← Chapters

တစ်နှစ်ကုန်ဆုံးပြန်ပြီ

Vol. 38 Ch. 569

တစ်နှစ်ကုန်ဆုံးပြန်ပြီ

Vol. 38 Ch. 569

ဟောင်ကောင် တက္ကသိုလ်၏ စာမေးပွဲများသည် တရုတ်တက္ကသိုလ်ထက် များစွာ လွယ်ကူပေသည်။ ၎င်းသည် ကျောင်းသားများအား သီအိုရီနှင့် အထွေထွေ ဗဟုသုတမျာစးကို အသုံးချမှုအပေါ် ပို၍ စမ်းသပ်ခြင်း ဖြစ်သည်။

ဖုန်းယွီသည် စားပေးပွဲများကို အခက်အခဲမရှိ ဖြေဆိုအောင်မြင်ခဲ့သည်။ စာမေးပွဲရက်စွဲများနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ဖုန်းယွီသည် ဝူကျစ်ကန်း၊ လီမင်သဲနှင့် ကျန်သူများကို ကိုယ်တိုင်သွား၍ လေလံဆွဲခိုင်းခဲ့သည်။ ဖုန်းယွီသည် ခေါင်းဆောင်ကျားကို ကြိုတင် ဖုန်းခေါ်ဆိုထားသည့် မဟုတ်ပေလော။

ခေါင်းဆောင်ကျားသည် ဖုန်းယွီကို ကူညီချင်နေပေသည်။ ညနေခင်း သတင်းမစမီ ကစားပွဲ အနည်းငယ် ကစားခြင်းမှ လွဲ၍ ဖုန်းယွီ၏ ကုမ္ပဏီများသည် အခြားအချိန်ကောင်း ကြော်ငြာကွက်များ အနိုင်ရလိုက်သည်။

အမြင့်ဆုံးသတ်မှတ်ထားသည့် အစီအစဉ်များအတွက် ကြော်ငြာကွက်များ စီစဉ်မပေးနိုင်သော်လည်း ဖုန်းယွီသည် ဝူကျစ်ကန်းကို ယွမ် (၁၆)သန်းဖြင့် လေလံဆွဲရန် ပြောခဲ့ပေသည်။ ဤပမာဏသည် ယမန်နှစ်ကထက် ပမာဏ ပိုများကာ လေလံအောင်နိုင်ပေသည်။ အကယ်၍ သူတို့သည် ထိုပမာဏဖြင့်ပင် လေလံဆုံးရှုံးပါက ဆိုလိုသည်မှာ ဖုန်းယွီထက် ပို၍ ရူးသွပ်သူ တစ်ယောက် ရှိနေသည်ဟု သတ်မှတ်ရပေလိမ့်မည်။

ဖုန်းယွီ၏ ကုမ္ပဏီများသည် လက်ရှိတွင် မည်သည့်ထုတ်ကုန် အသစ်မှ မရှိချေ။ သူလိုချင်သည်မှာ သူ့ထုတ်ကုန်များကို စားသုံးသူများ မှတ်မိနေသေးကြောင်း သေချာရန် ပြုလုပ်ရန်သာပင်။ သူ့အတွက် ထိပ်တန်း အရောင်းမြှင့်တင်ခြင်း ကြော်ငြာကွက်များ မလိုအပ်ချေ။ ဤပမာဏသည် CCTV2 တွင် အခြားအစီအစဉ် ကြော်ငြာ(၃)ကွက် ဝယ်ရန် လုံလောက်ပေသည်။

နောက်ဆုံး ဖုန်းယွီ၏ ကုမ္ပဏီ ကြော်ငြာ (၂၄)ကွက် ရရှိခဲ့ပြီး စုစုပေါင်း ယွမ် (၇၃)သန်း သုံးခဲ့ပေသည်။

ထိပ်တန်း အချိန်ဇယားကွက်ကို Kongfu Liquor မှ ယွမ် (၂၀.၃)သန်းဖြင့် လေလံ အနိုင်ရသွားခဲ့သည်။ ဤသည်မှာ ပေကျင်း ကုမ္ပဏီများ၏ သီးသန့်ကြော်ငြာ အကွက်များကို လက်ဝါးကြီးအုပ်ခြင်း၏ တရားဝင် စတင်မှု ဖြစ်တော့သည်။

ဖုန်းယွီ ထိုကိစ္စကို ကြားသိသောအခါ နောင်နှစ်အနည်းငယ်တွင် ပုကျိုးလုပ်ငန်းသည် ထိပ်တန်းကြော်ငြာ အကွက်များကို အနိုင်ရပြီး ၎င်းတို့၏ စံချိန်တင်ရောင်းချမှုကို ဖန်တီးနိုင်လိမ့်မည် ဖြစ်ကြောင်း သတိရမိလိုက်သည်။

သို့ရာတွင် အဆိုပါ ပုကျိုး စက်ရုံများသည် အရှိန်အဟုန်ဖြင့် ရေပန်းစားလာပြီး အမြန်ပိတ်သွားသည်။ ၎င်းတို့၏ ထုတ်လုပ်မှုသည် ဝယ်လိုအားကို လိုက်မမီနိုင်ဘဲ ၎င်းတို့၏ အရောင်း ဝန်ထမ်းများသည် ပြင်းပြင်းထန်ထန် ရောင်းချနေဆဲဖြစ်သည်။ ပိုမိုကြီးမားသည့် ပေကျင်းစက်ရုံများသည် ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးမြင့်လာစေရန်အတွက် စက်ရုံငယ်များကို လွှဲပြောင်းရယူရန်မှတပါး ရွေးချယ်စရာ မရှိချေ။

ဤသည်က အရည်အသွေး ကျဆင်းစေသည်။ ဈေးကွက်ထဲတွင် လိုအပ်သည့် သတ်မှတ်ချက်ပင် မရှိသည့် ထုတ်ကုန်အတု အများအပြား ထွက်ပေါ်လာခဲ့သည်။

အရက်ချက်စက်ရုံကြီးများ မလိုအပ်ချေ။ ထို ပုကျိုး ကို မိမိတို့ အိမ်နောက်ဖေးများတွင်ပင် ချက်လုပ်နိုင်ကြပေသည်။ ထိုသို့သော အတုယောင်များသည် ပုံစံတူ ပုလင်းများနှင့် တံဆိပ်များ သုံးခဲ့ကြသည်။ စားသုံးသူများသည် ပုလင်းများမဖွင့်ဘဲ အတုဟု မပြောနိုင်တော့ချေ။

CCTV2 တွင် ကြော်ငြာရပြီးနောက် Kongfu အရက် ဈေးနှုန်း လွန်စွာ မြင့်တက်လာခဲ့သည်။ ဤသည်ကပင် မနာလိုစိတ်များ ဖြစ်ပေါ်လာစေသည်။ အများသည် Komgfu အရက်ထုတ်လုပ်မှု ကုန်ကျစရိတ်အကြောင်း မသိနိုင်သော်လည်း လုပ်ငန်းတူသမားများမှာမူ သိနိုင်ပေသည်။ ၎င်းတို့သည် ကုန်ကျစရိတ် အကြမ်းဖျင်း ခန့်မှန်းတွက်ချက်နိုင်ပေသည်။ Kongfu အရက်သည် အမြတ်အစွန်း များစွာရနေပြီး ကျန်သူများသည်လည်း အလားတူ လိုချင်ကြတော့သည်။

ပမ့်မြို့တော်၏ ပုကျိုး စက်ရုံတွင် ရင်းနှီးမြုပ်နှံရန် ကျန်းရုံချီ တောင်းဆိုသည့်အခါ ဖုန်းယွီ ငြင်းဆိုခဲ့သည်။ မည်သူမဆို ပုကျိုး ချက်၍ ရပေသည်။ ဖုန်းယွီသည် ပမ့်မြို့တော် ပုကျိုးကို လူကြိုက်များမှု တိုးလာပါက မြို့တော် အစိုးရခေါင်းဆောင်များသည် ၎င်းတို့၏ အမြတ်ငွေများ ပိုမိုတိုးတက်ချင်လာပြီး အရှန်အဟုန်ဖြင့် တိုးချဲ့လာမည်ကို သိနေပေသည်။

သို့ရာတွင် ထိုသို့ ချဲ့ထွင်ခြင်း၏ ရလဒ်မှာ သေခြင်းတရားပင်။ ထိုအချိန်ရောက်လာသည့်အခါ ဖုန်းယွီသည် အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ပမ့်မြို့တော်၏ အစိုးရနှင့် ဒေသခံများ ခံစားခဲ့ရသူ တစ်ဦးဖြစ်ပေလိမ့်မည်။ ဖုန်းယွီသည် သူ့မွေးရပ်မြေမှ လူများကို ဂျင်းထည့်ရန် မည်သည့်အခါတွင်မှ လုပ်ဆောင်မည် မဟုတ်ချေ။

ထို့အပြင် ဖုန်းယွီသည် ပုကျိုး၏ ကျော်ကြားမှုကို မည်သို့ မြှင့်တင်ရမည်ကိုသာသိပေသည်။ သို့ရာတွင် သောက်ရမည်ကို မကြိုက်သလို ပုကျိုး၏ အကောင်းအဆိုး ကွာခြားချက်ကို မသိနိုင်ပေ။ ပမ့်မြို့တော် ပုကျိုး၏ လူကြိုက်များမှုကို မြှင့်တင်ပြီး ပုကျိုးများသည် အရည်အသွေး ညံ့ဖျင်းကြောင်း တေ့ရှိရပါက သူ့နာမည် ပျက်သွားပေလိမ့်မည်။

ယခုနှစ် CCTV နှင့် ခြားနားချက် ရှိပေသည်။ ကျန်းမာရေး ဖြည့်စွက်စာ ထုတ်ကုန်များ မပါဘဲ မဟာရ ဖြည့်ထုတ်ကုန် (၃)မျိုးသာရှိသည်။ အဆိုပါ အဟာရပစ္စည်းများ၏ ကုမ္ပဏီများသည် နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်သည်။

အရှုတ်တော်ပုံကြောင့် ကျန်းမာရေးဖြည့်စွက်စာများ ထိခိုက်ခဲ့သော်လည်း အဟာရဖြည့်စွက်စာများကို ထိခိုက်ခြင်းမရှိချေ။ အကောင်းဆုံး ကျန်းမာရေး အယူအဆသည် ယခုအခါတွင် အများအားဖြင့် ဗဟုသုတ ဖြစ်ခဲ့ပေသည်။ Suboptimal ကျန်းမာရေးဆိုင်ရာ စာအုပ်ရောင်းအား စံချိန်ချိုးခဲ့သည်။ လမ်းမများပေါ်ရှိ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများပင်လျှင် အကောင်းဆုံး ကျန်းမာရေး၏ လက္ခဏာများအကြောင်း သိပေသည်။

ယခု လူများသည် စက်ရုံငယ်များမှ ကုန်ပစ္စည်းများ မဝယ်ကြတော့ချေ။ စက်ရုံကြီးများနှင့် ဆေးဝါးစက်ရုံကြီးများကို ပိုကြိုက်ကြသည်။ ၎င်းတို့၏ ပထမဦးစားပေး ရွေးချယ်မှုမှာ ပမ့်မြို့တော် ဆေးဝါးလုပ်ငန်းဖြစ်သည်။ ကမ္ဘာ့ အားစကား ချန်ပီယံများပင်လျှင် ၎င်းကုမ္ပဏီ၏ ထုတ်ကုန်များကို ရွေးချယ်ကြပေသည်။

ပမ့်မြို့တော်၏ ဆေးဝါးလုပ်ငန်း ထုတ်ကုန်များသည် ဈေးမကြီးသော်လည်း ထိရောက်မှု ရျိပေသည်။ ထုတ်ကုန်အားလုံးကို လူများ လက်ခံပေသည်။ လူများသည် ဆေးဆိုင်သို့ သွားသည့်အခါ ပမ့်မြို့တော် ဆေးဝါးသုတေသနမှ ထုတ်သည့် ဆေးဝါးများကိုသာ မေးကြသည်။

အခြားသော ဆေးဝါးစက်ရုံများမှလည်း ဤသည်ကို သတိထားမိသည်။ ပမ့်မြို့တော်၏ ဆေးဝါးလုပ်ငန်း စတင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ဖြည့်စွက်စာများ ထုတ်လုပ်ကြသည်။ ပမ့်မြို့တော်၏ ဆေးဝါးလုပ်ငန်းကို ကြည့်ကြသည်။ ထုတ်ကုန်များကို အနောက်နိုင်ငံများကိုပင် တင်ပို့ခဲ့သည်။ ထိုဆေးဝါးများ ထုတ်လုပ်ငန် မည်သည့် အခက်အခဲ ရှိသနည်း။ မိမိတို့သည် တူညီသော အရာများ ထုတ်လုပ်နိုင်ပေသည်။ မိမိတွင် မူပိုင်ခွင့် ရှိနေသလော။ မိမိတို့သည် ဆေးပမာဏ ချိန်ညှိရုံသည် ပြဿနာမဟုတ်ချေ။

ဗီတာမင် ဖြည့်စွက်စာသည် (၂၀:၁)ဆိုပါက (၂၀:၁)ထွက်လာပေမည်။

ကျန်းမာရေး ထုတ်ကုန်များသည် ဈေးကွက်တွင် မရှိတော့သော်လည်း ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ ခေတ်စားလာပြန်သည်။ ဆေးဝါးကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို ၎င်းတို့၏ ဒေသတွင်း ရုပ်မြင်သံကြားဌာနများတွင် စတင်၍ ကြော်ငြာလာကြတော့သည်။

ဆေးဝါးကုမ္ပဏီများ၏ ထုတ်ကုန်များသည် ဘေးကင်းသည်ဟု လူအများက ထင်မြင်ခဲ့ကြသော်လည်း အချို့သော စက်ရုံများ၏ ထုတ်ကုန်များသည်လည်း အန္တရာယ်ကင်းကြောင်း မသိခဲ့ကြချေ။

ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း၏ အကြီးအကဲသည် ထိုဆေးဝါးကုမ္ပဏီများကို စစ်ဆေးရန် ဆက်သွယ်မှုများ ရှာသင့်မသင့် ဖုန်းယွီကို မေးမြန်းခဲ့သည်။

သို့ရာတွင် ထိုထုတ်ကုန်များသည် ကမ်းရိုးတန်းနှင့် တောင်ပိုင်းဒေသများတွင်သာ အဓိက ဖြစ်သည်။ မြောက်ပိုင်း ဒေသတွင်မူ တွေ့ရခဲပေသည်။ ဆိုလိုသည်မှာ ထိုကုမ္ပဏီများ၏ စက်ရုံများသည် အရှေ့တောင်ဘက် ဒေသများတွင် အများစု တည်ရှိနေပေသည်။

ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း အကြီးအကဲအား အာဏာပိုင်များထံသာ သတင်းပို့ရန် ပြောခဲ့ပေသည်။ ဖုန်းယွီသည် နောက်တစ်ကြိမ် ဗီလိန် မလုပ်ချင်တော့ချေ။ လိပ်ဆီသည် မတော်မတရားလွန်းသဖြင့် ကျန်းမာရေး ဆိုင်ရာ ထုတ်ကုန်များနှင့် ပတ်သက်၍ တင်ပြခဲ့ဖူးခြင်းဖြစ်သည်။ ထိုလှည့်ကွက်ကို ထပ်ခါထပ်ခါ သုံး၍ မဖြစ်ချေ။

CCTV ၏အကြီးအကဲ ခေါင်းဆောင် ကျားကလည်း ဖုန်းယွီအတွက် ကြော်ငြာအကွက်များ ကူညီပေးခဲ့သည်။ ဖုန်းယွီသည်လည်း သူ့ကို ထပ်မနှောက်ယှက်ချင်တော့ချေ။

'ကွမ်းရှီး' သို့တည်းမဟုတ် လူမှုဆက်ဆံရေးမှာ ဤကဲ့သို့သာပင်။ မိမိအား ကူညီပါက မိမိမှလည်း ကူညီမည်သာပင်။ ဥပမာအားဖြင့် ဖုန်းယွီသည် ကျန်းလွေ့ချမ်း ကို သူ့အခွင့်အာဏာများ ကြီးမားစေရန် ကူညီပေးခဲ့ပြီး ပမ့်မြို့တော်ရှိ ဖုန်းယွီ စီးပွားရေးလုပ်ငန်းများကို အခြားတာဝန်ရှိသူများ ပစ်မှတ်ထားမည်မဟုတ်ချေ။ ကျန်းလွေ့ချမ်းသည် ထိုအရာရှိများကို တွန်းလှန်နိုင်ရေးအတွက် ဖုန်းယွီကို ကူညီပေလိမ့်မည်။ ပြည်နယ်အစိုးရ ခေါင်းဆောင်များပင်လျှင် ကျန်းလွေ့ချမ်း၏ ကာကွယ်မှုဖြင့် ဖုန်းယွီကို ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။

ကုမ္ပဏီတစ်ခု အောင်မြင်လာသည်နှင့် အစိုးရအဖွဲ့အစည်းများစွာသည် ကုမ္ပဏီထံမှ ငွေရရန် နည်းလမ်းများ စဉ်းစားကြပေတော့မည်။ ကျန်းလွေ့ချမ်း ကြောင့်သာ မဟုတ်ပါက ထိုအဖွဲ့အစည်းများမှ နတ်ဆိုးတို့သည် ဖုန်းယွီထံ လာရောက်ကြပေလိမ့်မည်။

ကျန်းလွေ့ချမ်း ဖုန်းယွီကို အများအပြား ကူညီကဲ့သော်လည်း ဖုန်းယွီမှာမူ ဤအဖြစ်အပျက် အများစုကို မပြောခဲ့ချေ။ သို့ရာတွင် ဖုန်းယွီသည် သိနေပေသည်။ ခရိုင်အစိုးရအဖွဲ့ အများအပြားသည် ငွေတောင်းရန် ထိုင်ဟွာ ကုန်သွယ်ရေး၊ စက်ယန္တရား ကုမ္ပဏီများကို ချဉ်းကပ်ခဲ့ကြသေးသည်။ သို့ရာတွင် ကျန်းလွေ့ချမ်းက ၎င်းတို့ကို တားလိုက်သည်။ ဤကုမ္ပဏီများသည် ပမ့်မြို့တော်သို့ ငွေကြေးများစွာ လှူဒါန်းခဲ့ပြီး ၎င်းတို့အားလုံး ဆုံးရှုံးနိုင်လောက်သည်။ ဤုကုမ္ပဏီများသည် ငွေကြေးပိုမို လှူဒါန်းမည် ဆိုပါက ပမ့်မြို့တော် အစိုးရသို့လည်း လှူဒါန်းမည် ဖြစ်သည်။ ပြည်နယ် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်ချေ။

မြို့တော်အစိုးရအဖွဲ့များသည် ဖုန်းယွီကို မကျေမနပ် ဖြစ်ခဲ့ကြသည်။ ဖုန်းယွီ အဘယ့်ကြောင့် ပညာရေး ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သနည်း။ အခြားဌာနများသို့ အဘယ့်ကြောင့် မလှူခဲ့သနည်း။ ကျန်းလွေ့ချမ်း ဝင်လာကာ ထိုလူများကို အပြစ်တင်မဆုံးတော့ချေ။ ဖုန်းယွီသည် ပိုက်ဆံများစွာ ပေးထားပြီးဖြစ်သည်ကိုပင် မည်သည့်အတွက် ထပ်တောင်းချင်နေကြသနည်း။ မိမိတို့ လစာများ မည်သည့်အတွက် မလှူချင်ကြသနည်း။ ငွေကြေး ချမ်းသာယုံဖြင့် လှူဒါန်းရမည်လော။

ကံကောင်းသည်မှာ ဖုန်းရှင်းထိုက် သည် အနီးအနားတွင် ရှိနေပေသည်။ ဖုန်းရှင်းထိုက်နှင့် မည်သူမှ ပြဿနာ မဖြစ်ဝံ့ကြချေ။ ထို့အပြင် ဖုန်းရှင်းထိုက်သည် မြို့တွင်း၌ အလွန်နာမည်ကျော်ကြားပေသည်။ ကျောင်းများကို လှူဒါန်းပေသည်။ သားသမီးမရှိသော မြို့ ရှိသည်လော။ ကျောင်းအတွက် အထွေထွေ ကျောင်းလခများ ပေးဆောင်ရန် မလိုအပ်ချေ။ မြို့ထဲတွင် ဖုန်းရှင်းထိုက်အကြောင်း မကောင်းပြောရဲသူ ရှိပါက ပတ်ဝန်းကျင် တံတွေးခွက်အတွင်း ပက်လက်မျောရပေလိမ့်မည်။

စာမေးပွဲအပြီးတွင် ဖုန်းယွီနှင့် ဖူကွမ်းကျန့်သည် စားသောက်ဆိုင်များ ဝယ်ယူမည့် အစီအစဉ်အတွက် ဆွေးနွေးရန် နောက်တစ်ကြိမ် ဆုံးဖြစ်ကြပြန်သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters