← Chapters

အခန်း (၄၄၈)

Vol. 30 Ch. 448

အခန်း (၄၄၈)

Vol. 30 Ch. 448

မြောက်ပိုင်းကျိုးအင်ပါယာ ၊ ကျူးယွမ်နိုင်ငံ၊ လဲ့လီမြို့…

ကျင်းအင်ပါယာနှင့် (၂) နိုင်ငံ နယ်စပ်အနားတွင် ရှိနေသည့်အတွက် လဲ့လီမြို့လေးတွင် နေရာပေါင်းစုံမှ အနှစ်သာရများ ရှိနေပြီး သိုင်းလောကသားများစွာကလည်း သူတို့၏ ဓားမောက်များ ၊ ဓားရှည်များကို သယ်ဆောင်၍ ခရီးသွားလာနေကြသည်။

ထိုကဲ့သို့ မြို့ငယ်လေးထဲတွင် အလွန်စည်ကားသိုက်မြိုက်သော ကုန်သွယ်ရေး လုပ်ငန်းများမှာတော့ စားသောက်ဆိုင်များ ၊ တည်းခိုဆောင်များ၊ မြောက်ပိုင်းနှင့် တောင်ပိုင်း ကုန်ပစ္စည်းများကို ရောင်းချသော ကုန်သည်များ ဖြစ်ကြသည်။

စားသောက်ဆိုင်တစ်ခု၏ အတွင်းထဲတွင် လုလုံလေသံရှိသော လူတစ်ယောက်က ပြောလိုက်၏။

"သေစမ်းပါကွာ…။ တောင်ပိုင်းကျင်းအင်ပါယာရဲ့ လူငယ်မှတ်တမ်းက မြောက်ပိုင်းကျိုးအင်ပါယာက သူရဲကောင်းတွေကို အမြဲတမ်းနှိမ့်ချနေတာ...။ ဘာလို့ ချောင်မိသားစုက မိန်းကလေးချောင်က ထိပ်တန်း (၁၀) ယောက်ထဲမှာ စာရင်းမရှိရတာလဲ။ သန့်စင်နေမင်းဂိုဏ်းက တျန်းစစ်ကရော...။ ဓားကျောင်းဆောင်က ဝမ်ရီနန်ကရော...။ ဟွာမေ့တောင်တန်းက ဆက်ခံသူတပည့်ကရော..."

မြောက်ပိုင်းကျိုးအင်ပါယာတွင်လည်း ယပ်တောင် (၆) လက်ကျောင်း ရှိနေသည်။ သို့သော် အထက်တန်းလွှာမိသားစုများနှင့် နန်းတွင်းက ဂိုဏ်းများကို ဖိနှိပ်ထားသည့်အတွက် သူတို့က အတော်လေးကို အားနည်းလှ၏။ သူတို့က လူငယ်မှတ်တမ်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ လုပ်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် သူတို့က နေရာတွင်သာ တိတ်တဆိတ် နေထိုင်ကြသည်။ သူတို့က သာမန်လူများကို ဖိနှိပ်ခြင်း ၊ သူခိုးဓားပြများကို ခြောက်လှန့်ခြင်းကဲ့သို့ အသေးအဖွဲ့ ကိစ္စများကိုသာ လုပ်ဆောင်တတ်၏။ ဂိုဏ်းများနှင့် ပတ်သက်သော အရာများ ဖြစ်လာလျှင် သူတို့က ဝေးဝေးနေကြသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် လူငယ်မှတ်တမ်းကလည်း ကျင်းအင်ပါယာမှ ယပ်တောင် (၆) လက်ကျောင်း ထုတ်ပြန်သည့်အတိုင်း ဖြစ်လာခဲ့သည်။ မြောက်ပိုင်းကျိုးအင်ပါယာမှ သူရဲကောင်းများက မည်မျှမကျေမနပ် ဖြစ်နေစေကာမူ သူတို့က ထိုအရာကို လက်ခံရမည်သာ ဖြစ်၏။ သို့သော် သူတို့ကတော့ ထိုအရာကို တရားမျှတမှုမရှိဟု စွပ်စွဲတတ်ပြီး သူတို့၏အစစ်အမှန် အဆင့်အတန်းကို မီနိုင်မည်မဟုတ်ဟု တွေးထားကြသည်။

"အတိအကျပဲ…"

သူ့အနားတွင် ရှိနေသူကလည်း ပေါင်ကို လက်နှင့်ရိုက်ပြီး ပြောလိုက်သည်။

"တောင်ပိုင်းကျင်းအင်ပါယာထဲမှာ ရှိတဲ့သူတွေက ငါတို့ မြောက်ပိုင်းကျိုးအင်ပါယာကို ဘယ်လောက်တောင် မကျေမနပ် ဖြစ်နေတာလဲ။ သိုင်းလောကအကြောင်းကို သူတို့က ဘယ်လောက်တောင် သိနေလို့လဲ။ ဝေ့ကျင်းအဆင့် ပညာရှင်တွေကလွဲရင် လူတိုင်းမှာ သူတို့ရဲ့နာမည်ကျော်ကြားမှုတွေ ရှိတာပဲလေ။ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေကတော့ အပေါ်ယံပုံရိပ်ယောင်တွေလိုပါပဲ။ ထူးခြားတဲ့စွမ်းရည်ရှိနေပြီး တိုက်ပွဲမှတ်တမ်း မရှိတဲ့သူတွေလည်း ကျန်နေသေးတာပဲလေ.."

လုလုံလေသံ ရှိနေသော လူက အရက်တစ်ခွက်သောက်ပြီး ပြောလိုက်၏။

"သူတို့မသိတဲ့ သူတွေကိုတော့ ထားလိုက်ပါတော့။ အခုပဲ ကြည့်ဦးလေ။ မြောက်ပိုင်းကျိုးအင်ပါယာထဲမှာရှိတဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေ အားလုံးကို အနိုင်ရခဲ့တဲ့ ပြိုင်ဘက်ကင်း မိန်းကလေးချောင်က အဆင့် (၃) ပဲ ရှိနေတာလား။ သန့်စင်နေမင်းဂိုဏ်းက တျန်းစစ်ကလည်း လူသားနဲ့ ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်နေပြီ။ သူက အခုမှ အဆင့် (၁၂) ပဲရှိသေးတယ်။ သူက နတ်ဆိုးရှန့်ကွမ်းထက်တောင် နည်းနည်းလေးပိုပြီးတော့ နိမ့်နေသေးတယ်။ ဒါကိုတော့ ငါတို့အားလုံးက ဝန်ခံရမှာပဲ…”

“ရှန့်ကွမ်းဟန်ကျတော့ ဝေ့ကျင်းတစ်ဝက်အဆင့် အစွမ်း ရှိနေပေမယ့် အဆင့် (၁၁)ပဲ ရှိတယ်။ အင်ပါယာဓား (၅) သွယ်နဲ့ အမှန်တရားဓားတို့က တံခါး (၉) ပေါက်အဆင့်ပဲ ရှိသေးပေမဲ့ သူတို့ထက်ပိုပြီး အဆင့်မြင့်နေတယ်။ သူတို့က ငါတို့ကို အထင်သေးနေတာလား…"

မကျေမနပ် ဖြစ်နေသူက မြောက်ပိုင်းကျိုးအင်ပါယာ သိုင်းပညာအဖွဲ့အစည်း၏ ကိုယ်စား ပြောဆိုနေသလို ထင်မှတ်ရသည်။

လွန်ခဲ့သောနှစ်ဝက်အတောအတွင်း ဟယ်ကျူးနှင့် ဝမ်စစ်ယွမ်တို့က ဝေ့ကျင်းအဆင့်ကို တိုက်ရိုက်ရောက်သွားခဲ့ပြီး ဗုဒ္ဓလက်ဝါးရွှမ်ကျန်းကတော့ ဝေ့ကျင်းတစ်ဝက် အဆင့်တွင်သာ ကျန်နေခဲ့သည်။ သူကတော့ သာမန်နည်းလမ်းနှင့်သာ ဆက်လက် တိုးတက်ရန် ကြိုးစားနေပုံရ၏။

ထိုကြောင့် လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၅) ယောက်တွင် ရှိနေသူများက မြေခွေးဘုရင် တိုင်ရှန် ၊ သတ်ဖြတ်ရေးဓား စုမုန့် ၊ မြေသူတော်စင် ချောင်အာ ၊ အဆုံးမဲ့ဓား ရန်ချုံနှင့် ပျော်ရွှင်ခြင်းသူတောင်းစားရှင်းရီတို့ ဖြစ်ကြသည်။

သူတို့၏ဘေးတွင် ရှိနေသော စားပွဲတွင် ထိုင်နေသည်မှာ ယောကျ်ား (၂) ယောက်နှင့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။ သူတို့အားလုံးက ကုန်သည်အဝတ်အစားများ ဝတ်ဆင်ထားကြ၏။ သူတို့ (၃) ယောက်၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော သူက သူ၏မုတ်ဆိတ်မွှေးကို လက်နှင့် သပ်လိုက်ပြီး အရက်ခွက်ကို စိုက်ကြည့်လိုက်သည်။

သူက တစ်ယောက်တည်း စကားပြောနေသည့်အလား စတင်ပြောလိုက်၏။

"ကျင်းအင်ပါယာမှာရှိတဲ့ လူငယ်မှတ်တမ်းက တိုက်ပွဲမှတ်တမ်းတွေကိုပဲ ကြည့်တယ်။ အငြင်းအခုန်လုပ်နေရုံနဲ့ ဘာမှမထူးခြားဘူး။ ရှန့်ကွမ်းဟန်က ဝေ့ကျင်းတစ်ဝက်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိနေပေမယ့် သူ့ရဲ့အစစ်အမှန်တိုက်ခိုက်စွမ်းရည်က အမြင့်ဆုံး ဝေ့ကျင်းတစ်ဝက်အဆင့်ပဲ ရှိနိုင်တယ်။ ဒါမှမဟုတ် သူက အဲဒီအဆင့် ရှိနေတဲ့ ပညာရှင်တစ်ယောက်ကို တစ်ယောက်ချင်း တိုက်ပွဲမှာ အနိုင်ရခဲ့လား ဒါမှမဟုတ် သတ်ပစ်နိုင်ခဲ့လား။ တိုက်ပွဲမှတ်တမ်းတွေကပဲ သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကို ပြသနိုင်တာ မဟုတ်ဘူးလား…”

“တျန်းစစ်ရဲ့ လူသားနဲ့ကောင်းကင်တစ်သားတည်း အဆင့်ဆိုတာက ကောလာဟလ သက်သက်ပါပဲ။ အဲဒီအရာကို ဘယ်သူမှ မမြင်ရမှတော့ ဘယ်သူကရော ယုံကြည်ပေးနိုင်မှာလဲ…"

ထိုစကားကို ပြောလိုက်သူက သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ သူ့စကားကို အခြေခံပြီး သူကတော့ တောင်ပိုင်းကျင်းအင်ပါယာမှ လူတစ်ယောက် ဖြစ်ကြောင်း သိသာနေ၏။

"ရှန့်ကွမ်းဟန်နဲ့ တျန်းစစ်တို့က သင့်တော်တဲ့ တိုက်ပွဲမှတ်တမ်းတွေ မရှိပါဘူး။ ဒါပေမဲ့ ခရမ်းရောင်ဓား ၊ အင်ပါယာဓား (၅) သွယ်နဲ့ အမှန်တရားဓားတို့ကရော သူတို့ရဲ့အထက်မှာ ရှိပေမယ့် တိုက်ပွဲမှတ်တမ်း ရှိနေလို့လား။ သူတို့က အကျိုးမရှိ အချင်းချင်း လက်ရည်စမ်းတာမျိုးပဲ လုပ်ပြီး ထိပ်ဆုံးကို ရောက်သွားတာလေ။ ငါတို့ကျိုးအင်ပါယာက သူရဲကောင်းတွေကတော့ အဲဒီလိုရလဒ်အတုတွေကို စိတ်မဝင်စားဘူး။ တကယ်လို့ ငါတို့က တိုက်ခိုက်မယ်ဆိုရင် သူတွေကိုယ်သေ တိုက်ခိုက်မှာပဲ…"

လုလုံလေသံနှင့် လူက ဒေါသတကြီး ပြန်ပြောလိုက်သည်။

သက်လတ်ပိုင်းလူကြီး၏ ဘယ်ဘက်တွင် ရှိနေသော ပိန်ပိန်ပါးပါးနှင့် တစ်ယောက်ကတော့ မိန်းမလှလေးတစ်ယောက် ဖြစ်ပုံရသည်။ ထိုစကားများကို ကြားသည့်အခါ သူမက မျက်ခုံးပင့်လိုက်မိ၏။

"ကြည့်ရတာ ကြာပန်းသခင်ကသာ မြောက်ပိုင်းကျိုးအင်ပါယာကို လုံးဝရောက်မလာဖူးသလိုပဲ။ သူ့ကို သိုင်းကွက်တစ်ကွက်တည်းနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့ မြေသူတော်စင်ကလွဲရင် မြောက်ပိုင်းကျိုးအင်ပါယာထဲမှာရှိတဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် တခြားပညာရှင်တွေက ဘယ်ရောက်သွားတာလဲ။ အင်ပါယာဓား (၅) သွယ်နဲ့ အမှန်တရားဓားတို့ကပဲ အစစ်အမှန်တိုက်ပွဲမှာ သူ့ကို ယှဉ်နိုင်ကြတယ်…”

“တိုက်ပွဲမှတ်တမ်းတွေမှာ သူတို့ရဲ့ထူးခြားမှုတွေ စွမ်းရည်တွေ ရှိတယ်။ ကြာပန်းသခင်လျှူစုက သူ့ရဲ့ဘဝမှာ လုံးဝအခက်အခဲမတွေ့ခဲ့ဘူး။ သူကတောင် ချင်ယုရဲ့ ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်းသိုင်းကွက်ကို မနည်းခုခံခဲ့ရပြီး ပြန်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါကြောင့် အဲဒီတိုက်ပွဲမှာ လက်ရည်တူတယ်လို့ ရွေးချယ်ခဲ့ရတယ်…”

“တစ်ဖက်မှာတော့ ဝမ်ကိုက်ရဲ့ ရပ်တန့်၍ မရနိုင်သော တိုက်ခိုက်မှုက ပြိုင်ဘက် အစွမ်းထက်လာလေလေ ပိုပြီးတော့ ကြောက်စရာကောင်းလာလေလေပဲ။ တကယ်လို့ သူ့ရဲ့ပြိုင်ဘက်ကသာ အသက်ကို မစွန့်လွှတ်ချင်ဘူးဆိုရင် တိုက်ပွဲက သရေအဖြစ် အဆုံးသတ်သွားလိမ့်မယ်…"

လျှူစုကို ဥပမာအနေနှင့် ပြောလိုက်သည့်အတွက် လုလုံလေသံနှင့်အဖွဲ့က ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။ ထိုလူက ခဏကြာစဉ်းစားပြီးမှ ပြောလိုက်၏။

"ဒါက အတိတ်တုန်းကလေ။ ငါတို့က လက်ရှိအခြေအနေကို ပြောတာ။ ကြာပန်းသခင်က သူ့ရဲ့အဆင့်မှာ ရပ်တန့်နေတာ အချိန်တော်တော်ကြာပြီ။ တျန်းစစ် ၊ ရှန့်ကွမ်းဟန်နဲ့ တခြားဂိုဏ်းအသီးသီးရဲ့ ဆက်ခံသူတွေကတော့ အကြီးအကျယ် တိုးတက်လာကြတယ်။ အခုချိန်မှာ သူတို့က ကြာပန်းသခင်ကိုတောင် အနိုင်ရနေလောက်ပြီ။ တကယ်လို့ သူတို့က လုံးဝမတိုက်ခိုက်ဘူးဆိုရင်တော့ တွက်ချက်လို့ မရနိုင်ဘူး…"

ပိန်ပိန်ပါးပါးနှင့် လူက သူနှင့် အပြိုင်အဆိုင် ငြင်းချင်နေပုံ မရချေ။ လုလုံလေသံနှင့် လူကတော့ အခြေအနေကို နားလည်သွားသည့်အတွက် ပြောလိုက်၏။

"သူတို့က လုံးဝမတိုက်ခိုက်ကြဘူးဆိုတော့ရော ဘာဖြစ်လဲ။ နံပါတ်(၁)နေရာမှာ ရှိနေတဲ့ မြေခွေးဘုရင်က နာမည်ကျော်နေတာ နှစ်ပေါင်းများစွာရှိနေပြီ။ ပညာရှင်ပေါင်းများစွာကိုလည်း သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ နံပါတ်(၂)မှာ ရှိနေတဲ့ လူကရော … သတ်ဖြတ်ရေးဓားက လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံး (၁၀) ယောက်ထဲမှာ ရှိနေတဲ့ လူတွေကို လုံးဝမတိုက်ခိုက်ခဲ့ဖူးဘူး။ သူက သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်တဲ့ အဆင့်မျိုးပဲ ရှိတယ်။ သူက အသက် (၁၉) နှစ်ကျော်ပဲ ရှိသေးတယ်။ ပြီးတော့ အခုမှ တံခါး (၉) ပေါက်ပဲ ပွင့်သေးတယ်။ ဒါတောင် သူက ဒီလိုအဆင့်မျိုးကို ရောက်နေပြီ။ ဒါက တခြားသူရဲကောင်းတွေကို စော်ကားလိုက်သလိုပဲ…”

“တကယ်လို့ ရှင်က ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေတဲ့ လမ်းမှားနတ်ဆိုးတစ်ကောင် အပါအဝင် ပြိုင်ဘက် (၃) ယောက်ကို အနိုင်ရပြီး မြေခွေးဘုရင်နဲ့ လက်ရည်တူ တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ ရှင်လည်း စာရင်းရဲ့နံပတ် (၂) မှာ ရောက်နိုင်တယ်…"

မိန်းကလေးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

မုန့်ချီနှင့် မြေခွေးဘုရင်တို့၏ တိုက်ပွဲတွင် မုန့်ချီက လက်ရည်တူယှဉ်နိုင်သည်ဟု သတ်မှတ်ကြသော်လည်း သူ့ကို မုန်းတီးနေသူများကတော့ သူ ဆုတ်ခွာသွားရသည်ဟုသာ သတ်မှတ်ခဲ့ကြသည်။

"ဝေ့ကျင်းတစ်ဝက်အဆင့် နတ်ဆိုးလား...။ ပြီးတော့ သူ့ရဲ့အဖွဲ့သားတွေထဲမှာ အိုမင်းပြီး နားမကျန်းဖြစ်နေသူတွေလည်း ပါတယ်လေ…"

တခြားလူတစ်ယောက်က ဝင်ပြောလိုက်၏။

"တော်တော့ ငြင်းခုံမနေနဲ့တော့..."

ထိုအချိန်တွင် အလွန်တည်ငြိမ်အေးချမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထောင့်နေရာမှ လူငယ်တစ်ယောက် မတ်တပ်ရပ်လိုက်၏။

သူက ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းပြားလေးတစ်ခု ချိတ်ထားသည်။ နက်မှောင်နေသော မျက်ခုံးများက သူနှင့် အတော်လေး လိုက်ဖက်ပြီး ထက်မြတ်သော မျက်လုံးတစ်စုံထဲတွင် ကြမ်းတမ်းရက်စက်မှုများကို ဖုံးကွယ်ထားသည်။

စားသောက်ဆိုင်ထဲတွင် ဆူညံနေသော်လည်း သူ့အသံကို လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ရုတ်တရက်ဆိုသလို စကားပြောနေသူများအားလုံး ရပ်တန့်သွားခဲ့ပြီး ထိုနေရာတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးသွားခဲ့၏။ ထိုလူငယ်က မိန်းမပျိုနှင့် တခြားလူများထိုင်နေသော စားပွဲဆီသို့ လျှောက်လာသည်။

သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"နင်ပြောတာမှန်တယ်...။ ငြင်းခုံနေတာက ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ တိုက်ပွဲရလဒ်ကမှ တွက်ချက်လို့ရမှာ..."

ထို့နောက် သူက လက်နောက်ပစ်ပြီး ခန်းမကြီးထဲမှ ဖြည်းညင်းစွာ ထွက်သွားခဲ့၏။

"သူ..."

သက်လတ်ပိုင်းလူကြီးက စိတ်ဝိညာဉ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ရှိနေသူက လူသားအရေပြားဖုံးထားသော မှော်သားရဲတစ်ကောင်ကဲ့သို့ ခံစားနေရ၏။

လုလုံလေသံနှင့်လူက ပြောလိုက်သည်။

"ရှန့် .. ရှန့်ကွမ်းဟန်ပဲ…"

လူတိုင်းက အလွန်ထိတ်လန့်သွားကြသည်။ ရှန့်ကွမ်းမိသားစုမှ တရားဝင် သားတစ်ယောက်ဖြစ်ပြီး နတ်ဆိုးတစ်ကောင်ဟု နာမည်ကျော်ကြားသော သခင်လေးက လဲ့လီတွင် ပေါ်လာခဲ့သည်။

ရှန့်ကွမ်းမိသားစုက ကျူးယွမ်နိုင်ငံထဲတွင် ပေါ်လာသည်မှာ သာမန်သာ ဖြစ်သည်။ သို့သော် လဲ့လီဟူသည်မှာ မတူညီသော နေရာတစ်ခု ဖြစ်၏။ ထိုအရာက (၂) နိုင်ငံနယ်စပ်ဖြစ်ပြီး အလွန်ရှုပ်ထွေးသော နေရာတစ်ခု ဖြစ်သည်။ သိမ်မွေ့နူးညံ့သောသူများက ဤကဲ့သို့ အန္တရာယ်များသော နေရာတစ်ခုကို ရောက်မလာကြပေ။

"ရှန့်ကွမ်းဟန်..."

သက်လတ်ပိုင်းလူကြီးက တစ်ယောက်တည်း ရေရွတ်လိုက်၏။

"သူပြောတဲ့စကားတွေအရ သူက တောင်ပိုင်းကိုသွားပြီး လူငယ်မှတ်တမ်းမှာရှိတဲ့ ထိပ်ဆုံးပညာရှင်တွေထဲက တစ်ယောက်ကို ရင်ဆိုင်မယ်လို့ကြားတယ်…"

စားသောက်ဆိုင်ထဲတွင် ရှိနေသော သူများက အချင်းချင်းမျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြသည်။ ရှန့်ကွမ်းဟန်၏ ဝင်ရောက်နှောက်ယှက်ကြောင့် ဆူညံမှုများက နောက်တစ်ကြိမ်ပြန်ပေါ်မလာတော့ပေ။ လူတိုင်းက အသံတိုးတိုးနှင့်သာ ပြောနေကြ၏။

ထိုအချိန်တွင် တခြားသောလူငယ်တစ်ယောက်က တံခါးမှ လျှောက်လာခဲ့၏။ သူ၏မျက်နှာက ချောမောခန့်ညားပြီး အပြုံးတစ်ခု ရှိနေသည်။ အပြာရောင်ဝတ်စုံကလည်း လေထဲတွင် လှုပ်ရှားနေသည်မှာ လွတ်လပ်ပေါ့ပါးလှ၏။ သူက အတော်လေး သဘောကောင်းသော လူတစ်ယောက် ဖြစ်ပုံရသည်။

သို့သော် သူ့ခါးတွင်တော့ ထူးဆန်းသော ဓားမောက်တစ်ချောင်းကို ချိတ်ထား၏။ ထိုအရာက ဓားအိမ်ထဲတွင် ထည့်ထားသော်လည်း ဒဏ်ရာတစ်ခု ပေးနိုင်သလို ထင်မှတ်ရသည်။ သူက စားသောက်ဆိုင်ထဲကို စစ်ဆေးကြည့်လိုက်ပြီး လုလုံလေသံနှင့် လူကြီးဆီကို လျှောက်လာခဲ့၏။

သူက အပြုံးနှင့် ပြောလိုက်သည်။

"မင်းတို့ (၂) ယောက်က ဒီမြို့နဲ့ရင်းနှီးတယ်လို့ ကြားတယ်။ ငါက လူတစ်ယောက်ရဲ့လိပ်စာကို မေးချင်လို့ပါ…"

သူပြောလိုက်ပြီးနောက် ငွေစအနည်းငယ် ထုတ်ပေးလိုက်ပြီး စားပွဲပေါ်သို့ တလေးတစား တင်ပေးလိုက်သည်။ သူက သခင်လေးတစ်ယောက်၏ အပြုအမူမျိုး ပြသနေ၏။

သူ့ကို မြင်လိုက်သည့်အချိန်တွင် သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုရုပ်ရည်နှင့် ထိုဓား .. သူက ထိုအသံကို ကြားခဲ့ဖူးပုံရသည်။

"မင်းက ဘယ်သူ့ကို ရှာနေတာလဲ…"

လုလုံလေသံနှင့် လူကတော့ နေရာအစုံကို ရောက်ဖူးသည့်အတွက် ထိုလူငယ်ကိုကြည့်ရုံနှင့် ခန့်မှန်းမိသည်။ ထိုလူငယ်လေးက အလွန်ထူးခြားသည့် အတွက် သူလည်း အသံတိုးတိုးနှင့်ပြောလိုက်၏။

"လွန်ခဲ့တဲ့(၅)နှစ်လောက်က လဲ့လီကို ရွှေ့ပြောင်းလာတဲ့ စစ်မိသားစု…"

လူငယ်လေး၏အသံက သိမ်မွေ့နူးညံ့နေသည်။

လုလုံလေသံနှင့် လူက ပြုံးလိုက်၏။ သူက ငွေစကိုယူပြီး ကိုင်ထားလိုက်သည်။

"တခြားသူတွေကတော့ သိမှာမဟုတ်ဘူး။ ဒါပေမယ့် ငါကတော့ အဲဒါကို ရှင်းရှင်းလင်းလင်း သိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နေတဲ့နေရာကို ငါကိုယ်တိုင် လိုက်ဝယ်ပေးခဲ့ရတာလေ။ သူတို့က နေမင်းမျက်ဆိုင်လမ်းနဲ့ သစ်ကြားပန်းပွင့်လမ်းကြားရဲ့ လမ်းဆုံမှာ စံအိမ်တစ်ခုကို ဝယ်ထားတယ်…"

ထို့နောက် သူက အသံတိုးတိုးနှင့် ထပ်ဖြည့်ပြောလိုက်၏။

"စစ်မိသားစုက မင်းကို ရန်စမိခဲ့လို့လား။ သူက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ကိုကြည့်လိုက်တာနဲ့ လူကောင်း မဟုတ်ဘူးဆိုတာ သိနိုင်တယ်။ သူက လဲ့လီမှာ (၆) လပြည့်အောင်တောင် တစ်ခါမှ မနေဖူးဘူး…"

"အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က မိတ်ဆွေတစ်ယောက်ဆီကို လာတွေ့တာပါ.."

လူငယ်က အပြုံးနှင့်ပြောလိုက်ပြီး စားသောက်ဆိုင်ထဲမှ ထွက်သွားခဲ့သည်။

လုလုံလေသံနှင့်လူကတော့ တောင်ပိုင်းကျင်းအင်ပါယာထဲမှ လူများအကြောင်းကို ဆက်လက်ငြင်းခုံရန် ပြန်လှည့်လိုက်သည်။ ထိုအချိန်တွင် သက်လတ်ပိုင်းလူကြီး၏ မျက်နှာအမူအရာက အလွန်ထိတ်လန့်နေကြောင်း တွေ့လိုက်ရ၏။

"သတ် သတ် သတ်ဖြတ်ရေးဓားစုမုန့်..."

သူကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

"ဘယ်လို..."

လုလုံလေသံနှင့် လူကြီးအပါအဝင် သူတို့အဖွဲ့သားအားလုံး အံ့သြသွားကြလေသည်။

………..

စစ်မိသားစုဟူသည်မှာ စစ်ခုံမိသားစု၏ တခြားသော နာမည်တစ်ခု ဖြစ်သည်။ မြစ်အရှေ့ပိုင်းတွင် အုတ်ဂူဖောက် ပြဿနာရှာခဲ့သော သူခိုးကြီးစစ်ခုံထူက သူ့မိသားစုကို မြောက်ပိုင်းကျိုးအင်ပါယာနယ်စပ်တွင် ရှိနေသော မြို့ငယ်လေး တစ်မြို့ဆီကို ရွှေ့ပြောင်းလာခဲ့သည်။

လဲ့လီက ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး လူပေါင်းစုံပြည့်နှက်နေသည့်အတွက် သူ၏ခြေရာလက်ရာကို ဖုံးကွယ်ရန် လွယ်ကူလှသည်။ ထို့ပြင် ကျူးယွမ်နိုင်ငံမှ ရှန့်ကွမ်းမိသားစုနှင့် အနီးအနားတွင် ရှိနေသောဂိုဏ်းများ ထိန်းချုပ်ထားသည့်အတွက်ဥပဒေသက်ရောက်မှုမရှိသော မြို့တစ်မြို့ မဟုတ်ချေ။ သူခိုးတစ်ယောက်က ပြစ်မှုများကို စွန့်လွှတ်ပြီး သာမန်ဘဝ နေထိုင်မည်ဆိုလျှင် အတော်လေး ကောင်းမွန်သောမြို့တစ်မြို့ဟု သတ်မှတ်နိုင်သည်။

မုန့်ချီက မြောက်ပိုင်းကို တိုက်ရိုက်မသွားခဲ့ပေ။ သူက ကွေ့ဝိုက်ပြီး အရှေ့မြောက်ပိုင်းကို အရင်ဆုံး ဦးတည်လာခဲ့၏။ ထိုအရာက သူ၏ကံကြမ္မာကို အဆုံးသတ်ရန်ဖြစ်ပြီး လျှို့ဝှက်နည်းလမ်းကို ရယူရန်ဖြစ်သည်။

တံခါးခေါက်သံများ ထွက်ပေါ်လာပြီး မုန့်ချီက သတ္တုကွင်းများကို ခေါက်လိုက်၏။ စစ်ခုံမိသားစု၏ စံအိမ်က ကျယ်ပြန့်သော မြေပေါ်တွင် ရှိနေသည်။ တံခါးရှေ့တွင်တော့ ကျောက်တုံးခြင်္သေ့ရုပ်တု (၂) ခုရှိနေပြီး အတွင်းထဲတွင် ထူးခြားသော မိသားစုတစ်ခု နေထိုင်ကြောင်း ပြသနေသည်။

ခဏကြာပြီးနောက် လူတစ်ယောက်က တံခါးငယ်လေးကို ဖွင့်လိုက်ပြီး ခေါင်းပြူကြည့်လိုက်သည်။ မုန့်ချီကို ခြေအဆုံးခေါင်းအဆုံးကြည့်ပြီး သူက သံသယဝင်စွာ မေးလိုက်၏။

"လူငယ်လေး …

စစ်မိသားစုရဲ့အိမ်ကို ဘာကိစ္စရောက်လာတာလဲ…”

“ငါက သခင်ကြီးစစ်တိရဲ့မိတ်ဆွေဟောင်း တစ်ယောက်ပါ။ သူက စာတစ်စောင်ပို့ဖို့ တောင်းဆိုလိုက်လို့..."

မုန့်ချီက နွေးထွေးစွာ ပြုံးလိုက်၏။

စစ်တိဟူသည်မှာ စစ်ခုံထူ၏နာမည်အတု ဖြစ်သည်။ သူ့သခင်၏အကြောင်းကို ကြားသည့်အခါ တံခါးစောင့်က မုန့်ချီကို စောင့်နေရန် အလျင်အမြန်ပြောလိုက်ပြီး သခင်မကြီးဆီကို သတင်းပြန်ပို့လိုက်သည်။

သူက လျင်မြန်စွာပြန်ပေါ်လာပြီး မုန့်ချီကို အထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ သူက ဦးညွှတ်ပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး အထဲကိုဝင်ပါ သခင်လေး...။ သခင်မကြီးက စာကြည့်ခန်းထဲမှာ စောင့်နေပါတယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူနှင့်အတူ စံအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ခြံဝန်း (၂)ခုကို ဖြတ်ကျော်သွားပြီးနောက် သူက သူက အသက် (၆)နှစ် ၊ (၇) နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက သစ်သားဓား တစ်ချောင်းကို ကိုင်ပြီး သိုင်းကွက်မျိုးစုံကို လေ့ကျင့်နေခဲ့၏။

ဓားကို ဝှေ့ယမ်းလိုက်သည့် အချိန်တိုင်း ညာသံပေး၍ လှုပ်ရှားနေခဲ့၏။ သူက ထူးခြားသော သိုင်းကွက်များ ပုံစံများ မရှိသော်လည်း အတော်လေး စိတ်ဝင်စားနေပုံရသည်။ သူ၏နဖူးပေါ်မှ ချွေးများကျလာသော်လည်း ခန္ဓာကိုယ်ကတော့ အနည်းငယ်လေးပင် ပင်ပန်းသွားပုံ မရချေ။

"ထွက်ပြေးမနေနဲ့ ဓားပြတွေ ..၊ ငါ့ဓားရဲ့အရသာကို မြည်းကြည့်လိုက်..."

ကောင်လေးက သူနှင့်အတူ ကစားနေသော အိမ်ထော်ထိန်းကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

မုန့်ချီကတော့ ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ ပျော်ရွှင်သော မိသားစုဘဝက စစ်ခုံထူ လိုချင်ခဲ့သော အရာတစ်ခု ဖြစ်သည်။ သို့သော် ယခုတော့ သူက နယ်မြေစိမ်းတစ်ခုတွင် သေဆုံးသွားခဲ့ရပြီး သူ ချစ်မြတ်နိုးသူများနှင့် လုံးဝ ပေါင်းစည်းခွင့်မရှိနိုင်တော့ပေ။

ထိုအတွေးများကို ဖယ်ရှားပစ်လိုက်ပြီး မုန့်ချီက တံခါးစောင့်၏ အနောက်မှ လိုက်သွားခဲ့ပြီး စာကြည့်ခန်း၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။

"ဝင်လာခဲ့ပါ..."

သိမ်မွေ့နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ တံခါးစောင့်က ဦးညွှတ်ပြီး ထွက်သွားခဲ့သည်။

မုန့်ချီကတော့ တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ ဝင်သွားခဲ့သည်။ အခန်းထဲတွင်တော့ သာမန်အင်္ကျီဝတ်ထားသော မိန်းမကြီးတစ်ယောက်ရှိနေပြီး သူမ၏ဆံပင်များကို ဆံတုံးထုံးထားသည်။ သူမက အရှင်သခင်တစ်ယောက်၏ ဇနီးကဲ့သို့ ဝတ်ဆင်ထားပြီး အတော်လေး ကျက်သရေရှိပုံရ၏။

မုန့်ချီက သူ့နောက်တွင် ရှိနေသော တံခါးကိုပြန်ပိတ်လိုက်ပြီနောက် သူမ၏နှုတ်ခမ်းလေးက တုန်ယင်လာပြီး ဝမ်းနည်းပူဆွေးနေပုံရသည်။

"သူက ပြန်မလာဘူး ဆိုမှတော့ လုံးဝပြန်မလာလောက်တော့ဘူး... "

Translated by Hein Htet

All Chapters