မျက်နှာပြောင်သောအဖိုးကြီးကွေယွေ့
Vol. 5 Ch. 55
စစ်သူကြီးစံအိမ်တော် ဝါးတောရှိဇရပ်တဲလေးတစ်ခုတွင်....
စားပွဲဝိုင်းလေးတစ်ခုတွင် ဟိုင်ချန်းလွေ့ ၊ချီရှန်းကျောက်၊ ချိုးယီနှင့်၊ ရှီဖုန်းတို့ လေးယောက်သားနေရာကိုယ်စီယူကာထိုင်လိုက်ကြသည်။သို့သော်စားပွဲခုံမှာတစ်နေရာစာလွတ်နေသေးသည်။ချီရှန်းကျောက်၏ဇနီးသည် ရွယ်ဟွားရန်လည်းထိုနေရာတွင်ရှိနေခဲ့သည်။ချိုးယီလည်းအံ့အားသင့်သွား၏ ကလေးအမေဖြစ်သော ရွယ်ဟွားရန်မှာ အသက်သုံးဆယ်ကျော်ခဲ့ပြီးဖြစ်သော်လည်း ဆယ့်ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်ကဲ့သို့လှပနုပျိုနေဆဲပင်။
ချီရှန်းကျောက် မတ်တပ်ရပ်လိုက်ပြီး နောက်ရွယ်ဟွားရန်၏လက်ကလေးအားကိုင်ကာမိတ်ဆက်ပေးလိုက်သည်။
"အားလုံးပဲဒါကကျုပ်ရဲ့ဇနီးသည် ရွယ်ဟွားရန်ပါ"
ချိုးယီနှင့်အခြားလူများကအသိအမှတ်ပြုဟန်ဖြင့်ခေါင်းငြိမ့်၍ပြုံးပြလိုက်ကြသည်။ရွယ်ဟွားရန်ကလည်းပြုံး၍ပြန်လည်နှုတ်ဆက်လိုက်သည်။ချီရှန်းကျောက်သူ၏မိန်းမအားပြုံး၍ဟိုင်ချန်းလွေ့နှင့်အခြားလူများအားမိတ်ဆက်ပေးလိုက်သည်။
"ဒါကအကြီးအကဲဟိုင်ချန်လွေ့ ဝူတန်ဂိုဏ်းကနတ်လက်ဖဝါးနှစ်ဖက်ပညာရှင်လို့လဲသိကြတယ်"
"ဒီဘက်ကတော့ သူရဲကောင်းယီချိုး သိုင်းလောကသားတွေကတော့သူ့ကိုဘွဲ့အမျိုးမျိုးတပ်ပေးထားကြတယ်"
"သူ့ဘေးကတော့သူ့ရဲ့ညီအကိုဖြစ်တဲ့လျှပ်ပြတ်လေမိစ္ဆာရှီဖုန်းပဲ"
ရွယ်ဟွားရန်ခေါင်းကိုငြိမ့်ကာအေးချမ်းတည်ငြိမ်သောအပြုံးလေးတစ်ပွင့်ဖြင့်နှုတ်ဆက်စကားပြောလိုက်သည်။
"အားလုံးပဲကျွန်မက တော်ဝင်ရုံးတော်ရဲ့မင်းသမီးကြီးရွယ်ဟွားရန်ပါ တွေ့ရတာဝမ်းသာပါတယ်ရှင့်"
ချိုးယီအံ့အားသင့်သွားခဲ့သည်။စစ်သူကြီးချီရှန်းကျောက်မှာ တော်ဝင်မင်းသမီးအားလက်ထပ်ထားသည်ဟုမထင်ထားခဲ့ပေ။ထို့အပြင်ရွယ်ဟွားရန်မှာအတော်ပင်လှပသေးသည်။ ချီရှန်းကျောက်မှာဘဝမျက်နှာပန်းလှသောသူဟု၍ပြောနိုင်လေသည်။ထိုစဉ်အရိပ်တစ်ခုသည်၎င်းတို့နားတွင်ရိပ်ကနဲလျှပ်တစ်ပြက်အတွင်းထွက်ပေါ်လာခဲ့လေသည်။
"ရိုး... ကျုပ်အတွက်ထိုင်ခုံချန်ထားပေးသေးတာပဲ ကျုပ်မှာနောက်ကျလို့ဘုံပျောက်ပီထင်နေတာ"
ခရမ်းရောင်ဝတ်ရုံရှည်နှင့် အဖိုးကြီးတစ်ယောက်သည်ချိုးယီတို့ဘေးရှိထိုင်ခုံတွင်ရုတ်တရက်ထွက်ပေါ်လာပြီးရယ်ရယ်မောမောဖြင့်ပြောဆိုလိုက်သည်။ချိုးယီနှင့်ရှီဖုန်းလည်းဝါးတောမှလှုပ်ခတ်သံအနည်းငယ်သာကြားလိုက်ရပြီးလူတစ်ယောက်ရိပ်ကနဲမှုန်ဝါးဝါးရောက်လာသည်ကိုသာတွေ့လိုက်ရသည်။ ချိုးယိကိုယ်တိုင်ပင်အံ့အားသင့်သွား၏။သူသည်အနှစ်ခုနှစ်ဆယ်ကျော်အတွင်းအားဖြင့်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်နေသော်လည်း ထိုလူ၏အလျင်သည်သူ့အတွက်ပင်အလွန်လျင်မြန်လွန်းနေခဲ့သည်။
"ဟားဟားဟား ရောင်းရင်းကွေကတော့အရင်လိုပဲ ဘယ်သူမှလိုက်မမှီမသိနိုင်လောက်အောင်လျင်မြန်ဖျတ်လတ်နေတုန်းပဲဗျို့ ကျုပ်ကတော့ဒီတစ်သက်ရောင်းရင်းကွေကိုအမှီလိုက်နိုင်တော့မယ်မထင်ဘူး"
ဟိုင်ချန်းလွေ့ထရပ်၍ရယ်မောကာနှုတ်ဆက်လိုက်သည်။ကွေယွေ့ရယ်မောကာလက်ဝေ့ရမ်းလိုက်ပြီး...
"ဘယ်ကသာ ဘယ်ကသာ..ရောင်းရင်းဟိုင်ပြောတော့မှ သိုင်းလောကမှာပစ္စည်းပျောက်တဲ့အမှုတွေအားလုံးကျုပ်ခေါင်းပေါ်ပြုတ်ကျလာဦးမယ်ဗျို့"
ဟိုင်ချန်းလွေ့အားရပါးရရယ်မောကာပြောလိုက်လေသည်။
"ဟား ရောင်းရင်းကွေတို့ကတော့တယ်နောက်ပီဗျို့ ခင်ဗျားအဆင့်ကြီးနဲ့ပစ္စည်းတွေအိမ်တံခါးဝအရောက်ပို့ပေးနေတာတောင်ငြင်းဆန်နေတာမဟုတ်ဘူးလား"
ချီရှန်းကျောက်နှင့်အခြားလူများမှာထိုအဖိုးကြီးနှစ်ယောက်၏စကားဝိုင်းကြောင့်ရယ်မောလိုက်ကြသည်။ချိုးယီလည်းထိုအဖိုးကြီးနှစ်ယောက်သားတစ်ကမ္ဘာဖြစ်နေသောကြောင့်ပြောစရာစကားပျောက်ရှနေခဲ့သည်။အချိန်အနည်းငယ်ကြာပြီးနောက်..
"အဟမ်း..ရောင်းရင်းကွေကျုပ်ခင်ဗျားကိုမိတ်ဆက်ပေးစရာလူရှိတယ်.."
အဖိုးကြီးဟိုင်ချန်းလွေ့ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည်ကွေယွေ့လည်းစိတ်ဝင်တစားဖြင့်ဟိုင်ချန်းလွေ့အားအံ့ဩတကြီးဖြင့်ကြည့်၍ပြောလိုက်သည်။
"ရောင်းရင်းဟိုင်ကျုပ်ကို စစ်သူကြီးချီနဲ့မိတ်ဆက်ပေးမလို့တော့မဟုတ်ဘူးမို့လားကျုပ်မနေ့ကပဲတွေ့ခဲ့ပြီးပြီလေ"
"ခင်ဗျားကိုမိတ်ဆက်ပေးမှာစစ်သူကြီးချီနဲ့မဟုတ်ဘူး ဒီဘက်က လူငယ်သူရဲကောင်းယီချိုးနဲ့မိတ်ဆက်ပေးမလို့"
ဟိုင်ချန်းလွေ့ရယ်ရမလိုငိုရမလိုဖြစ်သွားခဲ့သည်။ထိုအဖိုးကြီးကွေယွေ့မှာပြောသည့်စကားဆုံးအောင်နားမထောင်သည့်အကျင့်မှာယခုထိမပျောက်သေးပေ။ထို့နောက်ဟိုင်ချန်းလွေ့ဆက်ပြောလိုက်သည်။
"လူငယ်တွေရဲ့ပါးစပ်ဖျားမှာစွဲနေတဲ့ဓားသခင်ယီချိုးဆိုတာခင်ဗျားကြားဖူးမှာပေါ့ အဲ့ဒီယီချိုးဆိုတာ ဟောဒီကလူငယ်လေးပဲ သူကိုငယ်သေးလို့သိုင်းပညာမှာသွားတော့မစမ်းမိစေနဲ့ခင်ဗျားငိုပြီးပါပြန်သွားရမယ် ကျုပ်တောင်အရိုက်ခံရတော့မလို့နဲနဲလိုသွားတယ်"
"ဟေ..သိုင်းလောကမှာနတ်လက်ဖဝါးနှစ်ဖက်လို့ကျော်ကြားတဲ့ခင်ဗျားလိုလူကိုတောင်ဒိလူငယ်သူရဲကောင်းကပြိုင်တိုက်ခိုက်နိုင်တယ်ပေါ့ဒါဆိုရင်တော့ကျုပ်သွားမရှုပ်ချင်တော့ဘူး ခင်ဗျားရဲ့သိုင်းပညာနဲ့ကျုပ်နဲ့ကဘာမှသိပ်ကွာတာမဟုတ်ဘူး"
ကွေယွေ့မှာလျှပ်တစ်ပြက်ဂိုဏ်းမှအဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်ဖြစ်ပြီးပြိုင်စံရှားထန်ရှောင်းနှင့်သားရေကျအောင်တိုက်ခိုက်နိုင်ခဲ့သည်ဟူသော ကောလဟာလများရှိခဲ့ဖူးသည်။သို့သော်ထိုသီတင်းမှာအမှန်လားအမှားလားသူကိုယ်တိုင်သာသိပေသည်။ထို့ပြင်အဖိုးကြီးကွေယွေ့မှာ သိုင်းလောကတွင် လေနှင်သူကွေယွေ့ဟုနာမည်ကြီးလေသည်။
ထိုအဖိုးကြီးကွေယွေ့မှာအနက်ရောင်သိုင်းသမားများအားအလွန်မုန်းတီးပြီးတွေ့လျှင်တွေ့သည့်နေရာအပြတ်ရှင်းပစ်သူဖြစ်သည်။ထို့ကြောင့်အဖြူရောင်သိုင်းသမားအများစုမှာ ကွေယွေ့အား အဖြူရောင်သိုင်းလောက၏ခေါင်းဆောင်တစ်ယောက်ဟုသတ်မှတ်ထားကြလေသည်။
"တွေ့ရတာဝမ်းသာပါတယ် အကြီးအကဲကွေ ကျုပ်က ယီချိုးပါ အကြီးအကဲကွေရဲ့ဂုဏ်သတင်းတွေကိုကျုပ်အတော်များများကြားဖူးပါတယ် အခုလိုအကြီးအကဲကွေနဲ့တစ်ဝိုင်းတည်းလက်ဖက်ရည်အတူတူသောက်ရလို့ကျုပ်ကိုယ်ကျုပ်ဂုဏ်ယူမိပါတယ်"
ထို့နောက်ချိုးယီထိုင်၍အကြမ်းရည်သောက်နေသောရှီဖုန်းအားကြည့်၍မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲကွေဒါကကျုပ်ရဲ့ညီအကို ရှီဖုန်းပါသိုင်းလောကမှာတော့လျှပ်တစ်ပြက်လေမိစ္ဆာလို့လဲသိကြတယ်ဒါပေမဲ့အကြီးအကဲကွေစိတ်မပူ..."
ချိုးယီပြော၍ပင်မဆုံးသေးချေ...
"ဝှစ်"
အဖိုးကြီးကွေယွေ့၏ပုံရိပ်သည်ပျောက်ကွယ်သွားပြီး ရှီဖုန်း၏ရှေ့နားတွင်ထွက်ပေါ်လာကာလက်နှစ်ချောင်းဖြင့် အရှိန်ပြင်းစွာထိုးခတ်လိုက်သည်။အဖိုးကြီးကွေယွေ့၏လက်နှစ်ချောင်းသည်လေထုကိုဖြတ်၍ ရှီဖုန်းဆီသို့မရောက်မီတစ်မီတာအလိုတွင်ရှီဖုန်းအကြမ်းရည်ခွက်အားချလိုက်ပြီး အဖိုးကြီးကွေယွေ့ဘက်သို့ခေါင်းလှည့်လိုက်ပြီးအဖိုးကြီးကွေယွေ့အားအေးစက်စွာစိုက်ကြည့်လိုက်သည်။
ထို့နောက်ရှီဖုန်းလက်နှစ်ချောင်းသည် အဖိုးကြီးကွေယွေ့၏လေထုကိုထိုးခွင်းလာသောလက်နှစ်ချောင်းအား လမ်းတစ်ဝက်မှာတင်ညပ်၍ရပ်တန့်လိုက်သည်။
အဖိုးကြီးကွေယွေ့မှာအံ့အားသင့်သွားပြီးအတွင်းအားပိုစိုက်ထည့်၍ထိုးဖောက်ရန်လုပ်လိုက်သော်လည်းတစ်ဖက်လူ၏အတွင်းအားမှာအေးစက်ထုံထိုင်းစေ၍ အတွင်းအားမနည်းလှကြောင်းခံစားမိလိုက်သည်။ဖြစ်နိုင်သည့်အကြောင်းအရင်းမှာတစ်ခုတည်းသာရှိလေသည်။တစ်ဖက်လူငယ်မှာအဆင့်လွန်ထိပ်သီးတစ်ဦးပင်ဖြစ်ပေလိမ့်မည်။
ထို့နောက်အဖိုးကြီးကွေသူ၏လက်နှစ်ချောင်းအားပြန်လည်ရုပ်သိမ်းလိုက်ပြီးသူ၏လက်နှစ်ချောင်းတွင်ကပ်ညိနေသေးသော အေးစက်စက်စွမ်းအင်များကိုခါထုပ်လိုက်လေသည်။ထိုအချိန်မှာပဲချိုးယီ၎င်းတို့နှစ်ဦးကြားဝင်လာပြီးဖျောင်ဖြေလိုက်သည်။
"စိတ်လျှော့ပါအကြီးအကဲကွေ ညီအကိုရှီဖုန်းကအနက်ရောင်သိုင်းသမားမဟုတ်ပါဘူးသူကျင့်တဲ့ယင်ကိုးပါးသိုင်းကျမ်းကြောင့် သိုင်းလောကသားတွကဘုမသိဘမသိနဲ့သတ်မှတ်ထားကြတာပါ အနက်ရောင်သိုင်းပညာရှင်လို့ပြောရအောင်ကလည်းညီအကိုရှီဖုန်းကအခုချိန်ထိ အကြောင်းရင်းမရှိပဲလူသတ်တာမရှိခဲ့ဖူးပါဘူး ဒါကြောင့်အကြီးအကဲကွေစိတ်လျှာ့ပါ"
ချိုးယီ၏စကားကြားမှသညအဖိုးကြီးကွေယွေ့လည်းအံ့အားသင့်သွားပြီး ရှီဖုန်းကိုခေါင်းရမ်းကာပြုံး၍ပြောလိုက်သည်။
"ဒီကမိတ်ဆွေလေး ဒီအဖိုးကြီးအနက်ရောင်သိုင်းသမားတွေရဲ့နာမည်ကြားတာနဲ့စိတ်မထိန်းနိုင်တာမို့ ဒီအဖိုးကြီးကိုစိတ်မဆိုးနဲ့ကွာ"
"ဟင်း...မျိုးဆက်သစ်လူငယ်တွေကတကယ့်ကိုတော်လာကြတာပဲ ငါတို့အိုနေပါပြီကွာ ဒီခေတ်ကမင်းတို့ခေတ်ပဲ"
ချီရှန်းကျောက်ရွယ်ဟွားရန်နှင့်အခြားလူများရယ်မောလိုက်ကြသည်။ရှီဖုန်းနှင့်ချိုးယီတို့သာဆွံ့အနေလေသည်။သူတို့နှစ်ယောက်၏စိတ်ထဲတွင်ပြိုင်သူတွေးမိလိုက်ကြသည်။
'ဒီအဖိုးကြီးကဘာတုန်းဟ မျက်နှာပြောင်လှချည်လား'
.......................
ပြီး...