← Chapters

အစွန်းရောက်လေပြင်း

Vol. 6 Ch. 61

အစွန်းရောက်လေပြင်း

Vol. 6 Ch. 61

ဓားပြများနှင့်ရန်သူတပ်သားများသည်ဆက်လက်တိုးဝင်လာကြပြီးဒေါသ သကြီးဖြင့်အော်ဟစ်နေကြသည်။ချိုးယီတိုက်ပွဲမြေပြင်အားအကဲခတ်ရန်ဘေးပတ်ပတ်လည်သို့သိမ်းကျုံးကာကြည့်လိုက်သည်။ရှီဖုန်းသည် သွေးအရိပ်ဓားပြဟူသော အဆင့်လွန်ထိပ်သီးသိုင်းသမား​၏ရှေ့၌ပိတ်ရပ်လိုက်သည်။

အားလုံးနေရာတကျဖြစ်သွားပြီးနောက်ချိုးယီသူ​၏အရှေ့ရှိစစ်မြေပြင်သို့ပြန်ကြည့်လိုက်သည်။ရှေ့ဆုံးမှသူ​၏ရှေ့တည့်တည့်သို့ပြေးလာနေသော အနက်ရောင်ဝတ်စုံနှင့်သိုင်းသမားကိုးယောက်သည် လက်ထဲတွင်ဓားများကိုယ်စီဖြင့် ချိုးယီဆီသို့တဟုန်ထိုးပြေးလာနေခဲ့သည်။

ချိုးယီသူ​၏လက်ဖဝါးအတွင်း​၏၌အတွင်းအားများစုစည်းလိုက်ပြီး ရန်သူတပ်များမရောက်လာခင်သုံးမီတာအလိုတွင် လေထုအားအတွင်းအားပါရှိသောလက်ဝါးဖြင့်ရိုက်လွတ်လိုက်သည်။

"အုန်း....ဘန်း"

ချိုးယီ​၏အတွင်းအားကြောင့်လေထုသည်တုန်ခါသွားပြီးရှေ့ဆုံးမှပြေးဝင်လာသောသာမန်သိုင်းသမားကိုးယောက်ကိုနောက်သို့မီတာပေါင်းများစွာလွင့်ထွက်သွားစေခဲ့သည်။ထိုသိုင်းသမားကိုးယောက်​၏လွင့်စင်ထွက်သွားသောအရှိန်ကြောင့်နောက်မှပြေးဝင်လာသောသူများပါတစ်ယောက်နှင့်တစ်ယောက်ဝင်တိုက်မိ၍လွင့်စင်ကုန်ကြလေသည်။

ရှေ့ဆုံးမှပြေးဝင်လာသောသိုင်းသမားကိုးယောက်သည်ချိုးယီ၏တိုက်ခိုက်မှုကြောင့်မချိမဆန့်ခံစားလိုက်ရပြီးအတွင်းကလီစာများပြောင်းပြန်ဖြစ်သွားသကဲ့သို့သွေးများအန်ချလိုက်ရသည်။နောက်တွင်လဲကျသူများမှာကုန်း ရုန်းထလိုက်ကြပြီးရှေ့သို့ဆက်လက်တိုးဝင်ကြလေသည်။

ချိုးယီနောက်သို့ခြေတစ်လှမ်းဆုတ်ကာ မြေပြင်ပေါ်တွင်ခြေကုတ်၍အားယူလိုက်သည်။ထို့နောက်ရှေ့သို့တဟုန်ထိုးခုန်လိုက်​၏။လမ်းကြောင်းတစ်လျှောက်တွင်ချိုးယီနှင့်တိုက်မိသောသူများအားလုံးလွင့်ထွက်ကုန်ကြသည်။ရှေ့သို့မီတာတစ်ရာလောက်လမ်းကြောင်းတစ်ခုဖန်တီးလိုက်ပြီးနောက်ချိုးယီမှာသူ​၏နောက်ကျောမှဓားကိုဆွဲထုပ်လိုက်ပြီးရှေ့သို့အလျားလိုက်တစ်ချက်ဝေ့ရမ်းလိုက်သည်။

"ရွမ်း........."

ချိုးယီ​၏ရှေးဆန်သောဓားမှဓားစွမ်းမအင်လှိုင်းတစ်ခုသည်ရန်သူတပ်ထဲသို့လှိုင်းလုံးကြီးတစ်ခုနှယ်တိုးဝင်သွား​၏။

"ရွစ်...အုန်း"

ရန်သူတပ်သားပေါင်းများစွာသည်ထိုဓားစွမ်းအင်လှိုင်းကြောင့်လွင့်ထွက်ကာသေဆုံးကုန်ကြလေသည်။

ထိုဓားစွမ်းအင်လှိုင်းသည်လူဆယ့်တစ်ယောက်အားသေဆုံးစေခဲ့ပြီး ရန်သူတပ်သားပေါင်းနှစ်ဆယ်ကျော်အားနောက်သို့လွင့်စင်သွားအောင်ဖိအားပေးနိုင်ခဲ့လေသည်။ရန်သူတပ်နောက်တန်းရှိသစ်ကိုင်းတစ်ခုပေါ်တွင်ထိုင်နေသော လူရွယ်တစ်ယောက်သည်စစ်မြေပြင်ရှိချိုးယီအားကြည့်၍အံကြိတ်ကာပြောလိုက်လေသည်။

"ယီ...ချိုး"

ချိုးယီသည်သိုးအုပ်ထဲမှဝံပုလွေတစ်ကောင်နှယ် တစ်ယောက်တစ်ချက်နှုန်းဖြင့်သတ်ဖြတ်နေခဲ့လေသည်။မှန်ပေ​၏တစ်ချက်တည်းသာဖြစ်​၏မည်သူ့ကိုမှနှစ်ချက်မခုတ်သလိုပြန်၍လှည့်မကြည့်ပေ။သွေးအစင်းကြောင်းများသည်သူ​၏ဓားအားနီညိုရောင်ပြောင်းလဲသွားစေခဲ့သည်။

ရန်သူတပ်သားများကြားထဲမှအဆင့်မြင့်သိုင်းသမားတစ်ဦးဖြစ်နေပြီဖြစ်သော တိမ်ကြားဓားပြအဖွဲ့အစည်းမှဓားပြခေါင်းဆောင်တစ်ယောက်သည်ချိုးယီအားစောင့်ကြည့်နေပြီး နောက်ကျောမှလွတ်နေသောအခွင့်အရေးကိုအသုံးချကာ ချောင်းမြောင်း၍တိုက်ခိုက်ရန်ချိုးယီဆီသို့လျင်မြန်စွာရွေ့လျားလိုက်သည်။

"ဝှစ်.."

ချိုးယီတိုက်ခိုက်နေရင်းသူ​၏နောက်ကျောဆီသို့တစ်စုံတစ်ယောက်လျင်မြန်စွာချဉ်းကပ်နေသည်ကိုခံစားမိလိုက်သည်။သူ​၏ရှေ့သို့တက်ပြေးတက်လာသောဓားပြသုံးယောက်အား လက်ဝေ့ရမ်းကာ အတွင်းအားဖြင့်ပုတ်ထုတ်လိုက်သည်။

ထို့နောက်ချိုးယီနောက်သို့လှည့်လိုက်ပြီးသူခံစားမိသောနေရာအားလက်တီးဖြင့်ထိုးချလိုက်သည်။သူ​၏လက်တီးမှာစိမ်းပြာရောင်သန်းနေပြီးတောက်ပြောင်သောကျောက်စိမ်းတစ်ခုလိုပင်။ထိုသည်မှာကျောက်စိမ်းလက်တီးသိုင်းပင်ဖြစ်လေသည်။

နောက်ကျောသို့ခိုးဝင်တိုက်ခိုက်လာသောဓားပြသည်ချိုးယီရုတ်တရက်လှည့်၍တိုက်ခိုက်လိုက်သောကြောင့်မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားခဲ့သည်။သို့သော်ရှောင်တိမ်းရန်အချိန်မမှီတော့ချေ။

"ဘန်း"

"အွတ်"

ထိုဓားပြခေါင်းဆောင်သည်ချိုးယီ​၏ကျောက်စိမ်းလက်တီးသိုင်းကြောင့်လေထဲမှာပင်သွေးများအန်ထွက်သွားပြီးနောက်သို့မီတာပေါင်းများစွာလွင့်ထွက်သွား​၏။မသေရုံတမယ်လေးသာလွတ်မြောက်သွား​၏။သို့သော်သူ​၏ညာဖက်လက်သည်တစ်သက်လုံးသုံးစား၍မရတော့ချ။

ထိုဓားပြခေါင်းဆောင်သည်နာကျင်စွာအော်ဟစ်လိုက်ရပြီးသေရေးရှင်ရေးတစ်ခုနှယ်တောထဲသို့ကြောက်ရွံ့ထိပ်လန့်စွာပြေးဝင်သွား​၏။

ထိုဓားပြအားဖြေရှင်းပြီးနောက်ချိုးယီ ဂရုမစိုက်တော့ပဲ သူ​၏ရှေ့ရှိဓားပြများအားဆက်လက်တိုက်ခိုက်ရန်ပြင်လိုက်သည်။

ချိုးယီသူ​၏ဓားအားပတ်ပတ်လည်လေပွေကဲ့သို့ကိုယ်နေဟန်ထားမှန်စွာဖြင့်ညင်သာစွာရမ်းလိုက်သည်။

ဓားစွမ်းအင်ကြောင့်လေထုသည်အနည်းငယ်တုန်ခါနေပြီး လေပြင်းများတစ်ဖြည်းဖြည်းစုစည်းလာကြသည်။သူ​၏ဓားအားဆက်လက်ဝေ့ရမ်းနေပြီးအချိန်အနည်းငယ်ကြာသောအခါစစ်မြေပြင်အလယ်တွင်ရုတ်ခြည်းဆိုသလိုလေပွေကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။

'ပြန့်ကားနေသောလေညင်း အဆင့်သုံးအစွန်းရောက်လေပြင်း'

ချိုးယီစိတ်ထဲရေရွတ်လိုက်ပြီး သူ​၏ခန္ဓာကိုယ်အားလေထဲသို့ခုန်ကာ ပတ်ပတ်လည်သို့ဓားတစ်ချက်ပြင်းထန်စွာဝေ့ရမ်းလိုက်သည်။

"ဝုန်း.....ဝုန်း"

ရန်သူတပ်သားများသည် ထိပ်လန့်သွားပြီးနောက်သို့ထိပ်လန့်တကြားအော်ဟစ်ကာနောက်သို့ဆုတ်လိုက်ကြသည်။သို့သော်နောက်ကျသွားချေပြီ လေပွေကြီးသည်တစ်ဖြည်းဖြည်းဖြင့်လျင်ပြန်စွာပြန့်ကားလာပြီး လေထု​၏ပြင်းအားကြောင့်ဘေးပတ်ပတ်လည်ရှိအရာအားလုံးလွင့်ပါကုန်ကြလေသည်။

"အား"

............................

ပြီး...

All Chapters