ဝိဉာဉ်သတ်ဖြတ်ခြင်းဓား
Vol. 5 Ch. 59
"သာမန်လူသောင်းချီ"
"ချိုးဝူယဲ့မျက်လုံးများကျဉ်းမြောင်းသွားပြီးအတွေးများထဲတွင်နစ်မြုတ်သွားခဲ့သည်။
'တာ့ယွမ်အင်ပါယာမှာ လူသောင်းချီစုဆောင်းနိုင်တာသိုင်းဂိုဏ်းကြီးတွေပဲရှိတယ် ဒါပေမဲ့ဓားပြတွေနဲ့ရောပြီးနေဖို့ဆိုတာတော့ဘယ်နည်းနဲ့မှဖြစ်နိုင်မှာမဟုတ်ဘူး တော်ဝင်ရုံးတော်ကလဲလက်ခံမှာမဟုတ်ဘူး ဒါပေမဲ့ တော်ဝင်ရုံးတော်က အာဏာပိုင်တစ်ယောက်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ် နောက်ဆုံးအနေနဲ့တွေးကြည့်ရရင်ဒီကိစ္စကလုံးဝကိုကြိုတင်ကြံစည်မှုကြီးပဲ'
ချိုးဝူယဲ့သက်ပျင်းချလိုက်ပြီးနောက်တည်ငြိမ်စွာပြောလိုက်သည်။
"ဟူး.. လူတွေ လူတွေ လောဘကြောင့်ပျက်သုန်းကြရဦးမယ်"
ထို့နောက်ချိုးဝူယဲ့ယွင်ရှင်းမေဘက်သို့လှည့်ကာပြောလိုက်သည်။
"ကျုပ်ကရှေ့တန်းက ဆက်ပြီးတောင့်မခံနိုင်တော့ရင် ဝင်တိုက်မယ် ခင်ဗျားက မြို့ဘေးပတ်ပတ်လည်ကချောင်းနေတဲ့သူခိုးလေးတွေကိုပဲဂရုစိုက်ပေး"
"ဟမ်ငါက နင်ထက်စွမ်းအားရောသိုင်းပညာရောပိုပြီးမြင့်တယ် မြို့ထဲကကိစ္စတွေနင်ရှင်းလိုက်လေ"
ယွင်ရှင်းမေမျက်မှောင်ကြုတ်၍ပြောလိုက်သည်။အခြေအနေအရဆိုလျှင် သူမတစ်ယောက်တည်းနှင့်တောင်ထိုလူသောင်းချီကိုသတ်ဖြတ်နိုင်လေသည်။ သို့သော်ချိုးဝူယဲ့ခေါင်းခါရမ်း၍ပြောလိုက်သည်။
"အဲ့တာတော့အမှန်ပဲဒါပေမဲ့ ခင်ဗျားကအရေးပေါ်အခြေအနေမဟုတ်ရင် ထွက်တိုက်ဖို့မသင့်တော်ဘူး"
ယွင်ရှင်းမေ ချိုးဝူယဲ့အားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စိတ်အလိုမကျစွာပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆိုနင့်ဓားခနလောက်ငှား"
ချိုးဝူယဲ့မည်သည့်စကားမှမပြောရသေးခင်မှာတင် ချိုးဝူယဲ့၏သစ်သားဓားနှင့်ဓားအိမ်သည်အလိုအလျောက်ပျံတက်သွားပြီး ယွင်ရှင်းမေ၏ရှေ့တွင် ပျံသန်းနေခဲ့သည်။ ချိုးဝူယဲ့အံ့အားသင့်သွားပြီးယွင်ရှင်းမေမည်သည့်အရာများဆက်လုပ်မည်ကိုစောင့်ကြည့်လိုက်သည်။
ယွင်ရှင်းမေသူမ၏လက်နှစ်ချောင်းအားပူးကပ်လိုက်ပြီးလက်ဟန်သင်္ကေတပေါင်းများစွာပြုလုပ်လိုက်သည်။ ထို့နောက် သူမ၏ လက်နှစ်ချောင်းဖြင့် လေထဲတွင် သင်္ကေတစာလုံးပေါင်းများစွာရေးဆွဲလိုက်သည်။ သင်္ကေတစာလုံးပေါင်းများစွာသည် မွက်မွန်သစ်သားဓားလေးအားလှည့်ပတ်နေကြသည်။
ယွင်ရှင်းမေ လှည့်ပတ်နေသောစက်ကွင်းပုံသဏ္ဍာန်သင်္ကေသကွင်းသုံးခုအားရေးဆွဲလိုက်သည်။
ထို့နောက်ယွင်ရှင်းမေ သူမ၏လက်နှစ်ချောင်းဖြင့် ချိပ်သင်္ကေတပုံသဏ္ဍာန်ပြုလုပ်လိုက်သည်။
"သတ်ဖြတ်ခြင်းဓားဝိဉာဉ်အစီအရင်ပေါင်းစည်း"
ယွင်ရှင်းမေဖြည်းညင်းစွာပြောလိုက်ပြီးနောက်သင်္ကေတလက်ဟန်တမျိုးပြောင်းလဲလိုက်သည်။ ထိုအချိန်လေပေါ်တွင် မက်မွန်သစ်ဓားအားလှည့်ပတ်နေကြသော သင်္ကေတစာလုံးကွင်းများသည် သစ်သားဓားအားဗဟိုပြု၍ပေါင်းစည်းလိုက်ကြသည်။
"ဝုန်း....ဝုန်း"
ချိုးဝူယဲ့ပါးစပ်အဟောင်းသားဖြင့်ရပ်ကြည့်နေမိသည်။ထိုနည်းလမ်းမှာမည်သည့်နည်းလမ်းနည်း။တာအိုပညာရပ်တစ်ခုဖြစ်ပေလော။
သင်္ကေတစာလုံးကွင်းသုံးကွင်းပေါင်းစည်းသွားပြီးနောက်အနီရောင်နှင့်ရွှေရောင်အရှိန်အဝါများရောစပ်နေသောသင်္ကေတစာလုံးများသည်အမှောင်ထုထဲတွင်တောက်ပလျက်ရှိနေသကဲ့သို့ပင်။ ထို့နောက်ယွင်ရှင်းမေလက်ဟန်သင်္ကေတတစ်မျိုးပြုလုပ်လိုက်ပြီး ပေါင်းစည်းသည့်ဟန်ပြုလုပ်လိုက်သည်။
"ဝုန်း...ရွီး"
ရွှေနီရောင်သင်္ကေတစာလုံးကွင်းသည်သစ်သားဓားလေးထဲသို့ဖြည်းညင်းစွာကျုံ့ဝင်သွားခဲ့သည်။
"ဘန်း....."
သစ်သားဓားမှစွမ်းအင်လှိုင်းတစ်ခုဖြာထွက်လာပြီး သစ်သားဓားတစ်ချောင်းလုံးအား အလင်းရောင်များဖြင့်တောက်ပစေခဲ့သည်။
ချိုးဝူယဲ့သူ၏ယင်-ယန်မျက်လုံးအတတ်အသက်သွင်းလိုက်ပြီး သစ်သားဓားအားကြည့်လိုက်သည်။ထူးဆန်းအံ့ဩဖွယ်ရာပင်သစ်သားဓားလေးအတွင်းသင်္ကေတစာလုံးတစ်ခုတည်ရှိနေခဲ့သည်။ ထို သတ် ဟူသောသင်္ကေတစာလုံးလေးတွင်ကြောက်မက်ဖွယ်ရာစွမ်းအင်များကိန်းအောင်းနေပြီး ချိုးဝူယဲ့ပင်ထိုစွမ်းအင်အငွေ့အသက်ကြောင့်ခေတ္တမျှတောင့်ခဲသွားခဲ့သည်။ ချိုးဝူယဲ့ကြောင်အနေသည်ကိုမြင်သောအခါ ယွင်ရှင်းမေမထူးဆန်းသည့်အသံဖြင့်ပြောလိုက်သည်။
"နင့်ရဲ့သွေးစက်ကိုသစ်သားပေါ်မှာချလိုက် နင်ဓားရဲ့တည်ရှိမှုကိုခံစားမိလိမ့်မယ်"
ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးလေပေါ်တွင်ပျံကြွနေသော သစ်သားဓားဆီသို့သွားလိုက်ပြီး လက်ညိုးအားကိုက်ဖောက်ကာ သစ်သားဓားပေါ်သို့သွေးစက်ချလိုက်သည်။
လေပေါ်ပျံကြွနေသောသစ်သားဓားလေးသည် ချိုးဝူယဲ့အားလှည့်ပတ်နေပြီးနောက် ဓားအိမ်ထဲသို့ပြန်လည်ဝင်ရောက်သွားကာ ချိုးဝူယဲ့၏လက်ပေါ်သို့ပြုတ်ကျလာလေသည်။ချိုးဝူယဲ့မျက်လုံးများတောက်ပသွားပြီး သစ်သားဓားလေးအားခါးတွင်ပြန်ချိပ်လိုက်သည်။ထို့နောက်ချိုးဝူယဲ့တီးတိုးရေရွတ်လိုက်သည်။
"သတ်ဖြတ်ခြင်းသင်္ကေတနဲ့ဆိုတော့ မင်းကို ဝိဉာဉ်သတ်ဖြတ်ခြင်းဓားလို့ခေါ်မယ်"
"ဒုန်...ဒုန်...ဒုန်"
တစ်မြို့လုံးကြားနိုင်သောဗုံသံကြီးတစ်သံဟိန်းထွက်လာခဲ့လေသည်။
"သတ်"
..........................
ပြီး...