← Chapters

ညဉ့်ယံချိန် တိုက်ခိုက်မှု

Vol. 99 Ch. 1474

ညဉ့်ယံချိန် တိုက်ခိုက်မှု

Vol. 99 Ch. 1474

“ အဲ့တာတွေ မလိုဘူး… ဒီတိုင်း ငါလိုချင်တာပဲ ပေးလိုက်…”

“ ဒါပေါ့… ငါ့နောက် လိုက်ခဲ့ပေးပါ…”

လီဖေးက လင်းရီကို မြေအောက်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး နာရီဝက်ကြာတော့ ပြန်ထွက်လာခဲ့၏။

ထို့နောက် ဘားထဲကနေ နင်ချဲ့နှင့်အတူ ထွက်လာခဲ့ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

“ Makarovs လား…”

လင်းရီ ပြန်ယူလာသည့် သေနတ်နှစ်လက်ကို လက်ထဲတွင် ကစားရင်း နင်ချဲ့ မေးလိုက်၏။

“ ဒါတွေက တော်တော်လေးတော့ ကောင်းပါတယ်… ဒါပေမယ့် နည်းနည်းလေး ဒိတ်အောက်နေပြီ..”

“ ရောင့်ရဲတက်စမ်းပါဟ… ဒီကောင်တွေက အစွမ်းအစ သိပ်ရှိတာ မဟုတ်ဘူး… ငါဖြင့် ဒီနှစ်လက် ရနိုင်တာကိုပဲ တော်တော်လေး အထင်ကြီးလှပြီ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဝမ်မြန်နဲ့ တခြားသူတွေက သံနဲ့ ထုထားတာမှ မဟုတ်တာ.. ငါ သူ့ကို သေနတ်နဲ့ ချိန်ထားရင် သူတောင် ငါ့ကို ပါပါးလို့ ခေါ်ရဦးမယ်..”

“ အမှန်ပဲ… စွန်းမန်လုံနဲ့ တခြားသူတွေ ကိုင်တဲ့ သေနတ်တွေထက်စာရင်တော့ မဆိုးပါဘူး..”

လင်းရီ မတ်တပ်ရပ်၍ ကိုယ်ညောင်းကိုယ်ညာ ဆန့်လိုက်သည်။

“ ပြင်ဆင်ဖို့ လိုအပ်တာတွေ အကုန်လုံးလည်း ရယ်ဒီ ဖြစ်ပြီ.. ချီကြီးအပေါ်ပဲ မူတည်တော့တယ်…”

“ အခု … အကုန်လုံးလည်း ပြင်ဆင်ထားပြီးပြီဆိုတော့ ငါတို့နှစ်ယောက် တစ်ခုခု လုပ်သင့်တယ်လို့ မထင်ဘူးလား…” နင်ချဲ့ ဆွဲဆောင်မှုရှိစွာ ပြောလိုက်၏။

“ အေးဆေးပေါ့… ငါအရင် ရေချိုးပါရစေဦး…”

“ မချိုးနဲ့… မဟုတ်ရင် ငါ့လျှာက ဘာလုပ်ဖို့ သွားထားတော့မှာ…”

နင်ချဲ့ လင်းရီကို စကားပြောရန်ပင် အခွင့်မပေးဘဲ သူ့ကို ကုတင်ပေါ်သို့ တွန်းလှဲ၍ အပေါ်ကနေ တက်စီးလိုက်သည်။ ထို့နောက် အခန်းတွင်းရှိ လေထုက ချက်ချင်းဆိုသလို ပူပြင်းအဟုန်ထန်လာလေတော့၏။

……….

နောက်တစ်နေ့ နံနက်ခင်း ဆယ်နာရီ အချိန်တွင် အိပ်ချင်မူးတူး ဖြစ်နေသည့် လင်းရီသည် နင်ချဲ့၏ အထူးနည်းလမ်း တစ်ရပ်ဖြင့် အိပ်ရာက နိုးခြင်းကို ခံလိုက်ရ၏။

“ မင်း ငါ့ကို နည်းနည်းလေး အနားပေးလို့ မရဘူးလား… မြည်းထုတ်လုပ်ရေး အသင်းဆိုရင်တောင်မှ သူတို့ကို မခိုင်းခင် စားဖို့ သောက်ဖို့တော့ လုပ်ပေးသင့်တာပေါ့…”

“ မစားခင် ပထမ တစ်ချီ အရင် သွားကြစို့.. ဒီလောက် ကောင်းတဲ့ နံနက်ခင်းလေးကို ငါတို့တွေ ဖြုန်းတီးလိုက်လို့ ဘယ်ဖြစ်မှာ…” နင်ချဲ့ တစ်ခုခုကို ငုံထားသည့် အသံဖြင့် မပီတပီ ပြောလိုက်သည်။

ဤ မနက်ခင်း ပထမတစ်ချီကလည်း နေ့လည်ကျော်မှ ပြီးဆုံးသွားခဲ့သဖြင့် နှစ်ယောက်လုံး မနက်စာ လွတ်သွားခဲ့ကာ နေ့လည်စာ တန်းစားလိုက်ကြရသည်။

သို့သော် ထိုအချိန်အတောအတွင်း လင်းရီမှာ ချီရှန်းကျောက်ထံက ဖုန်းကို မျှော်နေသော်လည်း ဝင်မလာခဲ့ချေ။

သူ မနေနိုင်ပဲ စိုးရိမ်ပူပန်လာခဲ့၏။

ထမင်းစားပြီးနောက် နှစ်ယောက်သား ရေပူစမ်းသို့ သွားရင်း အချိန်ဖြုန်းလိုက်ကြသည်။ သို့သော် သူ ကိုယ်တစ်ဝက်သာ စိမ်နိုင်ခဲ့၏။ နင်ချဲ့က ဝိတ်တော်တော်လေး တက်လာသဖြင့် ခန္ဓာကိုယ်ရှိ ကောက်ကြောင်းတို့က သိသိသာသာ ရှိလာခဲ့ကာ ဝိဉာဏ်အထိပင် လှုံ့ဆော်နေလျက် ရှိတော့၏။

“ နင် ပျော်တာ မလုံလောက်သေးဘူးလား..” နင်ချဲ့ လူကို ကလူမြူဆွယ်သည့် မျက်ဝန်းတို့ဖြင့် ကြည့်လျက် “ ဒါမှမဟုတ် ငါ အဝတ်အစား နည်းနည်းလောက် ဝယ်ပြီး ပြန်ရင် ငါတို့တွေ တခြား ဂိမ်း ကစားကြည့်ကြရင်ကော…”

“ တော်တော်ကောင်းတဲ့ အစီအစဉ်ပဲ..”

“ ဒါဆို အခုသွားကြစို့.. ခဏဆို မှောင်တော့မယ်…”

ကလင် ကလင် ကလင်…

သူတို့ နှစ်ဦး ထွက်ခွာတော့မည့် အချိန်တွင် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။

ချီရှန်းကျောက်က ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။

“ ဥက္ကဌလင်း… ဝမ်မြန် ဘယ်မှာရှိလဲဆိုတာ ကျုပ်တို့ သိရပြီ…”

လင်းရီ၏ မျက်နှာ ဝင်းလက်သွားခဲ့သည်။ “ ဘယ်မှာလဲ…”

“ ခရမ်လင်းနဲ့ မျက်နှာချင်းဆိုင် နီကိုးလ်စ်ကာရာ ဟိုတယ်ရဲ့ အခန်း ၁၂၀၈ မှာ…”

“ ကောင်းပြီ… ငါ နားလည်ပြီ…” လင်းရီ ပြောလိုက်ပြီး “ သစ် တင်သွင်းမယ့် ကိစ္စရော ဘယ်လို ရှိပြီလဲ…”

“ ကျုပ်တို့လည်း မနေ့ မနက်ခင်းတုန်းကမှ ရောက်တာ… ဒါပေမယ့် တစ်ဖက်အုပ်စုက ကျုပ်တို့နဲ့ တွေ့ဖို့ အချိန်မရှိသေးလို့ ဒီနေ့ တွေ့ဖို့ စီစဉ်ထားတယ်… ဒါပေမယ့် လင်းယွင်အုပ်စု ကမ်းလှမ်းထားတဲ့ ဈေးက တအားမြင့်တော့ သူတို့ ကနေဦး အပေးအယူ နှောင့်ယှက်ခံလိုက်ရပြီး ကျုပ်တို့ဘက် စယိမ်းလာနေပြီ…”

“ ဈေးကို ဆက်မြင့်ပေးပြီး ဒီ အပေးအယူကို မြန်နိုင်သမျှ မြန်မြန်ရအောင်လုပ်…. ငါတို့ အမြတ် မကျန်ရင်လည်း ကိစ္စ မရှိဘူး…”

“ ဥက္ကဌလင်း… စိတ်ချပါ… တကယ်လို့ အမြတ်မကျန်ရင်တောင် အရှုံးတော့ မရှိစေရဘူး… ဒီ အပိုင်းမှာ ယွမ်ယွမ်ရဲ့ အစွမ်းအစနဲ့ဆိုရင် ပြောစရာကို မလိုတာ…” ချီရှန်းကျောက် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ဘက်ပေါင်းစုံ အမြင်နှင့် နိုင်ငံတကာ အမြင်အရတော့ ဟော်ယွမ်ယွမ်က ချီရှန်းကျောက်ကို လိုက်လို့ မမီချေ။

သို့သော် ငွေကြေး ကဏ္ဍတွင်တော့ အနှီ ဟော်ယွမ်ယွမ်က လုံးဝဥဿုံ ကြီးစိုးထားနိုင်စွမ်း ရှိသည်။

“ ဒါဆိုလည်း သူ့ကို ပြောလိုက်… တကယ်လို့ ဒီ ပရောဂျက်သာ အဆင်ပြေသွားခဲ့ရင် သူ့ကို ဆစ်ပတ်ရှိတဲ့ ရှောင်ကောကောတွေနဲ့ မိတ်ဆက်ပေးမယ် ပြောလိုက်….”

“ အာ…. ယွမ်ယွမ်က ဥက္ကဌကောင်းရဲ့ ကောင်မလေး မဟုတ်လား… ဒါ သိပ် မကောင်းဘူးနော်…”

“ အဲ့ကောင်းကြီးကို မေ့ထားလိုက်… တကယ်လို့ ဒီ ပရောဂျက်သာ အောင်မြင်သွားရင် သူ ငါနဲ့ အိပ်ချင်ပါတယ်ဆိုရင်တောင် အိပ်ပေးလိုက်မယ်…”

“ အာ…. အဟွတ်… ဒါဆို ကျုပ် ဥက္ကဌလင်းရဲ့ နှုတ်အမိန့်ကို ယွမ်ယွမ်ဆီ လက်ဆင့်ကမ်းပေးလိုက်ပါ့မယ်…”

“ အင်း ဆက်လုပ်… ဘယ်လိုပဲဖြစ်ဖြစ် ဒီ အပေးအယူကို မြန်မြန်ရအောင် လုပ်ရမယ်… အချိန် အများကြီး မဖြုန်းနဲ့…”

“ ဟုတ်ကဲ့ ဥက္ကဌလင်း…”

ဖုန်းချပြီးနောက် နင်ချဲ့၏ အမူအရာသည် တည်ကြည်လေးနက်လာခဲ့၏။ “ ဝမ်မြန် ဘယ်မှာနေလဲ နင်သိရပြီလား…”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ အဆင်သင့် လုပ်ထား… ငါတို့အခုပဲ သွားကြမယ်…”

နှစ်ယောက်သား ရေပူစမ်းထဲက ထွက်လာခဲ့ကြပြီး အဝတ်များ ဝတ်ဆင်လိုက်ကြသည်။ ထို့နောက် အခန်းထဲသို့ ပြန်လာ၍ အဝတ်များ လဲပြုလိုက်ကြပြီး အပြင်သို့ ထွက်လာကြ၏။

ထိုအချိန်တွင် သူမ၏ လည်ပင်း၌ စူးရှသည့် နာကျင်မှုကို နင်ချဲ့ ခံစားလိုက်ရပြီး သတိလစ် မေ့မြောသွားခဲ့ကာ အိပ်ရာပေါ်တွင် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် လဲလျောင်းနေလိုက်ရ၏။

နင်ချဲ့၏ ကိုယ်ကို နေသားတကျ ပြုပေးရင်း လင်းရီ သူ့ကိုယ်သူ အဝတ်တို့ဖြင့် တင်းကြပ်စွာ ဖုံးအုပ်ထားလိုက်သည်။ ထို့နောက် မာ့စ်တစ်ခု တပ်ရင်း ခေါင်းငုံ့လျက် ဟိုတယ်ထဲက မသိမသာ ထွက်လာခဲ့၏။

ဝမ်မိသားစုက ယခင်ကကဲ့သို့ စွမ်းပကား ကြီးမြတ်ခြင်း မရှိတော့သော်လည်းပဲ ဆင်ပိန် ကျွဲလောက်တော့ ကျန်နေသေးသည်။ လျန်မိသားစုက သူတို့နှင့် ယှဉ်ပြိုင်နိုင်သည်ဆိုသော်လည်းပဲ နင်မိသားစုကတော့ မရချေ။

အကယ်၍ သူမကို လိုက်ပါလာခွင့် ပြုလိုက်မည် ဆိုပါက သူမသည် အနာဂတ်တွင် ဝမ်မိသားစု၏ ဖိနှိပ်ချင်းကို ကျိန်းသေပေါက် ခံရလိမ့်မည်။ ထို့ကြောင့် နင်ချဲ့ကို ပါဝင် ပတ်သက်ခွင့် မပြုရန် လင်းရီ ဆုံးဖြတ်ချက် ချလိုက်ရခြင်းပင်။

သူ တစ်ဦးသာလျှင် ဤကိစ္စကို ဖြေရှင်းမည်။

ထို့နောက် လင်းရီ ကြိုတင်ယူဆောင်လာသည့် ပိတ်ကျဲနှင့် အရောင်လျော့ဆေးကို ထုတ်လိုက်ပြီး အနာကို ဆေးကြော၍ ဆေးထည့်လိုက်၏။ ထို့နောက် ခွန်အား ယုတ်လျော့ခြင်းမှ ကာကွယ်ရန်အလို့ငှာ ပိတ်ကျဲကို ထပ်ခါတလဲလဲ တင်းကြပ်စွာ ပတ်ထားလိုက်သည်။

အရာအားလုံး အဆင်သင့် ဖြစ်တော့ လင်းရီ တက္ကစီ စီး၍ ချီရှန်းကျောက် ပေးသည့် လိပ်စာအတိုင်း နီကိုးလ်စ်ကာရာ ဟိုတယ်သို့ ရောက်ရှိလာသည်။

ဟိုတယ်၏ ဒီဇိုင်းနှင့် ပတ်သက်၍ စကားနှစ်ခွန်းနှင့် ဖော်ပြရမည် ဆိုပါက ရိုးရှင်းပြီး ခမ်းနားသည်။ နာမည်ကြီး ကြယ်ငါးပွင့် ဟိုတယ်လည်းဖြစ်၊ ခင်းကျင်းထားသည့် မီးအလင်းရောင်တို့ဖြင့် ဟိုတယ်ရှေ့တွင် ရပ်နေရင်း လူကို ပေးစွမ်းနေသည့် ရသမှာ နီကိုးလ်စ်ကာရာ ဟိုတယ်၏ ဈေးကြီးလှသည့် နှုန်းထားဖြင့် ကိုက်ညီသည်ဟူသော ခံစားချက်မျိုးပင်။

ဟိုတယ်၏ အပြင်ဘက်တွင် လင်းရီ သူ ဝတ်ထားသည့် ထူထဲသော အနက်ရောင် ဂျက်ကတ်က ခေါင်းစွပ်ကို အပေါ်သို့ စွပ်ထားပြီး လက်နှစ်ဖက်ကိုလည်း အိတ်ထောင်ထဲ ထည့်ထား၏။ ထို့နောက် ခေါင်းငုံ့ရင်း တိတ်တဆိတ် လမ်းလျှောက်နေသည်။ အဆုံးတွင် ဟိုတယ်၏ အနောက်တံခါးနားသို့ ရောက်ရှိလာပြီး မြင်တွေ့နေရသည့် စောင့်ကြည့်ရေး ကင်မရာနှစ်ခုကို ဖျက်စီးလိုက်သည်။

ထို့နောက် မည်သူမျှ မရှိသည့် အခိုက်အတန့်၌ အနောက်တံခါးဖွင့်၍ တစ်ချက် စစ်ဆေးကြည့်ပြီး ဟိုတယ်ထဲ ဝင်ရောက်လိုက်၏။

ဝင်ရောက်ပြီးနောက် လင်းရီသည် တည်တည်ငြိမ်ငြိမ်ပဲ ဓာတ်လှေကားထံ ဦးတည်လိုက်သည်။ သူ၏ အမူအရာက စီးပွားရေး ကိစ္စ လာရောက်ဆွေးနွေးမည့် သူဌေးကြီး တစ်ဦးကဲ့သို့ ဖြစ်နေတော့၏။

မကြာမီ ဆယ့်နှစ်လွှာသို့ ရောက်ရှိလာပြီး ဝမ်မြန်၏ အခန်းရှိရာဘက်သို့ ဦးတည်လိုက်သည်။

…………..

အခန်း ၁၂၀၈။

လီနာက ဝမ်မြန်အတွက် ဖျော်ပြီးသား ကော်ဖီတစ်ခွက်ကို သယ်လာခဲ့ပေးသည်။

“ သခင်လေးရှင့်…”

ဝမ်မြန် ခေါင်းညိမ့်၍ ကော်ဖီ တစ်ငုံသောက်လိုက်ရင်း ဖုန်းကို ဆက်ပြောသည်။

“ အချိန် ဒီလောက်ကြာနေပြီကို သူ့သတင်း ဘာမှ မကြားရသေးဘူးဆိုတော့ ကြည့်ရသာ ဒီကောင် မသေသေးဘူးနဲ့တူတယ်…”

“ ………….. “

“ အင်း… အဲ့တာလည်း ဆိုးတော့ မဆိုးပါဘူး… ပြောမရဘူး တစ်နေ့ သေသွားတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့…”

“ ငါ့ ဒီဘက်က အခြေအနေတွေကတော့ အားလုံး အိုကေတယ်… ညှိနှိုင်းနေတာ နောက်ဆုံး အဆင့်ကို ရောက်နေပြီ… အမှန်ဆို ဒီနေ့ ပြီးရမှာ တစ်ဖက်အုပ်စုက ဒီနေ့ ကိစ္စလေးရှိလို့ဆိုပြီး မနက်ဖြန် ရွေ့လိုက်လို့ … ဘယ်လိုပဲ ပြောပြော မင်း ဒီဘက်က အခြေအနေတွေကို စိတ်ချထားလို့ရတယ်… ငါ့ဘက်က စီးပွားရေး ကိစ္စတွေကတော့ ဘာ ပြဿနာမှ မရှိဘူး…”

“ ……… “

“ ငါ မင်းဆီက သတင်းကောင်းကို မျှော်နေမယ်…” ဝမ်မြန် ပြုံးလိုက်ပြီး “ ဘယ်လိုပဲ ပြောပြော ငါတို့နှစ်ယောက်က ကျုံးဝေ့တပ်ဖွဲ့မှာ တစ်ကြိမ်တစ်ခါက အတူ ရှိခဲ့ဖူးတဲ့ လူတွေပဲလေ… ဒီလောက် ကိစ္စ အကြီးစားကြီး ဖြစ်သွားမှာတော့ ငါ သွားပြီး တစ်ချက်လေးတော့ ကြည့်ပေးသင့်တာပေါ့… ပန်းခြင်းလေးဖြစ်ဖြစ် တစ်ခုခု ပို့လို့လည်း ရတာပဲ…”

“ ………… “

“ ကောင်းပြီ ဒါဆိုငါ ဖုန်းချလိုက်တော့မယ်.. မင်း ဖုန်း ဖွင့်ထားဖို့ မမေ့နဲ့…”

ဖုန်းချပြီးနောက် ဝမ်မြန်၏ စိတ်အခြေအနေမှာ နေလို့ကောင်းနေသည်။

“ လင်းရီရဲ့ ကံက တစ်ခုခုတော့ တစ်ခုခုပဲ… ဒီကောင် မသေသွားဘူး…”

“ စွန်းမန်လုံပြောတော့ သူ လင်းရီကို ရှင်းပြီးသွားပြီဆို…” လီနာ မေးလိုက်၏။

ဝမ်မြန် မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်ပြီး “ မဟုတ်ရင် ဒီကောင် ကံကောင်းတယ်လို့ ငါက ဘယ်ပြောမှာ… သေနိုင်လောက်တဲ့အထိ ဓားထိုးခံရပြီးတာတောင် အချိန်မီ ကယ်လိုက်နိုင်တယ်ဆိုပဲ… ငါကြားတာတော့ သူ့လက်မောင်းက ဒဏ်ရာက ဖြတ်တောက်ပစ်ရဖို့ များတယ်… ရလဒ်ကလည်း ဆိုးတော့ မဆိုးပါဘူး…”

All Chapters