← Chapters

ဒီလူရဲ့သိုင်းပညာဟာမှန်းဆမရအောင်ကိုမြင့်မားနက်နဲလွန်းတယ်

Vol. 5 Ch. 57

ဒီလူရဲ့သိုင်းပညာဟာမှန်းဆမရအောင်ကိုမြင့်မားနက်နဲလွန်းတယ်

Vol. 5 Ch. 57

ချီရှန်းကျောက်ကျေနပ်အားရစွာဖြင့်လက်တီးစု၍ပြောလိုက်သည်။

"အားလုံးကိုကျေးဇူးတင်ပါတယ်"

"ဒါဆိုအားလုံးပဲနှုတ်ဆက်ပါတယ် ကျုပ်ကျန်တဲ့တစ်ကိုယ်တော်သိုင်းသမားတွေနဲ့သိုင်းပညာမြင့်မားတဲ့သူတွေကို စုဆောင်းဖို့သွားလိုက်ပါအုံးမယ် ခင်ဗျားတို့အေးဆေးဆက်သောက်ကြပါ"

အဖိုးကြီးဟိုင်ချန်းလွေ့၊အဖိုးကြီးကွေယွေ့၊ချိုးယီနှင့်ရှီဖုန်းတို့မတ်တပ်ရပ်လိုက်ပြီးချီရှန်းကျောက်အားနှုတ်ဆက်လိုက်ကြသည်။

"ကောင်းပါပြီ နှုတ်ဆက်ပါတယ်"

..............................

"ကျုးကျော်ဓားပြတပ်အားနှိမ်နင်းရန် သိုင်းသမားများလိုအပ်သည် ကျေးဇူးပြု၍ချန်းအန်မြို့အားခုခံကာကွယ်ရန်ကူညီပါ စစ်သူကြီးအိမ်တော်မှဆုငွေများရရှိလိမ့်မည်"

"ဟမ်..ခုနလေးအောက်မှာဆုငွေကငွေဆယ်တုံးဆိုပဲကျုပ်အခုပဲစာရင်းပေးချင်လာပြီ"

"လာလာ စာရင်းပေးရမဲ့နေရာကဒီဘက်မှာပဲ"

"ဟေ့လူဘာလုပ်တာလဲ မတွန်းနဲ့လေ အနောက်မှာသွားတန်းစီ"

"စစ်သူကြီးချီရဲ့စစ်တပ်ကြီးနဲ့ဆိုကျုပ်တို့ဘာမှတောင်သိပ်လုပ်လိုက်ရမှာမဟုတ်ဘူး စစ်သူကြီးချီကငွေဆယ်တုန်းနဲ့ကျုပ်တို့ကိုအလှူလာလုပ်နေသလားတောင်အောက်မေ့ရတယ်"

တစ်ကိုယ်တော်သိုင်းသမားများမှာရယ်ရယ်ပြုံးပြုံးဖြင့်ပျော်ရွင်စွာစကားပြောဆိုနေခဲ့ကြသည်။ သူတို့ယခုလိုပျော်ပါးနေနိုင်ရခြင်းအကြောင်းကလည်းစစ်သူကြီးချီ​၏သိန်းချီသောစစ်တပ်ကြီးကြောင့်ပင်ဖြစ်သည်။သို့သော်သူတို့အားထားနေသောစစ်တပ်ကြီးမှာဧကရာဇ်တံဆိပ်တော်ပါဝင်သောစာချွန်လွာကြောင့်နယ်စပ်ဂိတ်မှထွက်မရသည့်မကြောင်းအရင်းကိုတော့မည်သူမှမသိခဲ့ချေ။

"ဟားဟားစစ်သူကြီးအိမ်တော်ကတကယ်ရက်ရောတာပဲ"

အဖွဲ့အစည်းအချို့မှသိုင်းသမားများနှင့်တစ်ကိုယ်တော်သိုင်းသမားများ​၏ဆွေးနွေးသံများမှာဆူညံပွတ်လောရိုက်လျှက်ရှိသည်။

ထိုစဉ်အနက်ရောင်ဝတ်ရုံနှင့်ဝါးခမောက်ဆောင်းထားသောလူတစ်ယောက်သည်လူအုပ်ကြီးနားသို့လမ်းလျှောက်လာပြီးနောက် ပျင်ပေါ်တွင်ထောင်၍ကပ်ထားသော စာရွက်မှစာကြောင်းများအားဖက်ကြည့်လိုက်သည်။

"ကြည့်ရသလောက်တော့စိတ်ဝင်စားစရာပဲ"

ထို့နောက်အဆိုပါလူ​၏ပုံရိပ်မှာ လူကြားထဲတွင်တစ်ခါမှမရှိခဲ့ဘူးသည့်နှယ်ပျောက်ကွယ်သွားတော့သည်။ထို့နောက်ချန်းအန်မြို့မှသိုင်းသမားများမှာဆက်လက်စာရင်းပေးသွင်းကြလေသည်။

"ဝှစ်"

အနက်ရောင်ဝတ်ရုံနှင့်ဝါးခမောက်အားဆောင်းထားသောချိုးဝူယဲ့​၏ပုံရိပ်သည် မြို့ရိုးတံတိုင်းပေါ်တွင်ထွက်ပေါ်လာခဲ့လေသည်။ထို့နောက်ချိုးဝူယဲ့သူ​၏လက်နှစ်ဖက်အားနောက်သို့ပစ်၍ယင်-ယန်မျက်လုံးအတတ်အားအသက်သွင်းကာ ချန်းအန်မြို့ရှိတောအုပ်ကြီးထံသို့ကြည့်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်ချိုးဝူယဲ့မျက်မှောင်ကြုတ်လိုက်သည်။ဤတောအုပ်ကြီးမှာအနည်းငယ်ထူးခြားနေခဲ့သည်။ယခင်ကသူ့အားခြောက်လှန့်ဖူးသောမျက်လုံးဖြင့်မမြင်နိုင်သည့် အနက်ရောင်အငွေ့အသက်များစွာသည်တောအုပ်ကြီးအတွင်းရစ်သိုင်းနေခဲ့သည်။ဤသည်မှာသေဆုံးခြင်းအငွေ့အသက်ပင်ဖြစ်လေသည်။ကြည့်ရသည်မှာဤတောအုပ်ကြီးတွင်လူပေါင်းမရေမတွက်နိုင်အောင်သေဆုံးခဲ့သည့်ပုံပင်။

"မင်းဘယ်သူလဲ ဒီမှာဘာလုပ်နေတာလဲ"

ရုတ်တရက်အော်ဟစ်လာသောအသံကြောင့်ချိုးဝူယဲ့အာရုံပျက်သွားပြီးတံတိုင်းဘေးသို့ကြည့်လိုက်သည်။ ငွေရောင်နှင့်ရွေရောင်အဆင်းတို့ရောစပ်ထားသည့်သံချပ်ကာစစ်ဝတ်ရုံအားဝတ်ဆင်ထားသည့်အသက်သုံးဆယ်အရွယ်လူတစ်ယောက်ဖြစ်လေသည်။ဤလူမှာအခြားလူမဟုတ်ပေ။ချန်းအန်မြို့တော်​၏စစ်သူကြီးချီရှန်းကျောက်ပင်ဖြစ်လေသည်။

ချီရှန်းကျောက်​၏မျက်နှာသည်အလွန်သုန်မှုန်နေခဲ့သည်။တံတိုင်းတွင်အစောင့်အကြပ်များစွာချထားပါလျှက်နှင့်ထိုသူမှာမည်သို့ရောက်လာနိုင်သနည်း။ထိုအချက်အားကြည့်ခြင်းဖြင့်တစ်ဖက်လူ​၏သိုင်းပညာနှင့်ကိုယ်ဖော့ပညာမှာအလွန်မြင့်မားကြောင်းသိရှိနိုင်သည်။ချီရှန်းကျောက်သတိထား၍သူ​၏ဓားအားထုတ်ယူလိုက်ပြီးနောက်တစ်ခေါက်ထပ်မေးလိုက်​၏။

"မင်းဘယ်သူလဲဘာကြောင့်ဒီမှာရှိနေရတာလဲ"

ချိုးဝူယဲ့ပြန်မဖြေသေးဘဲချီရှန်းကျောက်အားကြည့်နေလိုက်သည်။အချိန်အနည်းငယ်ကြာပြီးနောက်ချိုးဝူယဲ့ညင်သာစွာပြောလိုက်သည်။

"ကျုပ်ကသာမန်ခရီးသွားတစ်ယောက်ပါ ဓားပြနဲ့ပတ်သက်လို့လာစုံစမ်းတာပါကျုပ်မှာတိုက်ခိုက်ဖို့အခြားရည်ရွယ်ချက်မရှိဘူး"

လျှပ်တစ်ပြက်ဂိုဏ်းမှသိုင်းသမားများအားနေရာချပေးရန်လိုက်လာသော အဖိုးကြီးကွေယွေ့စတင်လှုပ်ရှားလိုက်သည်။

"ဝှစ်"

ကွေယွေ့​၏ပုံရိပ်သည်ချိုးဝူယဲ့နားတွင်ပေါ်လာပြီးအတွင်းအားတစ်ဝက်ခန့်ထည့်ထားသော လက်တီးဖြင့်ထိုးချလိုက်သည်။သို့သော်ချိုးဝူယဲ့မှာကွေယွေ့အားမကြည့်ပဲလက်တစ်ချောင်းသာဆန့်တန်း၍ကွေယွေ့​၏တိုက်ခိုက်မှုအားထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဘန်း"

အရာအားလုံးတိတ်ဆိတ်သွားပြီးချီရှန်းကျောက်မှာအခြေအနေအားစစ်ဆေးကြည့်လိုက်သည်။ကွေယွေ့​၏လက်တီးမှာချိုးဝူယဲ့ဂလက်တစ်ချောင်းအားမထိုးဖောက်နိုင်ပဲအတွင်းအားတန်ပြန်တွန်းကန်မှုကြောင့်လွင့်ထွက်သွားခဲ့သည်။

"ဘန်း"

ကွေယွေ့လွင့်ထွက်သွားပြီးမြေပြင်ပေါ်သို့ခြေသုံးလေးလှမ်းဆုတ်ကာအားယူလိုက်ရသည်။

"အကြီးအကဲကွေ"

ချီရှန်ကျောက်အော်လိုက်ပြီးကွေယွေ့အားစိတ်ပူစွာကြည့်လိုက်သည်။ကွေယွေ့​၏မျက်နှာသည်လေးနက်နေပြီးချီရှန်းကျောက်အားကြည့်၍..

"ဒီလူရဲ့သိုင်းပညာဟာမှန်းဆမရအောင်ကိုမြင့်မားနက်နဲလွန်းတယ် သတိထားပါစစ်သူကြီးချီ"

ကွေယွေ့ထိုသို့ပြောလိုက်ပြီးနောက်ရှေ့သို့ကြည့်လိုက်သည်။သို့သော်၎င်းဝတ်ရုံနက်နှင့်လူအားမည်သည့်နေရာမှထပ်မတွေ့ရတော့ပဲတစ်ခါမျှမရှိခဲ့သည့်အလားပင်။

"ဟမ်"

......................

ပြီး...

All Chapters