ပျော်စရာအဘိဓာန် မှတ်တမ်း စတင်တင်ခြင်း
Vol. 38 Ch. 557
ပရဟိတ ဘောပွဲအပြီး (၂)ရက်အကြာတွင် ဖူရုံပမ့် ဖုန်းယွီအား ညစာစားရန် သူ့အိမ်သို့ ထပ်မံ ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် ယခုအကြိမ်တွင်မူ ဖုန်းယွီ ငြင်းပယ်ခဲ့ပေသည်။
ထို့နောက် ဖုန်းယွီသည် လေယဉ်လက်မှတ်ဝယ်၍ ပေကျင်းသို့ ပြန်လာခဲ့တော့သည်။ ပေကျင်းတွင် လုပ်စရာ များလွန်းလှပေသည်။ သို့ရာတွင် သူ့ထိပ်တန်း ဦးစားပေးကိုမူ မှတ်တမ်းထားရှိပြီး ဖြစ်သည်။
အသံသွင်းစတူဒီယို တည်ထောင်ထားပြီး ဖုန်းယွီသည် စတူဒီယိုကို ကိုယ်တိုင် စစ်ဆေးရန် ပြောခဲ့သည်။ သူပိုက်ဆံများ ကုန်၍ သူ့နေရာနှင့်သူ မဟုတ်ပါက မည်သို့ဖြစ်မည်နည်း။
“ကြမ်းပြင်ပေါ်က ဒီပုံက ဘာလဲ.. ဒီနေရာမှာ လေနှင့်မိုးတံဆိပ်နဲ့ နှစ်ဖက်လှ ပျော်စရာအဘိဓာန် စကားလုံးကို ပြောင်းလိုက်.. ဟုတ်တယ်.. တံဆိပ်က ကြီးပြီး ထင်ရှားနေမှ ရမယ်..”
“ဖန်သား မျက်နှာပြင် ဘာလို့ မတ်နေတာလဲ.. ၄၅ ဒီဂရီ ပြောင်းလိုက်. အဲ့လိုမှ ပါဝင်သူတွေနဲ့ အစီအစဉ်မှူးတွေ အမြန်အလှန် အကျိုးပြုနိုင်မှာပေါ့.. မတ်မတ်ကြီးဆို အစီအစဉ်မျူးကို ပိတ်ထားသလို ဖြစ်သွားမယ်.. ဘယ်လိုလုပ် အပြန်အလှန် ပြောလို့ ရတော့မလဲ..”
စားပွဲတွေကို ထပ်ကြီးလိုက်အုံး.. ဘာမှတောင် မတင်ရသေးဘူး သေးနေပြီ.. အာ အစီအစဉ်မှူးရဲ့ ချစ်စရာပုံ ကဒ်တွေနဲ့ ဇာတ်ညွှန်းတွေ မပါတော့ အဲ့နေရာမှာ စားပွဲမလိုဘူး… အစီအစဉ်မှူးနဲ့ ပြိုင်ပွဲဝင်တွေ ရေသောက်ဖို့ မလိုဘူးလား.. လီဟဟ က စပွန်ဆာတွေထဲက တစ်ယောက်လို့ ငါပြောထားတယ်လေ.. လက်ဖက်ရည်စိမ်းက ပြိုင်ပွဲဝင်တွေရဲ့ အာရုံကြောတွေကို ငြိမ်သက်စေတယ်ကွ.. အဲဒါသိလား..”
S “လီဟဟ ကာတွန်းဇာတ်ကောင် အရုပ်ကြီးကို မင်းအဲ့မှာ ထားရင် ပန်ကာတွေ၊ အိုက်ဝါပေဂျာတွေ ဒီဘက်မှာ ထားမှပေါ့.. မဟုတ်ရင် ပရိတ်သတ် အတွက် ပျင်းစရာ ကောင်းနေမှာပေါ့.. ပရိတ်သတ်က မတ်တပ်ရပ်ဖို့ စိတ်မဝင်စားဖူးတဲ့လား.. အရင်က CCTV နှစ်ကူး ညစာစားပွဲ ထုတ်လုပ်ရေးမှာ မင်းပါဘူးလား.. ရုပ်မြင်သံကြားထဲက ပရိတ်သတ်တွေ တိုက်ရိုက်ကြည့်တဲ့ ပရိတ်သတ်တွေကို ပိုကြိုက်တယ်ဆိုတာ မင်းမသိဘူးလား.. ဒီအစီအစဉ်ထဲက အပိုင်းတစ်ပိုင်းခုက ပရိတ်သတ်ကို တိုက်ရိုက် အကူအညီတောင်းရသေးတယ်ကွ.. သိရဲ့လား..”
“ စစ်ဆေးတဲ့ စင်တွေ ဘာလို့ သေးနေတာလဲ.. ကုန်ပစ္စည်း အစစ်တွေ ဒီမှာတင်မယ်လို့ ဘယ်သူပြောလို့လဲ.. ကုန်ပစ္စည်း ပါကင်တွေ ထားဖို့ပဲ လိုတာလေ.. ပြိုင်ပွဲဝင်တွေကို VCD စက်ကြီးကိုင်ပြီး စင်ပေါ်က ဆင်းသွားတာ မြင်ချင်လို့လား.. စင်ပေါ်က ပါကင်အလွတ်တွေ ယူပြီး စင်နောက်မှာ အစစ်နဲ့ လဲယူသွားယုံပဲ..”
……
စတူဒီယိုတွင် ဖုန်းယွီ ဒေါသတကြီး ဖြစ်နေသည်။ ထိုလူများ မိုက်မဲလွန်းလှသည်။ အားလုံး ဘောင်အတွင်းမှ မတွေးနိုင်ကြချေ။ ဖုန်းယွီ ပိုက်ဆံအများအပြား အကုန်အကျခံခဲ့ပြီး သူ့ထုတ်ကုန်များကို ရုပ်မြင်သံကြား မျက်နှာပြင်တွင် အချိန်ပိုရအောင် မည်သို့လုပ်ရမည်ကို မသိကြချေ။ စင်မြင့်၊ အစီအစဉ်နှင့် ပရိသတ် ရပ်တည်မှုတို့သည် တူညီနေပေသည်။
အမြင် အသေးစိတ် တစ်ခုစီတိုင်းသည် မျက်စိကျစေရမည်ဖြစ်ပြီး စပွန်ဆာပေးထားသော ထုတ်ကုန်များကိုလည်း ပြသရမည်ဖြစ်သည်။
ဒုခေါင်းဆောင်ကျားအတွက်လည်း ဤအစီအစဉ်သည် အထူးအရေးကြီးပေသည်။ ဤအစီအစဉ်ကြောင့် အခြားအမတ်များထက် သာသွားနိုင်သည်။ ထိုအစီအစဉ်ကို ကြည့်ရှုသူများ ကောင်းကောင်းမရခဲ့ပါက အခြေအနေ ဆိုးရွားသွားနိုင်ပေသည်။
ဒုခေါင်းဆောင်ကျား ဒါရိုက်တာချုပ်ကို ပြောနေသည်ကို ဖုန်းယွီ တွေ့လုက်ရသည်။
“အဘိုးကြီး ယန်.. ဖုန်းယွီ ဖြစ်ချင်တဲ့ အပြောင်းအလဲတွေကို မင်းဘယ်လိုထင်လဲ..”
“တစ်ချို့ကိစ္စတွေက အကျိုးအကြောင်း စီလျော်ပေမယ့် တစ်ချို့က သူ့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ပြချင်နေတာ.. စင်မြင့်၊ တိုင်တွေ၊ ပတ်ဝန်းကျင်နဲ့ ခေါင်မိုးပေါ်မှာ သူ့အမှတ်တံဆိပ်တွေ ထားချင်နေတာ.. ဒီအစီအစဉ်က သူနဲ့ ဘာဆိုင်လို့လဲ..”
ဒါရိုက်တာယင် အထွန့်တက်လိုက်သည်။
“အဘိုးကြီးယန်.. အဲ့လိုသာလုပ်လိုက်.. ဒီလိုကွ.. ဖုန်းယွီက ဒီအစီအစဉ်ကို စပွန်ဆာပေးဖို့ ငွေတွေ အများကြီး သုံးထားရတယ်.. နေရာနဲ့ အလုပ်သမားကလွဲရင် CCTV ကနေ ငွေတပြားမှ သုံးစရာမလိုဘူး.. ဒီအစီအစဉ် အောင်မြင်မှာ သေချာတယ်.. လာမယ့်နှစ် CCTV3 ရဲ့ ဒု-ညွှန်ကြားရေးမှူးချုပ် အနားယူတော့မှာလေ.. မင်းနားလည်လား..”
ဒါရိုက်တာယင် ဤသည်ကို ကြားသည့်အခါ ခြေလက်များပင် တုန်သွားတော့သည်။ သူ့ရင်ဘတ်သူ ချက်ချင်းရိုက်၍ ဖုန်းယွီအကြံပြုချက်များ လုပ်ပေးမည်ဖြစ်ကြောင်း ကတိပေးတော့သည်။ ဤအစီအစဉ် ပိုကောင်းလာမည်မှာ သေချာပေလိမ့်မည်။
ဒု-ခေါင်းဆောင်ကျား ဒါရိုက်တာယင်ကို သေချာပြောနိုင်သည့်အတွက် ဒါရိုက်တာယင်ကလည်း သူ့ဒါရိုက်တာ မာနကို ဂရုမစိုက်တော့ချေ။ ဖုန်းယွီ ဖြစ်လိုသမျှ လုပ်ပေးပေတော့မည်။ ပြောပလောက်အောင် ပင်ပန်းမည် မဟုတ်ချေ။
ဒု-ခေါင်းဆောင်ကျား ဒါရိုက်တာယင်၏ ပုခုံးများကို ပုတ်ကာ အပြုံးဖြင့် ထွက်သွားသည်။ ဖုန်းယွီ ဖြစ်လိုသမျှ ပြုပြင်ပေးပြီးနောက် (၂)ရက်အကြာတွင် အစီအစဉ်များ စတင်ရိုက်ကူးတော့မည် ဖြစ်သည်။ ဒု-ခေါင်းဆောင် ကျားသည် တိုက်ရိုက်ထုတ်လွှင့်မှုကို အနီးကပ်ကြည့်ရှုရန် ထပ်မံ ရောက်ရှိလာမည်ဖြစ်သည်။
……
(၃)ရက်ကြာပြီးနောက် ပထမဆုံးအပိုင်း စတင်ရိုက်ကူးတော့မည် ဖြစ်သည်။ ပရိသတ်အများစုမှာ ပေကျင်း တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်သည်။ CCTV ဝန်ထမ်းများ၏ မိသားစုဝင်အချို့လည်း ပါဝင်သည်။ ကြည့်ရှုသူအချို့မှာ CCTV အဖွဲ့သားများ ဖြစ်ပေသည်။ သို့ရာတွင် ရှေ့ဆုံးမှ ထိုင်သူများမှာ CCTV မှ ခေါင်းဆောင်များ ဖြစ်ပေသည်။ ဤအစီအစဉ်အကြောင်း သိချင်နေကြပေသည်။
စတိတ်နောက်ဘက်၌ ဖုန်းယွီသည် နယ်ဖျင်အား မှတ်သားရမည့် အချက်များ ပြောပြပေးနေပေသည်။
“ဒီအစီအစဉ်က ပြိုင်ပွဲဝင်တွေရဲ့ စိတ်အခြေအနေကို စမ်းသပ်မယ်.. ပြိုင်ပွဲဝင်က သူ့အဖြေရွေးပြီးရင် သူ့အဖြေက မှားသည်ဖြစ်စေ.. မှန်သည်ဖြစ်စေ.. ဒါ မင်းရဲ့ နောက်ဆုံးအဖြေလား ဆိုတာ မေးရမယ်.. ပြိုင်ပွဲဝင် သူ့အဖြေကို ပြန်စဉ်းစားခိုင်းလိုက်..”
“သူ့ ပထမဖြေထားတဲ့ အဖြေကမှန်ပြီး ဒီမေးခွန်း မေးလိုက်လို့ အဖြေမှားသွားရင် ဘာဖြစ်မလဲ..”
နယ်ဖျင် ပြန်မေးလိုက်သည်။
“ဒါပေမယ့် ပထမ သူအဖြေမှား ရွေးထားရင် မှန်သွားနိုင်တယ်လေ.. ပြိုင်ပွဲဝင်က ဘယ်လိုအဖြေမျိုးပဲ ရွေးရွေး ဒါက သူတို့ပြဿနာပဲ.. သူ့အဖြေကို အတည်ပြုဖို့ပဲ လိုတာလေ.. နောက်မှ စိတ်မပြောင်းကြေးပေါ့.. ဒါကလဲ ဒီအစီအစဉ်က အစိတ်အပိုင်း တစ်ခုပဲလေ..”
ဖုန်းယွီ၏ ယခင်ဘဝတွင် ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း၌ ဝမ့်ရှောင်းယာက ပြိုင်ပွဲဝင်များကို ‘ဒါ မင်းရဲ့ နောက်ဆုံးဖြေလား..’ ဟုမေးစဉ် ဤအစီအစဉ်ကို ကြည့်ရှုသူများက ဝမ့်ရှောင်းယာကို လှောင်ပြောင်ကြသော်လည်း ထိုစကားလုံးသည် ရေပန်းအစားဆုံး ဖြစ်လာခဲ့ပေသည်။
သီချင်းဖွင့်သံ ဆုံးသည်နှင့် နယ်ဖျင် စင်မြင့်အလယ်သို့ လျှောက်သွားသည်။ ပရိတ်သတ် အားလုံး မတ်တပ်ရပ်၍..
“လေနှင့်မိုး ပျော်စရာ အဘီဓာန်.. စိတ်လှုပ်ရှားစရာ စမ်းသပ်မှု..”
ပရိသတ်များ မတ်တပ်ရပ်သည်ကို မြင်လိုက်သည့်အခါ ခေါင်းဆောင်များလည်း ချက်ချင်း မတ်တပ်ရပ်လိုက်ကြသည်။ လုမသိဘမသိဖြင့် သူတို့လည်း ဝမ်းသာအားရပုံစံဖြင့် အော်ဟစ်ဟန် ဆောင်ပေးနေကြပေသည်။ ပရိသတ်အားလုံး ထိုင်သောအခါ ခေါင်းဆောင်များ စဉ်းစားခန်းဝင်တော့သည်။ ဤပျော်စရာ အစီအစဉ်သည် စိတ်ဝင်စားဖို့ ကောင်းနေပေသည်။ ၎င်းတွင် အစီအစဉ်၏ အမည်ပါဝင်ပြီး ဤအစီအစဉ်၏ အဓိကအချက်ကို ဖော်ပြနေပေသည်။ ကြည်ရှုသူများကလည်း အလွယ်တကူ မှတ်မိနေပေသည်။ ဤကဲ့သို့ တွေးခဲ့သည်မှာ မည်သူနည်း။ ဤအစီအစဉ်အမည်ကို တိုက်ရိုက်ထုတ်လွှင့်သည့် ပရိတ်သတ်များကို အော်ခွင့် ပြုခြင်းလော။
“ကြည့်ရှုသူ ပရိသတ်အပေါင်း မင်္ဂလာ ညချမ်းလေးပါရှင်.. အခုတင်ဆက်မှာကတော့ CCTV ရဲ့ အစီအစဉ် အသစ်ဖြစ်တဲ့ ပဟေဠိရှိုးပွဲ ဖြစ်ပါတယ်။ ပျော်စရာ အဘိဓာန်ပါ။ မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဆိုပြီး ဆုကြီးကြီးတွေကို ရယူလိုက်ကြပါ။ ဒီအစီအစဉ်ကို လေနှင့်မိုး လျှပ်စစ် မှ ကူညီပံ့ပိုးပေးထားပြီး နည်းပညာနဲ့ ကျွန်မတို့ ဘဝတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ပရိသတ်ထံမှ လျှောက်လွှာတွေ လက်ခံပေးနေပါတယ်.. ကောင်းပါပြီး.. ကဲ.. ကျွန်မတို့ရဲ့ ပထမဆုံး ပြိုင်ပွဲဝင်ကို ကြိုဆိုလိုက်ကြရအောင်ပါ…”
ပြိုင်ပွဲဝင် စင်မြင့်ပေါ်သို့ တက်လာပြီး ပရိတ်သတ်များ ဝိုင်း၍ အော်ဟစ် အားပေးနေကြသည်။ ဤပြိုင်ပွဲဝင်သူသည် ပေကျင်း တက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် CCTV မှ အထူး ဖိတ်ကြားထားခြင်း ဖြစ်ပေသည်။ ပရိတ်သတ်အတွင်း ပေကျင်း တက္ကသိုလ် ကျောင်းသား အများအပြားရှိခဲ့ပြီး ၎င်းတို့သည် မိမိတို့ ပါမောက္ခကို သေချာပေါက် အားပေးကြပေလိမ့်မည်။
“မင်္ဂလာ ညချမ်းလေးပါ ဆရာ.. ကျေးဇူးပြုပြီး ထိုင်ပါအုံး.. ကျွန်မက နယ်ဖျင်ပါ.. ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါအုံးရှင်..”
“မင်္ဂလာ ညချမ်းပါ.. ကျုပ်နာမည်က ကျောင်းလူရီ … အသက်က(၃၈)နှစ်ပါ.. ပြီးတော့ ပေကျင်းတက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပါ.. ကျောင်းသားတွေကြားထဲမှာ မင်းရဲ့ အစီအစဉ် လက်ကမ်းစာရွက်တေါ့ပြီး ဖုန်းဆက်လိုက်တယ်.. ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ရွေးချယ်ခံရတာ အံ့ဩမိပါတယ်..”
ပါမောက္ခကျောင်း ယုံကြည်မှုအပြည့်ဖြင့် ထိုင်လိုက်တော့သည်။
အသက် (၃၈)နှစ်အရွယ် ပါမောက္ခတစ်ဦးသည် သူ၏ ကိုယ်ရည်ကိုယ်သွေးအား သက်သေပြပြီး ဖြစ်ပေသည်။ ဤသည်က အရောင်းအဝယ် သဘောတရား အတိုင်းသာ ဖြစ်ပေသည်။ ပါမောက္ခသည် ယုံကြည်မှု ရှိပုံရသော်လည်း ဖုန်းယွီသည် ဤပါမောက္ခကျောင်းသည် မေးခွန်း (၁၀)ခုစလုံး မှန်ကန်စွာ ဖြေဆိုနိုင်မည်ဟု မထင်ချေ။ မေးခွန်းများကို (၁၂)မှ (၁၀)သို့ ပြောင်းထားသော်လည်း အခက်အခဲ လွန်စွာ တိုးလာပေသည်။
“ပါမောက္ခကျောင်း.. ဆရာ့ အကြီးဆုံး အိပ်မက်က ဘာများ ဖြစ်မလဲ မသိဘူး..”
“ငါ့ မွေးရပ်မြေက ကျေးလက်မှာ ဆင်းရဲတဲ့ ရွာလေးတစ်ရွာပါ.. ကျောင်းတက်ဖို့ မတတ်နိုင်တဲ့ ကလေးတွေ အများကြီး ရှိတယ်လေ.. ဆုငွေတွေရရင် လှူချင်တယ်..”
ဖုန်းယွီသည် စတုဒီယိုဘေးမှ ဒါရိုက်တာကို ကြည့်လိုက်စဉ် ဒါရိုက်တာက ခေါင်းယမ်းပေသည်။ ဤသည်ကို သူစီစဉ်ထားခြင်း မဟုတ်ချေ။ ဖုန်းယွီက ထိုပါမောက္ခကျောင်းကို မသိဘဲ သူ့အိပ်မက်သည် ဆုကြေးငွေများကို လှူရန်ဟု မည်သည့်အခါတွင်မှ မျှော်လင့်မထားခဲ့ချေ။ ဖုန်းယွီ အပေါ်မော့၍ ဒါရိုက်တာ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဒါရိုက်တာကလည်း ခေါင်းငြိတ်ခဲ့ပေသည်။
“ပါမောက္ခကျောင်း.. ပေကျင်းတက္ကသိုလ်က ကျောင်းသားတွေ အများကြီးလဲ တွေ့နေရတယ်.. သူတို့တွေ ဆရာ့ကို အားပေးဖို့ ရောက်နေကြပုံပဲ.. မေးခွန်း (၁၀)ခုစလုံးကို မှန်မှန်ကန်ကန် ဖြေပြီး ဆရာ့အိပ်မက် အကောင်အထည်ဖော်ဖို့ ထိပ်တန်း ဆုတွေ ဆွတ်ခူးဖို့ ယုံကြည်ချက် ရှိပါသလား..”
“ရှိပါတယ်..”
“ကောင်းပြီ.. အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.. အခု အဖြေပေးရတော့မယ်.. စဖို့ အဆင်သင့် ဖြစ်ပြီးလား..”
စီစဉ်သူ၏ သံနေသံထားအရပင် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်လွန်းနေခဲ့ပေသည်။
“ကျုပ်အသင့်ပါပဲ…”
-------*****--------
ဘာသာပြန်သူ . (NTP)