိုဝတ်ဆင်ထားပြီးနောက်ကျောတွင်လည်းယင်-ယန်သင်္ကေသပါသောဓားတစ်ချောင်းအားလွယ်ပိုးထားသည်
ထိုအဖိုးကြီးမှာပြုံးလျှက်မုတ်ဆိတ်မွေးအားပွတ်သပ်နေခဲ့သည်။အဖိုးကြီးမှာချိုးဝူယဲ့၏အမေး အားမဖြေပဲရုတ်ချည်းထပ်မံလှုပ်ရှားလိုက်ပြန်သည်။
"ဝှစ်"
အဖိုးကြီး၏ပုံရိပ်သည် ရိပ်ကနဲပျောက်ကွယ်သွားခဲ့သည်။ချိုးယီ၏မျက်နှာသည်အေးစက်သွားခဲ့သည်။ကိုယ်နှင့်မသိသောလူတစ်ယောက်ကရုတ်တရက်တိုက်ခိုက်လာလျှင်မည်သူကကြိုက်မည်နည်း။ချိုးယီ၏စိတ်ထဲတွင်ထိုအဖိုးကြီးကိုနည်းလမ်းပေါင်းစုံဖြင့်အပြစ်တင်ကြိမ်ဆဲနေခဲ့သည်။
'အဖိုးကြီးခင်ဗျားကကျုပ်တို့အချင်းချင်းတောင်မသိကြပဲနဲ့ကျုပ်ကိုတိုက်ခိုက်ရဲတယ်ပေါ့ကြည့်နေလိုက် ခင်ဗျားရဲ့သောက်နှုတ်ခမ်းမွေးတွေကိုတစ်ပင်မှမကျန်အောင်ဆွဲနှုတ်ပစ်မယ်'
ထို့နောက်ချိုးယီသူ၏ညာလက်အားလက်ဝါးဖြန့်လိုက်ပြီး အတွင်းအားကိုဖြန့်ထုပ်လိုက်သည်။
"ဝုန်း..ဝုန်း..ဝုန်း"
ချိုးယီ၏အတွင်းအားလှိုင်းကြောင့်ချီရှန်းကျောက်ပင်နောက်သို့ခြေလေးငါးလှမ်းခန့်နောက်ဆုတ်လိုက်ရသည်။ချီရှန်းကျောက်၏မျက်နှာသည်အလွန်လေးနက်နေခဲ့သည် သူထင်သည့်အတိုင်းပင် ဓားပြတို့၏အိမ်မက်ဆိုးဟုနာမည်ကြီးနေသောချိုးယီမှာ အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ပင်ဖြစ်လေသည်။ထို့ပြင်သူ၏အတွင်းအားမှာ အလွန်နက်နဲ၍အေးစက်ပျော့ပြောင်းလှသည်။
ချိုးယီသူ၏ခေါင်းအားအပေါ်သို့မော့ကြည့်လိုက်သည် မုတ်ဆိတ်ဖြူဖြူနှင့်အဖိုးကြီးသည် လေပေါ်မှလက်ဖဝါးသိုင်းတစ်ကွက်ဖြင့်ကျဆင်းလာခဲ့လေသည်။ချိုးယီသူ၏ညာလက်အားစက်ဝိုင်းသဏ္ဍာန်ဝေ့ရမ်း၍တီးတိုးရေရွတ်လိုက်သည်။
"လွဲပြောင်းခြင်းကတော့"
"ဝူး..ဝုန်"
မုတ်ဆိတ်ဖြူအဖိုးကြီးချိုးယီနှင့်သုံးမီတာသာကွာဝေးတော့သည့်အချိန်တွင်သူ၏လက်ဖဝါးမှပြင်းထန်လှသောအတွင်းအားများမှာရုတ်တရက်လမ်းကြောင်းပြောင်းသွားပြီးချိုးယီ၏မမြင်ရသောဝဲကတော့စက်ဝိုင်းတွင်ပျောက်ကွယ်သွားလေသည်။အဖိုးကြီး၏မျက်နှာသည်ပြောင်းလဲသွားပြီးသူ၏လက်ဖဝါးသိုင်းကွက်အားပြန်လည်ရုပ်သိမ်းကာမြေကြီးသို့ခြေတစ်ချက်ဆောင့်၍နောက်သို့ဆုတ်လိုက်သည်။
သို့သော်ချိုးယီမှာအော်ဟစ်လိုက်ပြီးလက်ဟန်လှုပ်ရှားမှုတစ်ခုပြုလိုက်သည်။သူ၏ညာဖက်လက်ကိုယခင်ကဝေ့ရမ်းခဲ့သည့်နည်းအတိုင်းပြောင်းပြန်ဝေ့ရမ်းလိုက်ပြီး..
"ဘယ်ပြေးမှာလဲ"
ချိုးယီပြောင်းပြန်ဝေ့ရမ်းလိုက်သောအခါမမြင်ရသောဝဲကတော့စက်ဝိုင်းအတွင်းမှ ယခင်ကအဖိုးကြီးတိုက်ခိုက်ခဲ့သောလက်ဖဝါးသိုင်းကွက်၏အတွင်းအားလှိုင်းများသည်ပြန်လည်ဝဲကတော့စက်ဝိုင်းမှပြန်လည်ထွက်ပေါ်လာခဲ့လေသည်။
"ဝုန်း.ဝုန်း"
လေပေါ်မှာတင်ရှိသေးသော အဖိုးကြီးမှာမျက်နှာမကောင်းတော့ချေ။သူ့ဆီသို့ဦးတည်လာနေသောပြင်းထန်သည့်အတွင်းအားလှိုင်းကိုကြည့်လိုက်ပြီးနောက်သူ၏လက်နှစ်ဖက်အားဘေးတစ်ဖက်တစ်ချက်ဆီသို့ဆန့်ထုတ်၍ ယင်ယန်သဏ္ဍာန်နှစ်ဖက်ညီမျှအောင်လည့်ပတ်လိုက်သည်။
ထို့နောက်သူ့သီသို့တိုးဝင်လာသောအတွင်းအားလှုင်းကြီးအားလက်နှစ်ဖက်ရှေ့သို့ဆန့်ထုတ်၍ကာလိုက်သည်။သို့သော်ထူးဆန်းသည်မှာအတွင်းစွမ်းအင်လှိုင်းကြီးသည်အဖိုးကြီးအားမရိုက်ခတ်သွားပဲရှေ့တွင်ကာဘိုက်သောအဖိုးကြီး၏လက်ဖဝါးနှစ်ဖက်တွင်ရပ်တန့်သွားပြီးထိုအဖိုးကြီးလက်ဖဝါး၏စေညွန်ရာအတိုင်းလိုက်ပါသွားခဲ့သည်။မုတ်ဆိတ်ဖြူအဖိုးကြီးသည်သူ၏ လက်ဖဝါးနှစ်ဖက်အား ဘေးဖက်သို့ပြန်လည်ခွဲထုတ်လိုက်ပြီး ယင်ယန်စက်ဝန်းသဏ္ဍာန်ပြန်လည်လှည့်ပတ်ကာ သူ၏လက်နှစ်ဖက်အားပြန်လည်ရုပ်သိမ်းလိုက်လေသည်။
ပြင်းထန်သောအတွင်းအားလှိုင်းကြီးမှာထိုအဖဖိုးကြီး၏ ယင်ယန်စက်ဝိုင်းဏ္ဍာန်လှုပ်ရှားမှုတွင်လုံးဝတိမ်မြုတ်ကာပျောက်ကွယ်သွားလေသည်။ချီရှန်းကျောက်မှာ၎င်းတို့နှစ်ယောက်၏သိုင်းကွက်များကြောင့်မိန်းမောနေပြီးပါးစပ်ကြီးဟလျှက်ပင်ရှီဖုန်းလည်းအဖိုးကြီး၏သိုင်းပညာကြော်င့်အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ထိုအဖိုးကြီးမှာအဆင့်လွန်ထိပ်သီးတစ်ယောက်ပေလော။
ထို့နောက်အဖိုးကြီးမှာလေပါ်မှဖြည်းညင်းစွာဆင်းသက်လာပြီးအသက်ပျင်းပျင်းရှူချလိုက်ကာချိုးယီအားရယ်မော၍ပြောလိုက်သည်။
"ဟားဟားဟား လူငယ်သူရဲကောင်းယီချိုးရဲ့သိုင်းပညာက တကယ့်ကို အံ့ဖွယ်တကားပါပဲဒီအဖိုးကြီးတောင်ကို့တိုက်ကွက်နဲ့ကိုပြန်ခံရတော့မလို့နဲနဲပဲလိုတယ်"
ချိုးယီလည်းအံ့အားသင့်သွား၍သူခန့်မှန်းထားသည်မှာဤသို့မဟုတ်ပေ။ထိုအဖိုးကြီးမှာရန်သူမဟုတ်ပေလော။ချိုးယီခေါင်းခါရမ်း၍လက်တီးစုကာမေးလိုက်သည်။
"အကြီးအကဲခင်ဗျားကဘယ်သူပါလဲ"
"ဒီအဖိုးကြီးကဝူတန်ဂိုဏ်းကဟိုင်ချန်းလွေ့လို့ခေါ်တယ် သိုင်းလောကမှာတော့နတ်လက်ဖဝါးနှစ်ဖက် လို့လဲခေါ်ကြသေးတယ်"
ထိုအဖိုးကြီးမှာမုတ်ဆိတ်ကိုပွတ်သတ်ကာ ခတ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။ချိုးယီရယ်မောလိုက်ပြီး..
"ဟားဟားဟားသိုင်းလောကရဲ့အဓိပတိပညာရှင်တစ်ယောက်နဲ့လာဆုံလိမ့်မယ်လို့မထင်ထားဘူး အဲ့တာကြောင့်အကြီးအကဲဟိုင်ရဲ့သိုင်းပညာကတော်တော်မြင့်နေတာကိုဗျ"
ဟိုင်ချန်းလွေ့မှာချိုးယီ၏စကားအလိုက်သိတတ်မှုကြောင့်ကျေနပ်သွားပြီးမုတ်ဆိတ်မွေးကိုပွတ်သပ်၍ချီရှန်းကျောက်ကိုကြည့်၍ပြောလိုက်သည်။
"တစ်နေရာရာမှာလက်ဖက်ရည်သောက်ရင်းဆွေးနွေးကြရရင်ရောဘယ်လိုလဲ သူရဲကောင်းချိုးလည်းရှိနေတာဆိုတော့မောင်ရင်လုပ်မဲ့ကိစ္စကပိုပြီးလွယ်ကူသွားတာပေါ့"
ချီရှန်းကျောက်ရှေ့သို့အရင်ဦးဆုံးလမ်းလျှောက်၍ခေါင်းငြိမ့်ကာပြောလိုက်သည်။
"ကောင်းပါပြီအကြီးအကဲဟိုင် ကြွပါကျုပ်ရှေ့ကနေလမ်းပြပေးပါ့မယ်"
ချိုးယီ နှင့်ရှီဖုန်းလဲခေါင်းကိုငြိမ့်၍နောက်မှလိုက်သွားလိုက်သည်။
....................
ပြီး...