← Chapters

ချွမ်ကျွီသဲ (ပီကင်းဘဲကင်)

Vol. 38 Ch. 561

ချွမ်ကျွီသဲ (ပီကင်းဘဲကင်)

Vol. 38 Ch. 561

ဝမ်တုန်ကျွင်း စင်မြင့်ပေါ် တက်လာပြီး ပရိသတ်ကို ဂုဏ်ယူစွာ လက်ဝှေ့ယမ်း ပြလိုက်သည်။ သူသည် ဉာဏ်စမ်းများကို အောင်မြင်သွားပုံပင်။ ကျန်းဟန် သူ့မျက်နှာ အုပ်ထားလိုက်သည်။ ဝန်တုန်ကျွင်း၏ အကျင့်ဖြင့် စင်ပေါ်ရောက်လျှင် ထိုသို့ လုပ်လိမ့်မည်ကို သေချာသိထားပေသည်။ ဝင်မပါရန် တားထားသင့်သည် မဟုတ်လော။

ဖုန်းယွီ ခေါင်းငုံ့ရယ်နေတော့သည်။ ယခုအချိန် ယုံကြည်ချက် ပိုလေလေ ဤအစီအစဉ်ကို ကြည့်ရှုသူများ ပိုမို များပြားလာလေ ဖြစ်ပြီး အဆင့်သတ်မှတ်ချက်များ ပိုမြင့်လာပေလိမ့်မည်။

အစီအစဉ်မှူးမှ ဝမ်သောင်ကျွင်းကို မမေးရသေးမှီမှာပင် သူကိုယ်သူ မိတ်ဆက်ပေးနေတော့ပေသည်။ သူဇာတိ၊ တက်ခဲ့သည့်ကျောင်း၊ မိဘများအမည်၊ သူမှတ်ပုံတင်အမှတ်ကအစ ပြောပြနေပေတော့သည်။

နယ်ဖျင် မတတ်သာတော့ဘဲ ခပ်ရှက်ရှက်ဖြင့်ပင် ကြားဖြတ်၍..

“မစ္စတာဈမ်.. ငါတို့ တွေ စလို့ရပြီလား..”

“စကြတာပေါ့..”

ဝမ်သောင်ကျွင်း စိတ်အေးလက်အေး ထိုင်ချလိုက်သည်။

“အဆင်ပြေတယ်ဆိုရင် ပထမဆုံး မေးခွန်း စလိုက်ရအောင်..”

ဝမ်သောင်ကျင်း ပထမဆုံး မေးခွန်း မြင်သည်နှင့် အံ့ဩသွားတော့သည်။ အဖြေကို မသိသလို ရွေးချယ်ရမည့် အဖြေအားလုံးသည်လည်း မှန်နေသည့်ပုံ မြင်နေရသည်။

“ ပရိတ်သတ်ကို မေးဖို့ ရွေးချင်ပါတယ်..”

ရိုက်ကူးရေးကို တိုက်ရိုက်ကြည့်ရှုနေသည့် ပရိတ်သတ်များ ရယ်မောကြတော့သည်။ ဝမ်သောင်ကျွင်း မတိုင်မှီ ပါဝင်သူများ ရှိခဲ့သော်လည်း ပထမဆုံးမေးခွန်းတွင် အကူအညီ မလိုခဲ့ကြချေ။

ဝမ်သောင်ကျွင်း ပရိတ်သတ်ဘက် ဝေ့ကြည့်ပြီး ဖုန်းယွီကို လက်ညှိုးထိုး၍..

“ဒီမေးခွန်း ဖြေပေးပါလား..”

ဖုန်းယွီ ထပ်ရယ်လိုက်ပြန်သည်။ သူမို့ တောင်းဆိုပေသည်။ အဖြေသိခဲ့လျှင်ပင် မှားပြောမည်ပင်။ ယခုမူ သူကိုယ်တိုင်ပင် အဖြေမသိချေ။ ထိုအဖြေ ခန့်မှန်းမည့်အစား ထီသာ သွားထိုးမိပေလိမ့်မည်။

“ငါ (ဂ)ကို ရွေးမယ်..”

ဖုန်းယွီ ကြုံရာတစ်ခု ရွေးပေးလိုက်၏။

ဝမ်သောင်ကျွင်း ချက်ချင်းပင်.

“ကျုပ် (ဂ)ကို ရွေးမယ်..”

ဖုန်းယွီ အဖြေအားလုံး သိထားသည်ဟု သူထင်နေခြင်းဖြစ်သည်။

“ဒါ မင်းရဲ့ နောက်ဆုံး အဖြေလား..”

“ဟုတ်ပါတယ်..”

“သေချာသွားပြီပေါ့..”

“အင်း.. သေချာတယ်.. (ဂ)ပဲ..”

ဝမ်သောင်ကျွင်း ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ထို အစီအစဉ်မှူး ထူးဆန်းချေသည်။ အတည်ပြုပြီးသား အဖြေအား ထပ်ကာထပ်ကာ မေးနေပေသည်။ နောက်တောင် အားပေးတော့မည် မဟုတ်ချေ။

“စိတ်မကောင်းပါဘူး.. မင်းအဖြေ မှားနေပါတယ်.. အဖြေမှန်က (က)ပါ..”

နယ်ဖျင် အနေဖြင့် ပြိုင်ပွဲဝင် တစ်ယောက်ကို ပထမဆုံး မေးခွန်းတွင် မမှားစေလိုပေ။ သို့အတွက် အခွင့်အရေး ပေးရန် ကြိုးစားခဲ့သော်လည်း အချည်းအနှီး မြုပ်ခဲ့ပေသည်။

ဝါး.. ဟား.. ဟား…

ကြည့်ရှုနေသည့် ပရိတ်သတ်များ ဝါးလုံးကွဲ ရယ်ကြတော့သည်။ ပထမဆုံးမေးခွန်းတွင်ပင် ကျရှုံးခဲ့သူ မတွေ့ဖူးသေးချေ။ အကူအညီကိုပင် သုံးခဲ့ပေသေးသည်။

ပရိတ်သတ်အား မေးလိုလျှင်ပင် အဖြေသိသူကို မေးသင့်ပေသည်။ မဖြေနိုင်သူကို မည်သည့်အတွက် ရွေးရပေသနည်း။

ဖုန်းယွီကိုယ်တိုင်ပင် ဝမ်သောင်ကျွင်းအတွက် ရွေးပေးလိုက်သည့် အဖြေသည် မှားမည် မထင်ခဲ့ချေ။ ဝမ်သောင်ကျွင်း ကိုယ်တိုင်ပင်လျှင် ကံဆိုးနေပုံပင်။

မန်နေဂျာဖုန်း အကြံပြုထားသည့် ထိုလူကို ဒါရိုက်တာလည်း စိတ်မချချေ။ အမှိုက်စကားများသာ ဆက်တိုက် ပြောခဲ့ပြီး ပထမ မေးခွန်းနှင့် ဖြေဆိုချိန် စုစုပေါင်း (၂)မိနစ်ပင် မပြည့်ချေ။ ဤအပိုင်း(၂)ကို ထပ်ရိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဤလူ၏ ဗွီဒီယိုဖိုင်ကို အပိုင်း(၄)ပထမဆုံး ပြိုင်ပွဲဝင်အဖြစ် တည်းဖြတ် ပြသရပေလိမ့်မည်။ ထို ရုပ်ပြောင်ဖြင့် ပြိုင်ပွဲအဖွင့် ပြလိုက်ပါက ပရိသတ်ကို ပို၍ ဆွဲဆောင်နိုင်ပေလိမ့်မည်။

စတူဒီယိုမှ ထွက်ခွာပြီးနောက် ဝမ်သောင်ကျွင်း ရင်ခုန်နေဆဲ ဖြစ်သည်။ ဤအခန်းကို ထုတ်လွှင့်သည့်အချိန် ကျောင်း၌ ဟာသတစ်ခု ဖြစ်နေပေလိမ့်မည်။

“သောင်ကျွင်း မင်းတော့ နာမည်ကြီးတော့မယ်ကွ..”

ဖုန်းယွီ ရည်ရွယ်ချက် ရှိရှိ ပြောလိုက်သည်။

“နာမည် ကြီးမှာလား.. ငါဖြင့် ရှက်လိုက်တာကွာ..”

“ဘာလို့လဲဟ… ဒီအပိုင်းအတွက် ခေါင်းစီးတွေ ငါကိုယ်တိုင် ရေးပေးလိုက်မယ်.. နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ယောက် ပါဝင်မှတ်တမ်းရေးထိုးခြင်း လို့ ရေးပေးလိုက်မယ်.. စဉ်းစားကြည့်လေ.. မင်း.. ကျောင်းမှာ အားလုံးရဲ့ အာရုံစိုက်မှု ခံရတော့မယ်. ကျောင်းကလူတွေအားလုံး မင်းကို သိသွားလိမ့်မည်..”

သို့ရာတွင် ဖုန်းယွီစိတ်အတွင်း၌မူကား မြင်သူအားလုံးသည် ပထမမေးခွန်းပင် မှန်ကန်အောင် မဖြေနိုင်သူ ဟုသာ ကြားယောင်နေမိသည်။

“မင်း သေချာလား.. ငါ့ကို ဝိုင်းမလှောင်ဘူးပေါ့..”

“ဘယ်သူ မင်းကို ရယ်မှာတုန်း.. ရုပ်မြင်သံကြားမှာ ပေါ်လာနိုင်တာနဲ့တင် မနာလိုတွေ ဖြစ်နေကြမှာ.. သူတို့တောင် အရွေးခံရလို့လား..”

မိမိသာ မရှိပါက အရွေးခံရမည် မဟုတ်ချေ။

ဝမ်သောင်ကျွင်း၏ အပြုံးပီပြင်လာကာ..

“ဟုတ်တယ်.. ရုပ်မြင်သံကြားမှာ ပေါ်လာတာလေ.. ဒါ CCTV ကအစီအစဉ် တစ်ခုလေ.. သူတို့မျာ အစွမ်းအစရှိရင် ဝင်အရွေးခံလိုက်ပေါ့..”

ထို လူမိုက်သည် သူ့အတွေးနှင့်သူ စိတ်ချမ်းသာနေပေသည်။ မည်သို့ပင်ဖြစ်စေ စတူဒီယိုအတွင်း ခေါ်ခဲ့မိသည်မှာ ထိုက်တန်ပေသည်။

“လာ.. လာ.. ငါ မင်းတို့ကို ညစာကျွေးမယ်.. မင်း ဝမ်းနည်းတာတွေ အစားနဲ့ ဖျောက်ပစ်လိုက်..”

လီန ပြောစရာမဲ့စွာဖြင့် ဖုန်းယွီကို လှမ်းကြည့်လိုက်မိသည်။ ဝမ်းနည်းခြင်းကို အစားဖြင့် ဖျောက်ရမည်လော။

……

ချွမ်ကျွီသဲ။ ပေကျင်းရှိ အကျော်ကြားဆုံး တရုတ်စားသောက်ဆိုင် ဖြစ်ပြီး ဘဲကင် နာမည်ကျော်ပေသည်။ ဤစားသောက်ဆိုသည် နိုင်ငံခြား ကိုယ်စားလှယ်တော်များအတွက် နိုင်ငံအဆင့် ဧည့်ခံပွဲများကိုပင် ချက်ပြုတ်ပေးနေပေသည်။

ထိုနေရာတွင် ညစာ စားနိုင်ရန် ဖုန်းယွီ ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်။ ချွမ်ကျွီသဲကို ယခုနှစ်တွင် ကုမ္ပဏီ တစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်သည်။

ဖုန်းယွီသည် စားသောက်ကုန်နှင့် ဖျော်ယမကာလုပ်ငန်း တည်ထောင်ရန် စဉ်းစားထားခဲ့ပေသည်။ သို့ရာတွင် ထိုကုမ္ပဏီများအတွက် ထူးခြားမှုရှိသည့် အစားအသောက်မျိုး ဖြစ်ရပေလိမ့်မည်။ ဖုန်းယွီ မည်သည့် အစားအသောက်ကိုမှ သေချာမသိချေ။ ရေခဲမုန့်လော၊ သို့တည်းမဟုတ် ကြက်သားကြော်လော။ အမြန်စား စားသောက်ဆိုင်များ တည်ထောင်ရန် စိတ်မဝင်စားချေ။ သူသည် တရုတ်ရိုးရာ စားသောက်ဆိုင်မျာကို ပို၍ ကူညီချင်သည်။

ချွမ်ကျွီသဲ သည် တရုတ်ရိုးရာ အမှတ်တံဆိပ်ဖြင့် တည်ထောင်ထားသော စားသောက်ဆိုင် တစ်ခု ဖြစ်သည်။ ဤသည်က ဖုန်းယွီ၏ အခက်အခဲကို ကူညီနိုင်ပေလိမ့်မည်။

ဖုန်းယွီ ယခင်ဘဝတွင် ဖုန်းယွီသည် ချွမ်ကျွီသဲသည် ကိုယ်ပိုင်လုပ်ငန်း တစ်ခု ဖြစ်ပြီး၊ နိုင်ငံပိုင်လုပ်ငန်း မဟုတ်ကြောင်း သတိရမိသည်။ အစိုးရတွင် အစုရှယ်ယာ အနည်းငယ်ပါသော်လည်း အစုရှယ်ယာပိုင် ကုမ္ပဏီအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပေသည်။ ပြန်လည်ဖွဲ့စည်းမျုမှာ ယခုနှစ်အတွင်း ၌ ဖြစ်ပေသည်။

ယခုနှစ်အတွင်း ချွမ်ကျွီသဲကို ကုမ္ပဏီ တစ်ခုအဖြစ် ပြောင်းလဲပြီး ဖြစ်သည်။ သို့ရာတွင် ထိပ်ပိုင်း ခေါင်းဆောင်များမှာမူ ထိုသူများသာ ဖြစ်သည်။ သဘောထားမှာလည်း အတူတူသာ ဖြစ်ပေသည်။ ၎င်းတို့နှင့် ပြန်လည်ဖွဲ့စည်းခြင်းမှာ အောင်မြင်မည် မဟုတ်ချေ။

ယခင်ဘဝက ချွမ်ကျွီသဲသည် လူအများကို ရင်းနှီးမြုပ်နှံနိုင်ခွင့်ပေးခဲ့သဖြင့် ရှယ်ယာများ အဘယ့်ကြောင့် မဝယ်နိုင်ရမည်နည်း။ ယခင်ဘဝ၌ ချွမ်ကျွီသဲ အမှတ်တံဆိပ်သည် (၁)ဘီလီယံကျော် တန်ဘိုးရှိပေသည်။ ဤသည်က သေချာပေါက် ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ပြီး ရလဒ်မှာ အလွန်မြင့်လွန်းလှပေသည်။

ယခုအချိန်၌ ဖုန်းယွီသည် ရင်းနှီးမြုပ်နှံငွေ အများအပြား သုံးစရာမလိုကြာင်း ခံစားမိနေသည်။ အရေးအကြီးဆုံးမှာ ဖုန်းယွီအနေဖြင့် ဘဲကင်စားရသည်ကို အလွန်ကြိုက်နှစ်သက်ပေသည်။

စားဖိုမှူးတစ်ယောက် ဘဲကင်ကို လှီးဖြတ်ကာ ဖျော်ဖြေမှု ပေးနေပေသည်။ ဓားကိုင် ကျွမ်းကျင်မှုသည် ကောင်းမွန်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ဘဲကင်တစ်ခုလုံး ပြီးစီးသွားပေသည်။

“စာဖိုမှူး.. မန်နေဂျာကျန်း ဘယ်အချိန် ရောက်လာမလဲ..”

ဖုန်းယွီ ရုတ်တရက် မေးလိုက်သည်။ မန်နေဂျာ ကျန်းရှန်းကျွင့်သည် ချွမ်ကျွီသဲ ၏အနာဂါတ် ဥက္ကဋ္ဌ ဖြစ်သည်။

“မန်နေဂျာကျန်းလား.. သူ ကျုပ်တို့ဆိုင်ကို နေ့တိုင်း လာပါတယ်.. ဒါပေမယ့် ငါတို့မှာ စားသောက်ဆိုင် တစ်ဆိုင်တည်း မဟုတ်ဘူးလေ. သူ့ကို ဒီနေ့ တွေ့နိုင်မှာမဟုတ်ဘူး.. မင်းက မန်နေဂျာကျန်းရဲ့ မိတ်ဆွေလား..”

ထိုလူငယ်(၄)ယောက်သည် ငယ်ရွယ်သော်လည်း အဝတ်အစားများမှာမူ အဆင့်အတန်းရှိပေသည်။ စာဖိုမှူးသည် သူတို့ အဝတ်အစားများကြောင့် ချမ်းသာမှန်း ခန့်မှန်းနိုင်ပေသည်။ အပြင်တွင် ရပ်ထားသည့် ကားမှာလည်း တန်ဘိုးကြီးလှပေသည်။ ထို့ကြောင့် မန်နေဂျာကျန်း၏ မိတ်ဆွေလား ဟု မေးလိုက်ခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး.. ကျုပ်က စီးပွားရေးသမား တစ်ယောက်ပါ.. မန်နေဂျာကျန်းနဲ့ တွေ့ချင်ပါတယ်..”

“ကျုပ် စိတ်မကောင်းပါဘူး.. ကူညီနိုင်မှာ မဟုတ်လို့ပါ.. ကျုပ်တို့ ဌာနခွဲမန်နေဂျာကို မေးတာ ကောင်းမယ်.. ကျုပ်က ဟင်းချက်ဖို့ပဲ တတ်တာမို့ပါ.. ကျုပ်ရဲ့ ဟင်းလျာတွေ ခံတွင်မြိန်ပါစေလို့ ဆုတောင်းပါတယ်..”

စားဖိုမှူးမှာ တွန်းလှည်းတွန်း၍ မီးဖိုချောင်အတွင်း ပြန်ဝင်သွားတော့သည်။

“ဘာလို့ စားသောက်ဆိုင်ရဲ့ သူဌေးနဲ့ တွေ့ချင်နေတာလဲ..”

ဝမ်သောင်ကျွင်း မျက်နှာတင်းတင်းနှင့် မေးလိုက်သည်။

“ဘဲကင်ဆိုင်သူဌေးလား.. အခုက ကုမ္ပဏီတစ်ခုဆိုတော့ သူတို့ လက်ထောက် အထွေထွေ မန်နေဂျာနဲ့ မိတ်ဖွဲ့ချင်လို့လေ.. နောင်ကျ သူဘယ်လောက် လုပ်နိုင်တယ်ဆိုတာ မင်းတွေ့မှာပါ..”

ဖုန်းယွီ ခေါင်းခါလိုက်သည်။ ချွမ်ကျွီသဲသည် အာရှ၏ ထိပ်တန်း အစားအစာနှင့် ဖျော်ယမကာ အမှတ်တံဆိပ် ဖြစ်လာမည် ဖြစ်ပြီး ဖုန်းယွီသည် ရှယ်ယာရယူလိုပေသည်။ ဤဆိုင်သည် ယခု ဘဲကင်ဆိုင် ဖြစ်နေသော်လည်း နောင်တွင် ချွမ်ကျွီသဲ ဆိုင်ခွဲပေါင်း (၇၀)ကျော် ရှိပေလိမ့်မည်။ ဘဲကင် အရောင်းဆိုင် သီးသန့် မဟုတ်တော့ချေ။

“နန စားစမ်းပါ. ဘဲသားက ကြွပ်ပြီး အရသာရှိတယ်..”

ဖုန်းယွီသည် ဘဲကင်တစ်ပိုင်း ကောက်ယူ၍ အချဉ်အနည်းငယ် တို့လိုက်သည်။

ဝမ်သောင်ကျွင်း (၃)တုံးပင် စားပြီးသွားပေပြီ။ ထိုလူယုတ်မာသည် ဝမ်းနည်းမှုများကို အစားဖြင့် ဖြေဖျောက် နေပေသည်။

ဖုန်းယွီသည်လည်း ဖြည်းဖြည်းချင်း စားနေပေသည်။ သို့ရာတွင် ရုတ်တရက် ဝမ်သောင်ကျွင်း မျက်နှာ ပျက်သွားသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters