← Chapters

သေမတတ် ဒေါသ

Vol. 99 Ch. 1476

သေမတတ် ဒေါသ

Vol. 99 Ch. 1476

အခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီ တံခါးကို သေချာပိတ်လိုက်သည်။

ဘေးဘီကို တစ်ချက် ကြည့်လိုက်တော့ မည်သူကမျှ ဤနေရာသို့ အာရုံစိုက်မနေကြောင်းကို သတိပြုမိလိုက်သည်။ ပျက်စီးနေသည့် စောင့်ကြည့်ရေး ကင်မရာတို့ကလည်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့၏ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။ အရာအားလုံးက လုံလုံခြုံခြုံပင်။

ပြဿနာ မရှိကြောင်း သေချာတော့ တွန်းလှည်းကို တွန်းလာ၍ လူအုပ်ထဲရောပြီး ဟိုတယ်ထဲက ပြန်ထွက်လာခဲ့လိုက်သည်။

သူ၏ နေထိုင်သည့် နေရာကို ပြန်ရောက်လာတော့ နင်ချဲ့က ပြန်နိုးလာပြီ ဖြစ်ကြောင်းကို လင်းရီ မြင်တွေ့လိုက်ရ၏။

သူမက လက်ထဲတွင် စီးကရက် ကိုင်ထားပြီး ကြမ်းပြင်တွင်လည်း စီးကရက်တိုများက မွစာကျဲနေသည်။ အနည်းဆုံး တစ်ဒါဇင်လောက် ရှိ၏။

“ အိုး မင်း နိုးလာပြီလား… အိပ်လို့ရော ကောင်းလား..” လင်းရီ ပြုံးလိုက်သည်။

ဝှစ် …

နင်ချဲ့ ဘာမျှ မပြောဘဲ လင်းရီကို ပိတ်ကန်လိုက်၏။

တစ်ဖက်သူမှာ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိလိုက်ဘဲ နင်ချဲ့၏ ခြေကန်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။ သူ့နောက်ရှိ စားပွဲပင် ပျက်စီးသွားခဲ့၏။

“ ဘာမှားလို့တုန်း… မင်းဘာလို့ ဒီလောက် စိတ်တွေတိုနေတာ…”

“ ငါနင့်ကို စောက်ရမ်း သတ်ပစ်လိုက်ချင်တယ် သိလား…”

နင်ချဲ့ ကျိန်ဆဲလိုက်ပြီး “ နင်ငါ့ကို ဘာလို့ အလစ်တိုက်တာလဲ… ငါသာ ကြောက်နေခဲ့ရင် နင်နဲ့ အတူ ဒီလိုက်လာခဲ့မှာတောင် မဟုတ်ဘူး…”

“ ငါ အဲ့လို တွေးတာကြောင့်မို့ မဟုတ်ဘူး…” လင်းရီ သူ့ကိုယ်ပေါ်ရှိ ဖုန်များအား ခါသပ်လိုက်ရင်း “ ထွေထူး ဟုတ်တာလည်း မဟုတ်ပါဘူးကွာ.. ငါတစ်ယောက်တည်းနဲ့လည်း ဖြစ်နေတာကိုပဲ.. မင်းငါနဲ့ လိုက်စရာကို မလိုတာ…”

“ သေလိုက် သေလိုက် … နင် ရှင်းပြတဲ့ စကား‌တွေ ဘာမှ မကြားချင်ဘူး…”

တစ်ခုခုတော့ မဟုတ်သေးဟု လင်းရီ ခံစားလိုက်ရသည်။ သူ နင်ချဲ့နှင့် သိလာသည်မှာ တော်တော်လေး ကြာလှပြီ ဖြစ်သော်လည်း ယခုကဲ့သို့ သူမ အရမ်း ဒေါသထွက်နေသည်ကို မြင်တွေ့ရသည်ကတော့ ပထမဆုံး အကြိမ်ပင်။

“ အေးပါကွာ အေးပါ.. ငါ့အမှားပါ…. “ လင်းရီ ပြောလိုက်ပြီး “ ခု အားလုံး ပြီးသွားပြီ… မင်း ထုပ်ပိုးစရာ ရှိတာတွေ ထုပ်ပိုးလိုက်တော့… ငါတို့ ဒီမှာ ကြာကြာနေလို့ မရတော့ဘူး…”

“ အားလုံး ထုပ်ပိုးပြီးသားပဲ…” နင်ချဲ့ အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

သူမ လင်းရီ၏ စံချိန်စံနှုန်းများကို သိသည်။ သူသာ နံဘေးနားတွင် ရှိနေမည်ဆိုပါက ကိုင်တွယ် မဖြေရှင်းနိုင်သည့် အရာဟူ၍ မရှိချေ။

သူက အသက်ရှင်လျက် ပြန်လာခဲ့မှတော့ ဆိုလိုသည်က ပြဿနာသည် ဖြေရှင်းပြီးပြီ ဟူသည့် သဘောပင်။

သူမ လိုအပ်သည်က ဤအတိုင်း အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားဖို့ရန်ပင်။

“ ဒါဆို အခုပြန်ကြတာပေါ့…”

နင်ချဲ့ လင်းရီအား မျက်လုံးလှန်၍သာ ကြည့်လိုက်သည်။ သူမ အရမ်း စိတ်ဆိုး ဒေါသထွက်နေသော်လည်း သူမ တတ်နိုင်သည့်အရာက ဘာမျှ မရှိချေ။

ထို့ပြင် ယခု အခြေအနေ ရောက်မှတော့ အခြားအရာများ ပြောနေပြန်လျှင်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။

ချင်မိသားစု၏ ကိုယ်ပိုင် လေယာဉ်က လေဆိပ်၌ ရပ်ဆိုင်းထားလျက် ရှိပြီး လင်းရီနှင့် အန်းနင်တို့က ထိုလေယာဉ်ကို ယူ၍ မူရင်းလမ်းကြောင်းအတိုင်း ဘလာဂို ကော်စကီထံ ပြန်လာခဲ့သည်။ ထို့နောက် ကားတစ်စီး ယူလိုက်ပြီး ဟေးရွှေမြို့သို့ ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာသည်။ ထိုမှတစ်ဆင့် ပင်းချိန်မြို့သို့ ပြန်လာခဲ့၏။

သူတို့နှစ်ဦး ပင်းချိန်မြို့ကို ရောက်တော့ ညနေ ငါးနာရီ အချိန် ရှိနေပြီး နင်ချဲ့၏ ဒေါသသည်လည်း အရှိန်သေသွားခဲ့တော့၏။

“ နင် ဘယ်လို ပြန်သွားဖို့ စီစဉ်ထားလဲ…” နင်ချဲ့ မေးလိုက်ပြီး “ ဒီတိုင်းပဲ ပေါ်ပေါ်ထင်ထင် ဝင်သွားကြမလား… ဒါမှမဟုတ် မသိမသာလေး ဝင်သွားကြမလား..”

“ မသိမသာလေးပဲ ဝင်ကြတာပေါ့… ဒီက ဆရာဝန်နဲ့ နာ့စ်တွေ အကုန်လုံးက မျက်မြင်သက်သေတွေ…. သရုပ်ဆောင်တဲ့ နေရာမှာ ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်မှ ရမှာပေါ့…”

လင်းရီ၏ ယခင် စီစဉ်ထားမှုအရ ကုတင်ကို အထူးကြပ်မတ် ကုသဆောင်သို့ ပြောင်းရွေ့ထားပြီး အလွှာ တစ်ခုလုံးကိုလည်း ရှင်းလင်းထားသည်။

တစ်စုံတစ်ယောက်က ဤဧရိယာကို အထူး ကြပ်မတ်နေသဖြင့် သာမန်လူတို့က လင်းရီကို မြင်တွေ့နိုင်ခွင့် မရှိတော့ချေ။

လင်းရီ၏ အဆင့်အတန်းကလည်း ယခုကဲ့သို့ ဦးစားပေး ဆက်ဆံမှုမျိုးနှင့် ထိုက်တန်ခြင်း ရှိနေသောကြောင့် ဆေးရုံအတွင်းရှိ လူတိုင်းက လင်းရီသည် ဆေးရုံအတွင်း၌သာ ရှိပြီး ဘယ်တော့မှ ထွက်ခွာသွားခြင်း မရှိဟုသာ ထင်နေခဲ့ကြသည်။

“ သွားစို့… ငါနင့်ဖို့ ဆံပင်တု ပြင်ထားပေးပြီးပြီ…”

“ ကျွတ် ကျွတ် ကျွတ်… မင်းက သိပ် တွေးပေးတတ်တာပဲ…”

ထို့နောက် ချောင်ကျွမ်း စတိုင် လင်းရီနှင့် နင်ချဲ့တို့ ဓာတ်လှေကားထဲ အတူဝင်ရောက်လိုက်ကြပြီး အထူးကြပ်မတ် ကုသဆောင်၏ ၂၄ လွှာမြောက်သို့ ရောက်ရှိလာခဲ့ကာ သူ့အခန်းထဲသို့ တိတ်တဆိတ် ပြန်လာခဲ့လိုက်၏။

“ ငါနောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ…” လင်းရီ စိတ်သက်သာ ရသွားခဲ့သည်။ သူနောက်ဆုံးတော့ စိတ်ချလက်ချ အိပ်နိုင်လေပြီ။

“ အခြေအနေ ဘယ်လိုလဲ… အားလုံးက ချောချောမွေ့မွေ့ပဲလား…. နင် ဘယ်မှာ ရှိနေလဲဆိုတာကော ဖော်ထုတ်မိလိုက်သေးလား…” ချိုးယွီလော့ မေးမြန်းလိုက်၏။

“ ဒင်းက ဖော်ထုတ်ရုံတင် မကဘူး… အခြေအနေတွေက လုံးဝ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအောက်ကနေ လွတ်ကုန်ပြီ…” နင်ချဲ့ မျက်နှာထား တင်းတင်းဖြင့်‌ ပြောလိုက်သည်။

“ နင် ဘာကို ပြောချင်နေတာ…”

“ သူက အရှက်မရှိ ဒီတိုင်းသွားပြီး လီနာကို သတ်တယ်… ပြီးတော့ ဝမ်မြန်ရဲ့ ခြေထောက်တွေကိုတောင် ရိုက်ချိုးလိုက်သေးတယ်…”

တဒင်္ဂမျှ အံ့အားသင့်သွားခဲ့ပြီးနောက် ချိုးယွီလော့ ပုံမှန် အတိုင်း ပြန်ဖြစ်လာခဲ့သည်။

ဤသည်က လင်းရီ ကိုင်တွယ်သည့် ပုံစံနှင့် ကွက်တိပင်။

“ နင် ဝမ်မိသားစုဆီကနေ ဖုံးကွယ်ထားဖို့ မကြိုးစားတော့ဘူးပေါ့…”

“ ဒီတိုင်း ဖုံးကွယ်လည်း အလကားပဲမို့လို့…” လင်းရီ ပြောလိုက်ပြီး “ ငါသွားပြီး လက်စားချေကတည်းက ငါ့လက်ချက်ဆိုတာ ဝမ်မိသားစုက စုံစမ်းစရာတောင် လိုမှာ မဟုတ်ဘူး… သူတို့ သိတယ်… အဲ့တော့ ဘာလုပ်ဖို့ ဖုံးကွယ်နေဦးမှာ…”

“ ဒါဆိုလည်း ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေသေးလဲ… နင် မော်စကိုအထိ ရောက်ဖို့ကို ဘယ်နှစ်ဆင့်လဲ ရပ်ခဲ့ရတာ..” ချိုးယွီလော့ မေးမြန်းလိုက်၏။

“ အလီဘိုင် တစ်ခု ဖန်တီးချင်လို့လေ.. ဒီလိုဆို ဝမ်မိသားစုက ဘာသက်သေ အထောက်အထားမှ ရှာနိုင်မှာ မဟုတ်တော့ဘူး… သူတို့ ဒေါသထွက်လို့ ငါ့ကို လက်စားပြန်ချေချင်တယ်ဆိုရင်တောင် သီးသန့်ဖြေရှင်းဖို့ပဲ တတ်နိုင်တော့မှာ… အဲ့လိုက ငါ့အတွက် ကိုင်တွယ်ရ ပိုလွယ်တာပေါ့…”

ချိုးယွီလော့ ဘာမျှ မပြောပေ။ သူမ လင်းရီ၏ စဉ်းစားသည့်နည်းလမ်းကို နားလည်သည်။

အကယ်၍ မော်စကိုသို့ ပေါ်ပေါ်ထင်ထင် သွားမည်ဆိုပါက သက်သေ အချက်အလက်များကို ရှာတွေ့သွားနိုင်ပြီး ဝမ်မိသားစုကလည်း ၎င်းကို လူသိရှင်ကြား ဖော်ထုတ်နိုင်သည်။ ထိုအခါ လင်းယွင်အုပ်စုနှင့် လင်းရီသည် ခက်ခဲသည့် အနေအထားသို့ ကျရောက်သွားလိမ့်မည်။

သို့သော် ယခုကျတော့ ဝမ်မိသားစုက လင်းရီ မော်စကိုသို့ သွားခဲ့ပါသည်ဆိုသည့် သက်သေ အထောက်အထား တစ်စုံတစ်ရာကိုမျှ မရှာဖွေနိုင်ဘဲ သူတို့ ယိုးစွပ်ကြသည် ဆိုဦးတော့ မည်သူကမျှ သက်သေ မရှိဘဲ ယုံကြည်ကြမည် မဟုတ်ချေ။ လင်းရီ ဖန်တီးထားခဲ့သည့် အလီဘိုင်က ခြွင်းချက် မရှိ ပြီးပြည့်စုံသည်။ သူတို့ ဤကိစ္စကို တသီးတသန့် ဖြေရှင်းရုံသာ တတ်နိုင်တော့သည်။

ထို့ပြင် လင်းရီ၏ လက်ရှိ နောက်ခံကလည်း လွန်ခဲ့သော တစ်နှစ်အကြာကနှင့် မတူညီတော့ချေ။ အခြားသူများကို မဆိုထားနှင့်။ သူ၏ လက်ရှိအဆင့်အတန်းဖြင့် ဝမ်မိသားစုကိုပင် ပခုံးချင်း ယှဉ်၍ရသည်။

ဒုတိယအနေဖြင့် အဘိုးကြီး လုကလည်း လင်းရီ၏ နောက်ကွယ်၌ အင်အားကြီး အင်အားစု တစ်ရပ်အဖြစ် ရပ်တည်နေလျက် ရှိ၏။ သူ မသေသေးသရွေ့ မည်သူကမျှ လင်းရီကို လက်လွတ်စပယ် ထိပါးဝံ့လိမ့်မည် မဟုတ်ချေ။

နောက်ဆုံးအနေဖြင့် လင်းယွင်အုပ်စုက လီတိုဂရပ်ဖီစက်ကို ဖန်တီး အောင်မြင်ထားပြီး မစ်ဆူ အုပ်စုမှ အကြီးစား စက်မှုလုပ်ငန်း နည်းပညာတို့ကိုလည်း ပြန်ယူလာပေးနိုင်ခဲ့သည်။ ယင်းက လင်းရီနှင့် လင်းယွင်အုပ်စုကို ပြိုင်ဘက်ကင်း အနေအထားသို့ ရောက်ရှိသွားစေသည်။

ဤသို့သော အကြောင်းပြချက် မျိုးစုံဖြင့် ဝမ်မိသားစုသည် ယခင်ကကဲ့သို့ ရဲတင်းခြင်း မရှိတော့ချေ။

အကယ်၍ သူတို့သာ သီးသန့် ယှဉ်ပြိုင်ရမည်ဆိုပါက ဝမ်မိသားစုဘက်က အားသာချက် ရရှိရန် အလွန်တရာ ခဲယဉ်းလှ၏။

“ ငါတော့ နင် ပရမ်းပတာ ဖြစ်အောင် ဖန်တီးပြီး ဝမ်မိသားစုကို ဒေါသထွက် သေအောင် လုပ်ချင်နေတယ်လို့ပဲ ထင်တယ်…”

နင်ချဲ့ ပြောလိုက်ပြီး “ နင့် အခု လုပ်ပုံက ‘ ငါ မင်းတို့ကို တိုက်ရိုက်ပဲ ပြောလိုက်မယ်.. ဒါ ငါလုပ်လိုက်တာပဲ… မင်းတို့ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူးကွာ ‘ ဆိုပြီး တကယ်လို့ ဝမ်မိသားစုသာ ဒီကိစ္စ သိသွားခဲ့ရင် သူတို့ သွေးသုံးလီတာလောက် အန်သွားလောက်တယ်..”

“ အဲ့တာ ငါလိုချင်တဲ့ ပုံစံ အတိအကျပဲလေ…”

အခြေအနေ ကိစ္စရပ်တို့က ယခု အတိုင်းအတာ အထိ ရောက်ရှိလာလိမ့်မည်ဟု သူနှင့် လျိုဟုန်တို့ အစောပိုင်း ကျုံးဝေ့တပ်ဖွဲ့တွင် ဆွေးနွေးခဲ့စဉ် အခါကပင် လင်းရီ မျှော်လင့်ထားပြီး ဖြစ်သည်။

ဝမ်မြန်က အသင်း ၁ မှ ထွက်သွားခဲ့ပြီ ဆိုသော်လည်း ဝမ်မိသားစု၏ ခြေတံလက်တံတို့ကတော့ ကျုံးဝေ့တပ်ဖွဲ့အတွင်း၌ ကျန်ရှိနေဆဲပင်။ လုပေချိန် အဖို့ ယင်းက ချိန်ကိုက် ဗုံး တစ်ခုကဲ့သို့ ဖြစ်နေပြီး ဖယ်ရှားနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။

တမြန်မနေ့က သူသည် ရန်ကျင်း မြို့စောင့်တပ်နှင့် ကျိုးဟိုင် မြို့စောင့်တပ်တို့ကို ဤနေရာသို့ လာစုရန် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ညွှန်ကြားခဲ့ပြီး ယင်းက ရှင်းလင်းသိသာသည့် အချက်ပြမှု တစ်ခုပင်။

ယနေ့ ဤခြေလှမ်းကို လှမ်းသည်က လုံးဝ လိုအပ်သည်။

“ ဒါပေမယ့် နင် စဉ်းစားမိလား… ငါတို့ရဲ့ ဒုတိယ လမ်းကြောင်းက တိတ်တဆိတ် မဟုတ်ဘူးနော်…” နင်ချဲ့ ပြောလိုက်ပြီး “ ငါတို့ ဘလာဂို ကော်စကီကနေ မော်စကို,ကို လေယာဉ်နဲ့ လာခဲ့တာ တကယ်လို့ တစ်စုံတစ်ယောက်သာ အချိန်ပေးပြီး စုံစမ်းလိုက်ရင် အသာလေး သိသွားနိုင်တယ်…”

“ ငါတို့ရဲ့ ဓာတ်ခွဲခန်းက လီတိုဂရပ်ဖီစက်တောင် ဖန်တီးနိုင်ခဲ့သေးတာ တော်ဝင်လေကြောင်း လုံခြုံရေး စနစ်ထဲ ဖောက်ထွင်းဖို့က မခက်ပါဘူး… ခု အချိန်တောင် တော်တော်လေး လင့်နေပြီဆိုတော့ သူတို့တွေ အောင်အောင်မြင်မြင်နဲ့ အချက်အလက်တွေကို ဖျက်ပစ်ပြီး လောက်ပြီ..”

“ နင် အားလုံး စဉ်းစားထားသားပဲ…”

ယင်းက ဘာကြောင့်လဲဆိုတော့ လင်းယွင်အုပ်စု၏ လျှို့ဝှက် ဓာတ်ခွဲခန်းနှင့် ဆာဗာက ဟွာရှ၌ အခြေစိုက်ထားသောကြောင့်ပင်။

ပြည်တွင်း လေကြောင်းလိုင်းများအား တိုက်ခိုက်ပြီး ၎င်းတို့၏ အချက်အလက်များကို ဖျက်ဆီးသည်က အန္တရာယ်ကို သိသိသာသာ တိုးလာစေနိုင်သည်။

သို့သော် တော်ဝင် လေကြောင်းလိုင်း အဖို့ကတော့ လင်းယွင်အုပ်စုရှိ လူများက နိုင်ငံခြား ဟက်ကာ အဖြစ် သတ်မှတ်ခြင်း ခံရပြီး စစ်ဆင်ရေးကို အန္တရာယ် နည်းပါးသွားစေသည်။

အမှန်ပင်။ ယုတ်မာရမည်။ လှည့်ဖျားရမည်ဆိုသည့် နေရာတွင်တော့ လင်းရီလိုလူ နှစ်ယောက် ရှိလိမ့်မည် မဟုတ်ချေ။

ချလပ်…

သူတို့ သုံးယောက် စကားပြောနေစဉ်မှာပဲ လူနာခန်း တံခါး တွန်းပွင့်လာခဲ့၏။ ယင်းက အတော်လေးကို အားပြင်းပြင်းနှင့် ဖွင့်လာခဲ့ခြင်းပင်။

လင်းရီ မသိစိတ်အလျောက် လှမ်းကြည့်မိလိုက်၏။

သူ့ကို အံ့အားသင့်သွားစေခဲ့သည်က အပြင်ကနေ ဇွတ်အတင်း ဖွင့်ဝင်လာသည့်လူက လျန်ရူရွှယ် ဖြစ်နေလေသည်။

All Chapters