← Chapters

သူတို့ ရင်းနှီးမြုပ်နှံရန် ရောက်လာကြသည်

Vol. 38 Ch. 556

သူတို့ ရင်းနှီးမြုပ်နှံရန် ရောက်လာကြသည်

Vol. 38 Ch. 556

ပရဟိတ ဘောလုံးပွဲသည် အချိန်နောက်ကျသွားပေသည်။ ဧည့်သည်အများစု ထွက်သွားကြသည်။ ဖူမိသားစုဝင် များသာ ဖူကွမ်းဝေ့ ကိစ္စများ ပြီးမြောက်အောင် ကူညီရန် ခန်းမအတွင်း ကျန်နေကြသည်။

ဖုန်းယွီသည်လည်း အချိုပွဲစားရင်း ထောင့်တစ်နေရာတွင် စောင့်နေပေသည်။ သူသည် ထို အဆိုတော်များနှင့် အကသမားများ၏ သီချင်းနှင့် ဘောလုံးပွဲအတွင် အကအကြောင်း တွေးနေပေသည်။ သူတို့ အဖော်များ မည်သည်ကို တွေးနေကြသနည်း။ သူတို့ အရည်အချင်းနှင့် မည်သို့ လေလံတင်ကြသနည်း။ ထိုအမျိုးသမီးများပိုင် ပစ္စည်းများကို အခြားလူများက သူတို့အတွက် ပြန်၍ လေလံဆွဲပေးကြသည်လော။

ဤ ပရဟိ ဘောလုံးမှ ကောက်ခံရရှိငွေ ပမာဏမှာ ကန်ဒေါ်လာ (၁)ဘီလီယံနှင့် ဟောင်ဒေါ်လာ (၁၃၂၈၀၀၀၀)ဖြစ်သည်။ ဤသည်မှာ ဖူကွမ်းဝေ့ ခန့်မှန်းချက်ထက် ဟောင်ဒေါ်လာ (၄)သန်း ပိုနေပေသည်။

ဖူမိသားဝင်အချို့ ဖူကွမ်းဝေ့ကို ဂုဏ်ပြုနေကြသည်။ တစ်ချိန်တည်းမှာပင် ဖူကွမ်းဝေ့ ကံကောင်းနေသည်ဟု ခံစားနေရပေသည်။ ဤသည်မှာ သူအတွက် ပထမဆုံးအကြိမ် ပရဟိတ ဘောပွဲကျင်းပခြင်း ဖြစ်ပြီး အောင်မြင်မှုလည်း ဖြစ်ပေသည်။

ထိုအထဲတွင် အရူးအမူး ဖြစ်ခဲ့သော တစ်ဦးတည်းသောသူမှာ ဖူမုံ့ယင် ဖြစ်သည်။ သူသည် သူ့အစ်ကို ဝမ်းကွဲကို အော်နေပေသည်။

“အဲ့မိန်းမက ငါ့ပဝါကို လေလံဆွဲဖို့ ရည်ရွယ်ချက်ရှိရှိ ဖိအားပေးခဲ့တာလေ.. နင်တို့ထဲက တစ်ယောက်ယောက် ဘာလို့ ငါ့ကို မကူညီတာလဲ..”

အားလုံး ဖူကွမ်းဝေ့ကို ကြည့်လိုက်သည်။ အကယ်၍ ၎င်းနေရာသည် အခြားနေရာဖြစ်ပြီး ဖူမုံ့ယင် အနိုင်ကျင့်ခံရပါက ၎င်းတို့ မည်သူမဆို ဝင်ကူညီကြမည်သာဖြစ်သည်။ ဖူမုံ့ယင် အရှက်ကွဲပါက သူတို့မိသားစု တစ်ခုလုံးလည်း အရှက်ကွဲရပေလိမ့်မည်။ သို့ရာတွင် ဤတစ်ကြိမ်၌ မတူညီချေ။ ဖူကွမ်းဝေ့က ဝင်မစွက်ရန် ပြောထားပေသည်။

ဖူကွမ်းဝေ့ပြုံး၍ ထောင့်တွင် အသီးများစားနေသည့် ဖုန်းယွီကို လက်ညှိုးထိုးပြကာ..

“နင့်ကို တစ်ယောက် မကူညီခဲ့ဘူးလား..”

ဖူမုံ့ယင်သည် သူ့အစ်ကိုကို စိုက်ကြည့်ပြီး ကျန်ဝမ်းကွဲအစ်ကိုများကို ကြည့်လိုက်သည်။ သူငြိမ်နေလိုက်ရသည်။ ဖုန်းယွီက သူ့ကို ငွေပေးကူညီခဲ့သော်လည်း သူ့ကို အကူအညီတောင်းရမည်ကို သူတို့ မသိခဲ့ကြချေ။ သူ ဖုန်းယွီအား ပိုက်ဆံ ပြန်ပေးရအုံးတော့မည်။

“ဝေ့ကျန် ငါတို့သွားတော့မယ်.. မင်းလဲ အိမ်တမ်းပြန်သင့်ပြီ. ချက်လက်မှတ်တွေ တစ်ထပ်ကြီးကိုင်ပြီး ဘယ်မှ လျှောက်သွားမနေနဲ့အုံး…”

“အေးပါ.. မင်းတို့ ပြန်တော့လေ..”

ဖူမိသားစုကလူများ မထွက်ခင် နှုတ်ဆက်ရန် ဖုန်းယွီဆီသို့ လျှောက်သွားလိုက်သည်။ သူတို့အားလုံး ဖုန်းယွီကို ကြည့်နေသည်မှာ သူတို့၏ ယောက္ဖအလားပင်။

ခန်းမအတွင်း၌ (၃)ယေက်သာ ကျန်တော့သည်။ ဖုန်းယွီ ဖူမုံ့ယင်နှင့် ဖူကွမ်းကျန့်ကို ကြည့်၍ ..

“ဝေ့ကျန် ငါ မင်းကို ရှင်းရှင်းပြောလိုက်မယ်။ မင်းညီမကို စိတ်မဝင်စားသလို သူလဲ ငါ့ကို စိတ်မဝင်စားဘူး။ ငါ ဘာပြောချင်တယ်ဆိုတာ မင်းနားလည်ရဲ့လား..”

ဖူကွမ်းဝေ့ မျက်တောင်ခတ်လိုက်သည်။ ညီမကို စိတ်မဝင်စားဘူးလော။ မည်သူ့ကို လိမ်နေသနည်း။ မိမိ ညီမ ပဝါပြန်ရရန် မည်သည့်အတွက် ဟောင်ဒေါ်လာ(၁)သိန်းလောက် သုံးလိုက်သနည်း။ ကပွဲအပြီး ပထမဆုံး ကန်ဒေါ်လာ(၁)သန်း မည်သည့်အတွက် လှူခဲ့သနည်း။ မိမိညီမ အထင်ကြီးစေရန် မဟုတ်ပါက မည်သည့်အတွက် နည်း။

ထိုနှစ်ယောက် ခေါင်းမာလွန်းလှသည်။

“ငါသိတယ်.. ငါသိတယ်.. မင်းတို့နှစ် ဘာမှ မဆိုင်ဘူးမို့လား..”

ဖူကွမ်းဝေ့ ပြောလိုက်သည်။ သို့ရာတွင် သူမျက်လုံးများတွင်မူ မယုံကြည်မှုများ ပြည့်နှက်နေသည်။

ဖုန်းယွီ ဖူမုန့်ယင်ကို ကြည့်လိုက်သည့်အခါ ..

“အစ်ကို.. ငါနဲ့ ဖုန်းယွီ တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ငါအနိုင်ကျင့်ခံရလို့ သူ့ကို အကူအညီ တောင်းလိုက်ယုံပဲ.. ပုဝါကလွဲရင် ဖုန်းယွီ ဘာလေလံဈေးမှ ဝင်မပေးခဲ့ဘူး..”

သူ့ညီမ အကူအညီတောင်းခဲ့သဖြင့် ဖုန်းယွီ ဈေးဝင်ပေးခဲ့သည်လော။ လေလံပွဲအကြောင်း ပြန်တွေးကြည့်သည့်အခါ အမှန်ဖြစ်နေပေသည်။ ပုဝါမှလွဲ၍ ဖုန်းယွီ မည်သည့် လေလံကိုမှ ဈေးဝင်မပေးခဲ့ချေ။

“ညီနောင်ဖုန်း.. ငါ့ညီမ မင်းနဲ့ တကယ်ကို လိုက်တာနော်.. အဖေဆို သူ့ကို မင်းသခင်မ(မယားကြီး)အဖြစ် ထားဖို့တောင် စိတ်ကူးမထားဘူးလို့ ပေါဖူးတယ်”

“အစ်ကို .. နင်ဘာတွေ လျှောက်ပြောနေတာလဲ..”

ဖူမုံ့ယင် ထအော်တော့သည်။

“ငါဘာပြောလို့လဲ.. ဟိုလူတွေ နင့်ကို ဘယ်လိုကြည့်နေကြတယ်ဆိုတာ နင်မမြင်ဘူးလား..”

ဖူကွမ်းဝေ့ သူ့ကို လှမ်းကြည့်လိုက်သည်။

ကောလဟလများသည် ၎င်းတို့၏ မိတ်ဆွေ အသိုင်းအဝိုင်းအတွင်း၌သာ ရှိနေပေသေးသည်။ တစ်ရက် မီဒီယာက ဤသတင်း ကောက်နှုတ်၍ ဟောင်ကောင်တခွင် ပျံ့နှံ့သွားပါက ဖူမိသားစု အရှက်ကွဲရပေလိမ့်မည်။ ထို့အပြင် ဖုန်းယွီ ဘာဖြစ်နေသနည်း။ ငယ်ရွယ်ချမ်းသာပြီး အလွန်အလားအလာ ရှိနေပေသည်။ ဖုန်းယွီကဲ့သို့သောလူကို သူ့ညီမ ဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

ဖုန်းယွီ ဖူကွမ်းဝေ့ ပုခုံးကို ဆုပ်ကိုင်၍..

“ဝေ့ကျန် .. ဒါဆို မင်းတို့အားလုံး လိုချင်တာ တစ်ခုတည်းပဲပေါ့.. ငါ ဘာလိုချင်တာလဲ မင်း မေးဖူးလား… မင်း ပြန်ရောက်ရင် ဦးလေးဖူကို ဒီအကြောင်း ပြောလိုက်.. ဒါမျိုးတွေ ထပ်မမြင်ချင်တော့ဘူး..”

ဖုန်းယွီ လှည့်ထွက်သွားသည်။ သူ့သမီးအား ထိုးပေးတိုင်း မိမိလက်ခံရမည်လော။ သူလည်း စိတ်မဝင်စားချေ။ ယောက်ျားလျာတစ်ယောက်၏ စိတ်ကို ပြောင်းလဲနိုင်ရေး ကြိုးစားမှု လုံးဝ စိတ်မဝင်စားချေ။

ဖုန်းယွီထွက်သွားသည့်အခါ ဖူကွမ်းဝေ့ သက်ပြင်းချလိုက်သည်။ သူညီမနှင့် ဖုန်းယွီ အတူရှိရန် ကံကြမ္မာရှိပုံမရချေ။ တချိန်တည်းမှာပင် ဒေါသထွက်နေခဲ့ရသည်။ သူ အဘယ့်ကြောင့် ဦးနှောက်မရှိရသနည်း။ ညီမနှင့် ဖုန်းယွီ ပေါင်းဖက်နိုင်မည်ဆိုပါ ဖုန်းယွီသည် သူ့အတွက် ငွေအားလုံး ရင်းနှီးမြုပ်နှံခွင့် ပေးပေလိမ့်မည်။ သူသည် ယဝကို နေ့စဉ် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပြီး အကန့်အသတ်မရှိသော ငွေပမာဏကို ပိုင်ဆိုင်ထားပေသည်။

သို့ရာတွင် ဖူမုံ့ယင်နှင့် ဖုန်းယွီ အတည်တွဲရန် ရည်မှန်းမထားလျှင်ပင် တခြားယောက်ျားတစ်ဦးဦးနှင့် တွဲသင့်ပေသည်။ ဘောလုံးကွင်းအတွင်း၌ ဖူမုံ့ယင် တစ်ချိန်လုံး စဉ်းစားနေတော့သည်။

……

ဟယ်ကျောက်ကျီး နေ့လည်စာ စားပြီး ပြန်လာစဉ် ကုမ္ပဏီ ဝင်ပေါက်တွင် လူအများအပြား ရပ်နေကြောင်း သတိပြုမိလိုက်သည်။ ကုမ္ပဏီတွင် တစ်ခုခု ဖြစ်ခဲ့သည်လော။

“ဘာများ ပြဿနာရှိလို့လဲ.. ကျုပ်က လေနဲ့မိုး အတိုင်ပင်ခံရဲ့ အထွေထွေ မန်နေဂျာပါ.. ကုမ္ပဏီနဲ့ ပြဿနာ တစ်ခုခု ရှိရင် ခင်ဗျားတို့အားလုံး ကျုပ်ဆီလာလို့ရပါတယ်..”

“မန်နေဂျာ ဟယ်.. စိတ်မပူပါနဲ့.. ဒီဖောက်သည်တွေကို ငါစီမံပေးလို့ရပါတယ်..”

ပွဲစားတစ်ယောက် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

ဟယ်ကျောက်ကျီး အံ့ဩသွားတော့သည်။ ထိုပွဲစား ဘာပြောလိုက်သနည်း။ ဤလူများသည် ဖောက်သည် များလော။

ပွဲစားများသည် ကုမ္ပဏီစည်းကမ်း သိပေသည်။ ၎င်းတို့သည် ဟောင်ဒေါ်လာ (၁)သန်းအထက် ရင်းနှီးမြုပ်နှံမှုကိုသာ လက်ခံပေသည်။ ယခု အနည်းဆုံး (၁၀)ယောက် ကျော်ပေသည်။ သူတို့အားလုံး ကုမ္ပဏီ၏ ဖောက်သည်များပင်။

ဟယ်ကျောက်ကျီး ထိုလူများအကြောင်း ဧည့်ကြိုဝန်ထမ်းအား ချက်ချင်းမေးလိုက်သည်။ ဤလူများ အမှန်တကယ်ကို ဖောက်သည်များ ဖြစ်ကြောင်း ဟယ်ကျောက်ကျီး ကြားသည့်အခါ စိတ်လှုပ်ရှားသွားတော့သည်။

လူဦးရေ များပေသည်။ တစ်ယောက်လျှင် ဟောင်ဒေါ်လာ(၁)သန်းကျော် ရင်းနှီးမြုပ်နှံပါက ဟောင်ဒေါ်လာ (၁၀)သန်း ကျော် ပေလိမ့်မည်။ ဤလ ရည်မှန်းချက် တိုးလာပေတော့မည်။

“မန်နေဂျာဟယ်.. ကျေးဇူးပြုပြီး ဒီစာရွက်မှာ လက်မှတ်ထိုးပေးပါ..”

ပွဲစားတစ်ယောက် ဘောလ်ပင်နှင့် စာချုပ်ကို ဟယ်ကျောက်ကျီးထံ ပေးလာခဲ့သည်။

He Zhaoji scanned the document. It was the company’s contract stating the investment amount. 8 million!

ဟယ်ကျောက်ကျီး စာရွက်စာတမ်းကို တစ်ချက်ဖတ်ကြည့်လိုက်သည်။ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံမှုဖော်ပြသည့် နေရာတွင် ထည့်သွင်းထားသည်မှာ (၈)သန်းဟု ဖော်ပြထားပေသည်။

အဘိုးကြီးလျို ယနေ့ ကံကောင်းနေပေသည်။ သူသည် ဖောက်သည်ကြီးတစ်ယောက် ရလိုက်ပေသည်။ ယခုလ ရလဒ် ကောင်းပေတော့မည်။

အခြားပွဲစားများလည်း သူ့ထံတွင် စာချုပ်များ လက်မှတ်လာထိုးကြသည်။ ဟယ်ကျောက်ကျီး သူ့ရုံးခန်းအတွင်း မပြန်နိုင်တော့ချေ။

ဤစာချုပ်သည် ဟောင်ဒေါ်လာ(၁၀)သန်းဖြစ်သည်။ ယခင်စာချုပ်များထက်ပင် ပို၍ သိသာနေပေသည်။

နောက်ထပ် ဖောက်သည်ကြီး တစ်ယောက်လော။ ယနေ့ ဘာဖြစ်နေသနည်း။ ဤဖောက်သည်ကြီးများ ဘယ်က ရောက်လာသနည်း။

နောက်ထပ် စာချုပ်တစ်ခုမှာ ဟောင်ဒေါ်လာ (၇)သန်း။

နောက်စာချုပ်တစ်ခုသည် ဟောင်ဒေါ်လာ(၁၃)သန်း။

……

ဟယ်ကျောက်ကျီး အတော်ဝေးဝေးသို့သွား၍ နေ့လည်စာ စားမိသည်ကိုပင် နောင်တရနေပေသည်။ အကယ်၍ သူသာ အနီးအနားတွင်ရှိပါက ထိုလူများအတွင်းမှ အချို့သည် မိမိ ဖောက်သည်များ ဖြစ်လာပေလိမ့်မည်။

ထိုလူများ မည်သည့်နေရာမှ ရောက်လာကြောင်း သူမသိချေ။ ထိုလူများသည် နံနက်က ကုမ္ပဏီတွင် မရှိသလို၊ စာချုပ် ချုပ်ဆိုရန် လာမည်ဖြစ်ကြောင်း မည်သည့် ဖောက်သည်မှလည်း ကြိုပြောမထားချေ။ ဆိုလိုသည်မှာ ထိုလူများသည် နေ့လည်ဘက်မှ ရောက်လာပြီး စာချုပ် ချုပ်ဆိုကြခြင်း ဖြစ်ပေသည်။

အချိန်တိုအတွင်း စာချုပ်ချုပ်ဆိုရန် ကုမ္ပဏီအပေါ် မည်မျှ ယုံကြည်မှု ရှိနေကြသနည်း။ ပွဲစားများသည် ကုမ္ပဏီ၏ ထုတ်ကုန်များ ရှင်းပြရန်ပင် မလိုချေ။ စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးကြယုံသာ ဖြစ်သည်။

မည်သည့်အတွက် ဤသို့ဖြစ်ရသနည်း။ ထိုလူများသည် ငွေများစွာ ရင်းနှီးမြုပ်နှံပြီး ဆင်ခြင်တုံတရား ရှိရန်လိုအပ်သူများလော။ ဟယ်ကျောက်ကျီး သူ့ဖောက်သည်များအား လေနှင့်မိုး အတိုင်ပင်ခံတွင် ငွေများ ထားခဲ့ပါက သူတို့ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဖောက်သည်များသည် ဤမျှ အမြန်ဆုံး စာချုပ် ချုပ်ဆိုမည် မဟုတ်ချေ။

ထိုလူများသည် ဖုန်းယွီ၏ လိပ်စာကဒ်များကို မနေ့ညက လက်ခံရရှိသူများ ဖြစ်ပေသည်။ ဖုန်းယွီ၏ လှူဒါန်းမှု အကြောင်း တွေး၍ အားလုံးသည် သူ့ကုမ္ပဏီအကြောင်း စိတ်ဝင်စားသွားကြသည်။ လေနှင့်မိုး အတိုင်ပင်ခံလုပ်ငန်း အကြောင်း စုံစမ်းကြည့်သည့်အခါ ထိုရင်းနှီးမြုပ်နှံမှု စတင်တည်ထောင်ကတည်းမှ ယနေ့အထိ အရှုံး မရှိသေးကြောင်းလည်း တွေ့ခဲ့ကြသည်။ ပြန်လည် ရရှိမှုသည်ပင် မြင့်မားနေပေသေးသည်။

ဖုန်းယွီ မျက်တောင် တစ်ချက်မခတ်ဘဲ ပိုက်ဆံများ လှူဒါန်းနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ချေ။ သူ့ကုမ္ပဏီက ပိုက်ဆံရှာပေးနေပေသည်။ သူတို့ကုမ္ပဏီသည် ထိုကဲ့သို့ ပြန်ရနိုင်မည်ဆိုလျှင် ဖုန်းယွီကဲ့သို့ အလှူအတန်း ပြုလုပ်နိုင်ပေလိမ့်မည်။

ထို့ အပြင် ဖုန်းယွီသည် ဖူကွမ်းကျန့်၏ တရုတ် လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း သိရှိပြီးနောက် ထိုလူများသည် ဖုန်းယွီနှင့် ရင်းနှီးလိုကြတော့သည်။ အကယ်၍ ၎င်းတို့သာ ဖူကွမ်းကျန့်ကဲ့သို့ ဖုန်းယွီနှင့် လက်တွဲနိုင်ပါက ၎င်းတို့၏ ပိုင်ဆိုင်မှုများ တိုးလာမည် ဖြစ်သည်။

တစ်နေ့ခင်းလုံး ဖောက်သည်များ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ဟယ်ကျောက်ကျီးရှေ့တွင် စာချုပ်များ အထပ်လိုက် အပုံလိုက် ဖြစ်နေပေတော့သည်။

ဟယ်ကျောက်ကျီးသည် ညထိတိုင် အလုပ်လုပ်ခဲ့ရပြီး ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံရန် လူ(၅၀)ကျော် လာခဲ့ကြောင်း သိလိုက်ရသည်။ ထိုလူများသည်လည်း အချင်းချင်း ရင်းနှီးကြပုံ ရပေသည်။ သတင်းစာများ၌ မြင်ဖူးပေသည်။ ထိုနေ့တွင် ကုမ္ပဏီထဲသို့ ဝင်ရောက်ခဲ့သည့် ရန်ပုံငွေ စုစုပေါင်းမှာ ဟောင်ဒေါ်လာ သန်း(၅၀၀)ကျော် ဖြစ်ပေသည်။

ဤနေ့ ရင်းနှီးမြုပ်နှံသည့် ပမာဏသည် ယခင်နှစ် စုစုပေါင်းထက်ပင် ပိုများနေပေသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်သွားရသနည်း။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters