← Chapters

ဝမ်တုန်ကျင်း ပါဝင်လိုခြင်း

Vol. 38 Ch. 560

ဝမ်တုန်ကျင်း ပါဝင်လိုခြင်း

Vol. 38 Ch. 560

“ပါမောက္ခယန် လဲ အဲ့အစီအစဉ်မှာ ပါမှာလား.. ငါကြည့်ချင်လိုက်တာ..”

လီန ဖုန်းယွီကို ဖက်ထားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဆန္ဒ စောမနေပါနဲ့.. နေ့လည်မှ ရိုက်ကူးရေးလုပ်မှာ.. အခု စောသေးတယ်.. လာ ဒီနေ့ ပုံစံအသစ် သင်ပေးမယ်.. ခွေးပေါက်လေးတဲ့..”

“တော်လိုက်တော့.. မနေကလဲ (၃)ကြိမ်တောင်.. နင် မပင်ပန်းဘူးလား..”

“ဒါမျိုး ဘယ်သူ ပင်ပန်းမှာလဲ.. ငါ ပင်ပန်းမှာစိုးရင် နင်အပေါ်မှာနေလိုက်ပေါ့.. လာလာ ငါ့ကို နိုင်အောင် ကြိုးစားစမ်းပါ..”

……

“ငါ့မှာ ချွေးတွေနဲ့..”

“ကိစ္စမရှိဘူး.. ရေချိုးလိုက်တာပေါ့..”

ဖုန်းယွီ ကုတင်ပေါ်မှ ဆင်းကာ လီနကို ရေချိုးခန်းအတွင်း သယ်သွားလိုက်တော့သည်။

“ဟွန့်.. ငါ့ဟာငါ ချိုးတတ်တယ်..”

“နင့်ကို ညစ်ပတ်အောင် လုပ်မိလို့ ငါပြန်ဆေးပေးရမယ်လေ.. ဒါ ငါတို့ ဆရာ သင်ပေးထားတာပဲကို..”

“ဒါမျိုး ဘယ်သူက သင်မှာလဲ..”

“ဆရာ အောင်းဆိုရာ.. စိတ်မဆိုးပါနဲ့.. သူဘယ်သူလဲဆိုတာ နင်သိမှာမဟုတ်ဘူး.. နင့်ကို နောက်နေ့မှ VCD တွေ ပြမယ်”

လီန ဖုန်းယွီ ဘာပြောနေမှန်း မသိသဖြင့် ခနရပ်လိုက်သည်။ ဂျပန် ရုပ်ရှင် ဖြစ်ပေလိမ့်မည်။ VCD အကြောင်း တွေးနေစဉ် ဖုန်းယွီ သူ့ကို ရေချိုးခန်းအတွင်း ခေါ်သွားတော့သည်။

ထူးထူးခြားခြား မည်သည်မှ မလုပ်သည့်တိုင် ဖုန်းယွီကမူ အလွန်ပျော်နေပေသည်။ နှစ်ယောက်စလုံး ရေချိုးခန်းအတွင်းမှ ထွက်လာသည့်အခါ နေမြင့်နေပေပြီ။

နေ့လည်စာ အတူစးပြီးနောက် CCTV သို့ ထွက်ခွာလာခဲ့တော့သည်။

အဝင်ဝတွင် ဝမ်တုန်ကျွင်း အပြင်းအထန် ငြင်းခုန်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းဟန် နှင့် ဝမ်တုန်ကျွင်း တို့သည် မျိုးစုံအစီအစဉ် ရိုက်ကူးမှုကို တစ်ကြိမ်မှ တိုက်ရိုက် မမြင်ဖူးသေးချေ။ ကျန်းဟန် သူ့အဖေကို ထံမှ ငွေလိမ်တောင်းကာ သွားခွင့်ရယူခဲ့ခြင်းဖြစ်သည်။

ဝမ်တုန်ကျင်းတွင် CCTV မှ ဝင်ခွင့်လက်မှတ် မပါသဖြင့် ဝင်၍ မရချေ။

ဝမ်တုန်ကျွင်းသည် ဖုန်းယွီနှင့် လီနတို့ကို မြင်သည့်အခါ မလှမ်းမကမ်းတွင် ရပ်ထားသည့် ကားတစ်စီးကို လက်လှမ်းပြလိုက်သည်။ ကျန်းဟန် ကားပေါ်မှ ဆင်းပြေးလာတော့သည်။

“လီနာ၊ ဖုန်းယွီ မင်းတို့နှစ်ယောက် ဘာလို့ နောက်ကျနေတာလဲ..”

ကျန်းဟန် ငြီးတွားနေပေသည်။ နေ့လည် (၁)နာရီတွင် တွေံဆုံရန် ချိန်းထားပြီး ယခုမူ (၁)နာရီ ခွဲပေတော့မည်။

လီန မျက်မှောင်ကြုတ်သွားသော်လည်း ဖုန်းယွီကမူ..

“ငါတို့ ကားငှားတာ ကြာနေလို့..”

မိမိတို့သည် အငှားကားကြောင့် ကြာနေသဖြင့် ခဏတာ နောက်ကျသည်မှာ ဘာဖြစ်မည်နည်း။

ဝမ်တုန်ကျွင်း ပြုံး၍..

“မင်းရောက်လာရင် ပြီးတာပဲကွာ.. ငါတို့ကို အမြန်ခေါ်သွား ပေးလိုက်တော့..”

ဖုန်းယွီတွင်လည်း ဝင်ခွင့်လက်မှတ်မရှိချေ။ သို့ရာတွင် လီနနှင့်သာ လျှောက်လာခဲ့ကြသည်။ ဝင်ပေါက်မှ အစောင့်က ဖုန်းယွီကို မြင်သည်နှင့် ဂါရဝ ပြုလိုက်ပေသည်။ ဤသည်ကို ဝမ်တုန်ကျွင်း မြင်ကာ ကျန်းဟန်နှင့်အတူ ဖုန်းယွီနောက်သို့ အမြန် လိုက်သွားတော့သည်။

ကွာခြားချက်ကြီးတစ်ခုမှာ ဝင်ခွင့်လက်မှတ် တောင်းနေသည့် အစောင့်ဖြစ်သည်။ ယခု အဘယ့်ကြောင့် ငြိမ်နေသနည်း။

“ဒီနေ့ မွန်းလွဲပိုင်းမှ CCTV က အပိုင်း(၂) ရိုက်ကူးရေးလုပ်မယ်။ ဟိုင်ချင်တက္ကသိုလ်က က ပါမောက္ခတစ်ယောက်နဲ့ ပေကျင်း တက္ကသိုလ်က ပါမောက္ခတစ်ယောက် ပါလိမ့်မယ်.. ရဲ၊ ဆရာဝန်၊ လုပ်သားများ၊ နည်းပညာရှင်၊ စာရေးဆရာနဲ့ အိမ်ရှင်မတွေလဲ ပါမှာ.. ဘယ်သူနိုင်မယ် ထင်လဲ..”

ဖုန်းယွီ လမ်းလျှောက်ရင်း မေးလိုက်သည်။

“ဒါက ဉာဏ်စမ်း မဟုတ်ဘူးလား.. ပါမောက္ခတွေပဲ နိုင်မှာပေါ့..”

ဝမ်တုန်ကျွင်း ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ကျန်ပြိုင်ပွဲဝင်များသည် ပါမောက္ခများကို မည်သို့ ယှဉ်နိုင်မည်နည်း။

ကျန်းဩန်သည် ဝမ်တုန်ကျွင်း လက်ဆွဲကာ..

“ရေဒီယိုက ပြောတဲ့ သတင်း မေ့သွားပြီလား.. ပေကျင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက် အလုပ်သမားကို ရှုံးသွားတယ်လေ”

“ဒါဆို ဂျင်ူးပဲနေမှာပေါ့.. ပြိုင်ပွဲမဝင်ခင် အလုပ်သမားက အဖြေတွေ သိပြီးသား ထင်တယ်.. အဲ့အလုပ်သမား တစ်ခုခု မှားနေပြီ..”

ဝမ်တုန်ကျင်း ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

ဖုန်းယွီ ဝမ်တုန်ကျွင်းကို အံ့ဩစွာ ကြည့်လိုက်သည်။ ထိုလူမိုက်ပင်လျှင် ဤသည်ကို စီစဉ်ထားကြောင်း မှန်းဆနိုင်သဖြင့် ရုပ်မြင်သံကြား ပရိတ်သတ်များ ဖော်ထုတ်နိုင်လောက်ပေသည်။

ဖုန်းယွီ ချက်ချင်းပင်..

“မင်း ဘယ်လိုလုပ် သိလဲ..”

ဝမ်တုန်ကျွင်း ဖုန်းယွီကို မထီကြည့် ကြည့်ကာ..

“ငါ ခန့်မှန်းဖို့ လိုလို့လား.. မင်း အဲ့အစီအစဉ်နဲ့ ပတ်သက်နေလား ငါ့ပြောစမ်းပါ..”

“ငါက ဒီအစီအစဉ်အတွက် စပွန်ဆာလေ.. ဆုတွေ ပေးနေရတာ.. ဘာဖြစ်လို့လဲ..”

“ဘာမှားရမှာလဲ.. သတင်းစာမှာ သေချာရေးထားတယ်လေ.. အဲ့အလုပ်သမားက ပမ့်မြို့တော် စက်ယန္တရား ကုမ္ပဏီက အလုပ်သမား တစ်ယောက်လေ.. မင်းက အဲ့ကုမ္ပဏီနဲ့လဲ ပတ်သက်နေတာ မဟုတ်ဘူးလား.. ငါ မင်းအကြောင်း ကောင်းကောင်း သိတာပေါ့.. မင်း သူ့ကို အဖြေ ပြောထားဖူးလိမ့်မယ်.. ငါတို့ မူလတန်း ကျောင်းတက်တုန်းက စာမေးပွဲကျရင် မင်းအမြဲတမ်း ငါ့အဖြေတွေ ကူးပြီး ဂျင်းထည့်နေကျလေ”

ဝမ်တုန်ကျွင်း ဂုဏ်ယူစွာ ခေါင်းမော့ ဖြေလိုက်သည်။

“မင်းသာ ငါ့အိမ်စာတွေ တချိန်လုံး ကူးနေတဲ့ကောင်လေ..”

ဖုန်းယွီ ပြန်ပက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူစိတ်သက်သာရာ ရသွားသည်။ ဝမ်တုန်ကျွင်းသည် ဖုန်းယွီကို သိနေသဖြင့် ခန့်မှန်းနိုင်ခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ပရိတ်သတ်များ ဂျင်းထည့်သည်ကို မြင်နိုင်မည် မဟုတ်ချေ။

လီန ဖုန်းယွီကို ပုတ်ရင်း..

“နင် စီစဉ်ပြီးပြီလား..”

“ဟုတ်တယ်.. ဒီအစီအစဉ်အတွက် ထူးထူးခြားခြားလေး ဖန်တီးဖို့ပဲလေ။ ဒါကြောင့် အဲ့ ပါမောက္ခ (၂)ယောက် ဒီနေ့ အဆင့်တွေ လွယ်လွယ် တက်နိုင်မှာ မဟုတ်ဘူး..”

ဖုန်းယွီ ဝမ်တုန်ကျွင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ယနေ့ ပါမောက္ခများ အောင်နိုင်မည် ထင်နေသည်လော။ အထူးအဆန်း မေးခွန်းများအားလုံး မှန်ကန်စွာ ဖြေဆိုရန် အနည်းဆုံး ပါမောက္ခ တစ်ဖွဲ့ လိုအပ်ပေလိမ့်မည်။

ဝမ်တုန်ကျွင်း ထိသွားပုံရပေသည်..

“ဒီနေ့ အဖြေတွေ တစ်ယောက်ယောက်ကို ပြောထားသေးလား.. မင်း မလုပ်ရဘူးနော်.. ငါ အခန်းဖော်တွေနဲ့ လောင်းကြေးထပ်ဖို့ ရှိနေတယ်ကွ..”

“မင်းအတွက် အမှန်အကန်ဆုံး လုပ်ပေးမယ်..”

ဤအစီအစဉ်သည် မိမိနှင့် ပတ်သက်နေမှန်း သိနေသည့်တိုင် လောင်းကြေးထပ်ရန် သတ္တိရှိနေသည်လော။

“ငါသာ ပါခွင့်ရမယ်ဆို လုံးဝရှုံးမှာ မဟုတ်ဘူး…”

ဝမ်တုန်ကျွင်း ခံငြင်းပြန်သည်။

ဖုန်းယွီသည် ဝမ်တုန်ကျွင်းကို ဥပေက္ခာပြုထားလိုက်သည်။ ထိုမေးခွန်းများ စုဆောင်ခဲ့သည့် ထုတ်လုပ်ရေး အဖွဲ့မှ မလုပ်သမားများသည်ပင် ထိုဉာဏ်စမ်း ပုစ္ဆာများကို သေချာပေါက် ဖြေနိုင်မည်ဟု အာမမခံရဲကြချေ။ အနည်းဆုံး မေးခွန်းပေါင်း (၁၀၀၀၀)ကျော်ရှိပြီး အပ်စဉ် ထုတ်နှုတ် ဖြည့်စွက်မှုများ ပြုလုပ် နေမည်ပင်။ မည်သူ့ကို မည်သည့် မေးခွန်း မေးမည်နည်း။

စတူဒီယိုအတွင်း၌ ဖုန်းယွီ လူအရမ်းများနေသည်ကို သတိထားမိလိုက်သည်။ မည်သို့ မှားနေသနည်း။ မည်သည့် ပြဿနာမှ မရှိသင့်ချေ။ အပိုင်း (၃)ပိုင်းထိ စီစဉ်ထား ပြီးဖြစ်သည်။

ဖုန်းယွီ ဒါရိုက်တာ တစ်ယောက်လက်ကို ဆွဲလိုက်စဉ်..

“မန်နေဂျာဖုန်း.. ကျုပ် တော်တော် အလျင်လိုနေလို့ သွားခွင့် ပြုပါအုံး..”

“ဘာမှားနေလဲ.. စတူဒီယိုထဲမှာ ပြဿနာ ရှိနေလား..”

“ဒီနေ့ ပြိုင်ပွဲ ဝင်တစ်ယောက် မလာဘူး.. ဖြေရှင်းဖို့ ငါတို့ စဉ်းစားနေတာ..”

အရန် ပြိုင်ပွဲဝင် တစ်ယောက် ထိုသို့ ပြုလုပ်၍ မရချေ။ ဖုန်းယွီ ဝမ်တုန်ကျွင်းကို ကြည့်လိုက်သည်။ ထိုလူမိုက်သည် ဉာဏ်စမ်း မေးခွန်းများ အောင်မြင်ခဲ့သူ မဟုတ်ပေလော။ အတွေ့အကြုံ မြည်းစမ်းခွင့် ပေးလိုက်ပေမည်။

“ဒါရိုက်တာ.. ငါ့သူငယ်ချင်း ပါလို့ရလား.. ဒီကောင် နည်းပညာ တက္ကသိုလ် ကျောင်းသား တစ်ယောက်ပါ..”

ဖုန်းယွီ အမေးအား ချက်ချင်းပင်..

“ဒါရိုက်တာချုပ်ကို ငါသတင်းပို့လိုက်မယ်.. ခနစောင့်ပေး..”

ဝမ်တုန်ကျွင်း သူ့ကိုယ်သူ ညွှန်ပြ၍..

“ကျုပ် ဝင်ပါလို့ရမလား.. ဒီအစီအစဉ်မှာ တကယ်ဝင်ပြိုင်လို့ ရမလား..”

“မင်း ပါချင်တယ်ပေါ့.. အရှက်ကွဲမှာ မကြောက်ရင် တက်သွားလိုက်လေ.. မေးခွန်း (၄)ခုလောက်တော့ ဖြေနိုင်မှာပါ..”

“ဟား ဟား ဟား.. ငါသာ ပြိုင်ခွင့်ရမယ်ဆို မေးခွန်း (၁၀)ခုလုံး ဖြေနိုင်တယ်ဆိုတာ ပြမယ်ကွ..”

ဝမ်တုန်ကျွင်း ယုံကြည်ချက် အပြည့်ဖြင့် ပြေလိုက်တော့သည်။

ဒါရိုက်တာချုပ်မှ ဖုန်းယွီအမေးကို သဘောတူကြောင်း အကြောင်းပြန်လာသည်။ သူနှင့် အခြားသူများ ဆက်သွယ်ရန် မလိုအပ်ချေ။ ထို့အပြင် သူ့ရှေ့မှ ပြိုင်ပွဲဝင်များ ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် ဖုန်းယွီ၏ သူငယ်ချင်း ပါဝင်ရန် မလိုအပ်ချေ။

ဝမ်တုန်ကျွင်း မိတ်ကပ်လိမ်းရန် အနောက်ခန်းဘက် ပြေးသွားလိုက်သည်။ ဖုန်းယွီနှင့် ကျန်လူများသည် အစီအစဉ် စတင်ချိန်ကို ဒုတိယတန်းတွင် ထိုင်စောင့်နေကြပေသည်။

ပထမ ပြိုင်ပွဲဝင် နှစ်ယောက် ကောင်းကောင်း မစွမ်းနိုင်ခဲ့ကြချေ။ ပထမလူသည် မေးခွန်း (၄)ခုသာ ဖြေနိုင်ခဲ့ပြီး ဒုတိယ လူမှာမူ မေးခွန်း (၆)ခုဖြေဆို၍ နှစ်သိမ့်ဆုများ ရရှိခဲ့သည်။ နောက်ဆုံးတွင် ဟန်ချင် တက္ကသိုလ်မှ ပါမောက္ခ ဖြစ်ပေသည်။ စဉ်မြင့်ပေါ် တက်လာသည်နှင့် ရိုက်ကူးမှုကို တိုက်ရိုက် ကြည့်ရှုနေသည့် ပရိတ်သတ်များကို လက်ဝှေ့ယမ်း ပြလိုက်သည်။ ပရိသတ်များသည်လည်း ပြန်၍ အားပေးခဲ့ကြသည်။

သို့ရာတွင် (၅)မိနစ်ခန့်အကြာတွင် ထိုပါမောက္ခသည် ရှက်ရွံ့စွာဖြင့် စင်ပေါ်မှ ဆင်းသွားခဲ့ရသည်။ မေးခွန်း (၄)ခုကိုသာ မှန်ကန်စွာ ဖြေနိုင်ခဲ့ပေသည်။ (၅)ခုမြောက် မေးခွန်းသည် နေ့စဉ်ဘီ မေးခွန်းပုံစံ မျိုးဖြစ်သည်။ တစ်ကြိမ်တစ်ခါမှ မချက်ပြုပ်ဖူးသည့် ပါမောက္ခ မဖြေနိုင်တော့ချေ။

နောက်တစ်ယောက်မှာ လေနှင့်မိုး ပို့ဆောင်ရေးမှ ယဉ်မောင်း တစ်ယောက်ပင်။ ထိုယဉ်မောင်းသည် ကောင်းကောင်း ပြင်ဆင်ထားပေသည်။ သူသည် ဇာတ်ညွှန်းအတိုင်း ကောင်းကောင်း လေ့ကျင့်ထားပြီး ဖြစ်သဖြင့် အဖြေမှန်အားလုံး ခန့်မှန်းရန်၊ မည်သို့ပြောရန် သိပြီး ဖြစ်သည်။ သူသည် အဖြေများ ကို မှန်းဆ ကံစမ်းသည့် ပုံစံနှင့် အကြောင်းပြချက် များသည်လည်း ယုတ္တိရှိနေပေသည်။

စင်ပေါ်မှ ယဉ်မောင်းသည် မေးခွန်း (၁၀)ခုစလုံး ဖြေဆိုပြီးသွားသည့်အခါ ပရိသတ်များ ဝမ်းသာကြတော့သည်။

ဟန်ချင် တက္ကသိုလ်မှ ကျောင်းသားများ အပါအဝင် တိုက်ရိုက်ကြည့်ရှုမှုမှ ပရိတ်သတ်များ၏ တုန့်ပြန် မှုများကို ဖုန်းယွီ မြင်တွေ့ခဲ့ရပြီး သာမန် လူစွမ်းကောင်း တစ်ယောက်ဖန်တီးရန် သူ့အစီအစဉ် အောင်မြင်ကြောင်း သိလိုက်သည်။

သို့ရာတွင် ပထမဆုံး ပြိုင်ပွဲဝင် အနည်းငယ် ကျရှုံးသွားကြသဖြင့် ဝမ်တုန်ကျွင်း ပါဝင်ခွင့် ရခဲ့ပေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters