ပါမောက္ခများ ပြိုင်ပွဲဝင်အဖြစ် လျှောက်ထားနေကြခြင်း
Vol. 38 Ch. 559
အပိုင်း(၁)ရိုက်ကူးမှုအစီစအဉ် ပြီးဆုံးခဲ့ပေပြီ။ ခေါင်းဆောင် အနည်းငယ် တစ်ယောက်နှင့်တစ်ယောက် ကြည့်၍ အားလုံးက ဤအစီအစဉ်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက် ပေးရမည်မှန်း မသိတော့ချေ။ ဤအစီအစဉ်သည် ဖျော်ဖြေရေး၊ ပညာပေးရေးနှင့် ထူးခြားမှု များစွာ ရှိနေပေသည်။ သို့ရာတွင် ပါမောက္ခတစ်ယောက်သည် အလုပ်သမား တစ်ယောက်ကို ရှုံးခဲ့သည်လော။ ဤသည်မှာ ဖြစ်နိုင်သည်လော။
ဒု-ခေါင်းဆောင်ကျားလည်း ဖုန်းယွီကို သွားတွေ့လိုက်သည်။ ဤသည်က များလွန်းပေသည်။ အပိုင်း(၁)တွင် ဤပဟေဠိကို ဖြေဆိုရာ၌ ပါမောက္ခတစ်ဦး ကျရှုံးမှုကို ပြသခဲ့ပြီး အနိုင်ရရှိသူမှာ အလုပ်သမားတစ်ဦး ဖြစ်နေပေသည်။ အလယ်တန်းပညာအဆင့် ရှိသူတစ်ဦး စွန့်စားခဲ့ပြီး ဆုငွေတစ်စိတ်တစ်အချို့အဝက် ပိုက်ပြန်သွားသည့် အိမ်ရှင်မကိုပင် မြင်လိုက်ရသေးသည်။ သို့ရာတွင် ပါမောက္ခတစ်ယောက်သည် အလုပ်သမားတစ်ယောက်ကို ရှုံးနိမ့်သွားသည်ကို ပြသခြင်းဖြင့် မည်သည့် အကျိုးသက်ရောက်မှုမျာ ရှိပေလိမ့်မည်နည်း။
ကံကောင်းသည်မှာ ဤသည်က မှတ်တမ်းတင်ထားသည့် အစီအစဉ် ဖြစ်ပေသည်။ ဤအစီအစဉ်ကို နှစ်ကူးပြီးသည်နှင့် ထုတ်လွှင့်မည်ဖြစ်ပြီး အသိပေးချိန် ကျန်ပေသေးသည်။
“ဖုန်းယွီ… တိုက်ရိုက် ကြည့်နေတဲ့ ပရိတ်သတ်တွေရဲ့ အပြုအမူအရ တော်တော်ကြိုက်ကြတယ်ဆိုတာ ငါပြောနိုင်တယ်.. ဒါပေမယ့် တကယ်ကြီး ထုတ်လွှင့်နိုင်ပါ့မလား..”
“ခေါင်းဆောင်ကျား.. ဒီမှာ ပရိတ်သတ်အများစုက ပေကျင်းတက္ကသိုလ်ကျောင်းသားတွေလေ… သူတို့ ပါမောက္ခကို အားပေးဖို့ ရောက်လာကြတာ.. အလုပ်သမား နိုင်သွားတဲ့အချိန် ဘာမှ ထမကန့်ကွက်ခဲ့ကြဘူးလေ.. လာကြည့်တဲ့ တခြားလူတွေကရော အလုပ်သမား အနိုင်ရသွားတာနဲ့ ပတ်သက်ပြီး ဘာပြဿနာ ရှိခဲ့လို့လဲ.. ဒါကိုဤက မြှင့်တင်ရေးအတွက် အချက်ကောင်းလို့ မထင်ဘူးလား”
“မြှင့်တင်ဖို့လား..”
“ဟုတ်တယ်လေ.. ဒီအပိုင်း မြှင့်တင်ဖို့ ဒီသတင်းကို ရေဒီယိုနဲ့ သတင်းစာတွေမှာ ထုတ်လွှင့်သွားမှာ.. ခေါင်းစီးကို ‘ပါမောက္ခတစ်ယောက် အလုပ်သမားကို ရှုံးနိမ့်သွားခြင်း’ ဖြစ်လိမ့်မယ်.. အပိုင်း(၁)ရဲ့ အဆင့် သတ်မှတ်ချက်တွေတွေ ခင်ဗျားကို အံ့ဩစရာ ဖြစ်လိမ့်မယ်ဆိုတာ အာမခံတယ်..”
ဖုန်းယီ ယုံကြည်ချက် ရှိစွာဖြင့် ပြန်ဖြေလိုက်သည်။
မြှင့်တင်သည့်အခါ အတုအယောင်များသည် မရှိမဖြစ် ဖြစ်ပေသည်။ ပုံမှန်အတိုင်း ဆိုပါက ပရိတ်သတ်များ မေ့သွားပေလိမ့်မည်။ သို့ရာတွင် ခေါင်းကြီးပိုင်းတွင် ကြော်ငြာပါက ပရိသတ် စိတ်ဝင်စားမည်မှာ အမှန်ပင် ဖြစ်သည်။
နောက်တစ်နေ့တွင် ပေကျင်းနေ့စဉ်သတင်းစာနှင့် ပြည်နယ်သတင်းစာများတွင် ခေါင်းစဉ်တူများ ပါလာတော့သည်။ ပါမောက္ခသည် အလုပ်သမားတစ်ယောက်ကို ဆုံးရှုံးသွားသည်လော။
သတင်းခေါင်းစီးကို မြင်သည့်အခါ လူအများ စိတ်ဝင်စားလာကြသည်။ ကျန် သတင်းများကို ကျော်၍ ဤသတင်းကို အရင်ဖတ်ကြတော့သည်။ ပါမောက္ခတစ်ယောက်သည် အလုပ်သမားတစ်ယောက်ကို မည်သည့်အတွက် ရှုံးရသနည်း။ ရန်ဖြစ်၍လော။
ရန်ဖြစ်သည် ဆိုပါက ပိန်ပိန်ပါးပါး ပါမောက္ခများသည် ကြံခိုင်သန်မာသည့် အလုပ်သမားများ၏ ပြိုင်ဖက် ဖြစ်မည် မဟုတ်ချေ။ သို့ရာတွင် ပါမောက္ခတစ်ယောက်သည်လည်း အလုပ်သမားတစ်ယောက်နှင့် မည်သို့ ရန်ဖြစ်မည်နည်း။
ပဟေဠိ တစ်ခုလော။
ပေကျင်းတက္ကသိုလ်မှ ပါမောက္ခတစ်ယောက်သည် ပမ့်မြို့တော်စက်ရုံမှ အလုပ်သမား တစ်ယောက်ထံတွင် ဆုံးရှုံးခဲ့ရသည်လော။
ထိုအလုပ်သမားသည် အလယ်တန်းထိသာ ပညာသင်ကြား ထားသည်လော။
သတင်း အစီရင်ခံစာ ဖတ်ပြီးသည့်အခါ နောက်ဆုံးစာကြောင်းကို သတိထားမိကြပေသည်။
‘အသေးစိတ် သိရှိနိုင်ရန် CCTV ၏အသစ်စက်စက် စွယ်စုံပြကြီးကို ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ည (၇ : ၄၀)နာရီတွင် ထုတ်လွှင့်မည် ဖြစ်ပါ၍ စောင့်မျှော် ကြည့်ရှုကြပါရန်’။
ပြိုင်ပွဲဝင် လျှောက်ထားပုံ အသေးစိတ်ကိုလည်း ဖော်ပြထားပေသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းဆက်၍ ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာရင်းပေးသွင်း လျှောက်ထားနိုင်ပေသည်။
ဤအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ မရှိသကဲ့သို့ စည်းမျဉ်းများလည်း ဖော်ပြမထားချေ။
ထိုသို့ အသေးစိတ် အချက်အလက်များ မရှိသည်ကပင် စာဖတ်သူများ၏ စူးစမ်းလုစိတ် တိုးပွားစေတော့သည်။ ဤပဟေဠိရှိုးပွဲ တစ်ခုတွင် ပါမောက္ခကို မည်ကဲ့သို့ အနိုင်ရရှိသွားကြောင်း သိလိုကြပေသည်။ စူးစမ်းလိုသူ တစ်ချို့ စတင်လျှောက်လွှာ တင်လာကြတော့သည်။
သတင်း အစီရင်ခံစာသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ အထိခိုက်ဆုံးသူမှာ ပေကျင်းတက္ကသိုလ်မှ ပါမောက္ခကျောင်း ဖြစ်ပေသည်။
တရုတ်နိုင်ငံ ထိပ်တန်း တက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ယောက်သည် မဟေဠိရှိုးပွဲတစ်ခု၌ အလုပ်သမား တစ်ဦးအား ရှုံးနိမ့်ခဲ့သည်။ ပေကျင်း တက္ကသိုလ်မှ ပါမောက္ခများသည် အသုံးမကျသည်လော၊ သို့တည်းမဟုတ် ထိုအလုပ်သမားသည် ထူးခြားနေသည်လော။
ထိုအလုပ်သမားသည် သာမန်သာဖြစ်ပါက ပေကျင်းတက္ကသိုလ်မှ ပါမောက္ခတစ်ယောက် မရှုံးသင့်ချေ။
ပေကျင်းတက္ကသိုလ်မှ ခေါင်းဆောင်များသည် ထိုအစီရင်ခံစာကို မြင်သည့်အခါ စိတ်မသက်မသာ ဖြစ်ကြရတော့သည်။ ဤဖြစ်ရပ်သည် တက္ကသိုလ် ဂုဏ်သိက္ခာ ထိခိုက်မည်အမှာ အမှန်ပင်။ ထို ပါမောက္ခကျောင်းသည် မည်သူနည်း။ မည်သည့် တက္ကသိုလ်မှနည်း။ ချက်ချင်း ခေါ်လိုက်တော့သည်။
……
“ဒါ အဲ့နေ့က မင်းဖြေခဲ့ရတဲ့ မေးခွန်းတွေလား..”
ကျောင်းခေါင်းဆောင်များ စာရွက်တစ်ရွက်ကို ဝိုင်းကြည့်နေကြသည်။ ပါမောက္ခကျောင်း မေးခွန်းအားလုံး ချရေးပေးထားခြင်း ဖြစ်ပေသည်။
ခေါင်းဆောင်အချို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တံတွေးမျိုချကြတော့သည်။ အချို့အဖြေများကို လုံးဝမသိချေ။
“မေးခွန်း ဘယ်နှယ့်ခု မှန်လိုက်လဲ..”
“(၉)ခု.. နောက်ဆုံး မေးခွန်းမှာ မှားသွားတာ..”
ခေါင်းဆောင်များ အမှတ်(၁၀)မေးခွန်းကို ချက်ချင်း ကြည့်လိုက်ကြသည်။ သုံးရောင်ချယ်ကြောင်းများကို ရာခိုင်နှုန်း ချကြည့်ပါက (က)၉၉ ရာခိုင်နှုန်း အမ၊ (ခ)၉၉ ရာခိုင်နှုန်း အထီး၊ (ဂ)၁၀၀ ရာခိုင်နှုန်း အထီး။
“မင်း ဘာဖြေလိုက်လဲ..”
“(ခ) ကိုဖြေလိုက်တာ”
ကျောင်း ခေါင်းဆောင်များ အံ့ဩသွားမိသည်။ (ခ)သည် အဖြေမှားခဲ့သည်လော။ အဖြေမှန် (ဂ)ဖြစ်နိုင်မည်လော။
ပါမောက္ခကျောင်း ဆက်လက် ရှင်းပြလိုက်သည်။
“အဖြေမှန်က (က).. ဒါက လူနေမှု ပုံစံ မေးခွန်းပါ.. ဒါကို ဇီဝဗေဒနဲ့ဆိုင်တဲ့ သာမန်မေးခွန်းလို့ ပြောလို့ရတယ်.. ဇီဝဗေဒ ဌာနက ပါမောက္ခတစ်ယောက်ကို မေးကြည့်ပြီးပြီ အဖြေ(က)ဆိုတာ ပုံမှန်ပဲတဲ့..”
ပါမောက္ခကျာင်းသည် အဖြေမှားသွားသည့်အတွက် စိတ်မကောင်းဖြစ်ကာ CCTV မှပြန်လာပြီးနောက် စိတ်ရှင်းရန် အတွက် ဇီဝဗေဒပါမောက္ခထံ ချက်ချင်းသွားခဲ့ပေသည်။
ခေါင်းဆောင်များ ဘာပြောရမှန်း မသိတော့ချေ။ သူတို့အားလုံး ပါမောက္ခကျောင်းနှင့်ပင် မယှဉ်နိုင်ချေ။ ပါမောက္ခကျောင်းသည် အနည်းဆုံး မေးခွန်း(၉)ခု ဖြေနိုင်ခဲ့ပေသည်။ သို့ရာတွင် အဘယ့်ကြောင့် အလုပ်သမား တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသနည်း။ တက္ကသိုလ် ကျောင်းသား တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရလျှင်ပင် အခြေအနေ မဆိုးလှချေ။
ပါမောက္ခကျောင်းကို မေးမြန်းပြီးနောက် အလုပ်သမားသည် မေးခွန်း (၄)ခုကိုသာ ဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိသွားကြသည်။ မေးခွန်း(၃)ခုကို အကူအညီကို အသုံးပြုခဲ့ပြီး ကျန်မေးခွန်းများကို ကံကောင်း၍မှန်သည် ဟူသည် မှတ်ချက်သာ ထွက်ပေါ်လာခဲ့ပေသည်။
ထင်ထားသည့် အတိုင်းပင်။ အလုပ်သမားတစ်ဦးသည် တက္ကသိုလ်မှ ပါမောက္ခ တစ်ယောက်ကို ကြက်ကန်းတိုး နိုင်သွားခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်များ ငိုချင်စိတ်ပင် ပေါ်လာတော့သည်။
ပါမောက္ခကျောင်းသည် သူ့မွေးရပ်မြေမှ ကလေးများအတွက် ရန်ပုံငွေရှာရန် ဤအစီအစဉ်တွင် ပါဝင်ခဲ့ကြောင်း ခေါင်းဆောင်များ သိသွားသည့်အခါ မည်သူကမှ အပြစ်တင်ဝေဖန်ခင်း မပြုလုပ်ခဲ့ချေ။
မေးခွန်းများကို ကြည့်လိုက်သည့်အခါ ပို၍ပင် စိတ်ပြေသွားကြတော့သည်။ ဟွာချင်တက္ကသိုလ်မှလည်း ၎င်းတို့လူများကို သံသယကြီးစေရန် စေလွှတ်မည်ကို အလိုလို သိနေကြပေသည်။ ဟွာချင်တက္ကသိုလ် ရှုံးနိမ့်ခဲ့လျှင်ပင် အရှက်တကွဲ ဖြစ်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ဟွာချင် တက္ကသိုလ် ဝင်မပြိုင်ပါက ဖိအားပေးရပေလိမ့်မည်။
ရှေ့ဆက်လုပ်ရမည့်ကိစ္စ တိုင်ပင်နေကြစဉ် ကျောင်းအုပ်ကြီးစားပွဲမှ ဖုန်းသံမြည်လာသည်။
“ဟယ်လို.. အဘိုးကြီးချူးလား.. ဒီနေ့ ပေကျင်းနေ့စဉ်လား.. အင်း ဖတ်တယ်လေ.. ဘာမှားလို့လဲ.. အော် မင်းက ပါမောက္ခကျောင်း ကိစ္စပြောတာလား.. အဆင်ပြေပါတယ်.. သူရှုံးသွားတယ်ဆိုပေမယ့် ငါတို့တော့ ဂုဏ်ယူတယ်.. မင်း ဟွာချင်တက္ကသိုလ်က ပါမောက္ခလဲ ပါတယ်လား.. (၂)ရက်အတွင်း ရိုက်ကူးရေး ဖြစ်မယ်ပေါ့.. မဖြစ်သေးဘူးကွ.. မင်းနဲ့ နေ့လည်စာ မစားအားသေးပါဘူးကွာ.. တခြား မရှိတော့ရင် ငါဖုန်းချလိုက်တော့မယ်..”
ဖုန်းချပြီးတာနဲ့ ကျောင်းအုပ်ကြီး ပြုံးလိုက်တယ်။ သူပင် ဘာမှ လုပ်စရာမလိုဘဲ ဟိုင်ချင်တက္ကသိုလ်မှ ပါဝင်ရန် တစ်ယောက် စေလွှတ်ခဲ့ပေသည်။ နှစ်စဉ် ပေကျင်းနှင့် ဟွာချင်တက္ကသိုလ်တို့သည် ထိပ်တန်း ကျောင်းသားများ စုဆောင်းရန် ကြိုးစားကြရသည်။ သို့တိုင်အောင် ပေကျင်းတက္ကသိုလ်မှ အမြဲ ပထမဖြစ်နေပေသည်။
ဤအစီအစဉိတွင် ပါဝင်ရန် ပါမောက္ခတစ်ဦး စေလွှတ်ခြင်းဖြင့် သူ့တက္ကသိုလ် စွမ်းဆောင်ရည်များ ပြသနိုင်မည် ထင်နေသည်လော။ ဤနည်းလမ်းဖြင့် ကျောင်းသား ပိုများလာမည် ထင်နေသည်လော။ ပထမဆုံး ကံကောင်းရန် လိုပေလိမ့်မည်။ သို့ရာတွင် ပို့လိုက်သည့် ပါမောက္ခသည် တတိယအဆင့်သို့ပင် ရောက်နိုင်လိမ့်မည် မထင်ချေ။ ထိုသို့ ဖြစ်သွားပါက ဟိုင်ချင် တက္ကသိုလ်၏ ဂုဏ်သိက္ခာ ထိခိုက်သွား ပေလိမ့်မည်။
CCTV ထုတ်လုပ်ရေးအဖွဲ့သည် ရုတ်တရက် လျှောက်လွှာ အများအပြား လက်ခံရရှိလိုက်သည်။ လျှောက်လွှာ အများစုမှာ ပါမောက္ခများထံမှ ဖြစ်ပေသည်။ ၎င်းတို့ကို အံ့အားသင့်စေသည်မှာ ဟိုင်ချင် တက္ကသိုလ်မှ ပါမောက္ခ အများအပြား လျှောက်ထားခြင်း ဖြစ်သည်။
သို့ရာတွင် ထုတ်လုပ်ရေးအဖွဲ့သည် ဖုန်းယွီစကားများ မှတ်မိနေပေသည်။ ဤအစီအစဉ်သည် သာမန်ပြည်သူ လူထုအတွက် ဖြစ်ပေသည်။ ပါမောက္ခ အများအပြား ပါဝင်ရန် မသင်လျော်ချေ။ ထို့ကြောင့် အဖွဲ့သည် အမည်ကျော်ကြားမှုအပေါ် မူတည်၍ ပါမောက္ခ(၂)ဦးကို ရွေးချယ်ခဲ့ပေသည်။ ထိုအထဲမှ တစ်ယောက်သည် ဟိုင်ချင် တက္ကသိုလ်မှ ဖြစ်ပေသည်။
ထုတ်လုပ်ရေးအဖွဲ့ သက်ပြင်းချလိုက်သည်။ ထို ဟိုင်ချင်တက္ကသိုလ်သည် ဤအစီအစဉ်၏ မေးခွန်းများအား လွယ်သည်ဟု မှတ်ယူထားသည်လော။ မေးခွန်းများနှင့် ထိပ်တိုက် တွေ့မှသာ သိရပေလိမ့်မည်။
ဤအစီအစဉ်ကို ထုတ်လွှင့်ပြီးနောက် ပါမောက္ခများထံမှ လျှောက်လွှာများ လက်ခံခြင်း မပြုသင့်တော့ကြောင့် ထုတ်လုပ်ရေးအဖွဲ့ ခံစားခဲ့ရပေသည်။ ဤပါမောက္ခများသည် ရှေ့ဆောင်လမ်းပြ ပြုလုပ်ခြင်းကို နှစ်သက်သည့်အပြင် ဂုဏ်သတင်းအပေါ် အလေးထားကြပေသည်။ ရုပ်မြင်သံကြားပေါ်၌ အရှုံးကို လက်မခံနိုင်ကြချေ။ ၎င်းတို့ စိတ်ထဲမထားလျှင်ပင် ၎င်းတို့ကျောင်းသားများ ပါဝင်ခွင့်ပေးမည် မဟုတ်ချေ။
-------*****--------
ဘာသာပြန်သူ . (NTP)