အခန်း (၄၃၃)
Vol. 29 Ch. 433
မူအန်က မျက်နှာပျက်နေသော်လည်း သူ၏ပုံစံက ကျောက်တုံးရုပ်တုတစ်ခုနှင့် ပို၍တူနေခဲ့သည်။ သူ၏အရေပြားကလည်း သာမန်လူများကဲ့သို့ မဟုတ်ဘဲ မီးခိုးရောင် ပြောင်းလဲနေပြီး နတ်ဘုရားများ၊ မကောင်းဆိုးဝါးများ၏ မျိုးဆက်များ ပြည့်နေသော ကမ္ဘာကြီးနှင့် သဟဇာတ မဖြစ်ပေ။
လမ်းမပေါ်တွင် ပုံသဏ္ဍာန်မျိုးစုံ ရှိနေသော အရာပေါင်းများစွာ ရှိနေပြီး တချို့ကတော့ လက် (၄) ဖက်နှင့် မျက်နှာ (၂) ခုပင် ရှိနေကြ၏။
"ရှေ့ကနေ လမ်းပြပါ…"
သူက ထိုသတင်းကို ပြန်ပို့ရန် မြို့စားရဲတိုက်ဆီသို့ ပြန်မသွားတော့ပေ။ သူက ရန်သူကို ကိုယ်တိုင်ရှာတွေ့ခြင်းမရှိဘဲ လက်ဝဲနတ်ဆရာနှင့် မြို့စားရဲတိုက် ခေါင်းဆောင်ဆီသို့ ပြန်မသွားချင်ပေ။ ထို့ပြင် သူ့အစွမ်းက အမှိုက်ကောင် ကျိတောင်ထက် သာလွန်နေသည့်အတွက် သူက တပ်ကူများ ရောက်လာသည့်အချိန်ထိ အသက်ရှင်နိုင်မည်ဆိုလျှင် ရန်သူများကို ဖမ်းမိနိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။ သူက ရန်သူကိုပင် သတ်ပစ်နိုင်သေး၏။
မုတ်ဆိတ်မွှေး (၂) ခု ရှိနေသော ပိန်ပိန်ပါးပါး လူက ကြောက်နေပုံရသည်။ သူ၏အဖော် အများစုကို ရန်သူများက သတ်ပစ်ခဲ့သည့်အတွက် အလွန်ကြောက်လန့်နေသလိုမျိုး ဖြစ်သည်။ သို့သော် မူအန်က စိုက်ကြည့်နေသည့်အတွက် သူလည်း ခေါင်းငုံ့ပြီး လမ်းကြားလေးထဲသို့ ဝင်သွားခဲ့၏။
ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် မူအန်က ဘယ်လက်ကို မြှောက်လိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် အနက်ရောင် ပိုးကောင်တစ်ကောင် ပေါ်လာခဲ့သည်။ ထိုပိုးကောင်က လေထဲတွင် လှုပ်ရှားပြီး ရန်သူ၏ အငွေ့အသက်ကို အာရုံခံရန် ကြိုးစားလိုက်၏။
ထို့နောက် ပိုးကောင်ဆီမှ ကျယ်လောင်သော အသံများ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်ကျောဘက်တွင် ရှိနေသော ကြည်လင်နေသည့် အတောင်ပံတစ်စုံကိုခတ်၍ လမ်းကြားလေး၏ ထောင့်နေရာသို့ ပျံသန်းသွားခဲ့သည်။
"သူက လူရှုပ်တဲ့နေရာမှာ လမ်းလျှောက်မယ်ဆိုရင် သူ့ရဲ့အငွေ့အသက်က တခြားလူတွေနဲ့ ရောနေနိုင်တယ်။ ငါ့ရဲ့ရှာဖွေရေးပိုးကောင်ကတော့ ကမ္ဘာမြေကြီးရဲ့ အချုပ်အနှောင်ကို ဖယ်ရှားနိုင်တဲ့အတွက် သူ့ရဲ့ခြေရာလက်ရာကို တိတိကျကျ မရှာဖွေနိုင်ရင်တောင် အခုလိုအချိန်မျိုးမှာတော့ မတူတော့ဘူး…"
မူအန်က တစ်ယောက်တည်း ရေရွတ်နေပြီး သူ့ကိုယ်သူ ကျေနပ်နေပုံရသည်။
အကယ်၍ သူ၏မှတ်ဉာဏ်များကသာ ကောင်းမွန်နေမည်ဆိုလျှင် သူ့ကို သတင်းလာပို့သော မုတ်ဆိတ်နှင့်လူကလည်း အမှိုက်ကောင် ကျိတောင်၏ လက်အောက်တွင် အလုပ်လုပ်နေခြင်း ဖြစ်သည်။ သေရေးရှင်ရေး အခြေအနေများစွာကို ကြုံခဲ့ရပြီးနောက် သူက ကျိတောင်၏ ယုံကြည်မှုကိုရခဲ့၏။
မူအန်က ကျိတောင်ထက် ပို၍ဆိုးရွားသောအရာမျိုး မဖြစ်စေရန်အတွက် လှည့်ကွက်တချို့ကို အသုံးပြုလိုက်သည်။ သူက ရှာဖွေရေးပိုးကောင်ကိုသုံးပြီး နယ်မြေသခင်၏ ဆိုင်ထဲတွင် အပြာဝတ်မိန်းကလေး၏ အငွေ့အသက်များကို မှတ်မိနေရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်၌ လှုပ်ရှားသွားလာနေသော ဈေးနေရာတစ်ခု ဖြစ်နေသည်မှာ ကံဆိုးသွား၏။ ထိုနေရာတွင် အငွေ့အသက်ပေါင်းစုံ ရောနှောနေသည်။ ထို့ကြောင့် ထိုအရာက ပိုးကောင်၏ ရှာဖွေခြင်းစွမ်းရည်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေပြီး သူမ၏နောက်ကို လိုက်လံတိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။
သို့သော် ယခုတော့ သူတို့က ချောင်ကျသော လမ်းကြားလေးတစ်ခုထဲတွင် ရောက်နေခဲ့၏။ ထိုအရာက ပိုးကောင်၏စွမ်းရည်ကို ပြသရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်သည်။
မူအန်က ပိုးကောင်လေးကို ထုတ်လိုက်ကြောင်း မြင်သည့်အခါ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေး (၂) ခုတပ်ထားသော ကျန်းကျိဝေက အနည်းငယ် အံ့သြသွားခဲ့သည်။ သူတို့က အလွန်အမင်း သတိထားနေသည့်အတွက်ကြောင့် ယခုတစ်ကြိမ် ရွမ်ယုရှုက အပြာရောင် မိန်းကလေးအဖြစ် ဝတ်ဆင်ထားခဲ့၏။ မဟုတ်လျှင် သူတို့၏ အလစ်ချောင်း တိုက်ခိုက်မှုက လုံးဝ ကျရှုံးသွားနိုင်သည်။
မှော်ပညာက ထူးဆန်းပြီး အမှန်တကယ်ကို ခန့်မှန်း၍လည်း မရနိုင်ပေ။ သူမက ထိပ်တိုက် တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ပြီး ရှေ့မှ လမ်းလွှဲသွား၍ ရနိုင်သည်။ တစ်ချိန်တည်းတွင် သူမက အထူးမွေးရာပါစွမ်းအား တချို့ရှိနေသော မူအန်ဆီတွင် သူမ၏အငွေ့အသက်များ ထုတ်ဖော်၍ မရနိုင်ပေ။
သူမ၏ အငွေ့အသက်များထဲတွင်ပင် အနည်းငယ် ပြောင်းလဲနေကြောင်း သူ့ကို ပြောပြ၍ မရနိုင်ပေ။ ထိုကဲ့သို့ ရွေးချယ်မှုက သိုင်းလောကတွင် အတော်လေးကို ကျွမ်းကျင်သော နည်းလမ်းများ ဖြစ်ကြောင်း ပြသမှုတစ်ခုလည်း ဖြစ်၏။
အကယ်၍ ယွမ်ရန်နှင့် ဝမ်လင်းယုတို့ အဖွဲ့ကသာ ယနေ့တာဝန်ကို ဦးဆောင်ရမည်ဆိုလျှင် သူတို့က ထိုကဲ့သို့ အတွေးမျိုးကို လုံးဝတွေးမိလိမ့်မည် မဟုတ်ချေ။ အကယ်၍ ယွမ်ရန်က ပိုးကောင်ထိန်းချုပ်ပညာကို ကျွမ်းကျင်မည်ဆိုလျှင်ပင် သူမက နတ်ဘုရားမျိုးဆက်များနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ သိမထားခဲ့ပေ။
ရှာဖွေရေးပိုးကောင်က သူတို့၏ရှေ့မှ ဦးဆောင်ထွက်သွားပြီး ထောင့်ချိုးများကို တစ်ခုပြီးတစ်ခု ချိုးကွေ့သွားခဲ့သည်။ တဖြည်းဖြည်းနှင့် ချောင်ကျသော နေရာတစ်ခုထဲသို့ ဝင်လာခဲ့၏။
ထိုနေရာ၏ ပတ်ပတ်လည်တွင် သီးပင်စားပင် စိုက်ခင်းများနှင့် အိမ်အနည်းငယ် ရှိနေသည်။ ရံဖန်ရံခါ လူအနည်းစု၏အသံကို ကြားနေရပြီး ကောင်းကင်ပေါ်သို့ တက်သွားသော မီးခိုးငွေ့များကိုလည်း မြင်နေရသည်။ ထိုမြင်ကွင်းက အလွန်တည်ငြိမ် အေးချမ်းလွန်းလှ၏။
ထိုကဲ့သို့ အခြေအနေမျိုးတွင် မူအန်က ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူကတော့ အလွန်သတိထားနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားခဲ့၏။ သူက နောက်ပြန်ဆုတ်ရန် စဉ်းစားလိုက်သည့်အချိန်တွင် အလွန်သိမ်မွေ့သော သီချင်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုသီချင်းသံကို မူအန်က လုံးဝခန့်မှန်းကြည့်၍ မရနိုင်ပေ။ ကြည့်ရသည်မှာ သီချင်းသံက ကောင်းကင်ပေါ်မှ ပျံ့နှံ့လာသလို ထင်မှတ်ရပြီး ငှက်ပေါင်း (၁၀၀) ခန့် သီဆိုနေသလို ထင်မှတ်ရသည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲတွင် လှုပ်ရှားလာပြီး တစ်ကိုယ်လုံး တုန်ယင်လာခဲ့၏။ သူက မည်သည့် အရာများဖြစ်နေကြောင်း လုံးဝမသိတော့ဘဲ အတော်လေးကို ရှုပ်ထွေးသွားခဲ့သည်။
"ကောင်းကင်ဇာမဏီငိုကြွေးသံ …
လန်းဟွမ်ကောင်းကင်တေးသွား (၁၂) မျိုးထဲက တစ်ခု…"
သူတို့ပြိုင်ဘက်၏ ပိုးကောင်ပညာရပ်က အလွန်ထူးခြားနေသည့်အတွက် အနည်းငယ် ဂရုမစိုက်မိလျှင် လွတ်မြောက်သွားမှာကို မုန့်ချီတို့က စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူတို့က သူ့ကို အရှင်လတ်လတ် ဖမ်းဆီးပြီး သတင်းအချက်အလက် ရယူချင်ခဲ့၏။
သူတို့အဖွဲ့က နောက်ဆုံးရလဒ်ကို ဆွေးနွေးခဲ့ပြီးနောက် စဉ်းစားမနေတော့ပဲ အစွမ်းကုန် ထုတ်သုံးရန် ဆုံးဖြတ်လိုက်ကြသည်။ ဇာမဏီငိုကြွေးသံက ကောင်းကင်ပေါ်သို့ ပျံ့နှံ့သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ငှက်ပေါင်းများစွာက အတောင်ပံများကိုခတ်ပြီး အနိမ့်တွင် ပျံသန်း၍ ထိုနယ်မြေ ပတ်ပတ်လည်တွင် သိမ်မွေ့စွာ တေးဆိုနေကြသည်။
မူအန်က မှင်တက်နေသည်ကို မြင်သည့်အခါ ကျန်းကျိဝေက သူမ၏ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထိုလူ၏ မျက်ခုံး အလယ်တည့်တည့်ကို တိုက်ခိုက်လိုက်သည်။
သူမက နေဖောက်သက်တန့်ဓားနှင့် သူ၏ပင်မဝိညာဉ်ကို ထိုးဖောက်ပြီး သူ့ကို အသက်ရှင်လျက် ဖမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏တိုက်ခိုက်မှုက အပေါ်ယံမဟုတ်ဘဲ အလွန်ရှုပ်ထွေးလွန်းလှ၏။ သို့သော် အရှိန်နှင့် တိကျမှုကို အသားပေးထားသည်။
ထိုအချိန်တွင် မူအန်၏ အရေပြားပေါ်၌ အဖုငယ်လေးပေါင်း မြောက်မြားစွာ ပေါ်လာခဲ့၏။ ထိုအရာများက အလွန်သိပ်သည်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။ ကြည့်လိုက်မည်ဆိုလျှင် အရေပြားပေါ်၌ ပိုးကောင်များ တွားသွားနေသလို ထင်မှတ်ရသည်။
အဆိုးဆုံးအရာကတော့ ထိုအဖုလေးများက အသက်ရှင်လာသည့်အလား လှုပ်ရှားလာကြခြင်း ဖြစ်သည်။ မူအန်၏ အရေပြားအောက်တွင် ပိုးကောင်များ ပုန်းအောင်းနေသလို အခြေအနေမျိုး ဖြစ်၏။
အသံများ ထွက်ပေါ်လာပြီးနောက် မူအန်၏ အရေပြားထဲမှနေ၍ ရောင်စုံပိုးကောင်များ စတင်ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ သူတို့အားလုံးက မူအန်၏ အငွေ့အသက်တချို့ကို သယ်ဆောင်ထားပြီး သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အရောင်ပြောင်းနေသော ပုတ်သင်တစ်ကောင်ကဲ့သို့ ဖြစ်သည်။
အဆင့်အနိမ့်ဆုံး ကူပိုးကောင်များ ဖြစ်သည့်အတွက် သူတို့၏ပင်မဝိညာဉ်က အားနည်းပြီး ဇာမဏီငိုကြွေးသံကို နားမလည်သည့်အတွက် အများစုက သက်ရောက်မခံရပေ။ ယခုအချိန်တွင် လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်ကို တုံ့ပြန်တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းက အသံမဲ့ လှုပ်ရှားခြင်းသာ ဖြစ်သည်။
ဓားက မူအန်၏မျက်ခုံးတည့်တည့်ကို တိုက်ခိုက်မိသည့်အချိန်တွင် အရေပြားနှင့် ကြွက်သားများက ရှုံ့တွသွားခဲ့၏။ သူကိုယ်တိုင်က အလွန်ကြီးမားသော ပိုးကောင်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရသည်။
ထိုအချိန်တွင် ရောင်စုံပိုးကောင်များလည်း အမြောက်အမြား ထွက်ပေါ်လာပြီး လေထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲလာသလို ထင်မှတ်နေရ၏။ ရုတ်တရက်ဆိုသလို သူတို့၏ ပတ်ဝန်းကျင်က မည်းမှောင်သွားပြီး ကြယ်များ ထွက်ပေါ်လာသည်။ သူတို့က ခရမ်းရောင် မြစ်ကြီးများကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။
လင်းလက်တောက်ပနေသော ကြယ်အစုအဝေးကြီးက သူတို့ဆီကို ဆင်းသက်လာပြီး အလွန်ကြီးကျယ်ခမ်းနားလွန်းလှသည်။ ခရမ်းရောင်ကြယ် အစုအဝေးကြီးက အရာအားလုံးကို ဝါးမြိုသွားခဲ့၏။ ကူအဆိပ်ပိုးကောင်များ အားလုံးက ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ကောင်မှ အသက်ရှင်လျက် လွတ်မြောက်ခြင်း မရှိချေ။
မူအန်၏မျက်လုံး ၊ နှာခေါင်းနှင့် ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ ထိုသို့ဆိုရာတွင် သူ၏မျက်လုံးအကြည့်က အလွန်ကြောက်စရာ ကောင်းနေသေးသည်။
"ဗုန်း..."
ကျန်းကျိဝေ၏ဓားက မူအန်၏ မျက်ခုံးကို ထိုးလိုက်မိပြီး သူ၏ဦးနှောက်က ပေါက်ကွဲသွားခဲ့သည်။ သူ၏ပင်မဝိညာဉ်က စောင်းသံကြောင့် ရှုပ်ထွေးသွားပြီး ဓားချီစွမ်းအင်များ ပစ်မှတ်ထားခံရသည်ကိုပင် သူကတော့ သူ့ကိုယ်သူ ဖောက်ခွဲပစ်နိုင်သေးသည်။
ဦးခေါင်းမရှိသော ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ခြင်း မရှိချေ။ ထိုအစား လက်နှင့် ခြေထောက်များက ပြုတ်သွားပြီး အနက်ရောင် ပိုးကောင်ကြီး (၄) ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့က အရပ် (၄) မျက်နှာသို့ အလျင်အမြန် ထွက်ခွာသွားခဲ့၏။
ကျန်းကျိဝေက သူမ၏ဓားကို လွှဲယမ်းတိုက်ခိုက်လိုက်ရာ ဓားအလင်းတန်းတစ်ခု တောက်ပလာသည်။ အနက်ရောင် ပိုးကောင်ကြီးတစ်ကောင်ကတော့ အလယ်မှ ထက်ပိုင်းပြတ်သွားပြီး မြေပေါ်တွင် အနက်ရောင်သွေးများ စီးကျနေခဲ့သည်။
အနီရောင် ဓားအလင်းတန်းကလည်း လေထဲကို ဖြတ်သန်းလာပြီး ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာသည်။ သူတို့အထဲတွင် နဂါးများ ဆင်းသက်လာသလို ထင်မှတ်ရသည်။ ပတ်ပတ်လည်တွင် မီးတောက်များကလည်း တစ်ခုပြီးတစ်ခု လွှမ်းခြုံလာ၏။
မြေပေါ်သို့ ရောက်လာသည့်အချိန်တွင် သူတို့က ကျန်ရှိနေသော ပိုးကောင် (၃)ကောင်၏နောက်ကို လိုက်သွားခဲ့ပြီး မြက်ခင်းပြင်ပေါ်တွင် လောင်ကျွမ်းနေသည့် အငွေ့အသက်များပင် ကျန်နေခဲ့၏။ မီးနဂါးများက အလွန်လျင်မြန်စွာ လိုက်သွားခဲ့သည်။
မျက်စိတမှိတ်အတွင်း သူတို့က အနက်ရောင် ပိုးကောင် (၃) ကောင်ကို သတ်ပစ်ခဲ့ပြီး ပြာအဖြစ် ပြောင်းလဲသွားစေခဲ့၏။ ထိုအခြေအနေတွင် သူတို့က သူ့ကို အသက်ရှင်လျက် ဖမ်းဆီးရန် လုံးဝမဖြစ်နိုင်တော့ပေ။ မုန့်ချီတို့က အဖွဲ့တစ်ဖွဲ့အဖြစ် တိုက်ခိုက်နေသည့်အတွက် မူအန်က တုံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေး မရှိခဲ့ပေ။
သို့သော် အလွန်ထူးဆန်းသော ပိုးကောင်ပညာရပ်၏ ကျေးဇူးကြောင့် သူက လွတ်မြောက်သွားနေသေး၏။ မဟုတ်လျှင် သူ အသက်ရှင်ရန် အခွင့်အရေးက လုံးဝမရှိနိုင်တော့ပေ။
ထိုအချိန်တွင် သူ၏ပေါင်က မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ရုတ်တရက် စတင်လှုပ်ရှားလာခဲ့သည်။ အရေပြားများကလည်း အလွန်ရုပ်ဆိုးသော ပိုးကောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာပြီး ဧရာမ ကင်းခြေများကြီးတစ်ကောင် ဖြစ်လာခဲ့သည်။
ထိုကင်းခြေများကြီးက မီးခိုးရောင်ရှိပြီး သူ၏ကျောရိုးများက ဖန်တီးထားသလို ထင်မှတ်ရ၏။ သူ့ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာအဖြစ် ကွဲပြားနေကြောင်း သိသာနေပြီး ခေါင်းတွင် လူတစ်ယောက်၏မျက်နှာ ရှိနေသည်။ ထိုအရာကတော့ မူအန်၏မျက်နှာ ဖြစ်၏။
သူ၏ပေါင်နေရာမှနေ၍ ကင်းခြေများကြီး ထွက်ပေါ်လာသည့်အချိန်တွင် မြေကြီးထဲသို့ တွင်းတူးသွားခဲ့သည်။ သူက မြေပြင်နှင့် ပေါင်းစပ်နိုင်သော စွမ်းရည်တစ်ခုကို အသုံးပြုလိုက်ပုံရသည်။
ကောင်းကင်ပေါ်မှ လူတစ်ယောက် ဆင်းသက်လာခဲ့၏။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများနှင့် မီးတောက်များ တောက်ပနေပြီး သူ့ပုံစံက ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
"ဒုန်း..."
ထိုလူက မြေပြင်ကို ဖနှောင့်နှင့် ပေါက်လိုက်ရာ မြေငလျင် အသေးစားလေးတစ်ခု လှုပ်ခါသွားသည်။ ထို့နောက် လက် (၂) ဖက်ကို မြေကြီးထဲသို့ လှမ်းနှိုက်လိုက်ပြီး ကင်းခြေများကြီး၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်၍ မြေကြီးထဲမှ ဆွဲထုတ်လိုက်သည်။
ကင်းခြေများကြီးဆီတွင် အလွန်ထူးဆန်းသော စွမ်းရည်များ ရှိနေသော်လည်း မည်မျှ ရုန်းကန်နေစေကာမူ ထိုလူ၏လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ သူ၏လက် (၂)ဖက်က သံညှပ်ကြီး တစ်စုံကဲ့သို့ဖြစ်နေပြီး အလွန်သန့်စင်သော စွမ်းအားများ ရှိနေခဲ့၏။
ကင်းခြေများကြီးက တိုက်ခိုက်ရမည့်အစား ခန္ဓာကိုယ်ကို ခွေလိုက်ပြီး တိုက်ခိုက်သူကို ရစ်ပတ်လိုက်သည်။ သူ့ဆီတွင် ခြေထောက်ပေါင်းများစွာ ရှိနေပြီး သူ့ခန္ဓာကိုယ်ကို အစွမ်းကုန် ကုတ်ချလိုက်၏။ သူ၏ပါးစပ်ထဲမှနေ၍ အဆိပ်များလည်း မှုတ်ထုတ်လိုက်သည်။
ရွှေရောင်အလင်းတန်းများက ကြည်လင်တောက်ပနေ၏။ ကင်းခြေများကြီး၏ တိုက်ခိုက်မှုကတော့ ထူးခြားမှု မရှိချေ။ သူ၏တိုက်ခိုက်မှုများက အရာပင် မထင်ခဲ့ပေ။ သူက တံခါး (၉) ပေါက်ကို အသက်သွင်းတော့မည့်အချိန်တွင် ပြိုင်ဘက်၏ခန္ဓာကိုယ်က တစ်ကိုယ်လုံး မီးတောက်များ လွှမ်းခြုံလာခဲ့၏။
ကင်းခြေများကြီးက မီးတောက်များထဲတွင် အကင်ခံနေရသလို နာကျင်နေခဲ့ရသည်။ သူက ရုတ်တရက်ဆိုသလို သေဆုံးသွားသော မြွေတစ်ကောင်ကဲ့သို့ တိုက်ခိုက်သူ၏ လက်မောင်းတွင် တွဲလောင်းဖြစ်သွားခဲ့သည်။
တိုက်ခိုက်သူကတော့ မုန့်ချီ ဖြစ်သည်။ အကယ်၍ အကြောင်းအရာများကသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားမည်ဆိုလျှင် သူက တိုက်ခိုက်စရာ မလိုအပ်ပေ။ မည်သို့ဖြစ်စေကာမူ မူအန်ဆီတွင် မတူညီသော ပိုးကောင်များစွာ ရှိနေပုံရသည်။ သူက ခုခံရန် မဖြစ်နိုင်သော်လည်း ထွက်ပြေးရန် နည်းလမ်းပေါင်းစုံကို ရှာဖွေနေခဲ့၏။
တစ်နာရီကျော်ကြာပြီးနောက် မုန့်ချီက အစောင့်ခေါင်းဆောင် ကျန်းရှန်းဟုန်ကို သတင်းပို့လိုက်သည်။ ကျန်းရှန်းဟုန်၏ အစွမ်းထက်သော သိုင်းပညာကြောင့် မူအန်၏ တည်နေရာကို အလွယ်တကူ အာရုံခံနိုင်ခဲ့သည်။ ထို့ကြောင့် ကျန်းရှန်းဟုန်က မူအန်နှင့်အတူ ရှာဖွေရန်အတွက် ကျိတောင်ကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
သူ၏လက်တွင် လောင်ကျွမ်းနေသော ကင်းခြေများကြီးနှင့်အတူ မုန့်ချီ၏ အငွေ့အသက်များက ပြောင်းလဲသွားခဲ့၏။ သူက ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော မီးတောက်နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသည့်အပြင် ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော အင်မော်တယ် တစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူက သံသရာစက်ဝိုင်းထဲတွင် ရှိနေသော သက်ရှိများအားလုံး၏ ဘဝဖြစ်စဉ်များအားလုံးကို သိနေသလိုထင်ရ၏။
မူအန်၏ပင်မဝိညာဉ်ကတော့ ကင်းခြေများကြီး၏ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရောင်များကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့အောက်တွင် အဆုံးမဲ့ သမုဒ္ဒရာကြီးတစ်ခုသာ မြင်နေရသည်။ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး တစ်ခါတစ်ရံ ခုန်ထွက်လာ၍ မှတ်ဉာဏ်ကွန်ယက်ပေါင်းများစွာ ထွက်ပေါ်လာသည်။
လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို သုံးလိုက်ပြီးနောက် မူအန်၏ ပင်မဝိညာဉ်က စိတ်ဝိညာဉ်ပင်လယ်ပေါ်တွင် ပျံဝဲနေကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးခိုးရောင် ပုံစံကွက်များ ရှိနေပြီး ထိုအရာကတော့ မကောင်းသော မှော်ရုပ်သေးတစ်ရုပ်ပမာ ဖြစ်သည်။
ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသော မူအန်က မုန့်ချီ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ လွှမ်းမိုးမှုကြောင့် သူ၏မှတ်ဉာဏ် အပိုင်းအစများ ထွက်ပေါ်လာပြီး သံသရာမှတ်ဉာဏ်များပေါ်၍ သူ၏လျှို့ဝှက်ချက်များ ပေါ်လာခဲ့၏။
ထိုအချိန်တွင် အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြေးမုံတစ်ခုထဲတွင် ရွှေရောင်အပိုင်းအစများ စုစည်းလာသည်။ မှန်ထဲတွင် ပေါ်နေသည်မှာ မှေးမှိန်နေသော လျှို့ဝှက်အခန်းတစ်ခုဖြစ်နေပြီး အတွင်းထဲတွင် လူတစ်ယောက် ထိုင်နေသည်။
သူက အသက် (၂၀) ဝန်းကျင်ရှိနေပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ဆီမှနေ၍ အလွန်အေးစက်ပြီး ကြောက်စရာကောင်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာနေသည်။ သူ၏မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မေးစေ့က တူတစ်လက်ကဲ့သို့ ဖြစ်နေသည်။
"ရင်လန်းဟွေလား…"
မုန့်ချီ၏ ပင်မဝိညာဉ်က လှုပ်ရှားသွားခဲ့သည်။
မှန်ထဲတွင် ပေါ်လာသူကတော့ ကျိတောင် သူ့ကို ပြောပြခဲ့ဖူးသော လူထူးဆန်း ရင်လန်းဟွေ ဖြစ်သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် တစ်စုံတစ်ယောက် ရှိနေပုံရသော်လည်း မှန်ထဲမှတဆင့် စစ်ဆေးရန် ခက်ခဲနေ၏။
ထိုအချိန်တွင် ရင်လန်းဟွေ၏ မျက်လုံးက ရုတ်တရက် ပွင့်သွားပြီး သူ၏လက်ထဲတွင် တခြားသော မီးခိုးရောင်ရုပ်သေးတစ်ရုပ် ပေါ်လာခဲ့၏။ တခဏအတွင်း သူ၏လက်ဖဝါးပေါ်မှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး ရုပ်သေးကို ဝါးမျိုသွားခဲ့သည်။
တစ်ချိန်တည်းတွင် မူအန်၏စိတ်ဝိညာဉ် ပင်လယ်ကြီးကလည်း မီးပင်လယ်ကြီးကဲ့သို့ စတင်လောင်ကျွမ်းလာခဲ့၏။ ထိုအရာက သူ၏ပင်မဝိညာဉ်ကို လွှမ်းခြုံသွားခဲ့ပြီး မုန့်ချီဆီကို ပျံ့နှံ့လာသည်။ အနက်ရောင် မီးတောက်များက နက်ရှိုင်းလွန်းလှပြီး သူတို့က အပူရှိန်နှင့် အလင်းရောင် ထွက်လာခြင်းမရှိပေ။
သို့သော် မုန့်ချီက အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရ၏။ သူက စဉ်းစားမနေဘဲ သူ၏စိတ်ဝိညာဉ်ကို ရုတ်သိမ်း၍ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ တန်ပြန်တိုက်ခိုက်မှုကိုခုခံပြီး ကင်းခြေများကြီးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
"အကုန်လုံး လူခွဲလိုက်တော့…"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ကျန်းကျိဝေနှင့် တခြားသူများက ချက်ချင်းပင် လူခွဲသွားကြသည်။ သူတို့က မုန့်ချီအပေါ် အကြွင်းမဲ့ ယုံကြည်နေကြ၏။ ကင်းခြေများကြီးက လေထဲတွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်မီးတောက်များ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထို့နောက် မီးတောက်များက အလွန်ကြီးမားသော လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားခဲ့၏။ အနက်ရောင်အငွေ့များကလည်း သူ၏လက်ထဲမှ ထွက်လာပြီး မုန့်ချီကို လှမ်းဖမ်းရန် ကြိုးစားလိုက်သည်။
မုန့်ချီကတော့ သူ၏ပင်မဝိညာဉ်က ဧရာမလက်ကြီးထဲတွင် ပါသွားတော့မည့်အလား ခံစားလိုက်ရသည့်အတွက် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက သူ၏စိတ်ဝိညာဉ်ကို ခိုးယူရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
မုန့်ချီ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရေလှိုင်းမီးတောက်ဓားက လည်ပတ်နေပြီး သူ၏အငွေ့အသက်နှင့် မျက်နှာကို ဖုံးအုပ်ပြီး သူ၏အဆင့်အတန်းကို ကာကွယ်ပေးထားသည်။
သူက လက် (၂) ဖက်ကိုသုံးပြီး ကြာပန်းများ ပွင့်လန်းလာသလို တံဆိပ်ပေါင်းများစွာကို ဖန်တီးလိုက်၏။ သူ့ခန္ဓာကိုယ်က မြေပြင်ကြီးနှင့် တစ်သားတည်း ဖြစ်သွားပုံရပြီး သူက ထိုနေရာတွင် တောင်ကုန်းကြီးတစ်ခုကဲ့သို့ ရပ်နေခဲ့သည်။
အနက်ရောင် မီးတောက်လက်ကြီးက မုန့်ချီဆီကို နောက်တစ်ကြိမ် ရောက်လာခဲ့သည့်အချိန်တွင် သူကလည်း လက်နှင့်ပြန်ရိုက်လိုက်သည်။ လက်ဝါးချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး မီးတောက်များက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။
သို့သော် အနက်ရောင် မီးတောက်များကတော့ မုန့်ချီ၏ စိတ်ဝိညာဉ်ကိုဖယ်ထုတ်ရန် ကြိုးစားနေသေးသည်။ ထိုအရာက စွမ်းအားချင်း ယှဉ်ပြိုင်သော နည်းလမ်း မဟုတ်ချေ။ အနက်ရောင် မီးတောက်များက မုန့်ချီဆီကို ရောက်လာပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီး အနီးအနားတွင် ရှိနေသော အိမ်တစ်လုံးပေါ်တွင် ပြန်ပေါ်လာပြီး မီးတောက်များ လောင်ကျွမ်းသွားခဲ့၏။
ထိုအရာကို အခွင့်ကောင်းယူပြီး မုန့်ချီက အခွင့်အရေးကို အရယူပြီး ထွက်ပြေးလိုက်သည်။ တစ်ချိန်တည်းတွင် ခြေရာလက်ရာများ အားလုံးကိုလည်း ရှင်းပစ်လိုက်၏။
ခဏကြာပြီးနောက် တိုက်ပွဲဖြစ်ခဲ့သော နေရာတွင် အနက်ဝတ် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူကတော့ အလွန်အေးစက်ပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူက ပတ်ပတ်လည်ကို ခဏကြာ စစ်ဆေးကြည့်လိုက်သည်။ သဲလွန်စ မတွေ့ရသည့်အတွက် သူလည်း အလျင်အမြန် ထွက်သွားခဲ့၏။
……………
မြို့စားရဲတိုက်ထဲတွင် မူအန်၏ သေဆုံးမှုကြောင့် ကျိုးဟမ်ဖုန်းက ဒေါသထွက်နေခဲ့သည်။ သူက အစောင့်တပ်မှူးများနှင့် လူထူးဆန်းများ အားလုံးကို ဆင့်ခေါ်ပြီး အစည်းအဝေး ခေါ်ခဲ့သည်။
မုန့်ချီ၏ မျက်နှာပေါ်တွင်တော့ ပတ်တီးများ စည်းထားသေး၏။ သူက ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ရှေ့တွင် ရပ်နေရသည့် အတွက်ကြောင့် အလွန်အမင်းကို စိုးရိမ်နေခဲ့၏။ အမှားအနည်းငယ် လုပ်လိုက်ရုံနှင့် သူက ပေါ်သွားနိုင်သည်။
ရင်လန်းဟွေက သူနှင့်ပတ်သက်သော အချက်အလက်များကို ဖော်ထုတ်ရန် မအောင်မြင်ခဲ့သော်လည်း သူ၏အစွမ်းနှင့် ထူးခြားသော စွမ်းအားများကို အနည်းနှင့် အများ ခန့်မှန်းမိနိုင်သည်။ သူက သေချာပေါက် ဝေ့ကျင်းအဆင့် မဟုတ်သေးထေိုအဆင့်နှင့် မလှမ်းမကမ်းတွင် ရှိနေ၏။ သူ့ဆီတွင် အနောက်ပိုင်းသခင်မကဲ့သို့ တူညီသော အစွမ်းမျိုး ရှိနေနိုင်သည်။
ကျိုးဟမ်ဖုန်း၏ မျက်လုံးက အစိမ်းရင့်ရောင်ဖြစ်နေပြီး မုတ်ဆိတ်မွှေးများကလည်း အစိမ်းရောင် ဖြစ်သည်။ သူ၏အငွေ့အသက်များက ပင်လယ်ကြီးထဲတွင် လှုပ်ရှားနေသော လှိုင်းလုံးများကဲ့သို့ ကြီးကျယ်ခမ်းနားလှသည်။ သူ၏အငွေ့အသက်များကြောင့် မည်သူကမျှ စကားကို ကျယ်ကျယ် မပြောရဲကြပေ။
သူ၏တစ်ဦးတည်းသောသားက ဝတ်ရုံနီတပ်ဖွဲ့၏ လက်ထဲတွင် သေဆုံးသွားခဲ့ရပြီး သူ့သမီးနှင့် လူအနည်းငယ်သာ အသက်ရှင်ကျန်ခဲ့သည်။ ထို့ကြောင့် ကျိုးဟမ်ဖုန်းက ဝတ်ရုံနီတပ်ဖွဲ့ကို အရိုးဆွဲအောင် မုန်းနေခဲ့သည်။
သူ့အနားတွင်တော့ အသက် (၄၀) အရွယ် မိန်းမပျိုတစ်ယောက်ရှိနေပြီး နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမကတော့ သေဆုံးသွားသော ခင်ပွန်းကို သတိရနေသည့်အလား အလွန်ဝမ်းနည်းနေပုံရ၏။ သူမ၏မျက်နှာက အလွန်လှပပြီး ထူးခြားသော အငွေ့အသက်များ ရှိသည်။ သူမ၏အနားတွင်တော့ အတော်လေး ရုပ်ရည် ဆင်တူသော ကျိုးယိချမ်း ရပ်နေသည်။
ရင်လန်းဟွေကတော့ အေးအေးဆေးဆေး ဖြစ်နေ၏။ သူက လူအုပ်ကြီးကို ခြေဆုံးခေါင်းဆုံးကြည့်နေပြီး ရုတ်တရက် မုန့်ချီကို လက်ညိုးထိုး၍ ပြောလိုက်သည်။
"ကျိတောင် …
မူအန်ကတောင် ရန်သူတွေလက်ထဲကနေ မလွတ်မြောက်နိုင်ဘူး။ မင်းရဲ့အစွမ်းမျိုးနဲ့ ဘယ်လိုဖြစ်ပြီး လွတ်မြောက်နိုင်ခဲ့ရတာလဲ…"
Translated by Hein Htet