← Chapters

မင်းငါ့ကို အရင် ပစ်စေချင်တာ သေချာလား

Vol. 99 Ch. 1472

မင်းငါ့ကို အရင် ပစ်စေချင်တာ သေချာလား

Vol. 99 Ch. 1472

လီတုန်းသည်ကား လီဖေး၏ ညီငယ်ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်နှစ်ခန့်က မော်စကိုသို့ လိုက်လာခဲ့ကာ သူ၏ နာမည်တစ်လုံး ရအောင် ပြုလုပ်နိုင်ခဲ့သည်။

သူ၏ သေနတ်ကစားသည့် စွမ်းရည်တို့ကလည်း မခေလှသဖြင့် ဤနေရာတစ်ဝိုက်၌ အတော်လေး နာမည်ကြီးလာသည်။

“ အီဗန် ပြောလာတာပဲ… သူက ဟွာရှကတဲ့… တော်တော်လေးလည်း ချမ်းသာမယ့်ပုံ ပေါက်တယ်ဆိုပဲ… အဲ့လူက ခဏနေဆို ဒီရောက်လာတော့မှာ… အခြေအနေဘယ်လိုလဲ ကြည့်ကြည့်ကြတာပေါ့…”

လီဖေးက ပိန်ပါးပြီး အရပ်ရှည်လျားခြင်း မရှိပေ။

အပေါ်ယံ ကြည့်မည် ဆိုပါက ကိုင်တွယ်ရ လွယ်ကူသည့် ကောင်လေးဟုသာ ထင်ရ၏။ သို့သော် ဤနှစ်များတစ်လျှောက်၌ သူ၏ မဆင်မခြင် မိုက်ရူးရဲဆန်မှုအပေါ် အမှီသဟဲပြု၍ ဤနေရာတွင် ခြေကုပ် ယူနိုင်ခဲ့လေသည်။

“ အချင်းချင်းတွေဆိုမှတော့ သတိထားစရာ လိုလို့လား..”

“ စည်းမျဉ်းက စည်းမျဉ်းပဲလေ… မင်း ချိုးဖောက်လို့မှ မရတာ…”

“ ငါ နားလည်ပြီ…”

သူတို့ စကားပြောနေစဉ် ဘီကီနီနှင့် ဖြူဖြူဖွေးဖွေး ရုရှား ကောင်မလေးတစ်ဦး ချဉ်းကပ်လာခဲ့သည်။

“ သူဌေး… ဟွာရှနှစ်ယောက်က နင့်ကို ရှာနေတယ်…”

“ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်လား…”

“ အင်း…” ကောင်မလေးက မျက်တောင်ခတ်၍ “ ကောင်လေးက သိပ်ချောတာပဲ…”

လီဖေး ခေါင်းညိမ့်လိုက်သည်။ “ သူ့ကို ဒီလာခဲ့ခိုင်းလိုက်…”

“ အိုကေ…”

မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီနှင့် နင်ချဲ့တို့ လီဖေးထံ ရောက်လာခဲ့သည်။

သူ လင်းရီတို့ နှစ်ဦးကို အကဲခတ်ကြည့်လိုက်၏။ နင်ချဲ့၏ ကိုယ်လုံးကိုယ်ပေါက်နှင့် သွင်ပန်းသဏ္ဌာန်က လီညီအစ်ကို နှစ်ယောက်ကို မျက်လုံး အရောင် လက်ခနဲ ဖြစ်သွားစေခဲ့သည်။

ထိုသို့သော ပေါက်ကွဲထွက်နေသည့် ဘော်ဒီ အချိုးအစားက ဥရောပနှင့် အမေရိကားရှိ အမျိုးသမီးတို့ထက်ပင် သာလွန်နေသေးသည်။

“ မင်းတို့က ပစ္စည်း ဝယ်ချင်နေတဲ့ လူတွေလား..”

“ အင်း … တကယ်လို့ စည်းမျဉ်းတွေ ရှိရင် ဒီတိုင်းပြောလိုက်…”

လင်းရီ၏ တည့်တိုးဆန်သည့် စကားလုံးများကို ကြားတော့ စိတ်ဝင်စားစရာ ကောင်းသည်ဟု လီဖေး ခံစားလိုက်ရသည်။

“ စည်းမျဉ်းတွေကို လူကပဲ ချမှတ်တာ… ညှိနှိုင်းဆွေးနွေးလို့ မရတဲ့ အရာဆိုတာ မရှိပါဘူး..”

လီဖေး ပြောပြီးနောက် နင်ချဲ့ကို ကြည့်လိုက်ကာ “ မင်း ဒီ မိန်းကလေးကို ငါနဲ့ ဒီည ထားခဲ့ရင် မင်းတို့နှစ်ယောက်အတွက် ငါ ဖန်တီးပေးမယ်…”

လီတုန်း ပြုံးတုံ့တုံ့ဖြင့် သူ၏ လက်ကို နင်ချဲ့ထံ ဆန့်တန်းလိုက်သည်။

“ ဒီလောက် လန်းတဲ့ ကောင်မလေးမျိုး မထိတွေ့ရတာ တော်တော်ကြာနေပြီ…”

လင်းရီ သူ့ခါးနောက်ရှိ ဓားမြောင်ကို သာမန်လျှံကာ လှမ်းယူပြီး ရယ်မောလိုက်၏။

“ မင်းသူ့ကို ထိရဲရင် ငါမင်းလက်ကို ခုတ်ဖြတ်ပစ်မယ်… မင်း မယုံရင် ကြိုးစားကြည့်လိုက်…”

ထိုစကားလုံးများ ပြောကြားပြီးသည်နှင့် လီတုန်းလည်း သူ၏ လက်က လေထဲတွင် တန်းလန်း ဖြစ်သွားခဲ့သည်။ ဘားထဲရှိ ကျန်သူများလည်း ရုတ်ချည်း တိတ်ဆိတ်ကုန်ကြပြီး လင်းရီနှင့် နင်ချဲ့ထံ ချဉ်းကပ်လာခဲ့ကြ၏။

“ မလိုဘူး… ငါတို့က အချင်းချင်းတွေ… ရေးကြီးခွင်ကျယ် မလုပ်ကြနဲ့..”

လီဖေး သူ၏ လက်အောက်ငယ်သားများအား ရပ်တန့်လိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။

“ ညီကို… မင်း သတ္တိတော်တော်ကောင်းတာပဲ… ငါ့ ပိုင်နက်ထဲမှာတောင် ငါ့ညီကို ခြိမ်းခြောက်ဝံ့နေတယ်… ငါတို့ အားလုံးက ဟွာရှန့်လူမျိုး ဖြစ်သွားတာနဲ့ပဲ မင်းတို့ကို ငါ ဘာမှ မလုပ်ဘူးလို့ ထင်နေတာလား…”

“ အပေးအယူက မဖြစ်ဘူးဆိုရင်တောင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရဦးမှာပဲ… ဒီ ပစ္စည်းတွေဝယ်လို့ရတာ မင်းတို့တစ်ယောက်တည်းပဲ မဟုတ်ဘူး…”

လင်းရီ သူ၏ ဓားမြောင်ဖြင့် လက်သည်းများအား တံစဉ်းတိုက်လိုက်ပြီး “ ဒါပေမယ့် ငါ ဒီစကားပဲ ထပ်ပြောလိုက်မယ်… မင်း သူ့ကို ထိဝံ့တယ်ဆိုရင် ငါမင်းရဲ့လက်ကို ခုတ်ဖြတ်ပစ်မယ်…”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

( လက်ခုပ်တီးသံ )

လီဖေး လက်ခုပ်တီးလိုက်သည်။ “ မင်း ငါ့ဆီက ပစ္စည်းဝယ်ချင်နေတာ မဆန်းတော့ပါဘူး… မင်းက တော်တော်လေး သတ္တိတော့ ကောင်းသားပဲ… အဲ့လိုဆိုမှတော့ ငါ မင်းရဲ့ ဇကို စမ်းသပ်ကြည့်ရတာပေါ့… မင်း နိုင်ရင် ငါမင်းကို အဲ့ဒီဥစ္စာတွေ အလကား ပေးလိုက်မယ်…”

“ ဘယ်လို စမ်းသပ်မှာ.. “

လီဖေး သူ၏ ခါးနောက်ကျောမှ ခြောက်လုံးပြူး တစ်လက်အား ထုတ်လာခဲ့ပြီး “ ရူရှန် ရူးလ်လက်( Ruxian Roulette ) … မင်း အရင်က ကြားဖူးမှာပါ … ဖြစ်ချင်တော့ ငါ့ ညီကလည်း သေနတ်တွေမှာ ကျွမ်းကျင်တဲ့လူဆိုတော့ မင်းတို့နှစ်ယောက် စမ်းကြည့်ကြရင် ဘယ်လိုလဲ…”

လီဖေး ပြောလိုက်ပြီး “ တကယ်လို့ မင်းနိုင်ရင် ငါမင်းကို အလကားပေးလိုက်မယ်… မင်း ရှုံးရင် ဒီ မိန်းကလေးက ငါ့အပိုင် ဖြစ်ပြီ…”

“ ရတယ်လေ..” လင်းရီ တုံ့ဆိုင်းခြင်း မရှိ သဘောတူလိုက်သည်။

နင်ချဲ့ ကုလားထိုင် တစ်ခု ဆွဲထုတ်၍ ဘေးရှိ လွတ်နေသည့် စားပွဲတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် မေးနှစ်ဖက်ထောက်ထားရင်း နှစ်ယောက်ကြားရှိ ပြိုင်ပွဲ စတင်မည်ကို စောင့်ဆိုင်းနေသည်။

လီတုန်းက စားပွဲပေါ်ရှိ ခြောက်လုံးပြူးကို ကိုင်၍ နင်ချဲ့ထံ ပြုံးပြလိုက်၏။

“ အလှလေး … မင်း ကြည့်ရတာ စိုးရိမ်နေတဲ့ပုံလည်း မပေါ်ပါ့လား…”

“ သူ ငါနဲ့ ရှိရင် ငါ ဘယ်တော့မှ မကြောက်ဘူး..”

“ ဟားဟား… မင်း ဒီကောင့်ကို တော်တော် ယုံကြည်နေတာပဲ…” လီတုန်း ရယ်မောလိုက်ပြီး “ ငါလည်း စိန်ခေါ်ရမှာ မကြောက်ဘူး… ဒီနှစ်တစ်လျှောက်လုံး ဒီ ကစားနည်းမှာ ငါ ရှုံးခဲ့တယ်ဆိုတာ မရှိဘူး… ငါ့လက်ထဲမှာ လူ အယောက် ၂၀ ကျော် သေခဲ့ပြီးပြီ…”

လီတုန်း ကြွားဝါ၍ ပြောနေသည်ဟု လင်းရီ မထင်။

ရုရှားနိုင်ငံကို အကြမ်းစား နိုင်ငံဟု သမုတ်ကြရခြင်းက သူတို့၏ မာနကြီးမှု၊ သတ္တိကြီးမှု ၊ မည်သည့်အရာပဲ ဖြစ်ပျက်လာပါစေ၊ ရင်ဆိုင်ဖြေရှင်းနိုင်သည်ဟု ကြွေးကြော်ဝံ့ကြသောကြောင့်ပင်။ သူတို့ မကစားဝံ့သည် အရာဟူ၍ မရှိပေ။ အသက်နှင့်ပင် ဆော့ကစားရဲကြသည်။ အဆုံးတွင် လူ အများစုက မည်သို့ သေလိုက်ကြရမှန်းပင် မသိဘဲ သေကြေပျက်စီးသွားခဲ့ကြရ၏။

မဟုတ်ပါက ထို ငနဲကြီးများသည် ဗော့ကာကို တပိုးနင့်အောင် သောက်ကြလိမ့်မည် မဟုတ်ချေ။ လင်းရီပင် တော်ရုံ ထိုသို့ မလုပ်ဝံ့ချေ။

“ အဲ့တာဆို နင် သူ့ကို နိုင်မယ့် အခွင့်အလမ်းက ပိုတောင် နည်းသွားပြီ… နင်နဲ့ သူနဲ့က အဆင့်ချင်း မတူဘူး..” နင်ချဲ့ မိန်းမောတွေဝေစွာ ပြောလိုက်သည်။

လင်းရီ၏ နိမ့်ချပြီး ရှုမြင်ခံရသည်ကို လီတုန်း လက်ခံနိုင်သည်။ သို့သော် ဤသို့သော လုံးကြီးပေါက်လှ ပျိုကညာ၏ အထင်သေးခြင်းကို ခံလိုက်ရသည်ကတော့ အလွန်တရာ ရှက်ဖို့ ကောင်းလှသည်။

“ ဘာမို့လို့ ငါက သူနဲ့ အဆင့်ချင်း မတူလို့ ပြောရတာလဲ မိန်းကလေး…”

“ နင့်လက်ထဲက သေနတ်က လူနှစ်ဆယ်ကျော်ရဲ့ အသက်ကို ယူထားတယ်.. ဒါပေမယ့် သူ့ဘောင်းဘီထဲက သေနတ်က အသက် နှစ်ဆယ်ကျော်ကို ဖန်တီးထားပြီးပြီ … အဲ့ဒါ ကွာဟချက်ပဲ…” နင်ချဲ့ အိပ်မက်ဆန်ဆန် ပြုံးလိုက်ရင်း ထိုင်နေသည့် ခါးကို အနည်းငယ် ယိမ်းလိုက်ကာ မြင်ရသူတိုင်းအား တွန်းလှဲပစ်ချင်စိတ်များ ပေါက်ဖွားလာစေတော့၏။

“ ယောက်ျားတွေ အဲ့ဒီ သံဘောလုံးတွေနဲ့ ကစားနေကြတာ ဘာများ ကောင်းလို့…”

လီတုန်း၏ အမူအရာမှာ ထူးဆန်းသွားခဲ့၏။ သူ ငြင်းဆန်းချင်သော်လည်း မည်သို့ ပြန်ငြင်းရမှန်း မသိဖြစ်နေသည်။

လင်းရီ ပြုံးလိုက်မိသည်။ နင်ချဲ့၏ လျှာစောင်းထက်ပုံက သာမန်လူတို့ တောင့်ခံနိုင်သည့် အရာတစ်ခု မဟုတ်ချေ။

“ ဟားဟား… ဒါပေမယ့် ဒီနေ့ ငါနဲ့ တွေ့ပြီးသွားရင် သူတော့ ဒုက္ခိတ ဖြစ်သွားမှာကို စိုးရိမ်မိပါရဲ့…”

“ ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့…”

နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ သူ သေသွားခဲ့ရင် ဒီည ငါက နင့်အပိုင်ပဲ… နင့်ကို သခင်တစ်ယောက်လိုမျိုး ပြုစုပေးမယ်လို့ အာမခံတယ်…”

“ ဟင်း ဟင်း ဟင်း… အလှလေး … မင်း စကားကို ပြန်မရုတ်သိမ်းရဘူးနော်…”

လီတုန်း သူသာ သိမည့် အထာမျိုးနှင့် ရယ်မောလိုက်၏။

ဘားအတွင်းရှိ လူတိုင်းလည်း ရယ်မောလိုက်ကြသည်။

ဒီကောင်က ဒုတိယ အစ်ကိုနဲ့ သေနတ် ပြိုင်ကစား ချင်နေတယ်ပေါ့။ ဒါ သေလမ်းရှာနေတာပဲ။ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ။

ထိုအကြောင်းတွေးမိတော့ လီဖေး၏ လက်အောက်ငယ်သားများက နင်ချဲ့ကို ထပ်မံ ကြည့်လိုက်ကြ၏။

ဒီ သွားရည်ယိုဖို့ကောင်းတဲ့ အလှလေးကတော့ ဒီနေ့ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။

သူဌေး နှစ်ယောက် ကစားလို့ ဝရင် ငါတို့ အလှည့် ရောက်မှာ သေချာတယ်။ အားပါးပါး ။ အလှလေးရဲ့ အသွေးအသားက ဘယ်လိုအရသာ ရှိမလဲ အားပါးတရ မြည်းကြည့်ချင်စမ်းပါဘိ။

လီတုန်း အေးစက်စက် နှာမှုတ်၍ လင်းရီကို ကြည့်လိုက်သည်။

“ စည်းမျဉ်းက ဒီအတိုင်းပဲ…” လီတုန်း ခြောက်လုံးပြူးကို ကိုင်၍ “ ငါ အထဲမှာ ကျည်တစ်တောင့်ထည့်ပြီး လည်လိုက်မယ်… ပြီးရင် ငါတို့ ခေါင်းတွေ ချိန်ပြီး အလှည့်ကျ ပစ်ကြမယ်… အသက်ရှင်တဲ့လူက အနိုင်…”

“ ပြဿနာ မရှိဘူး…”

လီညီအစ်ကို၏ လက်အောက်ငယ်သားများ အားလုံးက ပြုံးဖြီးနေကြသည်။ သို့သော် သာမန် လူတစ်စုကတော့ နည်းနည်းလေး အံ့အားသင့်နေခဲ့ကြ၏။

တကယ်လို့ တစ်ယောက်ယောက်သာ ကံဆိုးသွားခဲ့ရင် ဂိမ်းကစားနေတဲ့လူက ချက်ချင်း သေသွားမှာ မဟုတ်လား။

ဒါ နည်းနည်းလေး မလွန်လွန်းဘူးလား။

ဒီကောင်တွေက သူတို့ အသက်ကို ဘာမှမဟုတ်တဲ့အတိုင်း လောင်းကြေးထပ်နေကြတယ်။ ဒီလူတွေ တော်တော် သတ္တိကောင်းကြတာပဲ။ မဟုတ်ဘူး။ တော်တော် ရူးမိုက်ကြတာပဲ။

သို့သော် ထိုမြင်ကွင်းကြည့်နေကြသည့် ရုရှား တစ်အုပ်စုကလည်း ရှိသေး၏။ သူတို့အားလုံး လက်ခုပ်လက်ဝါးတီး၍ အားပေးချီးမြောက်လိုက်ကြပြီး ဗော့ကာ ပုလင်းကြီးများ ကိုင်မြောက်ကာ ၎င်းတို့၏ ရဲရဲနီသည့် သတ္တိကို လေးစားသမှု ပြုပေးနေကြသည်။

ထိုအခိုက်အတန့်တွင် နင်ချဲ့၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့၏။

သို့သော် သူမက သူ့ကို တစ်ချိန်လုံး ယုံကြည်ခဲ့ပြီး ယခု အခိုက်အတန့်တွင်လည်း ခြွင်းချက် မရှိခဲ့ချေ။

သို့ပေမယ့် သူမ နားမလည်သည်က လင်းရီ အဘယ်ကြောင့် ယခုလို ပြုမူနေရတာလဲ ဆိုတာကိုပင်။ သူ၏ ပြည့်ဝနေသည့် ယုံကြည်ချက်တို့က မည်သည့်နေရာကနေ ရောက်လာခဲ့သနည်း။

ထိုကဲ့သို့သော အခြေအနေအောက်တွင် လင်းရီ ညစ်ပတ်လှည့်ဖျားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

“ စည်းမျဉ်းတွေကို ငါနားလည်တယ်… ပြဿနာ မရှိဘူးဆိုရင် အခု ချက်ချင်း စလိုက်လို့ရပြီ..” လင်းရီ တည်ငြိမ်စွာ ပြောလိုက်သည်။

လီတုန်း သေနတ်ကို ကိုင်၍ အထဲသို့ ကျည်တစ်တောင့် ထည့်လိုက်၏။ ထို့နောက် လည်ပြီး ပိတ်၍ လင်းရီထံ ကမ်းပေးလိုက်သည်။

“ မျှမျှတတ ရှိသွားအောင် ငါမင်းကို အရင် စခွင့် ပြုလိုက်မယ်… ဒါမှ ငါမင်းကို အနိုင်ကျင့်တယ်ဆိုပြီး ပြောလို့ မရမှာ…”

လီတုန်း နှာမှုတ်၍ ပြောလိုက်ပြီး လင်းရီကို အထင်သေးနေသကဲ့သို့ ရှိသည်။

လီတုန်း၏ စကားတို့က မမှားချေ။

ဖြစ်နိုင်ချေရှိသည့် အမြင်က ကြည့်မည်ဆိုပါက ပထမ အကြိမ် စတင် ပစ်ခတ်သည့်လူ၌ အားသာချက် ရှိသည်။ ယင်းက ဘာကြောင့်လဲဆိုတော့ တစ်ဖက်သူ၏ ကျည်ထည့်ထားသည့်အိမ်နှင့် ကျနိုင်သည့် အခွင့်အရေးက ခြောက်ပုံ တစ်ပုံမျှသာ ရှိနေသောကြောင့်ပင်။ ဒုတိယ အကြိမ် ပစ်ခတ်သည့် လူ၌ ကျည်ထည့်ထားသည့်အိမ် နေရာနှင့် ကျနိုင်သည့် အခွင့်အရေးက ငါးပုံ တစ်ပုံ ၊ ထို့နောက် လေးပုံ တစ်ပုံ အစရှိသဖြင့် ….. တသတ်မှတ်တည်း ပြောမရသော်လည်း ဦးဆုံး စတင်သူက အားသာချက် ရှိသည်ကတော့ အမှန်ပင်။

လီတုန်း၏ လက်ထဲက ခြောက်လုံးပြူးကို ယူ၍ လက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။ ထို့နောက် ခြောက်လုံးပြူးကို ဖွင့်၍ အထဲရှိ ကျည်အိမ်များအား ကြည့်လိုက်၏။

“ မင်း ငါ့ကို အရင်ပစ်စေချင်တာ သေချာလား….”

All Chapters