← Chapters

စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းသို့ ဝင်ရောက်ခြင်း

Vol. 38 Ch. 568

စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းသို့ ဝင်ရောက်ခြင်း

Vol. 38 Ch. 568

ဖုန်းယွီ၏ ရိုးရှင်း တည့်တိုးဆန်သော စကားလုံးများသည် ဒု-မြို့တော်ဝန်လျို နှင့် ကျန်းဟန်၏ဖခင်တို့ကို မိန်းမောသွားမိစေတော့သည်။ ယခင်အချိန်တွင် စီးပွားလုပ်ငန်းတစ်ခု တီထွင်မိခဲ့သည်လော တွေးမိနေတော့သည်။

ကျန်းဟန်ဖခင်ကမူ စီးပွားရေး စေ့စပ်ညှိနှိုင်းခြင်းကို အမုန်းဆုံးဖြစ်ကာ မည်သည့်အခါတွင်မှ သိမည်မဟုတ်ချေ။ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို အကျဉ်းချုပ်နိုင်ရန် တစ်ဖက်ဖက်မှ အချေပနိုင်သည့် အခြေအနေမျိုးဖြင့် ကမ်းလှမ်းရပေမည်။ ဖုန်းယွီအတွက် အလွန်ထိရောက်မှု ရှိပေမည်။

ကမ်းလှမ်းခဲ့သည့် အခြေအနေများနှင့်အတူ ဒု-မြို့တော်ဝန်လျို အသင့်ဖြစ်နေပေသည်။ သူသည် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြဿနာမရှိတော့ချေ။ ဒု-မြို့တော်ဝန်လျို မှ အသေးအမွှားပြဿနာများ အားလုံးကို ဖြေရှင်းပေးမည်ဟု ဖုန်းယွီ ယုံကြည်ထားသည်။

နောက်တစ်နေ့၌ ဖုန်းယွီ ဒု-မြို့တော်ဝန်လျိုထံမှ ဖုန်းလက်ခံရလိုက်သည်။ မြို့တော်အစိုးရသည် ဖုန်းယွီကို တောင်းဆိုချက် တစ်ခုဖြင့် ချွမ်ကျွီသဲတွင် ရင်းနှီးမြုပ်နှံရန် သဘောတူလိုက်သည်။ ဖုန်းယွီသည် ရင်းနှီးမြုပ်နှံရန် စားသောက်ဆိုင်များ သုံးခွင့်ရခဲ့သည်။

ဤသည်မှာ ဖုန်းယွီ ဘဝ အနေအထားပင်။ ထို့ကြောင့် ဖုန်းယွီအတွက် ပြဿနာမဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဖုန်းယွီသည် စာမေးပွဲအတွက် ပြင်ဆင်ရန် ဟောင်ကောင်သို့ ပြန်လာခဲ့တော့သည်။ စားသောက်ဆိုင်များလည်း ဝယ်ယူမည် ဖြစ်ပေသည်။

-+-+-+-+-+-+-+-

"မင်း ဘာပြောလိုက်တာ... စားသောက်ဆိုင် ဝယ်ချင်တာ ဟုတ်လား.."

ဖူကွမ်းကျန့်ကို ဟောင်ကောင်သို့ ပြန်ခေါ်လိုက်သည်။ ဖုန်းယွီသည် သူ့အတွက် အလွန်ကောင်းသည့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းရှိနေသည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် စားသောက်ဆိုင်များလော။

"ဟုတ်တယ်.. ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ မလေးရှား၊ စင်္ကာပူနဲ့ နယူးယောက်တွေမှာ စားသောက်ဆိုင်တွေ ဝယ်ချင်တယ်.. စားသောက်ဆိုင်တွေက ကြီးရမယ်.. လူသွားလူလာများတဲ့ နေရာကောင်းမှာ လူကြိုက်များတဲ့ စားသောက်ဆိုင် ကြီးကြီးတွေ ဖြစ်ရမယ်.."

"ဘာလို့ စားသောက်ဆိုင်ကြီးတွေ ဝယ်နေတာလဲ.. စားသောက်ဆိုင်ခွဲတွေ ထူထောင်မလို့လား.."

ဖူကွမ်းကျန့် ဆေးပြင်းလိပ် မီးညှိကာ မီးခိုးအကွင်းတစ်ကွင်း မှုတ်ထုတ်လိုက်သည်။

ဖုန်းယွီ အပြုံးဖြင့်ပင်..

"အဲ့ဒါ ဘာဖြစ်တာတုန်း.."

"ဘာလဲ.. ဟာသ လုပ်နေတာလား.."

"ငါ့ပုံစံက ရယ်စရာပြောနေတဲ့ပုံ ဖြစ်နေလို့လား..."

ဖုန်းယွီ ထပ်မေးလိုက်သည်။ စားသောက်ဆိုင်ခွဲများ မည်သည့်အတွက် မတည်ထောင်နိုင်ရသနည်း။ စားသောက်ကုန်နှင့် ဖျော်ယမကာလုပ်ငန်းသည် အမြတ်စွန်း မြင့်မားစွား ထုတ်ပေးနိုင်ပြီး တည်ငြိမ်ပေသည်။ အရေးအကြီးဆုံးမှာ မိမိသည် ချွမ်ကျွီသဲ အမှတ်တံဆိပ် သုံးနိုင်ပေသည်။

"ဒါပေမယ့် စားသောက်ဆိုင်တွေ အများကြီး တပြိုင်တည်း တည်ထောင်ဖို့ မလိုဘူးလေ.. မင်းပြောတဲ့ အချက်တွေနဲ့ ကိုက်ညီရင်ရင် အဲ့ဆိုင်တွေ သူများကို ပြန်ရောင်းမယ်ထင်နေလား.. ရောင်းမယ်ဆိုရင်တောင် ဈေးအရမ်းမြင့်မှာ.."

ဖူကွမ်းကျန့် ခေါင်းယမ်းလိုက်သည်။ အပျော်သဘောဖြင့် စားသောက်ဆိုင်ဖွင့်လိုပါက စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားယုံပင်။ ဤမျှလောက် အများကြီး တစ်ပြိုင်နက် လိုအပ်မည်လော။

စားသောက်ကုန်နှင့် ဖျော်ယမကာသည် ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်သည်။ သို့ရာတွင် စားဖိုမှူးကောင်းများနှင့် အထူးဟင်းလျာများ မရှိပါက စားသုံးသူများအား မည်သို့ ဆွဲဆောင်မည်နည်း။ အကယ်၍ အစားအစာသည် အရသာကောင်းမွန်ပါက ဖောက်သည်များ စားနိုင်ရန် နာရီနှင့်ချီ၍ စောင့်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့သော ဝန်ဆောင်မှုမျိုးများကို စိတ်မဝင်စားကြချေ။

အရန်သင့် စားသောက်ဆိုင်များအား ဝယ်ယူချင်သည်လော။ ထိုသူတို့သည် စားသောက်ဆိုင်များကို မည်သည့်အတွက် ရောင်းချမည်နည်း။ ၎င်းတို့ဆိုင်ရောင်ချမှုမှ ငွေများရနိုင်မည် ဖြစ်သော်လည်း ထိုငွေများ မကြာမှီ သို့တည်းမဟုတ် တစ်ချိန်တွင် ကုန်သွားပေလိမ့်မည်။ မိမိတွင် စားသောက်ဆိုင်တစ်ခုရှိသဖြင့် လစဉ် အိတ်အတွင်းသို့ ဝင်လာမည့် ငွေများ ရှိနေမည် ဖြစ်သည်။ ဤသည်မှာ ရွှေဥ ပုံမှန်ဥ ပေးနေသကဲ့သို့ပင်။

"စားသောက်ဆိုင်တွေက ဈေးအရမ်းကြီးရင် စားသောက်ဆိုင်အသစ်တွေ ဆောက်နိုင်အောင် နေရာကောင်းရွေးပေ.. တခြားစားသောက်ဆိုင်တွေက အတွေ့အကြုံရှိတဲ့ စားဖိုမှူးတွေကို စည်းရုံး.. တရုတ်အစားအစာ ရောင်းမှာဆိုတောတော့ သေချာ ပြောထားဖု့ လိုတယ်.."

"မင်းမှာ အထူးဟင်းလျာရှိနေလို့လား.. အထူးကျွမ်းကျင်သူ မရှိဘဲ စားသောက်ဆိုင်ခွဲတွေ တစ်ခုပြီးတစ်ခု ဘယ်လိုလုပ် တည်ထောင်မလဲ.."

"ငါ့ စားသောက်ဆိုင်တွေရဲ့ အထူးဟင်းလျာက ပေကျင်းဘဲကင်... ချွမ်ကျွီသဲ ဘဲကင်.."

"ဘာကြီး.... ချွမ်ကျွီသဲ ဘဲကင်လား.."

"ဟုတ်တယ်.. မင်းတို့လဲ အဲ့ဘဲကင် စားဖူးကြတာပဲ.. သူတို့ ဘဲတွေ အရသာကောင်းတယ် မထင်ဘူးလား.."

"ဒါပေမယ့် မင်းသူတို့လို အရသာတူ လုပ်နိုင်မှာ မဟုတ်ဘူး.. မင်းက သူတို့ စားဖိုမှူးတွေကို စည်းရုံးပြီးသားလို့တော့ မပြောနဲ့နော်.. သူတို့ရဲ့ လျှို့ဝှက်ချက်နည်း သိတဲ့ စားဖိုမှူး ရှိလို့လား.."

"အဲ့လို ခိုးစရာမလိုဘူးလေ.. ငါ ချွမ်ကျွီသဲမှာ ရင်းနှီးမြုပ်နှံလိုက်ယုံပဲကို.."

ဖူကွမ်းကျန့်သည် ပထမ စကားလုံး၌ စိတ်ပျက်သွားမိသည်။ သို့ရာတွင် ဒုတိယ စကားကြားလိုက်သည့်အခါ မျက်ဝန်းများ တောက်ပလာတော့သည်။

"မင်း.. မင်း .. ချွမ်ကျွီသဲမှာ ရင်းနှီးမြုပ်နှံမှာလား.. ငါရော ရင်းနှီးမြုပ်နှံလို့ရမလား.. ရှယ်ယာ ဘယ်လောက်ရမယ်ဆိုတာ စိတ်မဝင်စားဘူးကွာ.. ငါ့ကိုပါ ထည့်တွက်ပေး.."

အထူးဟင်းလျာတစ်ခုသည် စားသောက်ဆိုင်ကို အမြင့်တစ်ခုအထိ ရောက်သွားစေနိုင်ပေသည်။ ချွမ်ကျွီသဲလို နှစ်ပေါင်း (၁၀၀)ကျော် သမိုင်းရှိသည့် ရိုးရာ စားသောက်ဆိုင်ဆိုပါက ပြောစရာပင် မလိုတော့ချေ။ မစ္စတာထန်ပင်လျှင် နိုင်ငံခြား ဧည့်သည်တော်များအား ဧည့်ခံရန် ထိုစားသောက်ဆိုင်သို့ သွားရပေသည်။ ဤအချက်ကပင် ဖောက်သည်များကို ဆွဲဆောင်ရန် လုံလောက်နေချေပြီ။

ဖုန်းယွီပင် ရင်းနှီးမြုပ်နှံသည်ဖြစ်၍ မိမိ ဘာကိုကြောက်နေမည်နည်း။ ဖုန်းယွီ ရင်းနှီးမြုပ်နှံသမျှတွင် လိုက်၍ ရင်းနှီးမြုပ်နှံရုံဖြင့် အမြတ်ငွေများ ရရှိမည်မှာ အသေအချာပင် ဖြစ်သည်။

ဖူကွမ်းကျန့်၏ ဖခင်သည် ၎င်း၏ငွေများကို ရွှေဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် သုံးခဲ့ပြီးနောက် ရွှေဈေးများ မြင့်တက်လာခဲ့သည်။ ကန်ဒေါ်လာ (၃၈၀)ခန့်အထိ မြင့်တက်လာခဲ့ပြီး တစ်ရက်နှစ်ရက်ခန့် အကြာတွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်း ကြီးထွားလာခဲ့ပေသည်။

ဖူကွမ်းကျန့်သည် ရွှေဈေးမှ အမြတ်အစွန်းများ ရခဲ့ပြီး ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနေဆဲ ဖြစ်သည်။ စားသောက်ကုန်နှင့် ဖျော်ယမကာ လုပ်ငန်းတွင် ဖုန်းယွီနှင့် ရင်းနှီးမြုပ်နှံခြင်းသည် အခွင့်အလမ်းကြောင်း တစ်ခု ဖြစ်သည်။ အမြတ်ငွေသည် ဟောင်ကောင်ရှိ အခြားသော ရင်းနှီးမြုပ်နှံမှုများထက် ပို၍ မြင့်မားနိုင်ပေသည်။

ဖုန်းယွီ လက်ရမ်းရင်း..

"ဘာလို့ မရ ရမှာလဲ.. ဒါပေမယ့် ဦးဆုံး စားသောက်ဆိုင်တွေ ဝယ်ပေးဖို့ အကူအညီလိုတယ်.. ဒါကြောင့် အဲ့စားသောက်ဆိုင်တွေကို သူတို့နဲ့ ညှိနှိုင်းဖို့ သုံးပေါ့.."

ဖူကွမ်းကျန့် မျက်မှောင်ကြုတ်ကာ..

"စားသောက်ဆိုင်တွေ ဝယ်တာက ပြဿနာရှိတယ်.. တရုတ်နိုင်ငံမှာ စားသောက်ဆိုင်ခွဲတွေ လာလို့ မတည်ထောင်နိုင်တာတုန်း.. ဥပမာကွာ.. ကျင်းကျင်း၊ ရှောင်း၊ ဆောင်ဟေး၊ ကောင်းသောင် အဲ့လိုနေရာတွေမှာ ငါတို့ စက်ရုံတွေနဲ့ ကုမ္ပဏီတွေအများကြီး ရှိတော့ ရင်းနှီးလို့ရတယ်လေ.."

"တရုတ်မှာလဲ ဆိုင်ခွဲတွေ လုပ်မှာပါ.. ဒါပေမယ့်.. ဟောင်ကောင်၊ ထိုင်ဝမ် အဲ့နေရာတွေမှာ ပိုအရေးကြီးတယ်.. ချွမ်ကျွီသဲ အမှတ်တံဆိပ်ကို နိုင်ငံရပ်ခြားမှာ ချဲ့ထွင်ဖို့ ကတိပေးထားတယ်.. တရုတ်နိုင်ငံမှာ တစ်ချို့ ကုမ္ပဏီတွေက ချွမ်ကျွီသဲနဲ့ ချိတ်ဆက်ပြီးသားတွေ.. တရုတ်နိုင်ငံတစ်ခုထဲ အာရုံစိုက်ထားရင် အကျိုးရှိမှာ မဟုတ်ဘူး.."

ကျန်းရှောင်ကျင် ဖုန်းယွီကို ပြောထားသည်။ ထို့ကြောင့် ဖုန်းယွီသည် ဤသည်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းချင်သည်။ သို့တည်းမဟုတ် သူ့အရင်ဘဝ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင်။ ချွမ်ကျွီသဲသည် အခြားကုမ္ပဏီများနှင့် အလုပ် လုပ်ပေလိမ့်မည်။ ဖုန်းယွီသည် နောက်ပိုင်း၌ ချွမ်ကျွီသဲတွင် အစုရှယ်ယာတစ်ခု အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့လျှင်ပင် သူ့ရှယ်ယာ ရာခိုင်နှုန်း လျော့ချမည် ဖြစ်သည်။

ဖုန်းယွီ၏ အားသာချက်မှာ ချွမ်ကျွီသဲ၏ အမှတ်တံဆိပ်ကို နိုင်ငံရပ်ခြားသို့ ယူဆောင်လာနိုင်ပေသည်။ ကျန်းရှောင်ကျင် ကိုချဉ်းကပ်နိုင်သည့် အခြား စားသောက်ကုန်နှင့် ဖျော်ယမကာ ကုမ္ပဏီများ မဟုတ်ချေ။

ဖုန်းယွီသည် ဤမျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ပါက ချွမ်ကျွီသဲသည် သူ့ကို ယုံကြည်လိမ့်မည် မဟုတ်သလို သူကြိုးစား အားထုတ်မှုအားလုံး အလဟသ ဖြစ်ပေလိမ့်မည်။

"ဒါဆို ငါတို့ ရင်းနှီးမြုပ်နှံမှုက တော်တော်များမှာ.. (၁)နှစ် ဒါမှမဟုတ် (၂)နှစ်ကြာရင်တောင် ပြန်ရဖို့ လမ်းမမြင်နိုင်ဘူး.."

ဖူကွမ်းကျန့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမယ့် ချွမ်ကျွီသဲကို စာရင်းသွင်းပြီးတာနဲ့ ရှယ်ယာဈေးတွေ တက်သွားမှာ သေချာတယ်.. ဘာလို့လဲဆိုတော့ ဒါက နှစ်ပေါင်း (၁၀၀)ကျော် သက်တမ်းရှိတဲ့ အမှတ်တံဆိပ်လေ.. ဘီလီယံချီပြီး တန်တယ်.."

ဖုန်းယွီ စားပွဲခေါက်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်.. ဒီကုမ္ပဏီကို စာရင်း သွင်းလို့ရသေးတယ်.. ဒါပေမယ့် ငါက စားသောက်ကုန်နဲ့ ဖျော်ယမကာလုပ်ငန်းတွေနဲ့ မရင်းနှီးဘူး.. မင်းကုမ္ပဏီကို စီမံခန့်ခွဲဖို့တော့ ငါကူညီနိုင်မယ် မထင်ဘူး.."

ဖူကွမ်းကျန့် အရိုးသားဆုံး ဖွင့်ပြောလိုက်သည်။

"မလိုပါဘူးကွာ.. စားသောက်ဆိုင် ကောင်းကောင်းတွေ ဝယ်ဖို့ပဲ မင်းငါ့ကို ကူညီပေးဖို့လိုတယ်.. လိုအပ်ရင်တော့ မင်းရဲ့ ဖူမိသားစု နာမည် သုံးရမှာပေါ့ကွာ.. မင်းမကူညီနိုင်ရင် လီမိသားစုရဲ့ သခင်လေးကို ငါသွားတွေ့ရမှာ.. သူ့မှာ ဘာပြဿနာမှ မရှိလောက်ဘူး ထင်တယ်.."

"ငါ မကူညီနိုင်ဘူးလို့ မင်းကို ဘယ်သူပြောလဲ.. ငါတို့ ဖူမိသားစုနဲ့ လက်တွဲရင် ငါတို့က လီမိသားစုထက် ပိုခိုင်မာတယ်.. ငါ ဒီကိစ္စ ဖြေရှင်းနိုင်တယ်.. မင်း လီကျယ်ခိုင်ကို သွားတွေ့ဖို့ မလိုဘူး.. အရှေ့တောင် အာရှတစ်ဝှမ်းက စားသောက်ဆိုင် နည်းနည်း ဝယ်ပေးယုံပဲလေ.. ဒါလေးပဲမို့လား.."

ဖူကွမ်းကျန့် လီမိသားစုနှင့် နှိုင်းယှဉ်ခံရသည့်အခါ ဒေါသထွက်သွားသည်။

ထို့အပြင် ဖုန်းယွီသည် လီကျယ်ခိုင်ကို သွားတွေ့ပါက သူသည် ဤအစီအစဉ်မှ ထွက်သွားပေလိမ့်မည်။ စားသောက်ကုန်နှင့် ဖျော်ယမကာလုပ်ငန်းမှ အမြတ်အစွန်းများသည် သူ့အတွက် အရှုံးမရှိဘဲ အလွန် အကျိုးများပေသည်။

"ဒါဆို မင်းဆီက သတင်းပဲ ငါစောင့်နေလိုက်မယ်.."

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters