← Chapters

ကျန်းရှန်းကျင့်

Vol. 38 Ch. 563

ကျန်းရှန်းကျင့်

Vol. 38 Ch. 563

နောက်တစ်နေ့တွင် လီနနှင့် ကျန်သူများ ကျောင်းတက်သည့်အခါ ဖုန်းယွီသည် ပေကျင်း ချွမ်ကျိသဲ ကုမ္ပဏီသို့ သွားခဲ့သည်။ သူသည် ကုမ္ပဏီကို ဖုန်းဆက်ပြီး ကျန်းရှန်းကျင့် သူ့ရုံးခန်းတွင် စောင့်နေမည် ဖြစ်သည်။

ဖုန်းခေါ်ဆိုယုံသာမဟုတ်ဘဲ ဖုန်းယွီက ယွီတူ ၏သူဌေးရှစ်ဖုန်းကိုပင် စာပို့ခိုင်းလိုက်သည်။ ဖုန်းယွီကို အသိအကျွမ်း တစ်ယောက်မှ မိတ်ဆက်ပေးသည့်အခါ ကွာခြားချက်ရှိပေသည်။

ယွီတူသည် တရုတ်နိုင်ငံ၏ အဆင့်မြင့် နည်းပညာ ကုမ္ပဏီဖြစ်သည်။ ဖုန်းယွီသည် ယွီတူ မတိုင်မှီ ရေငွေ့ထိန်းစက် မိတ်ဆက်ခဲ့သော်လည်း တရုတ်အစိုးရက ထောက်ခံပေသည်။ ကုမ္ပဏီသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပေကျင်းတွင် ယွီတူသည် ချွမ်ကျသဲထက် ပိုမိုမြင့်မားသည့် ရပ်တည်ချက် တစ်ခုဖြစ်သည်။

အတွင်းရေးမှူး ရောက်လာကာ..

“မန်နေဂျာကျန်း လူငယ်တစ်ယောက် လာတွေ့ပါတယ်.. သူနာမည် ဖုန်းယွီလို့ ပြောပါတယ်..”

“သူ့ကို ဖိတ်ပြီး လက်ဖက်ရည်နှစ်ခွက် ပြင်လိုက်ပါ..”

ကျန်းရှန်းကျင့်သည် ဖုန်းယွီကို မြင်သည့်အခါ အံ့ဩသွားမိသည်။ ထိုသူသည် ဖုန်းယွီလော။ မန်နေဂျာရှစ် မိတ်ဆက်ပေးထားသဖြင့် ကျန်းရှန်းကျင့်သည် အသက်(၄၀)ရှိ၍ ဖုန်းယွီသည် မည်မျှ ငယ်သည်ဖြစ်စေ အသက်(၃၀)ဝန်းကျင် ဖြစ်လောက်မည်ဟု ယူဆထားခဲ့သည်။ ဖုန်းယွီ၏ ရင့်ကျက်သော ဝတ်စားဆင်ယင်မှု ကြောင့်သာ မဟုတ်ပါက ဖုန်းယွီသည် ကျောင်းသား တစ်ယောက်အဖြစ် သတ်မှတ်မိပေလိမ့်မည်။

“မင်္ဂလာပါ မန်နေဂျာကျန်း၊ ထိုင်ဟွာ ကုန်သွယ်ရေးက ဖုန်းယွီပါ..”

"မန်နေဂျာဖုန်း.. ထိုင်ပါအုံး.. ဆေးလိပ်.."

ကျန်းရှန်းကျင့် သူ့စီးကရက်တစ်လိပ်ထုတ်၍ ဖုန်းယွီကို ကမ်းပေးလိုက်သည်။

"ရပါတယ်.. ကျေးဇူးပါပဲ.."

"မင်း ငါနဲ့ စီးပွားရေး စကားပြောချင်တယ်လို့ ယွီတူရဲ့ မန်နေဂျာရှစ် ပြောထားတယ်.."

ကျန်းရှန်းကျင့် မေးလိုက်သည်။ မန်နေဂျာရှစ်သည် သူ့ကို နောက်လိုက်သည်လော။ ထိုလူငယ်သည် စီးပွားရေးသမား မည်သို့ ဖြစ်နိုင်မည်နည်း။

"မန်နေဂျာကျင်း.. ဒီချွမ်ကျွီသဲ ကုမ္ပဏီကို သိပ်မကြာခင်ကမှ တည်ထောင်ထားတာလား.. ပြန်ဖွဲ့စည်း ထားတာလားလို့ တွေးမိလို့ပါ.."

ဖုန်းယွီ ပြုံးလိုက်သေးသည်။

"အခုမှ ကြိုးစားဆဲပါကွာ.. မေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်.."

ကုမ္ပဏီတွင် ဖြစ်ပျက်သမျှကို ပြင်ပအား မည်သူမှ မပြောချင်ကြချေ။

"မန်နေဂျာကျန်း.. ခင်ဗျားစိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ မလွယ်လောက်ဘူး မို့လား"

ကျန်းရှန်းကျင့် မျက်နှာ ပျက်သွားသည်။

"မန်နေဂျာဖုန်း ဘာကို ပြောချင်တာလဲ.."

ကျန်းရှင်းကျင့်သည် သာမန် အလုပ်သမားတစ်ယောက်အဖြစ် စတင်အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး နည်းပညာရှင်အဖြစ် ရာထူးတိုးခဲ့သည်။ ထို့နောက် သူသည် ထုတ်လုပ်မှု မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ စက်ရုံကို စီမံခန့်ခွဲရန် စားသောက်ကုန်နှင့် အဖျော်ယမကာ လက်ထောက် အထွေထွေ မန်နေဂျာအဖြစ် ပေကျင်းသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။

ပြီးခဲ့သော နှစ်များတွင် ကျန်းရှန်းကျင့်သည် အမေရိကန်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ အမေရိကန်၏ လုပ်ငန်းလုပ်ပိုင်ခွင့် စီမံခန့်ခွဲမှု ပုံစံကိုတွေ့ခဲ့ရပေသည်။ ဤသည်မှာ အယူအဆ အသစ်တစ်ခုအဖြစ် ရှိနေပြီး ကုမ္ပဏီကို လျင်မြန်စွာ ချဲ့ထွင်နိုင်ရေး ကူညီနိုင်ပေသည်။

သူသည် ဤပုံစံကို တရုတ်နိုင်ငံတွင် စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းတွင် မည်သို့ အသုံးချနိုင်မည်ကို စတင်စဉ်းစားလာသည်။ အမေရိကန် အမြန်စား အစားအသောက် ဆိုင်များကဲ့သို့ အောင်မြင်လောက်ပေသည်။

ဤအကြံအစည်ကို အကောင်အထည်ဖော်ရန် သူသည် ခေါင်းဆောင်များထံသို့ အဆိုပြုချက်များ တင်ပြခဲ့သေးသည်။ သို့ရာတွင် အကြောင်းပြန်ခြင်းမရှိခဲ့ချေ။ ယခုနှစ်တွင် သူ၏ရာထူးတိုး ပြောင်းရွှေ့ခြင်း ခံခဲ့ပြီး သူ့အဆိုပြုချက်များကို တွေ့၍ ဆွေးနွေးရန် ခေါ်ယူခဲ့သည်။

ကျန်းရှန်းကျင့်သည် သူ့ခေါင်းဆောင်ကို စည်းရုံးနိုင်ခဲ့ပြီး စမ်းသပ်ရန်အတွက် အစားအသောက် အစိုးရပိုင် ဖျော်ယမကာဆိုင်ကို ရွေးချယ် တာဝန်ယူခဲ့သည်။ နှစ် (၁၀၀)သက်တမ်းရှိ ချွမ်ကျွီသဲ စားသောက်ဆိုင်ကို ရွေးချယ်ခဲ့သည်။

ခေါင်းဆောင်သည် ကနဦး၌ တုန့်ဆိုင်းမှုအနည်းငယ် ရှိခဲ့သော်လည်း တစ်နှစ်အတွင်း ရလဒ်များ မကောင်းပါက ရာထူးမှ နှုတ်ထွက်မည်ဟု ကျန်းရှန်းကျင့် ကတိပြုမှ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကျန်းရှန်းကျင့်သည် ဤကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းရန် တာဝန်ပေးခဲ့သော်လည်း သူ့ခေါင်းဆောင်သည် ဤကုမ္ပဏီအသစ်၏ ဒုတိယ အထွေဆထွေ မန်နေဂျာအဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် အတွေ့အကြုံရှိသည့် ခေါင်းဆောင်တစ်ဦးထံ သတင်းပို့ရပေလိမ့်မည်။ ထိုခေါင်းဆောင်က သူ့စိတ်ကူးများကို အကောင်အထည်မဖော်နိုင်အောင် အတားအဆီးများ ဖန်တီးထားခြင်းကြောင့်ပင်။

ဤသည်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအတွက် ပြဿနာဖြစ်ပေသည်။ တစ်ဖက်တွင် ပြုပြင်ပြောင်းလဲရေးကို လိုလားပေသည်။ သို့ရာတွင် ခေါင်းဆောင် အဘိုးကြီးများသည် ဦးဆောင်ချင်နေကြဆဲ ဖြစ်ပေသည်။

ဤကိစ္စအားလုံးမှာ အတွင်းရေး ကိစ္စများဖြစ်ပြီး ထို မန်နေဂျာဖုန်း မည်သို့ သိနေရသနည်း။

ဖုန်းယွီ ခြေချိတ်ထိုင်လိုက်ပြီး..

"မန်နေဂျာကျန်း ကျုပ်ကုမ္ပဏီတွေ အားလုံး တော်တော်လေးကောင်းတယ်.. နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကို ပြန်ပြီး ဖွဲ့စည်းတဲ့ကိစ္စမှာ ခင်ဗျားထက် ကျုပ်ပိုပြီး အတွေ့အကြုံရှိတယ်.."

"မန်နေဂျာဖုန်း.. မင်းငါ့ကို လာသင်ပေးနေတာလား.."

မန်နေဂျာကျန်း အနည်းငယ် စိတ်တိုသွားသည်။ သူသည် အသက်(၄၀)အရွယ်ရှိပြီး အခြားသူများကို ဦးဆောင်သူ တစ်ယောက်ဖြစ်သည်။ သူ့အသက် ထက်ဝက်ခန့်သာ ရှိသူတစ်ယောက်က သူ့ကို သွန်သင်မခံခဲ့ရဖူးသေးချေ။ နိုင်ငံပိုင် လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းရာ၌ မိမိထက် ပို၍ အတွေ့အကြုံရှိသည်လော။ ယခုခေတ် လူငယ်များ အလွန်မာန်တက်နေကြပေသည်။

ဖုန်းယွီ ပြုံးလိုက်ပြီး..

"စောင်ကျန်း မော်တာ ကိုကြားဖူးလား.. ကျုပ်က စောင်ကျန်းကားတွေ အပါအဝင် အဲ့အမှတ်တံဆိပ်ကို ပြန်ပြီး ဖန်တီးခဲ့တဲ့သူပါ.. ကျုပ် အဲ့ကုမ္ပဏီကို ပြန်ဖွဲ့စည်းပြီး နှစ်စဉ် သန်းချီရအောင် လုပ်နိုင်တဲ့ အဲ့စက်ရုံလေး၊ ပြီးခဲ့တဲ့ နှစ်ကဆို သန်း(၃၀၀)ကျော်ရအောင် လုပ်ပေးတယ်.. ကုမ္ပဏီတစ်ခု ပြန်လည်ဖွဲ့စည်းတာ ဒါမှမဟုတ် ပြန်ဖွဲ့စည်းဖို့ကိစ္စနဲ့ ပတ်သက်လာ၍ အဲ့ကိစ္စက ကျုပ်အတွေ့အကြုံကို သက်သေ ပြနိုင်လောက်မယ် ထင်ပါတယ်.."

ကျန်းရှန်းကျင့် အံ့ဩသွားသည်။ ရုပ်မြင်သံကြားတွင် နေ့စဉ် ကြော်ငြာနေသည့် စောင်ကျန်း ကားနှင့် ဆိုင်ကယ်များကို ဖုန်းယွီ ဖန်တီးခဲ့သည်လော။ မန်နေဂျာရှစ် ထိုအကြောင်း ပြောပြမထားချေ။

ဖုန်းယွီသည် ကျန်းရှန်းကျင့် ငြိမ်နေသည်ကို တွေ့သည့်အခါ ဆက်လက်၍..

"မန်နေဂျာကျန်း.. ခင်ဗျားကို သင်ပေးနေတာလားမေးတော့ ညွှန်ပေးလိုက်မယ်.. ခင်ဗျားက ကုမ္ပဏီကို ပြန်ဖွဲ့စည်းတဲ့အချိန် အနည်းဆုံး အမှား (၃)ခု လုပ်ထားတယ်.."

ဖုန်းယွီ၏ စကားများမှာ ရိုင်းဆိုင်းသည်ဟု ယူဆရသဖြင့် ကျန်းရှန်းကျင့် ဒေါသထွက်သွားသည်..

"တကယ်လား.. အမှား(၃)ခုလား.. မင်းဆီက ကြားစမ်းပါရစေအုံး.."

စက်ယန္တရားကုမ္ပဏီကို အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းနိုင်သော်လည်း ဤသည်မှာ ချွမ်ကျွီသဲနှင့် ကွဲပြားလွန်ူးသည့် စက်မှုလုပ်ငန်း ဖြစ်ပေသည်။ မိမိသည် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းတွင် နှစ်တော်တော် ကြာခဲ့ပေပြီ။ မိမိကို သင်ပေးလိုနေသည်လော။

"ပထမ အမှားက ကုမ္ပဏီမှာ ခင်ဗျားရဲ့ ရာထူး.. ခင်ဗျားက ဒု-ဥက္ကဋ္ဌနဲ့ ဒု-အထွေထွေမန်နေဂျာလေ.. ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ဖြစ်ဖို့ အဆက်အသွယ်တွေ အများကြီး သုံးခဲ့ရတယ်မို့လား.. ဥက္ကဋ္ဌတွေ အထွေထွေ မန်နေဂျာတွေ မလုပ်ဘူးဆို ခင်ဗျား လုပ်ရတာ ပိုလွယ်သွားလိမ့်မယ်.."

ဒု-ဥက္ကဋ္ဌရာထူးသည် အထွေထွေမန်နေဂျာထက် ပိုမြင့်သော်လည်း သူတို့၏ တာဝန်မှာ ကွဲပြားပေသည်။ အထွေထွေမန်နေဂျာတစ်ဦးသည် ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ် စီမံခန့်ခွဲနိုင်သော်လည်း ဒု-ဥက္ကဋ္ဌမှာမူ မလုပ်နိုင်ပေ။

ဤကုမ္ပဏီ၏ ပြန်လည်ဖွဲ့စည်းမှု စတင်ချိန်တွင် ခေါင်းဆောင်များသည် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပြသလိုကြပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ကို ချက်ချင်း ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ဘုတ်အဖွဲ့တွင် အစိုးရပိုင် လုပ်ငန်း၏ ခေါင်းဆောင်များ စီမံခန့်ခွဲမှု ပုံစံများသာပင်။ ဒါရိုက်တာ ဘုတ်အဖွဲ့တွင် အာဏာအများအပြားရှိပြီး အထွေထွေ မန်နေဂျာသည် ရုပ်သေးရုပ် တစ်ရုပ်သာဖြစ်ပေသည်။

အရည်အချင်း ရှိပါက ဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာလည်း ဖြစ်ရမည်။ ဥက္ကဋ္ဌနှင့် အထွေထွေ မန်နေဂျာ နှစ်ဦးစလုံး၏ လက်ထောက်များ ဖြစ်ရခြင်းမှာ အထွေထွေ မန်နေဂျာကဲ့သို့ ဩဇာကြီးခြင်း မရှိချေ။

"ဒုတိယ အမှားက ထိပ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းတွေကို ကုမ္ပဏီရဲ့ ရှယ်ယာတွေ ပေးပြီး အနောက်တိုင်း ကုမ္ပဏီတွေကို အတုယူဖို့ ကြိုးစားတာလေ.. အဲ့ဒါ အစိုးရ ဝန်ထမ်းတွေမို့ အစုရှယ်ယာတွေ များများ အပိုင်ဆိုင်နိုင်လူးဆိုတာ မေ့နေတယ်.. အစုရှယ်ယာ ဝယ်မယ်ဆို အစိုးရ ရာထူးကနေ နှတ်ထွက်ဖို့ လိုတယ်.. အစိုးရရဲ့ ရာထူးက နုတ်ထွက်ပြီး အငြိမ်းစားခံစားခွင့်တွေ အဆုံးရှုံးခံချင်ပါ့မလား.."

ကျန်းရှန်းကျင့် ဖုန်းယွီ ပြောသမျှ တွေးနေပေသည်။ ဘုတ်အဖွဲ့ ဥက္ကဋ္ဌသည် ဤအကြံပြုချက်ကို သဘောမတူသည်မှာ အဘယ့်ကြောင့်နည်းဟု သိချင်နေပေသည်။

"တတိယ အမှားက ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေပေါ့.. ဒီကုမ္ပဏီက ပုဂ္ဂလိကပိုင် အစုရှယ်ယာကုမ္ပဏီ တစ်ခု ဖြစ်လာပေမယ့် အစုရှယ်ယာရှင်တွေက အစိုးရနဲ့ မြို့တော်ရဲ့ စားသောက်ကုန်နဲ့ ဖျော်ယမကာ လုပ်ငန်းကပဲလေ.. ဒါတွေက နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေပဲ.. အဲ့ဖွဲ့စည်းပုံ ပြင်သွားတာ ဘာရှိလို့လဲ.."

အစုရှယ်ယာ ပိုင်အဖြစ် ပြောင်းလဲခြင်းမှာ အစုရှယ်ယာရှင်များအတွက် အန္တရာယ် ဝေမျှယုံသာ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် အစုရှယ်ယာရှင်များသည် ၎င်းတို့၏ အမြင်များ မျှဝေနိုင်ပေသည်။ သို့ရာတွင် ပေကျင်း ချွမ်ကျွီသဲ ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသည် မြို့တော်အစိုးရ၏ လုပ်ငန်းခွဲ(၂)ခုသာဖြစ်သည်။ ယခင်အတိုင်းသာပင်။

ကုမ္ပဏီအတွင်းပိုင်း ခေါင်းဆောင်များ၏ ရာထူးများ ပြောင်းလဲခဲ့သော်လည်း ကုမ္ပဏီကို လည်ပတ်နေသူများသာ ဖြစ်ပေသည်။

ကျန်းရှန်းကျင့် စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး ဓာတ်ဘူးကြီးတစ်ခု မလိုက်ရင်း..

"မင်း ဘယ်လို အကြံပေးချင်လဲ.."

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters