← Chapters

ယင်ကိုးပါးအတွင်းအားအနှစ်သာရ

Vol. 6 Ch. 62

ယင်ကိုးပါးအတွင်းအားအနှစ်သာရ

Vol. 6 Ch. 62

မည်သို့ပင်နောက်ဆုတ်စေကာမူ ထိုလေပွေစက်ကွင်းကြီးမှမလွတ်မြောက်နိုင်ဘဲ လေပွေကြီး​၏ ပြင်းအားကြောင့် လေပေါ်တွင်ခေတ္တမျှလည်ပတ်နေပြီး လေအားကြောင့်မီတာရာနှင့်ချီလွင့်ပါးကုန်ကြလေသည်။

"ဝှီး....ဝှီး....ဝှစ်"

ချိုးယီအနားတစ်ဝိုက်ရှိစစ်မြေပြင်မှာ မီတာ သုံးဆယ်တစ်ဝိုက်အရာအားလုံးကင်းရှင်းသွားလေသည်။

ချန်းအန် ခံစစ်တံတိုင်းပေါ်မှ ချီရှန်းကျောက်မှာနှစ်ထောင်းအားရစွာ ရယ်မောလိုက်လေသည်။

"ဟားဟားဟား တကယ့်ကို သတင်းတွေနဲ့လိုက်ဖက်လောက်အောင်ကို သိုင်းပညာမြင့်မားလွန်ပါပေတယ် ယီချိုးလို လူငယ်သိုင်းထွဋ်ခေါင်တွေ သိုင်းလောကမှာပေါ်ပေါက်လာတာ တကယ့်ကို ခေတ်သစ်တစ်ခုစတင်တာပဲ"

ဘေးမှ အဖိုးကြီးဟိုင်ချန်းလွေ့ကလည်း သူ​၏ရှည်လျားသောနှုတ်ခမ်းမွေးများကိုပွတ်သပ်လိုက်ပြီး 

"ဝူတန်တောင်မှာတောင် သူ့သိုင်းပညာအဆင့်ကို လိုက်မှီတဲ့လူကလက်တစ်ဖက်မပြည့်လောက်ဘူး နှလုံးရည်ကော လက်ရုံးရည်ကောပြည့်ဝပါပေတယ်"

"ဒီလိုသာဆက်ပြီးတိုက်ခိုက်သွားရင် ရန်သူတပ်ကထိပ်သီးသိုင်းသမားတွေ သူရဲကောင်းယီချိုးကို ဝိုင်းပြီးတိုက်ခိုက်ကြလိမ့်မယ် အဲ့ဒီအချိန်ကျရင် ကျုပ်တို့ဝူတန်တောင်က ရန်သူတပ်ရဲ့ဘေးတစ်ဖက်ကနေမသိမသာထိုးဖောက်ဝင်ရောက်ပြီး အနောက်ကအရေးပါအရာရောက်တဲ့သူတွေကိုတိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်လိုက်ရင် တပ်သားသောင်းချီနေလဲ စိတ်ကစဉ့်ကလျားဖြစ်သွားကြမှာပဲ"

"အဲ့ဒီအချိန်က အင်အားအလုံးအရင်းနဲ့တန်ပြန်တိုက်စစ်ဆင်ဖို့အခွင့်ကောင်းတစ်ခုပဲ ပြီးတော့ အော်မေ့ ဂိုဏ်းလည်းမကြာခင်ရောက်လာတော့မယ် ပြီးပြည့်စုံတဲ့အခွင့်အရေးတစ်ခုပဲ"

ချီရှန်းကျောက်လည်းခေါင်းငြိမ့်ကာထောက်ခံလိုက်လေသည်။

"ကျုပ်တို့ဒီလိုပဲဆက်လုပ်ကြတာပေါ့"

တိုက်ပွဲမြေပြင်တွင်...

"ရှီဖုန်း မင်းကအနက်ရောင်သိုင်းသမားတစ်ယောက်ဖြစ်ပါလျှက်နဲ့ဘာကြောင့် ရန်သူဘက်ကကူညီပြီးတိုက်ခိုက်ပေးနေရတာလဲ"

သွေးအရိပ်ဓားပြဘုရင်မှာ သူ့အားတိုက်ခိုက်လာသောရှီဖုန်း​၏ ဘယ်လက်အား အတွင်းအားဖြင့်သပ်ချ၍ခတ်ထန်စွာမေးခွန်းထုတ်လိုက်သည်။သို့သော်သူ့ရှေ့မှာရှီဖုန်းမှာကြားရသည်ဟုပင်မထင်ပဲ သွေးအရိပ်ဓားပြဘုရင်အားဆက်လက်တိုက်ခိုက်လေသည်။

သိုင်းကွက်အနည်းငယ်ဖလှယ်ပြီးနောက် ၎င်းတို့နှစ်ယောက်​၏ဘေးပတ်ပတ်လည်တွင်မည်သူတစ်ဦးတစ်ယောက်မှမရှိတော့ပဲ ၎င်းတို့နှစ်ယောက်နှင့်မီတာဆယ်ချီအကွာအဝေးသို့နောက်ဆုတ်သွားကြလေသည်။အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက်​၏တိုက်ခိုက်မှုမှ လွင့်စင်လာသောအတွင်းအားလှိုင်းအနည်းငယ်မျှပင်လျှင်အဆင့်မြင့်သိုင်းသမားများကိုချက်ချင်းဒဏ်ရာအပြင်းအထန်ရစေနိုင်လောက်သည်ထိအင်အားကြီးမားလှ​၏။သို့သော်ရှီဖုန်းမှာလက်တစ်ဖက်ဖြင့်သာ အသည်းအသန်ခုခံတိုက်ခိုက်နေရလေသည်။သွေးအရိပ်ဓားပြဘုရင်မှာ ထိုအချက်ကိုထူးဆန်းသည်ဟုထင်မိသော်လည်းတိုက်ပွဲအတွင်းတွင်စဉ်းချိန်မရှိချေ။ရန်သူကိုမည့်သို့အနိုင်ယူရမည်ကိုသာစဉ်းစားရမည်ဖြစ်သည်။သူ​၏သွေးအရိပ်လက်သည်းသိုင်းမှာလည်းလွန်စွာကြမ်းတမ်းလှလေသည်။

သိုင်းကွက် နှစ်ဆယ်ခန့်ဖလှယ်ပြီးနောက် ရှီဖုန်းရုတ်တရက်အံ့ဩဖွယ်လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်လေသည်။

သူ​၏ရှေ့မှ စွမ်းအားပြည့်ဝသောသွေးအရိပ်ဓားပြဘုရင်​၏ လက်ဝါးချက်သူ့ဆီရောက်လာသည့်အချိန် ရှီဖုန်းထိုလက်ဝါးချက်အားပြန်လည်ခုခံရိုက်ထုတ်ခြင်းမပြုဘဲဘေးသို့ရုတ်တရက်ရှောင်တိမ်းလိုက်လေသည်။ ထို့နောက်လေထုအားတစ်ဆင့်ကန်နှင်းကာ လေပါ်သို့ခုန်လိုက်​၏။ လေပေါ်သို့ခုန်တက်ရင်းနှင့်ပင်ရှီဖုန်း​၏ ဘယ်ခြေထောက်က အဘိုးကြီးသွေးအရိပ်ဓားပြဘုရင်အား ကန်လိုက်သည်။ထိုသွေးအရိပ်ဓားပြဘုရင်မှာ ရုတ်ခြည်းဆိုသလိုအံ့အားသင့်သွားပြီး လက်မောင့်ဖြင့်ကာကွယ်ခုခံလိုက်သည်။

သွေးအရိပ်ဓားပြဘုရင်နှင့်လေပေါ် နှစ်မီတာအမြင့်လောက်ကွာဝေးသွားသောအခါ ရှီဖုန်းရုတ်တရက်သူ​၏ကွယ်ဝှက်ထားသော ဘယ်လက်ကိုရုတ်တရက်ထုတ်ဖော်လာခဲ့သည်။

သွေးအရိပ်ဓားပြဘုရင်မှာအချက်တစ်ခုကိုစဉ်းစားမိသွားပြီးမျက်နှာပျက်သွားခဲ့သည်။

"မဟုတ်ဘူး"

သူအမြန်ဆုံးနောက်ဆုတ်ရန်ပြင်ဆင်ချိန်မရှိတော့ချေ အတက်နိုင်ဆုံးခုခံကာကွယ်မှုရပေတော့မည်။သူ​၏ခန္ဓာကိုယ်တစ်ဝိုက်ကိုအတွင်းအားအကွာအကွယ်ဖြင့်လွမ်းခြုံလိုက်ပြီး ခုခံကာကွယ်လိုက်သည်။

ထိုစဉ်လေပေါ်မှရှီဖုန်းမှာ သူ​၏ဘယ်လက်တီးကို သွေးအရိပ်ဓားပြဘုရင်ထံသို့အားရပါးရထိုးချလိုက်လေသည်။

'အစွန်းရောက်ယင်ကိုးပါးအတွင်းအား'

"ဘန်း...အုန်း"'

ရှီဖုန်းထိုးချလိုက်သောလက်တီးကြောင့်လေထုသည်တုန်ခါသွားပြီး ကြီးမားလှသော အေးခဲအတွင်းအားလှိုင်းလုံးကြီးသည် သွေးအရိပ်ဓားပြဘုရင်ထံထိုးခွင်းသွား​၏။

"အွတ်..ဖူး....."

သွေးအရိပ်ဓားပြဘုရင်မှာမူအတွင်းအားအလွာနှင့်ကာကွယ်ထားသော်လည်း အစွန်းရောက်ယင်ကိုးပါးအတွင်းအားလှိုင်းလုံးကြီးကိုမတားဆီးနိုင်ချေ။သွေးအန်ကာ နောက်သို့ မီတာရာချီရုပ်ပျက်ဆင်းပျက်လွင့်ထွက်သွားလေသည်။လွင့်ထွက်သွားသောလမ်းတစ်လျှောက်တွင်လူပေါင်းများစွာဖြင့်တိုက်မိသော်ငြားအရှိန်မှာအနည်းငယ်မျှသာလျှော့ပြီး ထိုလူများပါလိုက်ပါလွင့်စင်ကုန်လေသည်။မြေကြီးပေါ်သို့ရုပ်ပျက်ဆင်းပျက်ပြုတ်ကျပြီးနောက်သူ​၏ပျက်စီးသွားသောသွေးကြောများကိုပိတ်ဆို့လိုက်ပြီးချက်ချင်းထိုင်ကာအတွင်းအားဟန်ချက်ကိုထိန်းညိလိုက်​၏။

သူ​၏အတွင်းအားသွေးကြောများမှာပြောင်းတိပြောင်းဆန်ဖြစ်သွားပြီ အမြန်မထိန်းညိလျှင်သွေးကြောများကြေမွကျိုးပျက်ကာအတွင်းအားဖောက်ပြန်ပြီးသေဆုံးသွားပေလိမ့်မည်။ သူ​၏အခြေအနေမှာယခု ဒဏ်ရာအပြင်းအထန်ရနေပြီး အဆင့်မြင့်သိုင်းသမားတစ်ယောက်ပင်အလွယ်တစ်ကူသတ်ဖြတ်နိုင်​၏။

ရှီဖုန်း​၏အခြေအနေမှာလည်းထင်သလောက်မကောင်းချေ။သူ​၏မျက်နှာသည်ဖြူဖျော့နေပြီး သွေးတစ်စက်မှမရှိသည့်နှယ်အားနည်းသည့်ပုံဖြစ်နေခဲ့​၏။မည်သို့ပင်ဖြစ်စေရှီဖုန်း​၏အခြေအနေမှာ သွေးအရိပ်ဓားပြဘုရင်ထက်များစွာကောင်းမွန်သေး​၏။ သွေးအရိပ်ဓားပြဘုရင်မှာရှီဖုန်း​၏ရုတ်ခြည်းလှုပ်ရှားမှုကြောင့်စွမ်းအားကုန်ပင်မပြသနိုင်လိုက်ချေ။

ထိုသည်မှာလည်းရှီဖုန်း​၏ဉာဏ်ရည်ထက်မြတ်မှုပင်ဖြစ်သည်။သူမည်မျှအားကောင်းသည်ဆိုပါသော်ငြား သွေးအရိပ်ဓားပြဘုရင်မှာ အဆင့်လွန်ထိပ်သီးပုဂ္ဂိုလ်ဖြစ်နေသည်မှာနှစ်ချီကြာညောင်းနေလေပြီရေရှည်တိုက်ပွဲမှာသူ့အတွက်မည်သို့မှမကောင်းနိုင်ချေ။

ယခုသူထုတ်သုံးလိုက်သည့် သိုင်းပညာမှာလည်း ယင်ကိုးပါးသိုင်းကျမ်း​၏အနှစ်သာရဖြစ်သည့်အစွန်းရောက်ယင်ကိုးပါးဖြစ်လေသည်။ ရာဇဝင်ထဲတွင်အဆင့်လွန်သိုင်းပညာကိုကျော်လွန်ခဲ့သည့် သိုင်းဝိဇ္ဇာတစ်ယောက်ထိုသိုင်းကွက်ဖြင့် တောင်ကြီးတစ်ခုလုံးကို လှုပ်ခါသွားအောင်တိုက်ခိုက်နိုင်ခဲ့သည်ဟုဆိုကြပေသည်။ ထိုသည်မှာ မျိုးဆက်သစ်များအတွက်ဒဏ္ဍာရီတစ်ပုဒ်သာဖြစ်သော်လည်းယခု ယင်ကိုးပါးအတွင်းအား​၏အနှစ်သာရကိုနားလည်သွားသည့် ရှီဖုန်းအတွက်တော့ ထိုဒဏ္ဍာရီများမှာအမှန်အကန်ပင်ဖြစ်လေသည်။

သို့သော်ပြဿနာတစ်ခုမှာ ထိုသိုင်းကွက်အတွက်အတွင်းအားအလွန်အမင်းသုံးဆွဲရခြင်းပင်။ယခုရှီဖုန်း​၏အခြေအနေသည်ထိပ်တန်းသိုင်းသမားတစ်ယောက်ကိုပင်အနိုင်ယူတိုက်ခိုက်နိုင်မည်ဟုယုံကြည်မှုမရှိတော့ချေ။ ရှီဖုန်း​၏မျက်နှာသည်ဖြူဖျော့နေသော်လည်းအေးစက်နေဆဲပင်။

"ခင်ဗျားဆက်တိုက်ချင်သေးလား"

ရှီဖုန်းအေးစက်စက်မေးလိုက်သည်။အဆင့်လွန်သိုင်းသမား​၏အကြားအာရုံဖြစ်သောကြောင့် မီတာရာချီကွာဝေးနေသော်လဲသွေးအရိပ်ဓားပြဘုရင်မှာရှီဖုန်း​၏စကားသံကိုကြားနေရဆဲပင်။ ထိုအဖိုးကြီးမှာရုတ်တရက်မျက်လုံးဖွင့်ထရပ်လိုက်ပြီးယိုင်တိယိုင်တိုင်ဖြင့်ဒေါသပါသောလေသံယူကာပြောလိုက်သည်။

"ရှီဖုန်းမင်းနဲ့နောက်တစ်ခါထပ်တွေ့ရင် ငါတို့နှစ်ယောက်ထဲကတစ်ယောက်ပဲအသက်ရှင်လိမ့်မယ်မှတ်ထားပါ...ဖူး"

စကားအများကြီးအော်ပြောလိုက်ရသောကြောင့်အတွင်းဒဏ်ရာထပ်ပွင့်လာပြီးသွေးတစ်လုပ်အန်လိုက်ရသည်။ထို့နောက်သူ​၏ပါးစပ်အားအင်္ကျီစဖြင့်သုတ်လိုက်ပြီးနောက်သို့ လှည့်ကာ စစ်မြေပြင်မှတရွေ့ရွေ့ထွက်သွားလေတော့သည်။ ယှဉ်ပြိုင်မှုမှာတစ်

ဖက်သက်ဆန်သွားလေသည် သွေးအရိပ်ဓားပြဘုရင်မှာစွမ်းရည်စစ်စွမ်းရည်မှန်ကိုပင်သုံးခွင့်မရလိုက်ချေ။

.......................

ပြီး...

All Chapters