← Chapters

အစီအစဉ်ချမှတ်ခြင်း

Vol. 5 Ch. 56

အစီအစဉ်ချမှတ်ခြင်း

Vol. 5 Ch. 56

အချိန်တစ်ချို့ကြာသည်အထိရယ်ရယ်မောမောဖြင့်စကားပြောလိုက်ကြပြီးနောက် ကွေယွေ့မျက်နှာအနည်းငယ်တည်သွားပြီးချီရှန်းကျောက်အားလေးလေးနက်နက်ပြောလိုက်လေသည်။

"စစ်သူကြီးချီနယ်စပ်ဂိတ်ကစစ်တပ်ကိုဆင့်ခေါ်သင့်တယ်မို့လား မဟုတ်ရင် ကျန်တဲ့ဂိုဏ်းကြီးတွေကရှင်းလင်းရေးသမားတွေနဲ့ မဟာမိတ်သိုင်းသမားတွေရောက်မလာခင်အထိမြို့ကိုတောင့်ခံပြီးထိန်းထားဖို့ကအတော်ခတ်ခဲလိမ့်မယ်"

အဖိုးကြီးကွေယွေ့​၏စကားကြောင့်ချီရှန်းကျောက်သက်ပြင်းတစ်ချက်ချလိုက်ပြီးစိတ်ဓာတ်ကျစွာကောင်းကင်ကိုမော့ကြည့်လိုက်သည်။ထို့နောက် ချီရှန်းကျောက်ခါးသီးစွာပြောလိုက်သည်။

"ဟူး... အကြီးအကဲကွေ နယ်စပ်ဂိတ်ကတပ်သားတွေကိုလာခိုင်းလို့ရရင်အတည်းကကျုပ်ဆင့်ခေါ်ပြီးပြီ ဒါပေမဲ့ရွှေတံတိပ်တော်အမတ်မင်းကအမိန့်စာချွန်လွာမှာ ဧကရာဇ်တံဆိတ်တော်ကပါနေတယ် ဒါကိုသူဘယ်လိုရအောင်လုပ်လိုက်မှန်းမသိဘူး"

"မနေ့ကကျုပ်အမိန့်စာပါးလိုက်ကတည်းကတပ်မှုးတစ်ယောက်ကကျုပ်ကိုအကြောင်းပြန်လာတယ် ကျုပ်ရဲ့အမိန့်စာမရောက်ခင်နေ့တစ်ဝက်လောက်ကတည်းက ဧကရာဇ်တံဆိတ်တော်ပါတဲ့အမိန့်စာချွန်လွာကရောက်နေတယ်လို့ပြောတယ်"

ချီရှန်းကျောက်ပြောပြသောအကြောင်းအရာများအား အတော်အတန်နားထောင်ပြီးနောက်ချိုးယီမျက်မှောင်ကြုတ်လိုက်သည်။သူအနည်းငယ်စဉ်းစားပြီးနောက်ချီရှန်းကျောက်ကိုကြည့်၍ပြောလိုက်သည်။

"သီတင်းရတာကထားပါတော့သီတင်းအရင်းအမြစ်ကိုတော်ဝင်ရုံတော်ကရတာအရမ်းမြန်လွန်းမနေဘူးလား မိုင်ထောင်ချီတဲ့ခရီးကိုတစ်ရက်အတွင်းသွားဖို့ဆိုတာ အဆင့်လွန်သိုင်းသမားတွေအတွက်တောင်မဖြစ်နိုင်တဲ့အရာပဲ"

ဟိုင်ချန်းလွေ့ ၊ ကွေယွေ့နှင့်ရှီဖုန်းတို့လည်း ချိုးယီပြောသည့်စကားအားနားထောင်ပြီးနောက် ချီရှန်းကျောက်အားစိတ်ဝင်စားစွာကြည့်လိုက်ကြသည်။

"ဒါကဟင်း..မိန်းမပဲပြောပြလိုက်ပါတော့"

ချီရှန်းကျောက်ရွယ်ဟွားရန်ကိုကြည့်၍သက်ပျင်းချကာပြောလိုက်သည်။ရွယ်ဟွားရန်ကလည်းခေါင်းငြိမ့်လိုက်ပြီး...

"ကောင်းပြီလေ..ကျွန်မကပဲရှင်းပြပေးမယ် ဒီကိစ္စမှာ အဓိကတရားခံသယ်ဆောင်သူကိုပြောရရင်ပျံလွားငှက်ကိုပြောရမယ်"

"ပျံလွားငှက်..ကျုပ်ကြားဖူးသလောက်တော့ပျံလွားငှက်တွေကတာ့ယွမ်အင်ပါယာမှာမရှိဘူး ကျုပ်ထင်တာမမှားရင် ပျံလွားငှက်တွေကကျုပ်တို့တာ့ယွမ်အင်ပါယာနဲ့ကပ်လျက်တာ့ဟွမ်အင်ပါယာကထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့သားရဲမွေးမြူရေးဂိုဏ်းကပဲ"

အဖိုးကြီးဟိုင်ချမ်းလွေ့ဝင်ပြောလိုက်သည်။ရွယ်ဟွားရန်ကလည်းဟိုင်ချန်းလွေ့​၏စကားအားခေါင်းငြိမ့်ကာထောက်ခံလိုက်ပြီး.

"ဟုတ်ပါတယ်..အကြီးအကဲဟိုင်ပြောတာမှန်ပါတယ်ပျံလွားငှက်တွေကအခြားငှက်တွေထက်ပိုပြီးအမြင့်ကိုပျံနိုင်တယ် အမြန်နှုန်းမှာလည်း တစ်ရက်ကိုမိုင်ထောင်ချီပျံသန်းခရီးနှင်နိုင်တယ် သူ့အရွယ်အစားကတော့သာမန်ငှက်တွေထက် နှစ်ဆလောက်ပိုကြီးတယ်"

"အော်ဒါကြောင့်သူတို့သီတင်းရတာတွေမြန်နေတာကိုး"

ချိုးယီခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြောလိုက်သည်။ကွေယွေ့သူ​၏မုတ်ဆိတ်မွေးကိုပွတ်သပ်လိုက်ပြီးနောက်တည်တံ့စွာပြောလိုက်​၏။

ဒါဆိုရင်တော့ မြှားတပ်ဖွဲ့မှာအဆင့်မြင့်သိုင်းသမားတွေလိုလိမ့်မယ်ကျုပ်ဂိုဏ်းကသိုင်းသမားတွေဒီတာဝန်ကိုယူလိုက်မယ် မြို့ရိုးပေါ်ကိုကျုပ်ဂိုဏ်းကသိုင်းသမားနှစ်ဆယ်ပို့ပေးမယ် လေးသမားအယောက်နှစ်ဆယ်နဲ့အစားထိုးပေးလိုက်ပါ"

ချီရှန်းကျောက်ခေါင်းငြိမ့်လိုက်ပြီး..

"ကောင်းပါပြီကျုပ်စီစဉ်လိုက်ပါမယ်"

"လျှပ်တစ်ပြက်ဂိုဏ်းကလျှင်မြန်မှုနဲ့တိကျမှုကြောင့်နာမည်ကြီးတာဆိုတော့ လေးသမားနေရာကအသင့်တော်ဆုံးပဲ"

ဟိုင်ချန်းလွေ့ကလည်းသူ​၏မုတ်ဆိတ်ဖြူကိုပွတ်သပ်လိုက်ပြီး..

"ကျုပ်ကတော့မြို့ပြင်တံတိုင်းအောက်ကနေစောင့်တိုက်ဖို့ ကျုပ်ဂိုဏ်းကထိပ်တန်းသိုင်းသမားသုံးယောက်နဲ့အဆင့်မြင့်သိုင်းသမားဆယ့်ငါးယောက်ကိုလွတ်ထားမယ်"

ဂိုဏ်းကြီးနှစ်ခုလုံးအစီစဉ်တကျနေရာချထားပြီးနောက် ချိုးယီရှီဖုန်းကိုကြည့်၍ခေါင်းငြိမ့်လိုက်သည်။

"ကျုပ်တို့နှစ်ယောက်ကတော့ရှေ့တန်းဘက်ကနေပြီး ရန်သူတပ်ကိုထိုးဖောက်မယ်"

ချိီု​၏ဆုံးဖြတ်ချက်ကြောင့်ချီရှန်းကျောက်ပင်အံ့အားသင့်သွားခဲ့သည်။

"ဒါ..သူရဲကောင်းယီဒါကသေချာလို့လားအရမ်းအန္တရာယ်များတယ်နော် အနောက်ကနေပြီးဂိတ်တံခါးကျန စောင့်တိုက်ဖို့အကြံပြုပါရစေ"

ချီရှန်းကျောက်အကြံပြုလိုက်သော်လည်းချိုးယီခေါင်းခါရမ်းလိုက်ပြီး ခိုင်ခိုင်မာမာသာပြောလိုက်လေသည်။

"စိတ်မပူပါနဲ့စစ်သူကြီးချီကျုပ်တို့ကရန်သူအင်အားကို ရသလောက်လျော့ချပြီးအခြေအနေမကောင်းရင်ချက်ချင်းပြန်ဆုတ်ခွာဖို့ပြင်ဆင်ပြီးသားပါ"

"ဒါဆိုလည်းကောင်းပါပြီသူရဲကောင်းယီ ဒီကြားထဲတစ်ခုခုလိုအပ်တာရှိရင် ကျုပ်ကိုပြောပါကျုပ်အကောင်းဆုံးကူညီပြီးဖြည့်စည်းပေးပါ့မယ်"

"ကောင်းပါပြီစစ်သူကြီးချီ"

ချိုးယီခေါင်းငြိမ့်၍ပြောလိုက်သည်။ထို့နောက်ချီရှန်းကျောက်အားလုံးကိုလက်တီးစု၍ဂါရဝပြုလိုက်ပြီး...

"အားလုံးပဲကျုပ်ကိုအခုလိုကူညီပေးလို့တကယ်ကိုကျေးဇူးတင်ပါတယ် နောင်အခွင့်ကြုံရင်သေချာပေါက်ကျေးဇူးပြန်ဆပ်မှာပါ"

အဖိုးကြီးဟိုင်ချန်းလွေ့အရေးမကြီးသည့်ဟန်ဖြင့်လက်ဝေ့ရမ်းကာပြောလိုက်သည်။

"ကိစ္စမရှိပါဘူးဒါမျိုးမှမကူညီရင်ကျုပ်တို့လမ်းမှန်ဂိုဏ်းတွေကိုဘာကိစ္စဖွဲ့စည်းထားအုံးမှာလဲ"

.............................

ပြီး...

All Chapters