← Chapters

ယင်ဟင်းလင်းပြင်

Vol. 9 Ch. 104-ခ

ယင်ဟင်းလင်းပြင်

Vol. 9 Ch. 104-ခ

"နင် လိုက်မှာလား"

"လိုက်မယ်။ ဘယ်အချိန် သွားကြမလဲ"

"သုံးရက်ကြာရင်"

ရဲကုရင်သည် နှစ်ရက်အကြာတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည် ဖြစ်သောကြောင့် အချိန်သုံးရက်က ပြဿနာမရှိချေ။

"ဘယ်နှယောက်လဲ"

ယွမ်ရှောင်က မေးခွန်းထုတ်လိုက်၏။

"ငါနဲ့ အသက်ရှင်မယ့် လူတစ်ယောက်"

ချန်ရီ၏ စကားအသွားအလာနှင့် မျက်နှာထားက အေးစက်တည်ငြိမ်နေသကဲ့သို့ ယွမ်ရှောင်နှင့် ရဲကုရင်၏ ရန်ကြွေးကိုလည်း သိထားသည်။ သို့သော် သူမအနေဖြင့် ဤသာမန်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လိုစိတ် ရှိပုံမရချေ။

"မင်းက ကောင်းကင်နယ်မြေရဲ့ အင်မော်တယ်တစ်ယောက်ဆိုတာ မေးခွင့်ရှိမလား။ အဆင့်အတန်းကရော ဘယ်လိုမျိုးလဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ စပ်စုလိုက်ခြင်း ဖြစ်သည်။

"အင်မော်တယ်အင်ပါယာ တော်ဝင်မျိုးနွယ်ရဲ့ တရားမဝင်သမီးတစ်ယောက်"

သူမက တရစပ် ဖြေလိုက်သည်။

"ဒါဆိုရင် ဘာကြောင့် ဓားပင်လယ်ကို ရောက်လာတာလဲ"

"မေးခွန်းတွေ အရမ်းများတယ်"

"အင်မော်တယ်စစ်ပွဲကို မရောက်ခင် ကျုပ်က အသင်းဖော်အကြောင်း နည်းနည်းတော့ သိထားသင့်တယ်လေ"

"ငါက လက်မထပ်ချင်လို့ ထွက်ပြေးလာတာဆိုရင်ရော ယုံမလား"

"ဒါက နည်းနည်းထူးဆန်းပေမယ့် ကျုပ် ယုံပါတယ်"

"ဒါပေမယ့် ငါ လိမ်နေတာ"

သူက ခေါင်းညိတ်ပြလိုက်သော်လည်း သူမမှာ ရုတ်တရက် ခစ်ခနဲ ရယ်မောခဲ့သည်။ ထိုအချိန်တွင်မှ သူမ၏ပါးပြင်တွင် အေးစက်တည်ငြိမ်မှုနှင့် မလိုက်ဖက်သော ပါးချိုင့်လေးနှစ်ခု ရှိကြောင်း ထွက်ပေါ်လာခဲ့၏။

"ထားပါတော့။ စကားမစပ် ကျုပ်ကို ကောင်းကင်နယ်မြေတက်ဖို့အတွက် အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်"

"ရပါတယ်။ ဓားနယ်မြေရဲ့ မျိုးဆက်တွေမှာ ပါရမီရှင်တစ်ယောက် အမှန်တကယ် လိုအပ်နေတယ်။ နင်က တာဝန်ကြီးကြီး ထမ်းထားရလိမ့်မယ်"

ချန်ရီက အသက်ငယ်သော်လည်း လေသံအရ အမိန့်ပေးနိုင်စွမ်းရှိသော အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

"အထွေအထူးကိစ္စ မရှိတော့ရင် ကျုပ်ကို သွားခွင့်ပြုပါ"

"သုံးရက်ကြာရင် တွေ့ကြမယ်။ ငါ့အသင်းဖော်က ရဲကုရင်အစား နင်ဖြစ်လာဖို့ မျှော်လင့်တယ်။ နင်က ဒီကောင်ထက်စာရင် အများကြီး ပိုကြည့်ကောင်းတယ်"

ချန်ရီက တည်ငြိမ်စွာ ပြောနေရာမှ စနောက်လိုက်သဖြင့် ယွမ်ရှောင်သည် တစ်ချက်ပြုံးပြကာ ထွက်ခွာလာခဲ့သည်။ ထို့နောက် အရုဏ်တက်နတ်အိမ်တော်၏ တံခါးများက အလိုအလျောက်ပိတ်သွားကာ သူမ၏မျက်နှာထက်တွင် အရှက်သည်းနေဟန်ဖြင့် သွေးရောင်လွှမ်းလာခဲ့၏။

"ယန်ဟင်းလင်းပြင် ဒါက သက်တောင့်သက်သာရှိလိုက်တာ"

"ကံကောင်းချက်။ နင်က ပွပေါက်တိုးမယ့် လမ်းကြောင်းပေါ်ကို ရောက်နေပြီ"

သူမက ခပ်တိုးတိုး ရေရွတ်လိုက်သကဲ့သို့ ကျားဖြူလေးကလည်း ခြေလက်များ အညောင်းဆန့်ရင်း တီးတိုးပြောဆိုလိုက်သည်။ သူမက ကြီးမားသော အိပ်ရာပေါ်သို့ လှဲချလိုက်သောအခါ ၎င်းကလည်း လိုက်ပါလာပြီး ယန်ဟင်းလင်းပြင်ကို အသုံးချရမည့် နည်းလမ်းကို ရှင်းပြခဲ့သည်။

ဤနည်းလမ်းသည် အဆင့်သုံးဆင့်ပါဝင်သော နည်းလမ်းတစ်ခုဖြစ်ကာ ပထမအကြိမ်တွင် ချန်ရီသည် ယွမ်ရှောင်ကို ယင်ဟင်းလင်းပြင်၏ စွမ်းအား ဆယ်ပုံတစ်ပုံကို ထောက်ပံ့ရပြီး ဒုတိယအကြိမ်တွင် သုံးပုံတစ်ပုံ ဖြစ်သည်။ ထိုသို့ဖြင့် ယင်နှင့် ယန်၏ ဟန်ချက်ညီမှုကြောင့် ယွမ်ရှောင်၏ ခွန်အားနှင့် အဆင့်သည် များစွာတိုးတက်လာမည်ဖြစ်ကာ နောက်ဆုံးအကြိမ်တွင် ရိတ်သိမ်းရပေလိမ့်မည်။

"ငါက ဘယ်လို ရိတ်သိမ်းရမှာလဲ"

သူမက မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။

"မင်း သူ့ကို ပေးအပ်ထားတဲ့ ချီစွမ်းအင်အားလုံးအပြင် ထပ်ယူရမယ်။ ယန်ဟင်းလင်းပြင်စွမ်းအင်ကို အရယူရမယ်။ ဒီနည်းလမ်းနဲ့ဆိုရင် မင်း အဆင့်တစ်ဆို့နေတာကို ချေဖျက်ပြီး ကောင်းကင်နယ်မြေမှာ သမိုင်းသစ် ရေးထွင်းနိုင်လိမ့်မယ်"

ကျားဖြူလေး၏ မျက်လုံးများက အရောင်တောက်နေသည့် ခပ်ညစ်ညစ်ပြုံးကာ စုံတွဲကျင့်ကြံခြင်းကို ရည်ညွှန်းလိုက်သည်။

"အို"

သူမက ခပ်တိုးတိုးရေရွတ်ကာ ခေါင်းအုံးတစ်လုံးဖြင့် မျက်နှာကို ကာထားလိုက်မိ၏။

"ရီအာ ဘာဖြစ်တာလဲ။ ရှက်စရာ မလိုဘူး။ ဒါက လူတွေအတွက် ပုံမှန်ပါပဲ။ တကယ်လို့ မင်းက ဒါမျိုးမဖြစ်ချင်ဘူးဆိုရင် ယွမ်ရှောင်ကို သင်းကွပ်ပစ်လိုက်။ ဘာမှ လက်တွန့်မနေနဲ့"

ကျားဖြူလေးက ခေါင်းယမ်း၍ ခပ်ကြမ်းကြမ်း နည်းလမ်းတစ်ခု ပြောပြလိုက်သည်။

"တော်လောက်ပြီ"

"ဝှီး ဘုတ်"

ချန်ရီက လျင်မြန်စွာဖြင့် ပါးစပ်အရသာခံနေသော ကျားဖြူလေးကို အိပ်ရာပေါ်မှ ကန်ချပစ်ခဲ့သော်လည်း ၎င်းမှာ ဆက်လက်ရယ်မောနေခဲ့သည်။

"ကံကောင်းလိုက်တဲ့ အစ်ကိုကြီး မင်းတော့ ရွှေတွင်းတွေ့တာပဲ"

"ဘာကြောင့်လဲ"

ရတနာလမ်း၏ လှေကားထစ်များမှ ဆင်းနေစဥ် ကြယ်ပြာသည် ယွမ်ရှောင်ကို စိတ်ချင်း ဆက်သွယ်လာခဲ့သည်။

"ချန်ရီ ကျင့်ကြံထားတာက ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ရဲ့ အခွဲတစ်ခုဖြစ်ပြီး ယင်ဟင်းလင်းပြင်ကို ကျင့်ကြံရတယ်။ မင်းက ဒီအခွင့်အရေးကို အသုံးချပြီး သူမကို ကျင့်ကြံရေးမီးဖိုအဖြစ် အသုံးချလိုက်ရင် ယန်စွမ်းအားတွေ ခုန်ပေါက်တိုးတက်လာပြီး အဆင့်တက်ဖို့ ဘာမှအားစိုက်နေစရာ မလိုဘူး။ မင်းအတွက် ဒီမိန်းမက ရှေးဟောင်းအင်မော်တယ် ဘိုးဘေးတစ်ယောက်အဖြစ် သတ်မှတ်လိုက်တော့"

ကြယ်ပြာက ကျေနပ်စွာ ရယ်မော၍ ရှင်းပြလိုက်သည်။

"ဒါပေမယ့် အလျင်စလို လုပ်လို့ မဖြစ်ဘူး။ ချန်ရီက ငါ့ထက် သေချာပေါက် သန်မာလိမ့်မယ်"

သူက ခဏတာ စဥ်းစား၍ မှတ်ချက်ပေးလိုက်သည်။

"စောက်တလွဲ တွေးမနေနဲ့။ သူမသာ ကျင့်ကြံဆင့်ကို ချိတ်ပိတ်မထားရင် မင်းအရှေ့ကို မိုင်ပေါင်းများစွာ ရောက်နေလောက်ပြီ။ ဒီအခြေအနေမှာ မင်းက ဘာမှဖိအားပေးနိုင်စွမ်း မရှိဘူး"

၎င်းက စိတ်ပျက်စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။

"ဖိအားပေးရမယ် ဟုတ်လား။ ဒါဆိုရင် မင်းပြောတဲ့ ကျင့်ကြံရေးမီးဖိုက ဘာကို ဆိုလိုချင်တာလဲ"

တစ်ခုခုကို တွေးမိလိုက်သဖြင့် သူ၏မျက်နှာက မည်းနက်သွားခဲ့သည်။

"မင်းက ဘာထင်လို့လဲ။ အစ်မကျောက်နဲ့ မင်းရဲ့ ကိစ္စလိုပေါ့ကွ"

၎င်းက မျက်ခုံးပင့်ကြည့်၍ ရေရွတ်လိုက်သည်။

"ဒီလိုလုပ်တာ သင့်တော်ရဲ့လား"

"ဒါကို ဆုံးဖြတ်မှာက မင်း မဟုတ်ဘူး"

"ဘာကြောင့်လဲ"

"သူမက မင်းကို အကြောင်းအရင်းမရှိ စိတ်ဝင်စားလာတယ်လို့ ထင်နေတာလား"

"ငါက ရုပ်ချောလို့ နေမှာပေါ့"

"ယီးကိုရုပ်ချော ချန်ရီရဲ့ ကျားဖြူကလည်း ငါ့လိုတွေးနေပြီး မင်းကို သူမရဲ့ ဆေးမီးဖိုအဖြစ် အသုံးချချင်နေတာဟ"

ကြယ်ပြာက ငတုံးအစ်ကိုကြီးကို စိတ်ပျက်စွာ ငေါက်ငမ်းလိုက်သည်။

"ဒါဆိုရင် သူမက ငါ့ကို ဆန့်ကျင်မှာလား"

"၁၀၀ ရာခိုင်နှုန်း သေချာတယ်"

"ဒါဆိုရင် ငါ့ကို ဘယ်လိုအသုံးချမှာလဲ"

"အဆင့်သုံးဆင့်နဲ့ သံသရာလည်နေလိမ့်မယ်။ အရင်ဆုံး ချန်ရီက မင်းကို ခွန်အားဆယ်ပုံတစ်ပုံ ထည့်ပေးပြီး ယင်နဲ့ ယန်ပေါင်းစပ်မှုကြောင့် အဆင့်တက် မြန်လာလိမ့်မယ်။ နောက်တစ်ကြိမ်ကျရင် ယင်စွမ်းအင် သုံးပုံတစ်ပုံထည့်ပေးပြီး ခွန်အားကို တိုးတက်စေလိမ့်မယ်"

"ဒီလောက် အကျိုးအမြတ်ရှိတာလား။ နောက်ဆုံးအကြိမ်ကရော"

ကြယ်ပြာ၏ ရှင်းပြချက်ကြောင့် ယွမ်ရှောင်က သိချင်စိတ်များလာခဲ့သည်။

"နောက်ဆုံးအကြိမ်မှာ မင်းက အခြေအနေကို ပြောင်းပြန်လှန်ရမယ်။ သူမစုပ်ယူတာကို ခံမယ့်အစား ယင်စွမ်းအင်အားလုံးကို ဝါးမျိုလိုက်ရင် ကျားဖြူလေးရဲ့အကြံ ပျက်စီးပြီ။ ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျလာမယ့် ကျောက်ခဲကို သူတို့က မမြင်နိုင်ကြဘူး ဟား ဟား"

ကြယ်ပြာက မတ်တပ်ရပ်၍ ခါးထောက်ကာ ရယ်မောလိုက်သည်။

"မိုက်တယ်ကွာ။ အစ်ကိုကြီးကတော့ နောက်ထပ်မိန်းမတစ်ယောက် ရဦးမယ်"

လနီပါ ဝင်ရောက်အောင်ပွဲခံနေသဖြင့် ယွမ်ရှောင်ကို ဆွံ့အသွားစေသည်။

"ပါးစပ်ပိတ်ထားကြ။ ဒါနဲ့ နောက်ဆုံးအကြိမ်မှာ ငါ ဒီလိုလုပ်လိုက်ရင် သူမ သေနိုင်လား"

ယွမ်ရှောင်သည် လင်းချင်းဖန်ကဲ့သို့ လူယုတ်မာမျိုး မဖြစ်လိုသောကြောင့် ဤအကြံကို အလေးအနက် စဥ်းစားနေ၏။

"ဘာမှမဖြစ်ဘူး။ ချီစွမ်းအင် ကုန်သွားရုံလောက်ပါပဲ။ အသက်ဆယ့်ငါးနှစ်နဲ့ ဒီလောက်အစွမ်းထက်နေတာဆိုတော့ နှစ်နည်းနည်းလောက် ကျင့်ကြံလိုက်ရင် ပုံမှန်အတိုင်း ကောင်းသွားလိမ့်မယ်။ အဲ့အချိန်ကျရင် မင်းက နောက်တစ်ခါ ရိတ်သိမ်းပေါ့ကွ"

ကောင်းကင်တာအိုဆေးလုံးများ သန့်စင်နေရသည်ထက်စာလျှင် ဤနည်းလမ်းကို ကြယ်ပြာက ပို၍လိုလားပုံရသည်။

"ထားလိုက်ပါတော့ကွာ"

ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းပြလိုက်၏။

"ဘာကြောင့်လဲ"

ကြယ်ပြာရော လနီပါ အင်္ကျီရင်ဘတ်အတွင်းမှ ပြိုင်တူ မော့ကြည့်လာကြ၏။

"သူမက ကောင်းကင်နယ်မြေ၊ တော်ဝင်မျိုးနွယ်တစ်ခုရဲ့ တရားမဝင် သမီးတစ်ယောက်ဆိုတော့ ဘယ်လောက်အစွမ်းနိုင်မှာလဲ။ သူမရဲ့ ယင်စွမ်းအင်က ငါ့အတွက် အသုံးဝင်ပါ့မလား"

ယွမ်ရှောင်က သူ၏အတွေးကို ပြောပြလိုက်သောအခါ ကြယ်ပြာမှာ မျက်လုံးလှန်ကြည့်၍ လှောင်ရယ်ခဲ့လေသည်။

"စောက်အဓိပ္ပါယ်မရှိတဲ့ စကားကို ယုံမနေနဲ့ဟ။ ချန်ရီက နတ်အရုဏ်တက် ဧကရီပဲ။ သူမရဲ့ ယင်စွမ်းအား ဆယ်ပုံတစ်ပုံကတင် မင်းကို သတ်ပစ်ဖို့ လုံလောက်တယ်"

All Chapters