← Chapters

သဘောတူရန်မှ လွဲ၍ ရွေးစရာမရှိ (၂)

Vol. 38 Ch. 567

သဘောတူရန်မှ လွဲ၍ ရွေးစရာမရှိ (၂)

Vol. 38 Ch. 567

ဒု-မြို့တော်ဝန်လျို ဖုန်းယွီအား စိုက်ကြည့်၍...

"ညွှန်ကြားရေးမှူး ကျန်း ပြောတာ အမှန်ပဲလား.."

"ဘာလိမ်စရာရှိလို့လဲ.. အဲ့တံဆိပ်တွေ ကျုပ်ပိုင်တယ်လေ.. အစတုန်းကတော့ လျှပ်စစ် ပန်ကာ တစ်ခုပဲ လုပ်ဖို့ဆိုပေမယ့် လေနဲ့မိုး အမှတ်တံဆိပ် ဖန်တီးလိုက်တာ။ ဂျပန်က အိုက်ဝါက တော်တော်ကောင်းတဲ့ အမှတ်တံဆိပ် တစ်ခုလို့ ခံစားမိလို့ အဲ့ဒါကို ဝယ်ပြီး အိုက်ဝါလို့ ပြောင်းလိုက်တာ။ ကိုယ့်အတွက် မော်တော်ဆိုင်ကယ် ဆင်ချင်ပေမယ့် မော်တော်ဆိုင်ကယ်တွေ ခေတ်စားလာတယ်လေ.. လာမယ့်နှစ်ဆို ကျုပ်ဆိုင်ကယ်တွေ တရုတ်မှာ ရောင်းအား အကောင်းဆုံး ဆိုင်ကယ် အမှတ်တံဆိပ် ဖြစ်လာလိမ့်မယ်.. ဒါပေမယ့် ထိပ်ဆုံး ဖြစ်လာပေမယ့် အဓိပ္ပါယ် မဲ့နေသလို ခံစားရတယ်.. အဲ့လိုနဲ့ စလွန်းကားတွေ စထုတ်တယ်.. ခေါင်းဆောင်ကြီး ကိုယ်တိုင်လာလည်ပြီး ချီးကျူးမယ်တောင် ထင်မထားမိဘူး.. တကယ်ဆို ကျုပ် အများကြီး မလုပ်လိုက်ရဘူးလေ.."

ဖုန်းယွီ နှိမ့်ချ ဖြေဆိုခဲ့သော်လည်း သူ့ကုမ္ပဏီများ၏ အောင်မြင်မှုကို ပြသနိုင်ပေသည်။ ဒု-မြို့တော်ဝန်လျိုကို ချွမ်ကျွီသဲနှင့်ပတ်သက်၍ သူကောင်းကောင်း စီမံခန့်ခွဲနိုင်စွမ်း ရှိကြောင်း ပြောနေခြင်း ဖြစ်သည်။

သို့ရာတွင် ဒု-မြို့တော်ဝန်လျို ခေါင်းခါ၍..

"မင်းပြောတဲ့ ကုမ္ပဏီတွေအားလုံး ကောင်းပေမယ့် စားသောက်ဆိုင်ခွဲတွေကို ငါတို့ကိုယ်တိုင် ထူထောင်နိုင်တယ်လေ.. မင်းအကူအညီ တကယ်ကို မလိုတာ.."

"မြို့တော်ဝန်လျို.. ချွမ်ကျွီသဲက လက်ရှိ ရုံးခွဲ (၆)ခုရှိပြီး ပေကျင်းမှာ ရှိတယ်.. ချွမ်ကျွီသဲကို တရုတ်နိုင်ငံတစ်ဝှမ်းနဲ့ နိုင်ငံရပ်ခြားမှာ ဆိုင်ခွဲထူထောင်ဖို့ ဘယ်လောက်ကြာမယ် ထင်လဲ.."

"ငါတို့မှာ အချိန်ရှိတယ်.. ငါတို့ ဒီစားသောက်ဆိုင်ကို ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းပြီးကတည်းက ငါတို့မှာ အစီအစဉ်တွေ ရှိတာပေါ့.."

"ရန်ပုံငွေကရော.. တိုးချဲ့ဖို့ဆို အရင်းအနှီး အများကြီးလိုတယ်.. မြို့တော်က ရန်ပုံငွေ ထုတ်ပေးမှာလား.. အဲ့လိုမှ မဟုတ် ဘဏ်ချေးငွေ ယူမှာလား.. မြို့တော်က ငွေဘယ်လောက် ထုတ်ပေးနိုင်မလဲ.. ဘဏ်တွေဆီကရော ချေးငွေ ဘယ်လောက် ရနိုင်မလဲ.. ဒါတွေအားလုံး အဆင်သင့်ဖြစ်ရင်ရော တိုးချဲ့ဖို့ အခွင့်အရေး ရှိအုံးမယ်လို့ ထင်လား.."

"ဘာလို့ မဖြစ်နိုင်ရမှာလဲ.. ငါတို့မှာ ရန်ပုံငွေတွေ အများကြီး မရှိလို့ နှေးကောင်း နှေးနိုင်တယ်.. ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေ ကြီးပွားအောင် အသုံးချနိုင်တယ်လေ.."

"အချိန်လား.. ပြုပြင်ပြောင်းလဲမှုတွေပြီးမှ လူနေမှုအဆင့်အတန်းက အရှိန်နဲ့ တိုးတက်လာတယ်.. အစားအသောက် လက်မှတ်တွေတောင် ခေတ်မရှိတော့ဘူး.. အခုဆို တရုတ်မှာ တစ်ချို့ စားသောက်ဆိုင်တွေ နေ့တိုင်းတိုးလာပြီး တစ်ချို့စားသောက်ဆိုင်တွေ နေ့စဉ်နဲ့အမျှ ပိတ်နေရတယ်.. ရန်ပုံငွေ အလုံအလောက် ဆုဆောင်းတဲ့အချိန် နေရာကောင်းကောင်း ယူရမယ်.. ဘယ်လို တိုးချဲ့မလဲ.. စားသောက်ဆိုင်အတွက်ဆို နေရာက အရမ်းအရေးကြီးတယ်.."

ဖုန်းယွီ ဒု-မြို့တော်ဝန်လျိုကို ဦးနှောက်ဆေးရန် စလိုက်သည်။ ဒု-မြို့တော်ဝန်လျို မတုံ့ပြန်နိုင်ခင်မှာပင် ဖုန်းယွီ ထပ်မံ၍..

"အဲ့ဆိုင်ခွဲပုံစံက အနောက်နိုင်ငံတွေက ဖြစ်တဲ့အပြင် အနောက်နိုင်ငံက စားသောက်ဆိုင်တွေ တရုတ်မှာ စားသောက်ဆိုင်တွေ စဖွင့်နေကြပြီဆိုတာရော သိရဲ့လား.."

"အနောက်တိုင်း စားသောက်ဆိုင်တွေအကြောင်း ပြောနေတာလား.."

ဖုန်းယွီ ခေါင်းခါ၍..

"အဲ့ အနောက်တိုင်း စားသောက်ဆိုင်တွေက သူတို့ အမှတ်တံဆိပ်တွေ မထူထောင်ကြသေးဘူး.. Kemtucky Fried Chickem နဲ့ ​Mc Donald's တို့လို အမြန်စား စားသောက်ဆိုင်တွေ အကြောင်း ပြောနေတာပါ.. အရိုးရှင်းဆုံး ပြေားရရင် အဲ့ဒါ ကြက်ကြော်နဲ့ ဟမ်ဘာကာ တွေပဲ.."

"အဲ့စားသောက်ဆိုင်တွေ အကြောင်း ငါလဲ သိပါတယ်.. ငါတို့ ပေကျင်းမှာတောင် ရှိသေးတယ်.. ဒါပေမယ့် သူတို့ စားသောက်ဆိုင်တွေက ကြီးကြီးမားမား မဟုတ်သေးပါဘူး.."

"ဒါပေမယ့် သူတို့ အမြတ်အစွန်ကိုရော စဉ်းစားဖူးလား.. အမြန်စား အစားအစာဖြစ်တဲ့အပြင် စားသောက်ဆိုင်တွေကို (၂၄)နာရီ ဖွင့်ထားတာကြောင့် အဲ့စားသောက်ဆိုင်တစ်ခုရဲ့ ရောင်းအားက တရုတ်ရိုးရာ စားသောက်ဆိုင်တွေထက် ကုန်ကျစရိတ် ထက်ဝက်လောက် နည်းတယ်.. အဲ့လို အမြတ်အစွန်း မြင့်မားပုံနဲ့ဆို အဲ့ကုမ္ပဏီတွေ ဘာလုပ်မယ်ထင်လဲ.. တရုတ်မှာ သူတို့လုပ်ငန်းတွေ တိုးချဲ့မလား.. ငွေပုံအောပြီး ရင်းနှီးမြုပ်နှံလိုက်မယ်ဆိုရင် ဈေးကွက်တောင် သိမ်းပိုက်နိုင်အုံးမယ်.. ပြီးတော့ သူတို့က လုပ်ငန်း လုပ်ပိုင်ခွင့် ပုံစံတွေ သုံးနေတယ်.. ပြောချင်တာက အရင်းအနှီးမလိုဘူး.. လုပ်ပိုင်ခွင့်တွေက သူတို့ကို အခွန်ပုံစံ ပေးရမယ့်အပြင် သူတို့ မူဝါဒတွေနဲ့ ကန့်သတ်ခံရအုံးမှာ.."

KFC နှင့် McDonald's တို့တွင် စိတ်ဝင်စားစရာကောင်းသော စီမံခန့်ခွဲမှု ပုံစံများ ရှိပေသည်။ သင်သည့် လုပ်ပိုင်ခွင့်ကို အခကြေးငွေ ပေးဆောင်ပြီး ၎င်းတို့ တည်နေရာရွေးရန် ဝန်ထမ်းများကို လေ့ကျင့်ပေးရေး ကူညီပေးပေလိမ့်မည်။ သို့ရာတွင် အမြတ်ငွေ ရာခိုင်နှုန်းအတိုင်း ပေးဆောင်ရပေမည်။ စားသောက်ဆိုင်များသည် အမြတ်အစွန်း မဖြစ်မနေရမည်ဟု ကတိပေးပေလိမ့်မည်။

ဤအမြန်စား အစားအစာဆိုင်ခွဲ(၂)ခုသည် လျင်မြန်စွာ ချဲ့ထွင်နိုင်ခဲ့ပြီး ထိပ်တန်း နိုင်ငံတကာ အမြန်စား စားသောက်ဆိုင် အနည်းငယ်မှ တစ်ခုဖြစ်လာသည်။ ဤကိစ္စများအားလုံးကို ကမ္ဘာတစ်ဝှမ်းလုံးရှိ စားသောက်ဆိုင်များ ဖွင့်လှစ်ရန် အရင်းအနှီးမရှိဘဲ ပြီးသွားချေပြီ။ ဤသည်မှာ အောင်မြင်နေသည့် မော်ဒယ်တစ်ယောက်ကဲ့သို့ ပင်ဖြစ်ပေသည်။

ချွမ်ကျွီသဲတွင် သူတို့ လျှို့ဝှက် ချက်ပြုပ်နည်းများ ရှိပြီး KFC နှင့် McDonald's တို့အား မယှဉ်နိုင်ချေ။ ဘဲကင် စားချင်သူ ရှိရပေလိမ့်မည်။ ပိုမို စိတ်ချရမည့် လမ်းကြောင်းမှာ ချွမ်ကျွီသဲ ဘဲကင်များ ရောင်းချမည့် စားသောက်ဆိုင်များသည် ချွမ်ကျွီသဲ စားသောက်ဆိုင်၏ အစိတ်အပိုင်း ဖြစ်ရမည်။ ထို့အပြင် ချွမ်ကျွီသဲသည် စားသောက်ဆိုင်များ၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ထားရပေမည်။

Coke ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူတို့ ချက်ပြုတ်နည်းမှာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ အခြား ဖျော်ယမကာ ကုမ္ပဏီများက Coke ၏အရသာကို ထပ်တူကျအောင် လုပ်နိုင်မည်မဟုတ်ချေ။

"ဟမ်.... အဲဟမ်ဘာကာ ဆိုင်တွေက ငါတို့ ချွမ်ကျွီသဲကို ထိခိုက်နိုင်တယ်လို့ ပြောနေတာလား.."

ဒု-မြို့တော်ဝန်လျိုသည် ဖုန်းယွီ နောက်နေသည်ဟု ခံစားနေရပေသည်။ ဤသည်မှာ မတူညီသော ထုတ်ကုန် (၂)မျိုး ဖြစ်ပေသည်။ မုန့်ဆိုင် တစ်ဆိုင်သည် ကိတ်မုန့်အရောင်းဆိုင်ကို ထိခိုက်နိုင်သည်ဟု မည်သည့်အခါတွင်မှ မကြားဖူးသေးချေ။

"မထိခိုက်ဘူးလား.. KFC နှင့် McDonald's မတိုင်ခင်က တခြား ဟမ်ဘာကာဆိုင်တွေလဲ ရှိတာပဲ.. အဲ့ဆိုင်တွေအကုန် ဒီကုမ္ပဏီ (၂)ခုကို ရှုံးသွားရတာရော သိရဲ့လား.. ဒါ သူတို့ရဲ့ ဆိုင်ခွဲစနစ် ကြောင့်လေ.. အဲ့ ဟမ်ဘာကာ စားသောက်ဆိုင်တွေက ကုမ္ပဏီ (၂)ခုလို အမြန်ဆုံး မတိုးချဲ့နိုင်ကြဘူး.. ဈေးကွက်ဝေစု သိမ်းပိုက်နိုင်တဲ့သူက နောက်ဆုံးမှာ အနိုင်ရတဲ့သူပဲ.. ပေကျင်းမှာ ချွမ်ကျွီသဲ တစ်ခုပဲ ဘဲကင်ရောင်းတဲ့ တစ်ခုတည်းသော စားသောက်ဆိုင်လား.."

ဖုန်းယွီ အပြုံးဖြင့်ပင် ပြန်မေးလိုက်သည်။

"ဘာကို ပြောချင်တာလဲ.."

"ကျုပ် ဘဲကင်ကြိုက်တယ်.. ဒါပေမယ့် ကျွီသဲကို ရွေးမယ်လို့ ပြောနိုင်ဘူးလေ.. ပိုင်ရီဖုန်းဆို ချွမ်ကျွီသဲထက်တောင် သမိုင်းကြောင်း ပိုရှည်သေးတယ်.. ကျုပ်သာ ပိုင်ရီဖုန်းမှာ ရင်းနှီးမြုပ်နှံရင် ချွမ်ကျွီသဲ တိုးချဲ့နိုင်အုံးမယ် ထင်လား.."

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား.. ဒါပေမယ့် ပိုင်ရီဖုန်းက အစိုးရပိုင် လုပ်ငန်းတစ်ခုလေ."

ဒု-မြို့တော်ဝန်လျို ဂုဏ်ယူစွာ ဖြေလိုက်သည်။

ဖုန်းယွီ ခနရပ်လိုက်သည်။ ပိုင်ရီဖုန်းသည် အစိုးရပိုင် လုပ်ငန်းတစ်ခုဖြစ်သည်။ သို့ရာတွင် အခြားဘဲကင် တံဆိပ် များလည်း ရှိနိုင်သေးသည်။

"မဟုတ်ပါဘူး.. ကျုပ်က အဖြစ်မှန်ကို ပြောနေတာ.. ပိုင်ရီဖုန်းက နိုင်ငံပိုင် စီးပွားရေးတစ်ခု ဆိုရင်တောင် ကိုယ်ပိုင် လုပ်ငန်း တွေ ရှိအုံးမှာပဲ.. McDonald's ဖန်တီးတဲ့သူကို အတုယူမယ်ဆို စံနမူနာကောင်း တစ်ခုပဲလေ.. ရံပုံငွေအကြောင်း ပြောရရင် ချွမ်ကျွီသဲက ကျုပ်နဲ့ ယှဉ်လို့မရဘူး.. ကျုပ်ကုမ္ပဏီတွေထဲက ဘယ်ဟာမဆို ချွမ်ကျွီသဲထက် အများကြီး ပိုတန်တယ်.. ဘဲကင် တံဆိပ်တစ်ခု စတင်ချင်တယ်ဆိုရင် ပိုင်ရီဖုန်းတောင် အခွင့်အရေး ရနိုင်မယ်မထင်ဘူး.. ကျုပ်စကား ယုံတာ မယုံတာတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါတယ်.."

"မင်းနိုင်ဖို့ ဘယ်လောက်သေချာလဲ.. ပေကျင်းမြို့တော် အစိုးရရဲ့ ကျောထောက်ထောက် နောက်ခံလဲ ရှိသေးတယ်.."

"မြို့တော်ဝန်လျို.. လီပေးရှစ်ရဲ့ ဒိန်ချဉ်ဖျော်ရည်တွေ ကြားဖူးလား.. အဲ့ဒါဆို အရင်က တရုတ်နိုင်ငံ ထိပ်တန်း ဒိန်ချဉ်ဖျော်ရည် အမှတ်တံဆိပ် တစ်ခုပဲ.. သူတို့ ထိပ်တန်းရောက်နေတဲ့ အချိန်တုန်းကဆို ဈေးကွက်ရဲ့ (၇၀)ရာခိုင်နှုန်း ကျော် ပိုင်ထားတာ... ဒါပေမယ့် ကျုပ်က သူ့ပြိုင်ဖက် ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာနည်းနည်း ပိုင်ထားပြီး အခုဆို ကုမ္ပဏီ (၂)ခုစလုံးက ဈေးကွက်ဝေစု အညီအမျှ ဖြစ်နေပြီ.. လီပေးရှစ်က ဈေးကွက်ဝေစု (၄၀)ရာခိုင်နှုန်းပဲ ကျန်တော့တယ်.. ကျုပ်တို့လဲ (၄၀)ရာခိုင်နှုန်းပေါ့.. အို့.. ကျုပ်ပြောတဲ့ ကုမ္ပဏီက လီ .. ဟား.. ဟား.."

ကျန်းဟန်၏ ဖခင် အံ့ဩသွားသည်။ ဖုန်းယွီသည် လီဟဟ၏ ရှယ်ယာရှင် ဖြစ်ကြောင်း သူမသိချေ။ ပို၍ တုန်လှုပ်စရာ ကောင်းသည်မှာ ဒု-မြို့တော်ဝန်နဲ့ ဖုန်းယွီ စကားပြောဆို ပုံပင်။ ဖုန်းယွီသည် ချွမ်ကျွီသဲ တွင် ရင်းနှီးမြုပ်နှံမှု မပြုပါက ချွမ်ကျွီသဲ တိုးချဲ့မှု ရပ်တန့်သွားမည်လော။

"လီပေးရှစ်ရဲ့ ဒိန်ချဉ်အချိုရည်တွေက ငါတို့ ရဲ့ အသက်စွမ်းအား ထုတ်ကုန်တွေကြောင့် ထိခိုက်တာလေ.. မင်းနဲ့ ဘာဆိုင်လို့လဲ.."

မြို့တော်ဝန် လျို ပြုံးလိုက်သည်။

"ဒါဆိုရင် အဲ့ကျန်းမာရေး ထုတ်ကုန်အတုတွေကို ဖော်ထုတ်တဲ့သူ ဘယ်သူလဲဆိုတာ သိလား.. အဲ့ကျန်းမာရေး ထုတ်ကုန်တွေရဲ့ ဈေးကွက်ကို သိမ်းပိုက်လိုက်တဲ့ ထုတ်ကုန်ကရော.."

ဒု-မြို့တော်ဝန်လျို သူ့မျက်လုံးများ မှိတ်ထားလိုက်ပြီး..

"မင်း အဲ့အဖြစ်အပျက်နဲ့ ပတ်သက်နေတာလား.."

"အဲ့ထုတ်ကုန်တွေကို ဖော်ထုတ်လုက်တာက CCTV ရဲ့ အစီအစဉ် တစ်ခုပါ.. ကျုပ်က သူတို့ကို အချက်အလက်တွေ ပေးလိုက်ယုံပါပဲ.. မြို့တော်ဝန်လျိုလဲ CCTV ရဲ့ နှစ်သစ်ကူး ပျော်စရာ ညစာစားပွဲ စခဲ့တဲ့လူပဲ.. ဒီအစီအစဉ်ရဲ့ စပွန်ဆာ ဘယ်သူလဲဆိုတာ မသိနိုင်လောက်ဘူးလား.. ဒါ့ကြောင့် CCTV ကကျုပ်ကို ကူညီချင်တာပေါ့.. ကျန်းမာရေး ထုတ်ကုန်အတုတွေနေရာမှာ ကျန်းမာရေး ဖြည့်စွက်စာတွေ အစားထိုးလိုက်တာ အခုဆို ဈေးကွက်ဝေစုရဲ့ (၆၀)ရာခိုင်နှုန်း သိမ်းပိုက်ထားလိုက်ပြီ.. အဲ့ဒါ ပမ့်မြို့တော် ဆေးဝါးသုတေသန စီမံကိန်း ဖြစ်ပြီး ကျုပ်လဲ ရှယ်ယာတွေ ပိုင်ထားပါတယ်.."

ဒု-မြို့တော်ဝန် လျို အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤမန်နေဂျာဖုန်းသည် လုပ်ငန်း မည်မျှ ပိုင်ထားသနည်း။ ဤမျှလောက် လုပ်ငန်း နယ်ပယ်တွင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို သူမည်သို့ ပိုင်ဆိုင်လာသနည်း။

"မြို့တော်ဝန်လျို.. ထိုင်ဟွာ ကုန်တိုက်အကြောင်း ကြားဖူးရဲ့လား တွေးမိလာတယ်.. ပေကျင်းမှာ သိပ်မကြာခင်ကပဲ မှတ်ပုံတင်လိုက်တာလေ.. မကြာခင် ကုမ္ပဏီမှာ ရန်ပုံငွေ ကန်ဒေါ်လော သန်း(၁၅၀)ကျော် ရောက်လာလိမ့်မယ်.. တရုတ်နိုင်ငံ တစ်ဝှမ်ူးက မြို့ကြီးတွေမှာ ကုန်တိုက်ကြီးတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွင့်မှာ.. ကျုပ်က အဲ့ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ပေါ့.. ခင်ဗျားကြောင့်သာ ပေကျင်းမှာ ကျုပ်တို့ ဌာနချုပ် တည်ထောင်ရတယ်လို့ ကျုပ်ကြေငြာပေးလို့ရတယ်.."

ကန်ဒေါ်လာ သန်း(၁၅၀)လော.. ထိုကုမ္ပဏီမှ ထုတ်ပေးမည့် အခွန်သည် မည်မျှရှိမည်နည်း.. ပမာဏ များပြားလွန်းလှသည်။ အကယ်၍ သူသာ ထိုရင်းနှီးမြုပ်နှံမျုကို ထောက်ပံ့ခဲ့သူ ဆိုပါက ဤသည်မှာ နိုင်ငံရေးအရ ကြီးမားလွန်းလှသည့် အောင်မြင်မှု တစ်ခု ဖြစ်လာမည်ပင်။

မန်နေဂျာဖုန်း.. ဒီကိစ္စ ငါစဉ်းစားမှ ရမယ်.."

ဒု-မြို့တော်ဝန်လျို ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ.. ခင်ဗျားဆီက သတင်းကောင်း စောင့်နေပါ့မယ်.."

ဖုန်းယွီ အပြုံးဖြင့်ပင် သူ့ဖန်ခွက် မြှောက်လိုက်သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters