← Chapters

ရန်လိုသောဧည့်သည်များ

Vol. 4 Ch. 52

ရန်လိုသောဧည့်သည်များ

Vol. 4 Ch. 52

ဒါကိုကြားတော့ ကျိုးဝမ် ရဲ့ မျက်နှာဟာ ရုတ်တရက် လေးနက်သွားခဲ့သည်။ ပုံရိပ်ယောင်ယင်နယ်ပယ်၏ စစ်သည် နှစ်ယောက် သူတို့နောက်သို့ လိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့လက်ထဲက လျှိူဖုန်း ကိုကြည့်လိုက်ရင်း သူတို့ က လျှိူဖုန်း ပြောခဲ့တဲ့ လျှိူ မိသားစုရဲ့ သခင်လေးဖြစ်ကောင်းဖြစ်မယ်ဆိုတာ ကျိုးဝမ် က သိလိုက်သည်။

ဝှီးးးး

ကျိုးဝမ် သည် အစီအစဉ်ကောင်းတစ်ခုကို တွေးနေစဉ်တွင် လူနှစ်ယောက်သည် တောထူထပ်သော တောထဲမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။ သူတို့က ကျိုးဝမ် အဖွဲ့ကို သတိထားမိပုံရသည်။ ပထမတော့ သူတို့ အံ့ဩသွားပြီး ဂူရှေ့ မြေပြန့်မှာ ရပ်လိုက်ကြသည်။

လူနှစ်ယောက်မှာ အသက်ကြီးတဲ့တစ်ယောက်နှင့် အသက်ငယ်တဲ့တစ်ယောက်ဖြစ်သည်။လူငယ်လေးသည် အသက်၂၀ကျော်နေပြီ။ သူသည် ပညာရှင်တစ်ယောက်လို ၀တ်ဆင်ထားပြီး အဖြူရောင် ၀တ်လုံကို ဝတ်ဆင်ကာ ခေါက်ယပ်တောင်ကို လက်ထဲတွင် ကိုင်ထားသည်။ သို့သော် သူ့မျက်နှာသည် နီရဲဖျော့ဖျော့နှင့် မျက်လုံးများသည် မလိုက်ဖက်စွာ မည်းမှောင်နေသည်။

ဝတ်ရုံဖြူလူငယ်နောက်တွင် လျှော်တေအဝတ်အစားဝတ်ထားသော အဘိုးအိုတစ်ဦးသည် နီရဲသောမျက်လုံးများဖြင့် ရပ်နေသည်။ သို့သော် အဘိုးအို၏ ခန္ဓာကိုယ်၏ ပြင်းထန်သော အပြောင်းအလဲကြောင့် သူသည် အသေးအဖွဲမဟုတ်ကြောင်း ထင်ရှားသည်။

"ကောင်လေး! ဝတ်ရုံဖြူရဲ့ ကျင့်ကြံခြင်းအဆင့်က ဟန်ရွှယ် နဲ့ အတူတူပဲ။ သူက ပုံရိပ်ယောင်ယင်နယ်ပယ်ပဲ ရောက်သေးတာဆိုတော့ ခြိမ်းခြောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ဝတ်ရုံဖြူရဲ့ နောက်ကွယ်က အဖိုးအိုကို နိုင်ဖို့နည်းနည်းတော့ ခက်တယ်။ မင်းရဲ့အင်အားနဲ့ မသူကို မယှဉ်နိုင်ဘူး" ရှောင်ဟေးအသံ က ကျိုးဝမ် စိတ်ထဲမှာ ပေါ်လာသည်။

ကျိုးဝမ် ၏ တပည့်များ လျော့ပါးသွားသည်။ ဝတ်ရုံဖြူဝတ်ထားသူ၏ နောက်ကွယ်တွင် ရိုသေလေးစားစွာ ရပ်နေသော အဘိုးအိုကို ကြည့်လိုက်မိသည်။ အဘိုးအိုသည် ပုံရိပ်ယေူင်ယင်နယ်ပယ်၏ ပထမကောင်းကင်ယံတွင် ကျွမ်းကျင်သူဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ပုံရိပ်ယောင်ယင်နယ်ပယ် ကို အဆင့် ကိုးဆင့် ခွဲထားသည်။ ပုံရိပ်ယောင်ယင်နယ်ပယ် အဆင့်တစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် ပေါင်းစပ်ထားသော ပုံရိပ်ယောင်ချပ်ဝတ် ၏ စွမ်းအားသည် အဆက်မပြတ် တိုးလာမည်ဖြစ်သည်။ ပုံရိပ်ယောင်ယင်နယ်ပယ် ၏ပထမအဆင့်စစ်သည်တော်တစ်ဉီးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချပ်ဝတ်ကို ဖွဲ့စည်းလိမ့်မည်။ သူသည် ပုံရိပ်ယောင်ယင်နယ်ပယ်သို့ ရောက်ရှိပြီး ပုံရိပ်ယောင်ချပ်ဝတ်ကို ချုပ်နှောင်ထားခြင်း မရှိသော စစ်သည်တော်များထက် များစွာ သန်မာသည်။

သိသာထင်ရှားတဲ့အဖြူရောင်ဝတ်စားဆင်ယင်သူသည် ကျိုးဝမ် ၏လက်၌ လျှိူဖုန်း ကိုလည်းတွေ့မြင်ခဲ့သည်။ သူ၏မျက်လုံးများထဲတွင် စေးဆက်တဲ့အလင်းရောင် ရုတ်တရက် ဖြတ်ပြေးသွားသော်လည်း သူပြုံးနေဆဲဖြစ်သည် ။ သူသည် ကျိုးဝမ် ဆီသို့ သူ၏လက်ကို လက်တင်လိုက်သည်။ "မိတ်ဆွေလေး၊လျှိူချွမ် မြို့ရှိ လျှိူ မိသားစု၏အကြီးဆုံးသား လျှိူယွမ်ပါ။ မင်းရဲ့လက်ထဲမှာ ရှိတဲ့လူက ငါ့လက်အောက်ငယ်သားဖြစ်တယ်။ငါတို့ လျှိူမိသားစုအတွက် မင်း သူ့ကို လွတ်ပေးဖို့ မျှော်လင့်တယ်။"

လျှိူယွမ်ရဲ့စကားများသည် အလွန်ယဥ်ကျေးသော်လည်း သူ့ရဲ့အသံတွင် သံသယမရှိသော လေသံတစ်ခု ရှိသည်။ ကျိုးဝမ်ကတော့ အဲဒီလေသံကို မကြိုက်ပေ။

ကျိုးဝမ် ကိုင်ထားသောလျှိူဖုန်းသည် လျှိူယွမ်ကို တွေ့တဲ့အခါ သူ့ရဲ့မျက်နှာတွင် စိတ်လှုပ်ရှားသော အမူရာ ထွက်ပေါ်လာသည်။ သူက ချက်ချင်းပဲ"သခင်လေး၊သူ့ကို လွတ်မပေးနဲ့။သူ့ရဲ့လက်ထဲမှာ ရေခဲနတ်ဆိုးအေးခဲပုတီးစေ့တွေ ရှိတယ်။ဒါ့အပြင် ငါတို့ ဟန်ရွှယ်နဲ့သူ့မတို့ ညီမကို ဖမ်းတဲ့အခါ သူက ပြဿနာရှာတဲ့သူပဲ။ သခင်လေး၊သူ့ကိုလွယ်လွယ်နဲ့ လွတ်မပေးပါနဲ့။"

လျှိူယွမ် အဲဒီစကားကို ကြားတဲ့အခါ သူ့ရဲ့ အကြည့်ဟာ အေးစက်လာသည်။ သူ့ပါးစပ်ထောင့်တွင် ယုတ်မာသောအပြုံးဖြင့် ​"မင်းက မကောင်းတဲ့ ရည်ရွှယ်ချက်နဲ့ လာပုံရတယ်။ဒါပေမယ့် ဒီနေ့ ငါက စိတ်ကောင်းဝင်နေတယ်။ဒါကြောင့် မင်းကို အခွင့်ရေးတစ်ခုပေးမယ်။ ရေခဲနတ်ဆိုးအေးခဲပုတီးစေ့နဲ့ ညီအစ်မနှစ်ယောက်ကို ငါ့ကိုပေးပြီး မင်းရဲ့လက်တစ်ဖက်ကို ချိုးလိုက်။ ဒါဆိုရင် ငါ မင်းကို လွတ်ပေးမယ်။ မင်း ဘယ်လိုထင်လဲ။"

"လျှိူချွမ်မြို့က လျှိူမိသားစုလား။ဟီးဟီး မင်းတို့ လျှိူကလန်က မျက်နှာတွေအများကြီး ရှိတာလား။ ပြီးတော့ မင်းကို မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းမှာ ငါ့ကို အမိန့်ပေးဖို့ ဘာအခွင့်ရေးရှိလို့လဲ။ "ကျိုးဝမ်က သရော်ပြုံးပြုံးလိုက်သည်။

"ကောင်လေး မင်း အရမ်း သတ္တိရှိတာပဲ။ မင်းက ငါ့ကို ပထမဆုံး ပြောရဲတဲ့သူပဲ၊ဒါပေမယ့် မင်းက နောက်ဆုံးလူပဲဖြစ်မယ်လို့ ငါထင်တယ်။"လျှိူယွမ်အမူရာသည် ရုတ်တရက် အေးစက်လာသည်။

မလှမ်းမကမ်းတွင် ရပ်နေသော ဟန်ရွှယ် နှင့် ဟန်ယွီ သည် လျှိူယွမ် ၏ အမူအရာသည် တဖြည်းဖြည်း မှောင်လာပြီး အေးစက်လာသည်ကို တွေ့လိုက်သောအခါ တုန်လှုပ်သွားသည်။လျှိူယွမ် အကြောင်း အနည်းငယ် ကြားဖူးသည်။သူသည် တဏှာရူးရုံသာမက အမျိုးသမီးများကိုပါ ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်သက်သည်။အမျိုးသမီးများစွာသည် သူ့လက်ထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။ထို့ကြောင့် သူတို့သည် လျှိူယွမ်၏လက်ထဲသို့ ကျရောက်သွားပါက သေခြင်းထက် ပိုဆိုးသော ကံကြမ္မာကို ခံစားကြရမည်ဖြစ်သည်။

ထိုအချိန်တွင် ဟန်ရွှယ်၏ လှပသော မျက်နှာပေါ်တွင် တုံ့ဆိုင်းနေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။သူမနှင့် သူ့အစ်မအပေါ် အရိုးပျော့မှုန့်၏ အာနိသင်က ကျန်ရှိနေသေးကြောင်း သူမသိသည်။သူတို့မှာ တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိခဲ့ပေ။ ကျိုးဝမ် အတွက် သူတို့သည် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လိမ့်မည်။

ကျိုးဝမ် က သူတို့နှစ်ယောက်အတွက် လုံလောက်ပြီ သူမရှေ့က ဒီလူငယ်လေးကို ဒုက္ခမရောက်စေချင်ဘူး။ထို့ကြောင့် ဟန်ရွှယ် က သူမ၏ နှုတ်ခမ်းနီများကို ကိုက်လိုက်ပြီး " လျှိူယွမ် ၊ ကျိုးဝမ် နှင့် ဟန်ယွီ ကို လွှတ်ပေးရင် ငါ ကျေကျေနပ်နပ်ကြီး လိုက်ခဲ့မယ် ။ငါ့အသက် သို့မဟုတ် သေခြင်းက မင်းအပေါ်မှာ မူတည်တယ်။"

ဟန်ရွှယ် ၏ စကားလုံးများသည် လက်ရှိလူများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။လျှိူယွမ် ၏ တက်မက်သော မျက်လုံးများသည် ဟန်ရွှယ်၏ ပြီးပြည့်စုံပြီး လှပသော ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သည်။သူ့မျက်လုံးများ၏ အနက်ရှိုင်းတွင် တပ်မက်မှု အရိပ်အယောင်ကို ထုတ်ဖော်မပြသဘဲ မနေနိုင်ပေ။

“မစ္စဟန်ရွှယ် ရဲ့ စကားတွေက မှန်တယ်ဆိုရင် မစ္စဟန်ရွှယ် ရဲ့ အကြံပြုချက်ကို သဘာဝအတိုင်း သဘောတူမှာပါ။ဒါပေမယ့် ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ ကို ရယူဖို့ ဆုံးဖြတ်ထားတယ်။ အကယ်၍ ဒီညီငယ်က ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ ကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေပါက မစ္စဟန်ရွှယ် ၏ အကြံပြုချက်ကို သဘောတူမယ်။"

ဒါကိုပြောရင်း လျှိူယွမ် က ဟန်ရွှယ် ရဲ့ သိမ်မွေ့တဲ့ ခန္ဓာကိုယ်ဆီကနေ သူ့မျက်လုံးတွေကို တွန့်ဆုတ်စွာ ရွှေ့လိုက်သည်။ထို့နောက် သူသည် မဝေးလှသော မထူးခြားသော ကျိုဝမ် ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကျိုးဝမ်! သူတို့မှာ ပုံရနပ်ယောင်ယင်နယ်ပယ်ရဲ့ ကျွမ်းကျင်ပညာရှင်နှစ်ယောက်ရှိတယ်။အဲဒီထဲက တစ်ယောက်က ပုံရိပ်ယောင်ယင်နယ်ပယ် ရဲ့ ပထမအဆင့်မှာတောင် ရှိနေတယ်။ငါတို့က သူတို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ မင်းရဲ့လက်ထဲက ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ကို လျှိူယွမ်ကို ​ပေးပြီး ငါ့ညီမနဲ့အတူ ထွက်သွားတာ အကောင်းဆုံးပဲ။"

ဟန်ရွှယ် သည် ကျိုးဝမ် အား ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်ကာ တင်းမာသောလေသံဖြင့် ပြောသည်။

ကျိုးဝမ် သည် သူ့ရှေ့မှ ခေါင်းမာသော အမျိုးသမီးကို စိုက်ကြည့်ရင်း ဟန်ရွှယ် ၏ အနက်ရောင် ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။"မင်းက မိုက်မဲတဲ့အမျိုးသမီးပဲ၊ ဒီလူက မင်းသူနဲ့လိုက်ဖို့ သဘောတူထားလို့ ငါတို့ကို လွှတ်မယ်လို့ မင်း တကယ်ထင်နေတာလား။ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ ကို ငါတို့ သူတို့လက်ထဲ အပ်ပြီးရင်တောင် သူက ငါတို့ကို တိုက်ခိုက်မှာကို ငါကြောက်တယ်။ “

ဒါကိုပြောပြီး ကျိုးဝမ် က လျှိူယွမ် ဘက်ကိုလှည့်ပြီး "ရေခဲနတ်ဆိုးအေးခဲပုလဲကို ငါပေးနိုင်ပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်"

"အခြေအနေတစ်ခုရှိတာလား ။ကောင်လေး၊ မင်းက ငါ့ကို တောင်းပန်နေတာလား။ မင်းမှာ ငါနဲ့ ညှိနှိုင်းပိုင်ခွင့်ရှိလား" လျှိူယွမ် က နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်သည်။

"အိုး၊မင်းက သဘောမတူတဲ့ပုံပဲ။ ဒါဆို ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ကို ပေါက်ကွဲအောင်လုပ်လိုက်မယ်။ အဆိုးဆုံးကတော့ ငါတို့ အတူတူ သေမယ်။"

ကျိုးဝမ်က လျှိူယွမ်ရဲ့စကားကို မအံ့သြခဲ့ပေ။ လျှိူယွမ်ဟာ ကြင်နာတက်တဲ့လူမဟုတ်ဘူးဆိုတာ သူသိတာကြောင့် ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ကို ထုတ်ပြီး ကစားလိုက်သည်။ သူ့ လျှိူယွမ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လျှိူယွမ်ရဲ့အမူရာသည် ရုတ်တရက် ပြောင်းသွားသည်။ သူ ရေခဲနတ်ဆိုးအေးခဲပုတီးစေ့အကြောင်းကို သဘာဝအတိုင်း ကြားဖူးသည်။ ရေခဲနတ်ဆိုးအေးခဲပုတီးစေ့သည် လျှို့ဝှက်ဆန်းကြယ်သော ရေခဲကန်ရှိ ယင်ချီကို ပိုင်ဆိုင်ထားသည်။ ဒီ ယင်ချီ ပေါက်ကွဲပြီးတာနဲ့ ပုံရိပ်ယောင်ယင်နယ်ပယ် စစ်သည်တွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။ကျိုးဝမ်က ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ကို ပေါက်ကွဲအောင်လုပ်လိုက်မယ်ဆိုရင် ဒီနေရာတွင် မည်သူမှ အသက်ရှင်နိုင်မည်မဟုတ်ပေ။

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။ "လျှိူယွမ်က ကျိုးဝမ် အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

"ဒီအတိုင်းယူဆလို့ရတယ်။ဒါမှမဟုတ် ငါတို့နဲ့ အတူတူ သေဖို့ ဆန္ဒရှိလား"ကျိုးဝမ် က သူ့လက်ထဲက ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ နဲ့ ကစားရင်း သူ့မျက်လုံးထဲတွင် လှောင်ပြောင်တဲ့အကြည့်နဲ့ ပြောလိုက်သည်။

ဒါကိုကြားတော့ ကျိုးဝမ် ရဲ့ မျက်နှာဟာ ရုတ်တရက် အေးခဲသွားခဲ့သည်။ကျိုးဝမ် ၏ စကားကို သတိထားရမည်။သူ့နှလုံးသားထဲက ဒေါသတွေကို မျိုသိမ့်ရင်း လျှိူယွမ် က အေးစက်စက်ပြောသည် "ပြောလေ မင်းအခြေအနေက ဘယ်လိုလဲ။"

ကျိုးဝမ် ၏ ပါးစပ်ထောင့်များသည် အနည်းငယ် ကွေးကောက်သွားပြီး "ငါ့နဲ့ တိုက်ပါ ။ငါ နိုင်ရင် ငါတို့ကို ဒီနေရာကျန ထွက်သွားခွင့်ပေး။ ငါ ရှုံးရင် ရေခဲနတ်ဆိုးအေးခဲပုတီးစေ့ကို မင်းကို ပေးပြီး ငါတို့ကို မင်းကြိုက်သလို လုပ်လို့ရတယ်။ ဒါကို ဘယ်လိုထင်လဲ။"

ကျိုးဝမါ ၏ စကားကိုကြားတော့ လူတိုင်းက သူတို့ရှေ့တွင် တည်ငြိမ်သော လူငယ်ကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။လျှိူယွမ် သည် လျှိူဖုန်း ကဲ့သို့ နိဗ္ဗာနနယ်ပယ်၏ အထွတ်အထိပ် စစ်သည်တော်မဟုတ်ပေ။သူသည် ပုံရိပ်ယောင်ယင်နယ်ပယ် ၏ တကယ့်စစ်သည်တော်ဖြစ်သည်။ပုံရိပ်ယောင်ယင်နယ်ပယ်ထက် ကျော်လွန်သော်လည်း နိဗ္ဗာနနယ်ပယ်၏ စစ်သည်တော်သည် သူထက် များစွာ အားကောင်းနေသေးသည်။

လျှိူယွမ်၏အမူအရာမှာ အနည်းငယ်ထူးဆန်းလာသည်။နောက်ဆုံးတွင် သူသည် သူ့ရှေ့တွင် ပိန်ပိန်ပါးပါး လူငယ်လေးအား ရှုတ်ချကာ "ကောင်လေး၊ မင်း လျှိူဖုန်း ကို အနိုင်ယူလိုက်ရုံနဲ့ မင်းဟာ ကြီးကျယ်တယ်လို့ မထင်လိုက်နဲ့။ငါ့ရဲ့မျက်လုံးထဲမှာ မင်းရဲ့ခွန်အားက မလုံလောက်ဘူး။ မင်း သေချင်ရင် မင်းရဲ့ဆန္ဒကို ဖြည့်စည်းပေးမယ်။ ဟီးဟီး မင်းရဲ့အခြေအနေကို ငါ သဘောတူတယ်။"

"ကျိုးဝမ်၊မင်း ရူးနေတာလား။လျှိူယွမ်က ပုံရိပ်ယောင်ယင်နယ်ပယ်ရဲ့ တကယ့် စစ်သည်တော်တစ်ဦးပဲ။မင်းက ဘယ်လိုများ စိတ်လိုက်မာန်ပါလုပ်ပြီး သူ့ကို စိန်ခေါ်နိုင်ရတာလဲ"

သူ့နောက်က ဟန်ရွယ်သည် ကျိုးဝမ်ရဲ့ အခြေအနေများကို ကြားလိုက်သည်။သူမရဲ့နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားပြီး မထိတ်လန့်ပဲမနေနိုင်ပေ။

တိတ်တဆိတ်ရပ်ပ်နေသော ဟန်ယွီသည် ကျိုးဝမ်၏နောက်ကျောကို စိုးရိမ်တကြီး ကြည့်နေခဲ့သည်။ သူမရဲ့အကြည့်ဟာ ရှုပ်ထွေးနေပေမယ့် ဘာမှမပြောခဲ့ပါဘူး။ သူမ ဘာကြောင့်မှန်း မသိပေမယ့် သူမရှေ့က သိပ်မသန်မာတဲ့ ပုံရိပ်ကို နားလည်ရခက်သော ယုံကြည်မှု အမြဲတစေ ရှိခဲ့သည်။ကျိုးဝမ်က သူမရဲ့အသက်ကို ကယ်ဖို့ စွန်းစားတဲ့အခါ ထို ယုံကြည်မှုသည် ခိုင်မာခဲ့သည်။

"ဒီတစ်ခါ မင်း သေရင် ငါလည်း လိုက်ခဲ့မယ်"သူမရဲ့လှပတဲ့မျက်လုံးတွေက ကျိုးဝမ်ရဲ့နောက်ကျောကို စိုက်ကြည့်ရင် ဟန်ယွီက သူမကိုသူမ တွေးလိုက်မိသည်။

ကျိုးဝမ်သည် ဒယ်အိုးပူပူပေါ်က ပုရွက်ဆိတ်နဲ့တူသော သူ့နောက်မှာ ရပ်နေတဲ့ ဟန်ယွီကို လျစ်လျူရှူထားလိုက်သည်။ အဲဒီအစား လျှိူယွမ်ကို ညွှန်ပြပြီး"မင်း သဘောတူတယ်ဆိုရင် စတိုက်ကြစို့။ ငါမင်းနဲ့တိုက်ပြီးသွားရင် စားပြီး အိပ်ဖို့ အိမ်ပြန်ရမယ်။"

"မာနကြီးလိုက်တဲ့ကောင်၊ မင်းမာနအတွက် မင်း အဖိုးခပေးရမယ်။"

လျှိူယွမ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲခါးကို ရုတ်တရက် ဖြောင့်လိုက်သည်။ ရုတ်တရက် အလွန်အမင်း အားကောင်းသော စွမ်းအင်အတက်အကျသည် သူ့ရဲ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် မူလက တဟုန်ထိုးတက်နေသော စွမ်းအားသည် သူ့ရဲ့လက်သီးတွင် ဖွဲ့စည်းနေသည်။ လျှိူယွမ် က သူ့ခြေထောက်တွေကို ကွေးလိုက်ပြီး သူ့တစ်ကိုယ်လုံးက အမြောက်ကျည်လိုခကျိုးဝမ် ဆီကို ပြေးဝင်သွားသည်။သူဖြတ်သွားတိုင်း ပတ်ဝန်းကျင်လေက ပွက်ပွက်ဆူနေသော ရေကဲ့သို့ ပွက်ပွက်ဆူလာသည်။

လျှိူယွမ်၏ တိုက်ခိုက်မှုစွမ်းအားကို မြင်လိုက်ရသဖြင့် လူအများ၏ တပည့်များ ကြောက်ရွံ့သွားကြသည်။သူတို့သည် စိတ်နှလုံးထဲတွင် လျှို့ဝှက်စွာ ချီးမွမ်းကြသည်။သူသည် ပုံရိပ်ယောင်ယင်နယ်ပယ် ၏စစ်သည်တော်ဖြစ်သည်မှာ အံ့သြစရာမရှိပေ။သူ့ရဲ့ စွမ်းအားက တကယ့်ကို ထူးထူးခြားခြားပါပဲ။ သူက လျှိူဖုန်း ထက် အများကြီး ပိုသန်မာသည်။

လျှိူယွမ်သည် ဤကဲ့သို့ တန်ခိုးကြီးသော ရောင်ဝါကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း ဟန်ရွှယ် နှင့် ဟန်ယွီ မြင်လိုက်သောအခါ သူတို့၏ လှပသော မျက်နှာများသည် အလိုအလျောက် ပြောင်းလဲသွားသည်။သူတို့အကြည့်တွေက သူတို့နဲ့မနီးမဝေးမှာရပ်နေတဲ့ လူငယ်လေးရဲ့နောက်ကျောကို တပြိုင်နက်ထဲရောက်သွားသည်။ စိုးရိမ်ပူပန်မှု အရိပ်အယောင်များက သူတို့၏ မျက်လုံးများဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

ထိုအခိုက်တန့်မှာ ကျိုးဝမ်ရဲ့အကြည့်ဟာ မကူနိုင်ပေမယ့် လေးစားမှု ဖြစ်လာသည်။ သူ့ရဲ့ ညာဘက်လက်သည် သူ့ရဲ့ မျက်ခုံးကြားကို ရုတ်တရက် ညွှန်ပြလိုက်သည်။ရုတ်တရက် ဓားအရိပ်ကိုးခုဟာ ဝှီးခနဲ ကျိုးဝမ်ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။တချိန်တည်းမှာ ကျိုးဝမ်ရဲ့အသိစိတ်ပင်လယ်ထဲရှိ ဧရာမ ချပ်ဝတ်ဝိညာဥ်သည် ၎င်းရဲ့ကြီးမားသော စွမ်းအားကို မကြာခဏ အသုံးပြုနေခဲ့သည်။

ဧရာမချပ်ဝတ်ဝိညာဥ်၏အကျိုးသက်ရောက်မှု အောက်တွင် ဓားအရိပ်ကိုးခုသည် တဝီးဝီးမြည်နေပြီး အကြိမ်များစွာ ရုတ်တရက် ကျယ်ပြန့်လာခဲ့သည်။ အားကောင်းသော အရှိန်အဝါ၏လှိုင်းလုံးများသည် ဓားအရိပ်ကိုးခုမှ ထုတ်လွှတ်ခဲ့သည်။

"ဧရာမ လမ်းကိုးခုကို ကိုးကွယ်ခြင်း"

တိုးလှသော အသံတစ်ခု ကျိုးဝမ်၏လည်ချောင်းမှ ထွက်လာခဲ့သည်။ ထို့နောက် ကြီးမားသော ဓားအရိပ်ကိုးခုသည် ကြီးမားသော ရွှေရောင်ဓားအဖြစ် ရုတ်တရက် ဖြစ်လာသည်။ ပေါက်ကွဲသံနဲ့အတူ ၎င်းသည် လျှိူယွမ်ဆီသို့ မိုးကြိုးပစ်သကဲ့သို့ ထောင့်ဖြတ် ဟက်တက်ခွဲလိုက်သည်။

All Chapters