← Chapters

ဖျက်ဆီးခြင်း

Vol. 99 Ch. 1475

ဖျက်ဆီးခြင်း

Vol. 99 Ch. 1475

“ ကြည့်ရတာ စွန်းမန်လုံကလည်း သုံးစားရတဲ့လူ ဖြစ်ပုံ မပေါ်ဘူး… ဒီလို တာဝန် အသေးစားလေးတောင် နှစ်ကြိမ် ကျရှုံးသွားသေးတယ်…” လီနာ ပြောလိုက်သည်။

“ သူ လင်းရီကို သတ်လိုက်နိုင်ရင် အကောင်းဆုံးပေါ့… ဒါပေမယ့် ကျရှုံးသွားလို့လည်း ကိစ္စ မရှိပါဘူး.. ဘာပဲဆိုဆို သူက လင်းရီနဲ့ ယှဉ်ရင် အားနည်းတယ်လေ…” ဝမ်မြန် ပြောလိုက်ပြီး “ ဒါပေမယ့် သူ ဒီလောက် အတိုင်းအတာအထိ လုပ်နိုင်တာကိုပဲ ငါ အများကြီး ကျေနပ်လှပြီ… ဘာပဲဆိုဆို လင်းရီက အခု ဒုက္ခိတ ဖြစ်သွားပြီ…”

“ ဒီက ကိစ္စပြီးရင် လီနာ သခင်လေးဖို့ ပြန်သွားပြီး သူ့ကို အဆုံးသတ်လိုက်ရမလား…”

“ အခု အရမ်း နောက်ကျသွားခဲ့ပြီ…” ဝမ်မြန် ပြောလိုက်ပြီး “ ဒီလောက် ကိစ္စအကြီးကြီး ဖြစ်သွားမှတော့ လျန်ရူရွှယ်နဲ့ ကျုံးဝေ့တပ်ဖွဲ့က လူတွေ ကျိန်းသေပေါက် လှုပ်ရှားပြီး သူ့ကို ကာကွယ်ပေးထားကြမှာ… တကယ်လို့ မင်း တိတ်တဆိတ် သွားလှုပ်ရှားလိုက်ရင် ငါတို့ကို ဖော်ထုတ်လိုက်သလို ဖြစ်သွားနိုင်သေးတယ်… အဲ့လိုဖြစ်လာပြီဆို မတန်ဘူး..”

“ လီနာ နားလည်ပါပြီ..”

“ စကားမစပ် စွန်းမန်လုံဆီက တခြား ဘာသတင်းတွေ ကြားရသေးလဲ…”

“ ခုထိတော့ ဘာမှ မကြားရသေးဘူး… သူ့ ကြည့်ရတာ အဲ့ဒီ ညပြီးကတည်းက ပျောက်နေတဲ့ပုံပဲ…” လီနာ ပြောလိုက်ပြီး “ ကျွန်မ နည်းနည်းလေးတော့ စိတ်ပူမိတယ်… တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့ကသာ သူ့ကို ရှာတွေ့သွားခဲ့မယ်ဆိုရင် လီနာတို့ဖို့ အရေးနိမ့်လာနိုင်တယ်…”

“ မင်း အဲ့အတွက် စိုးရိမ်စရာ မလိုဘူး.. ငါတို့ မိသားစုက လူတွေ ကျုံးဝေ့တပ်ဖွဲ့မှာ ရှိနေသေးတယ်လေ… သူတို့ ခုထိ စွန်းမန်လုံ အပေါ် မလှုပ်ရှားရသေးဘူး.. ဒါပေမယ့် မင်း သူ့ကို ရှာတွေ့အောင် မြန်မြန်ရှာတာ ကောင်းမယ်… ငါတို့ ဝမ်မိသားစုကို ထိခိုက်စေမှာ မဟုတ်ဘူးဆိုပေမယ့် သူ့ကို ကြိုပြီး နှုတ်ပိတ်ထားလိုက်တာက ပိုကောင်းတယ်…”

“ လီနာ နားလည်ပါပြီ..”

ဒေါက် ဒေါက် ဒေါက် …

နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။

“ ဘယ်သူလဲ..” လီနာ ပြောလိုက်၏။

“ ဟယ်လို… ဟိုတယ်ဘေလ်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေလို့ လာခဲ့တာပါ….”

တံခါး အပြင်ဘက်တွင် ရှိနေသည့် လူက ရုရှား ဘာသာစကားဖြင့် ပြောလာခဲ့သည်။

“ ဟိုတယ် ဝန်ထမ်းပြောတာ ဝန်ဆောင်မှု ဘေလ် ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ရှိတယ် ပြောတယ် သခင်လေး…” လီနာ ဘာသာ ပြန်ပေးလိုက်သည်။

“ ဘေလ်ကိစ္စနဲ့ ပြဿနာ ရှိနေတာလား…”

ဝမ်မြန် ခေါင်းမော့၍ လေးလေးနက်နက် သဘောထားမနေတော့ချေ။

“ ဘာဖြစ်တာလဲ တစ်ချက်သွားကြည့်လိုက်…”

လီနာ တစ်ဖက်သို့လှည့်ပြီး တံခါးဝထံ လျှောက်လှမ်းလာသည်။ ထို့နောက် ချောင်းကြည့်ပေါက်ကနေတစ်ဆင့် တစ်ချက် ကြည့်လိုက်၏။

ကောင်လေး တစ်ယောက်က သူမကို ကျောပေးထားရင်း သူ့နောက်တွင် ပါလာသည့် တွန်းလှည်းပေါ်ရှိ ပစ္စည်းများအား နေသားတကျ ဖြစ်အောင် ပြုလုပ်နေသည်။

လီနာ များများစားစား တွေးမနေတော့ဘဲ တံခါးကို ဖွင့်လိုက်သည်။ သို့သော် တံခါးဝ၌ ပိတ်ရပ်ထားရင်း မည်သူ့ကိုမျှ ဝင်ခွင့်မပြုမည့်ပုံပင်။

“ ဘာပြဿနာ. . . . . . “

သူမ စကား မဆုံးခင်မှာပဲ သူမအား နောက်ကျောပေးထားသည့် ကောင်လေးသည် ရုတ်တရက် သူမထံ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။ သူမ အော်ဟစ်တော့မည့် အချိန်တွင် လက်တစ်ဖက်က သူမ၏ ပါးစပ်ကို ရုတ်ချည်း အုပ်လာသည်။

လီနာ ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သို့သော် ရုတ်တရက် သူမ၏ လည်ပင်းထက်၌ အေးမြသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရပြီး သွေးတို့က ဖြန်းကနဲ ပန်းထွက်လာသည်။ မြင်ကွင်းက အလွန်တရာ ဝမ်းနည်းဖို့ ကောင်းလှသည်။

လီနာ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။ မရေမတွက်နိုင်သည့် သတ်ဖြတ်နည်းစနစ်များကို ကျွမ်းကျင်ထားသည့်လူ ဖြစ်သည့် အလျောက် သူမ၏ လည်ပင်းရှိ သွေးလွတ်ကြော ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်ကြောင်း ကောင်းစွာ သိလိုက်သည်။ ခန္ဓာကိုယ်ထဲရှိ အားအင်တို့က ရုတ်ချည်း ဆုတ်ယုတ်လာခဲ့ပြီး သူမ ခုခံချင်သော်ငြားလည်းပဲ ခွန်အားအနည်းငယ်သော်မျှ ညှစ်မထုတ်နိုင် ဖြစ်နေသည်။

လီနာ၏ ကိုယ်က ကြမ်းပြင်ပေါ် ပစ်လဲကျသွားခဲ့၏။ မသေသွားဘူးဆိုသော်လည်းပဲ သေမင်း နှုတ်ခမ်းဝသို့ ရောက်နှင့်နေပြီး အလွန်ဆုံး နှစ်မိနစ်မျှသာ အသက်ရှင်နိုင်တော့မည်။

“ မင်း ဘယ်သူလဲ…”

ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေက ဝမ်မြန်ကို အနည်းငယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားစေခဲ့သည်။

လင်းရီ သူ၏ မာ့စ်ကို ချွတ်၍ ဝမ်မြန်ရှေ့ မတ်တပ်ရပ်လိုက်၏။

“ သခင်လေးဝမ်… ငါ့ကို ဒီမှာ တွေ့လိုက်ရတော့ အံ့ဩသွားသလား…”

“ မင်း… လင်း လင်းရီ… မင်း ဘာလို့ ဒီရောက်နေတာလဲ…”

“ ဒီ ရောက်လာတာ ထူးဆန်းနေလို့လား…” လင်းရီ နှာမှုတ်လိုက်ပြီး “ မင်း အမြင်မှာ ငါက ICU မှာ လဲနေသင့်တယ်ပေါ့ … ဟုတ်လား…”

ဝမ်မြန် ဘာမျှ မပြောပေ။ သူ တွေးနေသည်မှာလည်း ထိုသို့ အတိအကျပင်။

“ မင်း အစီအစဉ်အတိုင်းဆိုရင် ငါက ခုချိန် ICU မှာ လှဲနေရင် လှဲနေ … မဟုတ်ရင် သေနေပြီ… ဒါပေမယ့် ကံဆိုးချင်တော့ ငါက စွန်းမန်လုံရဲ့ နည်းလမ်းလေးတွေကို ထွင်းဖောက်ပြီး မြင်နိုင်ခဲ့တယ်လေ… အဲ့နေ့ညက မင်းဆီဖုန်းဆက်ခိုင်းခဲ့တာလည်း ငါပဲ…” လင်းရီ ပြောလိုက်ပြီး “ မင်းက သူများကို မလှိမ့်တပတ်နဲ့ မင်းကိုယ်စား ညစ်ပတ်တဲ့ အလုပ်တွေ လုပ်ခိုင်းတာတော့ တော်တော်တော်တယ်လို့ ငါပြောရမယ်… ဖြစ်ချင်တော့ အဲ့ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့လူက သိပ်မကောင်းရုံလေးပဲ…”

“ ဟက်… မင်း ဒီမှာ ပေါ်လာလို့ ငါ အံ့အားသင့်သွားတယ်ဆိုတာ အမှန်ပဲ… ဒါကလည်း မင်းရဲ့ လုပ်နေကျ ပုံစံအတွင်းမှာ ရှိတယ်… ဒါပေမယ့် ဘာအသုံးဝင်လဲ…”

ပြောရင်းဖြင့် ဝမ်မြန် သူ၏ ရှပ်အင်္ကျီကို ချွတ်လိုက်သည်။

“ စွန်းမန်လုံက ငါတို့ ဝမ်မိသားစုရဲ့ အဖွဲ့အဝင်တစ်ယောက်ဆိုတာ မှန်တယ်.. ဒါပေမယ့် ငါတို့ မွေးထားတဲ့ ဒီတိုင်း ခြံစောင့်ခွေးထက် မပိုဘူး.. သူ လုပ်ခဲ့တာ‌တွေက ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး… ဒီ အတွက်နဲ့ ငါတို့ ဝမ်မိသားစုအပေါ် အပြစ်ပုံချပြီး ပြန်တိုက်ခိုက်လို့ ရမယ် ထင်နေရင်တော့ သဘောက မင်း အာဏာ စက်ဝိုင်းအတွင်းက လူတွေကို နားမလည်သေးဘူးလို့ ဆိုလိုက်တာပဲ…”

“ ကြည့်ရတာ မင်းရဲ့ အစီအစဉ်က ဒီ ကိစ္စကို အဆုံးထိ ငြင်းဆန်နေမယ့် ပုံပါလား…”

“ မင်း အဲ့လို ပြောလည်း ရတယ်…” ဝမ်မြန် အကြောက်အလန့် ကင်းစွာ ပြောလိုက်ပြီး “ ဝမ်မိသားစုရဲ့ လက်ရှိ အဆင့်အတန်းနဲ့ မင်းမှာ ငါတို့ ငြင်းမရတဲ့ သက်သေ မရှိသရွေ့ မင်းငါ့တို့ကို ဘာမှ လုပ်လို့ မရဘူး… ဒီ ကိစ္စက မင်းနဲ့ စွန်းမန်လုံကြားက အထိကရုဏ်း အသေးစားလေး တစ်ခု အနေနဲ့ပဲ သတ်မှတ်လို့ရမှာ… ငါတို့ ဝမ်မိသားစုကို လာပြီး ထည့်တွက်လို့မရဘူး..”

“ ကံကောင်းချင်တော့ မင်းတို့လူတွေက ဂုဏ်သိက္ခာတွေ ဘာတွေ ဂရုစိုက်နေမယ့် လူစားမျိုးလည်း မဟုတ်ဘူးဆိုတော့ ငါလည်း ကျိုးကြောင်းသင့်တင့် စကားပြောဖို့ မရည်ရွယ်ထားပါဘူး…”

“ ဟားဟား… တကယ်လို့ မင်းသာ မင်းရဲ့ အကောင်းဆုံး အခြေအနေမှာဆိုရင် ငါမင်းကို ဘာမှ မလုပ်နိုင်မှာ ဟုတ်ချင် ဟုတ်မယ်.. ဒါပေမယ့် အခု…. မင်းက ဒုက္ခိတနဲ့ မခြားဘူး… မင်းက ကံကောင်းပြီး လီနာကို သတ်နိုင်ခဲ့တယ်ဆိုရင်တောင် ငါ မင်းကို သတ်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်အဝ ရှိတယ်…”

“ ငါ ဒဏ်ရာရထားတယ်ဆိုတာ အမှန်ပဲ… မင်းနဲ့ တစ်ယောက်ချင်း ရင်ဆိုင် ထပ်တိုက်တွေ့မယ်ဆို ငါက ကျိန်းသေပေါက် မင်းရဲ့ ပြိုင်ဘက် ဟုတ်မှာ မဟုတ်ဘူး… ဒါပေမယ့်…..” လင်းရီ ခေတ္တရပ်တန့်၍ “ ငါ မင်းနဲ့ ထိပ်တိုက် ရင်ဆိုင်လို့ ဘယ်သူက ပြောတုန်း..”

ချက်ချင်းဆိုသလို ဝမ်မြန်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။

“ မင်း ဘာကို ပြောချင်နေတာလဲ…”

လင်းရီ သူ၏ ခါးနောက်ကနေ သေနတ်ထုတ်၍ ဝမ်မြန်ကို ချိန်ရွယ်ထားလိုက်သည်။

“ ခန့်မှန်းကြည့်… ငါ မင်းကို သတ်ရဲလား မသတ်ရဲဘူးလား….”

“ မင်း … မင်း တကယ်ကြီး….”

လင်းရီလက်ထဲရှိ သေနတ်ကို မြင်တော့ ဝမ်မြန် စတင် ကြောက်ရွံ့လာသည်။

တခြားတစ်ယောက်သာ ဖြစ်ခဲ့မည်ဆိုပါက တစ်ဖက်သူသည် သူ့ကို ပစ်ခတ်ဝံ့လိမ့်မည် မဟုတ်ဟု ဝမ်မြန် ယုံကြည်ချက် အပြည့်ရှိသည်။

သို့သော် ယခုတော့ ကွဲပြား၏။ သူနှင့် ဆန့်ကျင်ဘက် နေရာတွင် မတ်တပ်ရပ်နေသူက တဇွတ်ထိုးနိုင်လှသည့် လင်းရီပင်။

သူက ဘာမဆို လုပ်ဝံ့သည်။

မသိစိတ်အလျောက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိပြီး သေနတ် ပြောင်းဝကို မမှိတ်မသုတ် စိုက်ကြည့်နေလျက် စိတ်ချလက်ချ မနေဝံ့တော့ချေ။

“ လင်းရီ… ငါ ဘယ်သူလဲ မင်း သိပါတယ်… မင်းငါ့ကို ပစ်ဝံ့ရင် ဝမ်မိသားစုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူးကွ…”

လင်းရီ ပခုံးတွန့်လိုက်၏။ “ ငါလုပ်တာပါလို့ ဘယ်သူကရော သိမှာ… ငါ သတ်တာပါလို့ ပြောတဲ့ ဇာတ်လမ်းတွေ တစ်ခုမှ ရှိမှာ မဟုတ်ဘူး…”

“ မင်း…”

“ ယုတ္တိရှိရှိ ပြောကြေးဆို ငါက အထူးကြပ်မတ်ဆောင်မှာ ပြန်ပြီး သက်သာအောင် အနားယူနေသင့်တာ.. မော်စကို ဘယ်လိုလာမလဲ … မဖြစ်နိုင်ဘူးလေ.. ဟုတ်တယ်ဟုတ်…”

ဝမ်မြန် အံတင်းတင်းကြိတ်ထားမိ၏။

“ သက်သေရှိရှိ မရှိရှိ မင်းငါ့ကို ပစ်ရင် ဝမ်မိသားစုက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး…”

“ မစိုးရိမ်နဲ့… အဲ့လောက်ထိလည်း ကြောက်လန့်နေစရာ မလိုပါဘူးကွာ… ငါက မင်းကို ခန့်မှန်းကြည့်လို့ပဲ ပြောရသေးတာ… တကယ်သတ်မယ်လို့လည်း မပြောမိပါဘူး.. ဟုတ်တယ်မလား… မင်းကို တစ်ချက်တည်းနဲ့ သေအောင် သတ်လိုက်မယ်ဆို ဘာ အရသာ ရှိတော့မှာ… ဒီတော့ မင်းရဲ့ ခြေထောက် နှစ်ချောင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပြီး မင်း ကျန်တဲ့ တစ်သက်လုံး ဝှီးချဲပေါ်မှာပဲ အချိန်ဖြုန်းရအောင် လုပ်ပေးလိုက်မယ်…”

ဘန်း ဘန်း ဘန်း…

ကျည်ဆံက နှစ်ချက် ဆက်တိုက် ဝမ်မြန်၏ ဒူးသို့ တည့်တည့်ထိမှန်သွားခဲ့သည်။ သွေးတို့က အပေါက်ထဲကနေ စီးကျလာပြီး ဝမ်မြန် နာကျင်စွာ အော်ညည်း၍ ကြမ်းပြင်သို့ ချက်ချင်း ခွေကျသွားခဲ့တော့သည်။

လင်းရီက သူ၏ အရောင် အစစ်အမှန်ကို ဝမ်မြန်ရှေ့တွင် ထုတ်ပြဝံ့မှတော့ သူ၏ ကတ်များကိုလည်း စားပွဲပေါ် ခင်းကျင်းရန် အသင့်ပြင်ဆင်ထားပြီ ဖြစ်သည်။

သူ ဝမ်မြန်ကို မသတ်ဝံ့သောကြောင့် မဟုတ်ဘဲ ဤအတိုင်း ဝမ်မြန်ကဲ့သို့သော ကိုယ့်ကိုယ်ကို ဂုဏ်ယူလှသည့် လူတစ်ယောက်ကို တိုက်ရိုက်သတ်သည်ထက် ကျန်သည့် သက်တမ်း တစ်လျှောက်လုံး ဝှီးချဲထက်တွင် အချိန်ကုန်ဆုံးခိုင်းသည်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု မြင်မိသောကြောင့် ဖြစ်၏။

“ လင်း ရီ….” ဝမ်မြန်၏ မျက်ဝန်းတစ်ခုလုံး နီရဲနေပြီး သတ်ဖြတ်လိုစိတ်တို့က သူ့မျက်ဝန်းထဲကနေ လျှံထွက်နေသည်။

“ တကယ်လို့ .. ငါ ဝမ်မြန် မင်းကို မသတ်ဘူးဆိုရင် ငါ လူမဟုတ်ဘူးလို့ ကျိန်တယ်…”

“ ရန်ငြိုး အသစ်နဲ့ အဟောင်းတွေကို ဖြေရှင်းဖို့ အချိန်ပဲ… မင်းတို့ ဝမ်မိသားစု အစွမ်းအစ ရှိသလောက် လာခဲ့လိုက် …. ငါ လင်းရီကလည်း မင်းတို့ကို စောင့်နေမယ်…”

ပြောပြီးနောက် လင်းရီသည် သူ၏ မာ့စ်ကို တစ်ဖန် ပြန်တက်၍ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ဘန်း …

တံခါးဝနားသို့ ရောက်တော့ ဝမ်မြန်၏ ဒူးကို နောက်တစ်ချက် ပြန်ပစ်၍ သတိလစ် မေ့မြောသွားစေသည်။

All Chapters