← Chapters

ချန်ရီ၏ ဖိတ်ကြားချက်

Vol. 9 Ch. 104-က

ချန်ရီ၏ ဖိတ်ကြားချက်

Vol. 9 Ch. 104-က

ညနေခင်းတစ်ခုတွင် ယွမ်ရှောင်သည် ဓားပင်လယ်အတွင်း တစ်ကိုယ်တော် လမ်းသလားလျက်ရှိသည်။ နံနက်ပိုင်းတွင် သူက ခြစ်ရာပင် မထင်ဘဲ လင်းချန်ကို သတ်ပြခဲ့သောကြောင့် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ ချန်ရီသည် ခေါင်းဆောင်ရှောင်၏ သားတစ်ယောက်ကို သတ်ခဲ့သော်လည်း မထိခိုက်ခဲ့သော အဖြစ်နှင့် ဆင်တူနေသည့်အပြင် အသူရာပင်လယ်ပျက်စီးမှုနှင့် ရတနာလမ်းလူသတ်မှုကဲ့သို့ အဖြစ်အပျက်များကြောင့် သူ၏ ကြောက်မက်ဖွယ်အစွမ်းမှာ တောကြိုအုံကြားမကျန် ပျံ့နှံ့နေခဲ့သည်။ ဓားပင်လယ်သို့ရောက်ပြီး သုံးရက်အကြာတွင် မည်သူမှ မထိဝံ့သော အခြေအနေသို့ ရောက်လာသော်လည်း သူက မကျေမနပ် ဖြစ်နေခဲ့သည်။

"ငါ့ကို ဘာကြောင့် မတိုက်ခိုက်ကြတာလဲ။ အသူရာပင်လယ်ကို သွားတုန်းက ခြေလှမ်းတိုင်းမှာ လုပ်ကြံသူတွေ ရောက်လာတတ်တယ်။ ဒီနေ့ နင်ရန်လည်း ကာကွယ်မနေဘဲ လူမြင်ကွင်းရောက်နေတာတောင် ဒီကောင်တွေက မိတ်ဆက်နေကြသေးတယ်။ စိတ်ပျက်စရာပဲ"

"သခင်လေးယွမ် မင်္ဂလာညနေခင်းပါ"

"လမ်းလျှောက်ထွက်လာတာလား ခေါင်းဆောင်ငယ်"

"သခင်လေး ကျုပ်ရဲ့သမီးက အစွမ်းအစ နည်းနည်းရှိပါတယ်။ အဖော်ပြုပေးစေချင်လား"

ထိုစကားများကြောင့် ယွမ်ရှောင်သည် ဆွံ့အနေကာ လူတိုင်းမှာ ဉာဏ်ရှိရှိဖြင့် မြွေကို ထိပ်ပုတ်ခေါင်းပုတ် မလုပ်ခဲ့ကြပေ။

"ဘာတွေဖြစ်နေတာလဲ အစ်ကိုကြီး။ လုပ်ကြံသူ ရောက်မလာတာက ကောင်းတာ မဟုတ်ဘူးလား"

သားရဲလေးက မေးလိုက်ခြင်းဖြစ်သည်။

"ဒီကောင်တွေဘက်က ရန်စမလာရင် ငါက ဘယ်လိုလုပ် ဓားပြတိုက်ရတော့မှာလဲ ညီလေးရ။ လောလောဆယ် ငါ ငွေပြတ်နေပြီ"

သူက သက်ပြင်းချလိုက်ပြီး စိတ်ကျောက်တုံးငါးသန်းရခဲ့ပြီး ငါးသိန်းကို ကျောက်ရန်ရန်အတွက် လက်ဆောင်ဝယ်လိုက်သဖြင့် လေးသန်းခွဲ ကျန်ရစ်သော်လည်း ကျင့်ကြံရန် အရင်းအမြစ်များ ပိုမိုလိုအပ်လာခဲ့သည်။ ကောင်းကင်တာအိုဆေးလုံး လိုအပ်ချက် မြင့်မားလာသကဲ့သို့ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ကြောင့် သူ၏ဒန်တန်မှာ အဆုံးမရှိ တွင်းနက်ကြီးအလား မပြည့်နိုင်ချေ။ အတိအကျပြောရလျှင် သူက နောက်တစ်ကြိမ် ဆင်းရဲသွားပြန်၏။

"မောင်လေး ခဏလာဦး။ ငါ့မှာ သတင်းကောင်းရှိတယ်"

သူက လမ်းလျှောက်ရင်း ရတနာလမ်း အဆောက်အအုံအနား ရောက်လာသောအခါ ဆေးတံသောက်နေသည့် ဆိုင်ရှင်ချန်က ဖိတ်ခေါ်ခဲ့သောအခါ ခေါင်းတစ်ချက်ညိတ်ပြ၍ ဝင်ရောက်လိုက်သည်။

"မင်းက လင်းချန်ကို သတ်လိုက်တယ်လို့ ကြားတယ်"

"ကျုပ်လည်း ဖိအားပေးခံရလို့ ရွေးချယ်စရာ မရှိဘူး"

"ဓားသမားတွေရဲ့ တိုက်ပွဲမှာ အနိုင်ရတဲ့သူက အမှန်တရားကို ပြောခွင့်ရှိတယ်။ မင်းအနိုင်ရပြီး အသက်ရှင်တယ်ဆိုရင် ဘာမှအရေးမပါတော့ဘူး"

"ခင်ဗျားပြောတဲ့ သတင်းကောင်းက ဘာလဲ"

ဆိုင်ရှင်ချန်၏ မျက်လုံးအတွင်း တစ်ခုခုကို ရိပ်မိနေပုံရသောကြောင့် ယွမ်ရှောင်က လက်ကာပြ၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"လင်းချန်သေပြီဆိုတော့ ကောင်းကင်နယ်မြေရဲ့ အင်မော်တယ်စစ်ပွဲကို သွားခွင့်ရမှာက မင်း ဖြစ်သွားပြီ။ မင်း အဲ့ဒီကိုရောက်ရင် ရတနာလမ်းရဲ့ အထောက်အပံ့ကို ရဖို့အတွက် ဒါလေး ပေးလိုက်ချင်တယ်။ ကောင်းကင်နယ်မြေရဲ့ ရတနာနန်းတော်ကနေ ငါတို့က ဆင်းသက်လာတာပဲ။ ဒါနဲ့ဆိုရင် အထူးလျှော့စျေး ရနိုင်တယ်။ ဒါက သတင်းကောင်း မဟုတ်ဘူးလား"

သူမက အင်္ကျီရင်ဘတ်အတွင်းမှ ရွှေရောင်ကတ်တစ်ခုကို ထုတ်ယူ၍ ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မကြီး"

သူက အထူးလျှော့စျေး ဟူသော စကားလုံးကြောင့် ကျေနပ်သွားကာ အလျင်အမြန် ကျေးဇူးတင်လိုက်၏။

"မင်းက တော်တော်ချောတာပဲ။ မင်းရဲ့ရုပ်ရည်နဲ့ဆိုရင် ကောင်းကင်နယ်မြေရဲ့ ပန်းအိမ်တော်မှာ ရတနာလေးတစ်ခုလို ဖူးဖူးမှုတ်ခံထားရလိမ့်မယ်။ ငါက သူဌေးမအချို့ကို သိထားတယ်။ အခုတလော ရုန်းကန်​နေရတယ်ဆိုရင် မိတ်ဆက်ပေးရမလား"

ဆိုင်ရှင်ချန်က သက်ပြင်းတစ်ချက်ချ၍ စိတ်ကူးကို ပြောပြလိုက်သောအခါ ယွမ်ရှောင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ထို့နောက် သူက ရွှေရောင်ကတ်ကို စစ်ဆေးလိုက်သောအခါ ကြောင်အသွားပြီး သွေးအန်ချင်စိတ် ပေါက်သွားခဲ့သည်။

"ကောင်းကင်မှော်ရတနာလျှော့စျေး စိတ်ကျောက်တုံးသုံးတုံး"

ကောင်းကင်မှော်ရတနာတစ်ခု၏ တန်ဖိုးက အနည်းဆုံး စိတ်ကျောက်တုံး သန်းရာချီသောကြောင့် ဆိုင်ရှင်ချန်၏ ကပ်စေးနည်းမှုမှာ သြချရလောက်သည်။

"ခင်ဗျားက ပါရမီရှင်တွေကို ကူညီချင်တယ်မလား။ လောလောဆယ် ကျုပ် ဆင်းရဲနေတယ်။ စိတ်ကျောက်တုံးတွေ ပေးနိုင်မလား"

သူက မျက်နှာပြောင်ပြောင်နှင့် အံကြိတ်၍ တောင်းဆိုလိုက်သော်လည်း သူမက ခေါင်းယမ်းပြီး ငြင်းဆန်ခဲ့သဖြင့် မျက်နှာကို ရှုံ့မဲ့သွားစေသည်။

"မင်း မလိုချင်ဘူးဆိုရင် ဒီကတ်ကို ပြန်ပေး"

"မပေးဘူး"

စိတ်ကျောက်တုံးသုံးတုံးဆိုသော်လည်း ငွေဖြစ်သောကြောင့် ယွမ်ရှောင်က သိမ်းဆည်းလိုက်၏။

"ခေါင်းဆောင်ငယ် ရှေးဟောင်းမျှော်စင်ရဲ့ သခင်မလေးက အရုဏ်တက် နတ်အိမ်တော်ကို ဖိတ်ခေါ်လိုက်ပါတယ်"

ထိုအချိန်၌ အစေခံတစ်ယောက် ချဥ်းကပ်လာကာ သတင်းပို့လာခဲ့သောကြောင့် သူ့ကို ယာယီ အံ့သြသွားစေခဲ့သည်။ တစ်ဖက်လူက အလွန်အဆင့်မြင့်သော အင်မော်တယ်မိုးစက်၏ လက်ခံသူ ဖြစ်သည်။

"လက်ခံလိုက်။ ငါ အနီးကပ် စစ်ဆေးချင်တယ်"

မျက်ဝန်းများ တောက်ပလာသော ကြယ်ပြာက အကြံပေးလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ"

ယွမ်ရှောင်က ခေါင်းညိတ်၍ ရတနာလမ်းအဆောက်အအုံ၏ ထိပ်ဖျားသို့ တက်လာခဲ့သည်။ ထိုနေရာတွင် တစ်ချက်စစ်ဆေးလိုက်သောအခါ ထူးထူးခြားခြား သန့်စင်နေသည့် လေထု၊ ရှေးဟောင်းအငွေ့အသက်၊ အင်မော်တယ် အရှိန်အဝါနှင့် အဖြူရောင်မြူခိုးများ ရောယှက်နေသဖြင့် တိမ်များအကြားရှိ အင်မော်တယ်ဘုံတစ်ခုထံ ရောက်သွားသည်နှင့် ဆင်တူနေ၏။ ရှေ့တည့်တည့်တွင် နတ်အရုဏ်တက်အိမ်တော်၏ ကြီးမားသော တံခါးများပိတ်လျက်ရှိပြီး စန္ဒကူးရနံ့များ မွှေးကြိုင်နေကာ သူက တံခါးပင်မခေါက်ဘဲ ဝင်ရောက်လိုက်သည်။

ခမ်းနားသော လသာဆောင်အထက်တွင် အသူရာပင်လယ်၏ မြူခိုးများ ရစ်သိုင်းနေကာ တဖိတ်ဖိတ်တောက်ပနေသည့် အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက် ကျောပေးလျက် ရပ်နေသည်။ သူမ၏တည်ရှိမှုက အိပ်မက်ပမာ ဆန်းကျယ်၍ တည်ငြိမ်သော အေးစက်မှုနှင့် ပတ်ဝန်းကျင်မြူများအတွင်း ပေါင်းစပ်နေသဖြင့် အဖြူရောင်ဝတ် ယွမ်ရှောင်နှင့် လိုက်ဖက်ညီနေသည်။

"နင် ရောက်လာပြီလား"

"ရောက်ပြီ"

ထိုအချိန်တွင် သူမက အာရုံခံမိဟန်ဖြင့် မျက်နှာလှည့်လာခဲ့သည်။ ယွမ်ရှောင်သည် ကျားဖြူမျက်နှာဖုံးကို မြင်ရမည်ဟု ထင်ထားသော်လည်း တွေ့လိုက်ရသည်မှာ နတ်မိမယ်မျက်နှာမျိုး ဖြစ်နေ၏။ ချန်ရီသည် လှပစွာ ထွင်းထုထားသည့် ခန္ဓာကိုယ်နှင့် ရေတံခွန်ပမာ ဖြာကျနေသော ဆံပင်များ ပိုင်ဆိုင်ထားသည်။ သူမ၏အသွင်အပြင်က ထူးခြားပြီး မျက်နှာသည် မက်မွန်ပန်းပမာ လှပ၍ နှင်းဖြူရောင် အသားအရေမှာ ကျောက်စိမ်းနှင့် ပုလဲကဲ့သို့ တောက်ပလင်းလက်နေ၏။ အသံကလည်း နူးညံ့ညှင်သာ၍ စည်းချက်ကျနကာ မျက်လုံးများအတွင်း၌ အင်မော်တယ်နန်းဆောင်တစ်ခုလား ထူးခြားဆန်းကျယ်မှုများ ပြည့်နှက်ပြီး သန့်စင်လွန်းသည်။

တစ်ခွန်းတည်းပြောရလျှင် လှပသည်ဟု ဆိုနိုင်ကာ ပြစ်မျိုးမှဲ့မထင်လောက်သော အလှပိုင်ရှင်တစ်ယောက်ပင်။ သူမ၏အသွင်အပြင်က ယွမ်ရှောင်စိတ်ကူးထားသော အင်မော်တယ်တစ်ဦး၏ ရုပ်ရည်မျိုးနှင့် ကိုက်ညီနေသည်။ ကံကောင်းသည်မှာ သူ၏စိတ်က တည်ငြိမ်၍ အလှတရားအောက်တွင် ကျရှုံးမသွားခဲ့ပေ။

"ဒီကျားဖြူလေးက တော်တော်ချစ်စရာကောင်းတာပဲ"

"မင်းအထင် ဒီကျားလေးဆီက နို့ ရနိုင်လောက်လား"

"ဘာတွေတွေးနေတာလဲဟ။ ဟိုက အကောင်ပေါက်လေး ရှိသေးတယ်"

"ကြယ်ပြာ ငါတို့မှာ အဖော် မရှိဘူးမလား"

"ငါတော့ တစ်ယောက် တွေ့ထားပြီ ထင်တယ်"

သို့သော် ကြယ်ပြာနှင့် လနီသည် စိတ်လှုပ်ရှားစွာ တိုင်ပင်နေသောကြောင့် သူ့ကို သတိလစ်မတတ် ဖြစ်သွားစေသည်။ အတွင်းပိုင်း၌ အံ့သြနေသော်လည်း သူ၏မျက်နှာထားက အစမှအဆုံးတိုင် တည်ငြိမ်နေခဲ့သည်။

"နင်က လင်းချန်ကို သတ်ခဲ့တယ်ဆို"

ယွမ်ရှောင်က အကဲခတ်နေသကဲ့သို့ ကျားဖြူလေးကို ပွတ်သပ်ရင်း ချန်ရီသည်လည်း အနီးကပ်စူးစမ်း​နေကာ တေးသီငှက်၏ အသံမျိုးဖြင့် မေးလာခဲ့သည်။

"ဟုတ်တယ်"

"ဒါက နင့်အတွက်"

သူမက အင်္ကျီလက်အတွင်းမှ ကျောက်စိမ်းအပိုင်းအစတစ်ခုကို ယွမ်ရှောင်ထံ တည့်မတ်စွာ ပစ်ခတ်လိုက်သဖြင့် ချီထိန်းချုပ်မှုတွင် ဆရာကျကြောင်း သိသာသည်။

"ဒါက ဘာလဲ"

အင်မော်တယ်စစ်ပွဲဟူ၍ ရေးထွင်းထားသည့် ကျောက်စိမ်းကတ်ကို သူက ကျင်လည်စွာ ဖမ်းယူ၍ မေးခွန်းထုတ်ခဲ့သည်။

"တိုက်ပွဲကျောက်စိမ်း။ ဒါနဲ့ဆိုရင် ကောင်းကင်နယ်မြေရဲ့ အင်မော်တယ်စစ်ပွဲမှာ ဓားနယ်မြေကို ကိုယ်စားပြုနိုင်တယ်"

သူမက သိမ်မွေ့စွာ ရှင်းပြလိုက်ပြီး တိုက်ခတ်နေသော လေပြေညှင်းများကြောင့် ဆံပင်များ တဖြတ်ဖြတ်လွင့်နေရာ သေမျိုးဘုံသို့ ဆင်းသက်လာသည့် အင်မော်တယ် နတ်သမီးအလားပင်။

"ကောင်းကင်နယ်မြေ၊ အင်မော်တယ်အင်ပါယာရဲ့ ပိုင်နက်အတွင်းမှာ ရှိတဲ့ သေမျိုးတိုင်းပြည်ထောင်ချီ၊ မဟာဖုန်းဆိုးမြေနဲ့ ဓားပင်လယ်ကို ဓားနယ်မြေလို့ ခေါ်တယ်။ ဓားသမားတွေ ထွက်ပေါ်လာလို့ ဖြစ်တယ်"

"ဒါဆိုရင် အခြားနေရာတွေမှာ ဓားသမားတွေ ရှိလား"

"ရှိတော့ရှိပေမယ့် သိပ်မများဘူး"

"မင်းကရော ဓားကျင့်ကြံသူတစ်ယောက်လား"

"မဟုတ်ဘူး"

"နားလည်ပြီ။ ဒါပေမယ့် ငါက ဘာကြောင့် အင်မော်တယ်တိုက်ပွဲကို သွားရမှာလဲ"

ယွမ်ရှောင်က စပ်စုလိုက်ခြင်း ဖြစ်သည်။

"ဒါက ကောင်းကင်နယ်မြေကို အမြန်ဆုံး တက်နိုင်ဖို့ နင့်အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ ကောင်းကင်နယ်မြေမှာ နင် ဘာလိုချင်ချင် ရနိုင်တယ်"

ချန်ရီက တိုးလျစွာ ရှင်းပြလိုက်ပြီး ကောင်းကင်နယ်မြေ၌ သူမကဲ့သို့ အင်မော်တယ်မိုးစက်များ ပြည့်နှက်နေပေလိမ့်မည်။ ဖန်ဆင်းရှင် အင်မော်တယ်၏ ခွန်အားမျိုး ပြန်လည်ရယူရန်နှင့် အင်မော်တယ်လမ်းကြောင်းတွင် ရှေ့ဆက်လှမ်းနိုင်ရန်အတွက် ယွမ်ရှောင်၌ အထူးအခွင့်အရေးတစ်ခု လိုအပ်နေသည်။ ကောင်းကင်နယ်မြေမှာ လက်ရှိတွင် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်လေသည်။

All Chapters