← Chapters

မီးမွှေးခြင်း

Vol. 9 Ch. 109

မီးမွှေးခြင်း

Vol. 9 Ch. 109

ဓားကောင်းကင်၏ ခေါင်းဆောင်ငယ်သည် ရှေးဟောင်းမျှော်စင်၏ မဟာအကြီးအကဲငါးယောက်နှင့် သွမ့်မူအိမ်တော်တစ်ခုလုံးကို ရှင်းပစ်လိုက်သောကြောင့် ဓားပင်လယ်တစ်ခွင် ဗြောင်းဆန်ကုန်သည်။ ရှေးဟောင်းမျှော်စင်တစ်ခုလုံး ဒေါသူပုန်ထကာ ကျင့်ကြံသူအားလုံး ဓားကောင်းကင်ထံ ချီတက်လာသောကြောင့် အတွင်းရေးစစ်ပွဲ စတင်လာပေတော့မည်။ နေရာပေါင်းစုံမှ ကျင့်ကြံသူများသည် အဓိကအင်အားစုကြီးနှစ်ခု၏ တိုက်ပွဲကို စောင့်ကြည့်ရန် ကျိုင်းကောင်အုပ်များပမာ ထွက်ခွာလာကြသည်။ ဓားကောင်းကင်၏ အပြင်ဘက်တွင် ကျင့်ကြံသူသောင်းချီက ခံစစ်ပြင်ထားပြီး အချို့က တည်ငြိမ်နေသကဲ့သို့ အချို့မှာ စိတ်ရှုပ်နေပုံပေါ်သည်။

"ဘုန်း"

ထိုအချိန်၌ ကောင်းကင်မှ ဓားပျံပေါင်းတစ်ထောင်ကျော်က သူတို့ရှေ့သို့ ကြယ်တံခွန်ပမာ ခပ်ကြမ်းကြမ်း ဆင်းသက်လာကြ၏။ အနက်ရောင်နှင့် အနီရောင်ဝတ် ကျင့်ကြံသူများသည် သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။ ၎င်းသည် ဓားပင်လယ်၏ အထူးချွန်ဆုံးလူများကိုသာ အဖွဲ့ဝင်အဖြစ် လက်ခံသောကြောင့် တစ်ယောက်ချင်းစီက အလွန်တရာ မောက်မာကြပြီး သြဇာအာဏာကို မေးခွန်းထုတ်ခွင့် မပေးနိုင်ချေ။ သူတို့၏ဆင်းသက်မှုကြောင့် မြေပြင်တုန်ခါသွားသောအခါ ဓားကောင်းကင်မှ လူများသည် နောက်တစ်လှမ်း ဆုတ်လိုက်ရ၏။ ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူတစ်ထောင်ကျော်က ဓားကောင်းကင်၏ အရေအတွက်သောင်းချီကို ဖိအားပေးနိုင်စွမ်း ရှိနေသည်။ ရှေ့ဆုံးတွင် ဦးဆောင်လာသည်မှာ ရှောင်ချန်တန်းနှင့် မဟာအကြီးအကဲငါးယောက်ဖြစ်ကာ အနက်ရောင်ဝတ်ရုံနှင့် မိန်းမလှတစ်ယောက်က စပ်စုလိုက်၏။

"ခေါင်းဆောင် ယွမ်ရှောင်ကို တောင်းဆိုမလား၊ ဓားကောင်းကင်တစ်ခုလုံးကို ဖျက်ဆီးလိုက်ကြမလား"

သူမက ရှောင်ယွမ်၏ညီမ ရှောင်ချန်းဖြစ်ပြီး ဓားပင်လယ်၌ လွှမ်းမိုးနိုင်စွမ်း ကြီးမား၏။

"ခဏစောင့်ပါဦး"

ခေါင်းဆောင်ရှောင်က လက်ကာပြလိုက်သောအခါ လင်းချင်းဖန်နှင့် ရှောင်ယုတို့ တည်ငြိမ်စွာ ရှေ့ထွက်လာကြသည်။

"ကျုပ်တို့ စကားနဲ့ ဖြေရှင်းနိုင်မလား"

"ကောင်းပြီ လူတိုင်း စိတ်အေးအေးထားကြပါ။ ငါက ခေါင်းဆောင်လင်းနဲ့ သီးသန့်ဆွေးနွေးပြီးရင် အားလုံးကို ကျေနပ်စေမယ့် ဖြေရှင်းချက် ပေးပါမယ်"

ခေါင်းဆောင်ရှောင်၏ စကားကြောင့် ရှောင်ချန်းပင် မင်သက်သွားသော်လည်း သူက နောက်လိုက်များကိုပါ နှစ်သိမ့်လိုက်၏။

"ကျေးဇူးပြုပြီး အစ်ကိုတန်း"

ရှေးဟောင်းမျှော်စင်၏ ဓားသမားများက ခေါင်းဆောင်ရှောင်၏ အမိန့်ကြောင့် ကိုယ့်ကိုကိုယ် ထိန်းသိမ်းလိုက်သောအခါ ခေါင်းဆောင်လင်းသည် ဖိတ်ခေါ်လိုက်သည်။ လင်းမောင်နှံနှင့် ရှောင်ချန်တန်းက နေကျောက်စိမ်းနန်းတော်၏ သီးသန့်ခန်းတစ်ခုအတွင်း ဝင်ရောက်သွားသောအခါ အပြင်ဘက်တွင် အင်အားစုနှစ်ခုသည် အချင်းချင်း ရန်စောင်လျက် ကျန်ရစ်ခဲ့၏။

"အစ်ကိုဖန် ဒီကိစ္စကို ဘယ်လိုဖြေရှင်းချက်ပေးမလဲ"

"ဒီအရူးကောင် ယွမ်ရှောင်က ရဲကုရင်ရဲ့ ဖိအားကြောင့် စိတ်လွတ်သွားတာ ထင်တယ်။ ဒီနှစ်တွေမှာ ငါက ရှေးဟောင်းမျှော်စင်အပေါ် ရန်လိုစိတ်မရှိတာ မင်း သိပါတယ်"

"ဒါကို ငါတို့ လုံးဝ မသိပါဘူး"

လင်းမောင်နှံက အလောတကြီး တောင်းပန်လိုက်ကြသည်။ ရှောင်ချန်တန်းက သူတို့ကို ယုံကြည်သော်လည်း အရှက်ခွဲခံထားရသည့် ရှေးဟောင်းမျှော်စင်၏ လူများက ကျေနပ်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤညတွင် ယွမ်ရှောင်ကို ရှေးဟောင်းမျှော်စင်သို့ ခေါ်ဆောင်သွားရန် ကြံစည်ထားကြောင်း ပြောပြလိုက်သောအခါ အချိန်တစ်ရက်ပေးရန် ရှောင်ယုက တောင်းဆိုခဲ့၏။

"ကျေးဇူးပြုပြီး တစ်ကြိမ်လောက် ကူညီပေးပါ အစ်ကို။ ဓားအရိုးကို မလဲရဘူးဆိုရင် အစ်ကိုဖန် သေရလိမ့်မယ်။ ဒီနှစ်တွေကို သူ ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ သိတယ်မလား။ ညီမမှာ သားလည်း မရှိတော့ဘူး။ ယောကျ်ားပါ ဆုံးသွားရင် သေရပါလိမ့်မယ်"

သူမက ကြမ်းပြင်တွင် ဒူးထောက်၍ အကြိမ်ကြိမ်ဦးချကာ အချိန်တစ်ရက် ပေးပါရန် တောင်းဆိုလိုက်သည်။

"အစ်ကိုဖန် မင်းရဲ့အကြံကို သူ သိသွားပြီလား"

"မဖြစ်နိုင်ဘူး။ နှလုံးစားဂူကောင်က ကောင်းကင်နယ်မြေရဲ့ သက်ရှိတစ်မျိုးမို့ အောက်နယ်မြေမှာ သိစရာ အကြောင်းမရှိဘူး"

ခေါင်းဆောင်ရှောင်က လေးနက်စွာစဥ်းစား၍ မေးခွန်းထုတ်လိုက်သောအခါ ခေါင်းဆောင်လင်းမှာ မျက်မှောင်ကြုတ်လိုက်သည်။

"သူက လင်းချန်ကိုသတ်ပြီး ဒါတွေကို တမင်လုပ်ခဲ့တာ ဖြစ်ရမယ်။ ဒီကောင်က မင်းရဲ့အကြံကို သိနေဖို့ ၉၉ရာခိုင်နှုန်း သေချာတယ်"

အခြေအနေအသေးစိတ်ကို စေ့စပ်စွာ ဆင်ခြင်လိုက်သောအခါ ရှောင်ချန်တန်းက စားပွဲကို ဘန်းခနဲရိုက်ချ၍ အတည်ပြုလိုက်သည်။ ရှောင်ယု၏အမြင်တွင် ယွမ်ရှောင်သည် အသူရာဓားဂိုဏ်းမှ အားနည်းသူတစ်ယောက် ဖြစ်သောကြောင့် ဤမျှဉာဏ်မကောင်းနိုင်ဟု မှတ်ယူထားသည်။ သူမနှင့် လင်းချင်းဖန်သည် လောဘကြောင့် မျက်လုံးကန်းနေခြင်းသာ ဖြစ်ကြောင်း ခေါင်းဆောင်ရှောင်က ထောက်ပြလိုက်သည်။ သို့သော် ဓားအရိုးအဆိပ်ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာရသည့် လင်းချန်းဖန်က ၁ရာခိုင်နှုန်းဆိုလျှင်ပင် လက်မလျှော့လိုပေ။ ကြယ်ပွင့်အဆင့်နှင့်အထက် ဓားဝိညာဥ်များသာ ဓားအရိုးကို လဲလှယ်နိုင်သောကြောင့် ယွမ်ရှောင် သေသွားလျှင် နောက်တစ်ယောက် ရှာတွေ့ရန် မဖြစ်နိုင်တော့ပေ။

"အစ်ကို ယွမ်ရှောင် သိသွားရင်လည်း ဘာဖြစ်လဲ။ သူက ဓားအရိုး လဲမယ်ဆိုတာကို မခန့်မှန်းနိုင်လောက်ပါဘူး။ သူက ဓားဝိညာဥ်ကို ဖျက်ဆီးပစ်ဖို့လည်း သတ္တိရှိမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး တစ်ရက်လောက် အချိန်ပေးပါ။ ဒီကောင့်ကို ဓားကောင်းကင်အပြင် မထွက်စေရပါဘူး"

"အစ်ကိုတန်း ကျုပ်က အသက်လေးဆယ်ရှိနေပြီ။ သားအရင်းကိုတောင် ဒီအကြံကြောင့် ဆုံးရှုံးခဲ့ရတယ်။ ဒီတစ်ခေါက် အလွတ်ပေးလိုက်လို့ လုံးဝ မဖြစ်ဘူး"

ရှောင်ယုက တောင်းပန်လိုက်သကဲ့သို့ လင်းချင်းဖန်ကလည်း ဒူးထောက်၍ တောင်းဆိုလိုက်သည်။

ဓားကောင်းကင်အပြင်ဘက်၌ အခြေအနေက တင်းမာနေပြီး နှစ်ဖက်လုံးမှ ကျင့်ကြံသူများသည် တစောင်းစေနှင့် မျက်ချေးပမာ ရန်စောင်နေကြ၏။ ရှေးဟောင်းမျှော်စင်ဂိုဏ်းသားများသည် တရွေ့ရွေ့ ရှေ့တိုးလာရင်း တစ်ဖက်ကို ချောင်တစ်ခု၌ ပိတ်မိစေသည်။

"ယွမ်ရှောင် ဘယ်မှာလဲ"

ရှောင်ချန်တန်းထံမှ အချိန်တစ်ခုကြာသည်အထိ အမိန့်မရသောကြောင့် ရှောင်ချန်းမှာ ဒေါသကို မထိန်းနိုင်တော့သဖြင့် ရှောင်ယွမ်အတွက် လက်စားချေရန် ရှေ့တက်လာခဲ့သည်။

"ဒီမှာ အသားကင်နေတယ်။ နည်းနည်းစားဦးမလား"

ဓားကောင်းကင်၏ လူအုပ်အကြားမှ အော်သံတစ်ခုနှင့်အတူ အသားညှော်နံ့ ထွက်ပေါ်လာသည်။ အသံလာရာသို့ ကြည့်လိုက်သောအခါ ယွမ်ရှောင်သည် ခေါင်းပြတ်ငါးလုံးကို တုတ်ဖြင့် ထိုးကာ မီးပုံတွင် ကင်နေသောကြောင့် လူတိုင်း မျက်လုံးပြူးသွားကြ၏။

"ခွေးကောင်"

မဟာအကြီးအကဲများ၏ ခေါင်းပြတ် မီးကင်ခံနေရသောအခါ ရှောင်ချန်တန်း၏ အမိန့်ကြောင့် စိတ်ထိန်းထားသော ကျင့်ကြံသူများမှာ သည်းမခံနိုင်တော့ပေ။ လူသေများကိုပင် အလွတ်မပေးဘဲ နှိပ်စက်နေခြင်းက ရှေးဟောင်းမျှော်စင်၏ ဂုဏ်သိက္ခာကို ချနင်းလိုက်ခြင်းပင်။

"သေစမ်း"

ရှောင်ချန်း၏ မျက်လုံးများက နီရဲလာပြီး ဓားဆွဲထုတ်ကာ ယွမ်ရှောင်ထံ ခုန်ဝင်လာသကဲ့သို့ ကျန်လူများလည်း ဓားဝိညာဥ်ကိုယ်စီ ထုတ်ဖော်လိုက်ကြ၏။

"မင်းတို့က စစ် ဖြစ်ချင်နေတာလား။ ဓားကောင်းကင်ကို အနိုင်ကျင့်လို့ ရမယ် မထင်နဲ့"

ယွမ်ရှောင်က ထရပ်လိုက်ပြီး ကောင်းကင်သင်္ချိုင်းဓားကို ဆင့်ခေါ်ကာ နေဖောက်သက်တန့်သိုင်းကွက်ဖြင့် ပစ်ခတ်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း ရေနှင့်မီးချီများ ရစ်ပတ်နေသည့် ဓားမြှောင်မှာ ရှောင်ချန်းထံ ဝင်ရောက်သွားသည်။

"နှစ်ငါးထောင်ဓားစက်ကွင်း"

သူမ၏မျက်နှာက သွေးဆုတ်သွားကာ ဓားဖြင့် အလန့်တကြား ခုခံလိုက်သော်လည်း သွမ့်မူရောင်ကဲ့သို့ အဆုံးသတ်သွား၏။ လည်ပင်းမှာ ချက်ချင်းပြတ်တောက်သွားကာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပြီး အင်အားစုနှစ်ခုအကြားတွင် သူမက ပထမဆုံး အသတ်ခံလိုက်ရပေသည်။

"ရှေးဟောင်းမျှော်စင်က ဒီလောက်ကြောက်တတ်သလား။ ခွေးကောင်တွေ မဟာအကြီးအကဲတစ်ယောက်လုံး အသတ်ခံလိုက်ရတာတောင် မလှုပ်ရဲဘူး။ ငါ့ကို စိန်ခေါ်ရဲလား"

ယွမ်ရှောင်က ရှောင်ချန်း၏ခေါင်းပြတ်ကို မြှောက်ပြပြီး ဟားတိုက်ရယ်မောရင်း ရန်စလိုက်သည်။ ရှေးဟောင်းမျှော်စင်ဂိုဏ်းသားများက ဒေါသတကြီးဖြစ်သွားကာ ရှောင်ချန်တန်း၏ အမိန့်ကို ဂရုမစိုက်နိုင်ကြတော့ပေ။

"သတ်ကြ"

"ဓားကောင်းကင်ကို ဖျက်ဆီးစမ်း"

မီးပွားတစ်စက အရာရာကို လောင်ကျွမ်းနိုင်သကဲ့သို့ ဓားဝိညာဥ်ပေါင်း တစ်ထောင်ကျော်သည် ယွမ်ရှောင်ထံ မိုးရွာသည့်အလား တဖွဲဖွဲ ဝင်ရောက်လာ၏။

"အယောက်တစ်ထောင်နဲ့အနိုင်ကျင့်ချင်တယ်ပေါ့။ဓားကောင်းကင်ကမတိုက်ခိုက်ရဲဘူးထင်လို့လား"

သူကဆက်တိုက်ရန်စရင်းဓားကောင်းကင်၏လူအုပ်အတွင်းရုတ်တရက်လှည့်ပြေးသွားခဲ့သည်။လေးညှို့မှလွှတ်လိုက်သောမြှားကိုပြန်လည်သိမ်းယူရန်မဖြစ်နိုင်သကဲ့သို့ဓားဝိညာဥ်များကလည်းရပ်တန့်မရနိုင်တော့ပေ။လှည့်ပတ်ပြေးလွှားနေသောယွမ်ရှောင်ကိုမထိသော်လည်းဓားကောင်းကင်၏ကျင့်ကြံသူတစ်ရာကျော်မှာနေရာတွင်အသက်ပျောက်၍လဲကျကုန်သည်။ဓားကောင်းကင်တွင်သွေးချောင်းစီးအဖြစ်တစ်ခုမှာမျှော်လင့်မထားဘဲဖြစ်ပေါ်လာခဲ့လေသည်။

All Chapters