← Chapters

အဖေလည်းရိုက် သားလဲရိုက်

Vol. 6 Ch. 63

အဖေလည်းရိုက် သားလဲရိုက်

Vol. 6 Ch. 63

ရှီဖုန်းမှာ ခွန်အားကုန်ခမ်း၍အားနည်းနေသောအချိန် ချိုးယီမှာတော့ သိုးအုပ်ထဲမှဝံပုလွေတစ်ကောင်အလား မရပ်မနားသတ်ဖြတ်နေလေသည်။

"ကျုပ်တို့ဘာဆက်လုပ်ကြမလဲ"

စစ်မြေပြင်နှင့် မီတာ လေးရာကွာဝေးသောတောနက်ကြီးထဲမှလူငါးယောက်ဆွေးနွေးတိုင်ပင်နေကြလေသည်။ထိုငါးယောက်ထဲမှတစ်ယောက်မှာ တိမ်ကြားဓားပြအဖွဲ့​၏ခေါင်းဆောင် စွန်းဖူ ဖြစ်လေသည်။ သွေးအရိပ်ဓားပြဘုရင်မှာ တိမ်ကြားဓားပြအဖွဲ့အစည်း​၏ ဒုခေါင်းဆောင်ဖြစ်သည်။ 

ကျန်လေးယောက်မှာ ထိပ်တန်းသိုင်းသမားများဖြစ်ပြီး နှစ်ယောက်မှာ တိမ်ကြားဓားပြအဖွဲ့အစည်း​၏အဆင့်မြင့်ဆုံးထိပ်တန်းသိုင်းသမားအကြီးအကဲနှစ်ယောက်ဖြစ်သည်။ကျန်နှစ်ယောက်မှာဈေးကြီးသော ငှက်မွေးပွဝတ်ရုံကိုဝတ်ဆင်ထားသောပညာရှင်ဆန်ဆန်လူလတ်ပိုင်းနှစ်ဦးဖြစ်လေသည်။

ထိုနှစ်ယောက်​၏နာမည်မှာ ခွိုက်ရှန်း နှင့် ခွိုက်ဝူ ဖြစ်​၏။ မှန်ပေ​၏ သူတို့နှစ်ဦးမှာညီအကိုနှစ်ယောက်ဖြစ်လေသည်။ 

ခွိုက်ဝူက အမွေးမရှိသောသူ​၏ မေးစေ့ကိုပွတ်သပ်လိုက်ပြီး

"ဒီလိုလုပ် ယီချိုးကို နဲနဲစောင့်ကြည့်ရအောင် သူ့မှာ အားအင်ကုန်ခမ်းတဲ့လက္ခဏာပြတာနဲ့ ဘယ်ဘက်ကိုစောင့်ကြပ်နေတဲ့ထိပ်တန်းသိုင်းသမားရှစ်ယောက်ထဲက ငါးယောက်ကိုစေလွတ်ပြီး တိုက်ခိုက်ရအောင် အဲ့ငါးယောက်နေရာမှာ အဆင့်မြင့်သိုင်းသမား ငါးယောက်ကိုပြန်အစားထိုးလိုက်ရင် အားနဲနေတယ်လို့လဲဆိုလို့မရတော့သလိုရန်သူခိုးဝင်လာရင်လဲ အချက်ပြမီးပန်းဖောက်ခိုင်းလိုက်လို့ရတယ်"

"အဆိုးဆုံးအခြေအနေမှာကျုပ်တို့ကိုယ်တိုင်ဝင်တိုက်ခိုက်လိုက်ရင်ရနေပြီပဲ ဘယ်လိုထင်လဲကျုပ်အကြံကို"

စွန်းဖူစစ်မြေပြင်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းလှည့်ကာပြောလိုက်သည်။

"ကောင်းပြီလေ ဒီလိုပဲလုပ်ကြတာပေါ့"

"ဟမ်.."

"ဘာဖြစ်တာလဲ"

စွန်းဖူး​၏အံ့ဩသံကြားသည့် ကျန်လေးယောက်စွန်းဖူကိုကြည့်၍မေးလိုက်သည်။

စွန်းဖူး ဘေးတစ်ဖက်သို့လက်ညိုးထိုးပြလိုက်သည်

"ဘယ်သူလဲ အဘိုးကြီးလီကျန်းလား"

"ဘယ်လိုဖြစ်သွားတာလဲ တစ်ကိုယ်လုံးစုတ်ပြတ်သတ်လို့"

တစ်ရွှေ့ရွှေ့နှင့်ချဉ်းကပ်လာနေသောသူမှာအခြားလူမဟုတ်ပေ သွေးအရိပ်ဓားပြဘုရင်တစ်ဖြစ်လည်းနာမည်ဆိုးဖြင့်ကျော်ကြားလှသည့် အဘိုးကြီးလီကျန်းဖြစ်လေသည်။

တိမ်ကြားဓားပြအဖွဲ့အစည်းမှအကြီးအကဲနှစ်ယောက်အမြန်သွားကူပေးလိုက်ပြီး စွန်းဖူးတို့နားခေါ်လာကာ ထိုင်ခုံဖြင့်နေရာတကျချပေးလိုက်သည်။

အဘိုးကြီးလီကျန်းချက်ချင်းသွေးကြောဆုံမှတ်နှစ်ခုကိုဖိ၍ အတွင်းအားဖြင့် ဒဏ်ရာအကုသလိုက်ပြီးခန္ဓာကိုယ်အားနေရာတကျပြန်လည်တည်ဆောက်လိုက်သည်။

ခွိုက်ရှန်းနှင့် ခွိုက်ဝူမှာမေးရန်အလျင်လိုနေသော်လည်း လီကျန်း​၏ဒဏ်ရာမှာမပေါ့ဆသင့်မှန်းသိလေသည်။ သူတို့နားမလည်ခြေ သိုင်းလောကတွင် ပြိုင်စံရှားဆယ်ယောက်မှလွဲ မည်သူမှသူ့ကိုယခုအခြေအနေထိရောက်အောင်မတိုက်ခိုက်နိုင်ချေ။ဖြစ်နိုင်ချေမှာပြိုင်စံရှားသိုင်းသမားတစ်ယောက်ကများတိုက်ပွဲထဲဝင်ပါလာသည်ဖြစ်နိုင်မည်လား။

ပြိုင်စံရှားသိုင်းသမားတစ်ယောက်​၏အင်အားသည် စစ်သားထောင်ချီနှင့်ညီမျှလေသည် စစ်ပွဲအပေါ်သိသာသည့်သက်ရောက်မှုကိုပေးနိုင်သည်။ပြိုင်စံရှားသိုင်းသခင်တစ်ယောက်သာတိုက်ပွဲထဲဝင်ပါလာမည်ဆိုပါကသူတို့အားအတော်ခေါင်းကိုက်စေလိမ့်မည်။

အချိန်အနည်းငယ်ကြာပြီးနောက်...

လီကျန်းမျက်လုံးဖွင့်လာသည့်အချိန် လူငါးယောက်သူ့အားထူးဆန်းသည့်သတ္တဝါတစ်ကောင်အလားဝိုင်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။ အဘိုးကြီးလီကျန်​၏မျက်နှာချက်ချင်းမဲမှောင်သွားပြီးအော်ဟစ်ကြိမ်ဆဲလိုက်လေသည်။

"ဘာလုပ်တာလဲခင်ဗျားတို့ ရူးနေကြတာလား"

"အဟမ်း.."

စွန်းဖူ ခပ်တည်တည်ဖြင့်ချောင်းတစ်ချက်ဟန့်လိုက်ပြီး.

"ဘယ်လိုဖြစ်တာလဲ လီကျန်းဒီလောက်အခြေအနေဆိုးအောင်ဘယ်သူကရိုက်လိုက်တာတုန်း"

"ခင်ဗျားအခြေအနေကြီးနဲ့ ဒီလောက်အခြေအနေဆိုးအောင်တိုက်ခိုက်ခံရတာ ဒါနှစ်ကြိမ်မြောက်ပဲ"

ခွိုက်ရှန်းနှင့် ခွိုက်ဝူကလဲတစ်ယောက်နှင့်တစ်ယောက်ကြည့်ခါ ခေါင်းအထပ်ထပ်ငြိမ့်၍..

"ဆိုစမ်းပါအုံး အဘိုးကြီးလီ"

အဖိုးကြီးလီကျန်း သက်ပျင်းတစ်ချက်ချလိုက်ပြီး

"အဲ့ဒီလျှပ်တပြတ်လေမိစ္ဆာရှီဖုန်းကြောင့်ပဲ ကျုပ်ဒီလိုအခြေအနေဖြစ်သွားတာ ကျုပ်ဖြင့် သွေးလက်သည်းသိုင်းကွက်ရဲ့အစစ်အမှန်စွမ်းအားတောင်မထုတ်သုံးရသေးဘူး ယင်ကိုးပါးသိုင်းကြမ်းရဲ့နောက်ဆုံးအကွက်နဲ့ကျုပ်ကိုတိုက်ခိုက်လိုက်တာ မသေတာပဲကံကောင်း"

"ဒါ..ဒါက"

စွန်းဖူတစ်ခုခုပြောရန်ပြင်လိုက်သော်လည်းတစ်ခုခုအားတွေးမိလိုက်ပြီး အဘိုးကြီးလီကျန်းအားထူးဆန်းသည့်သတ္တဝါတစ်ကောင်အလားကြည့်လိုက်လေသည်။ ကျန်လေးယောက်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ လီကျန်းအားသတ္တဝါဆန်းတစ်ကောင်လိုကြည့်လိုက်ကြသည်။

အဘိုးကြီး လီကျန်းမှာအဘယ်ကြောင့်ထိုသို့ကြည့်နေမှန်းနားမလည်သေးချေ။

"ခင်ဗျားတို့ဘာဖြစ်နေကြတာဘာလို့ကျုပ်ကိုအဲ့လိုလာကြည့်နေကြတာလဲ"

လီဖူမျက်လုံးပြူးသွားပြီးအံ့ဩနေသည့်လေသံဖြင့်ပြောလိုက်သည်။

"အဲ့ဒီ ရှီမျိုးရိုးသားအဖနှစ်ယောက်လုံးကခင်ဗျားကို ဒီလိုအခြေအနေဖြစ်အောင် ချသွားတာလေ အဲ့တာခင်ဗျားမသိဘူးလား"

ခွိုက်ဝူ ထူးဆန်းစွာပြောလိုက်သည်

"အဖေရိုက်တာလဲခံရ သားရိုက်တာလဲခံရနဲ့ အဘိုးကြီးလီ ခင်ဗျားဟာကမဟုတ်သေးပါဘူး"

အားလုံး​၏စကားကြောင့်အဘိုးကြီးလီကျန်းမှာ စကားပင်မပြောနိုင်ပဲ အံ့ဩလွန်း၍မိန်းမောသွားလေသည်။အချိန်အနည်းငယ်အကြာ သတိပြန်ဝင်လာပြီး ဒေါသသကြီးဖြင့်စားပွဲခုံအားနှစ်ခြမ်းကွဲအောင်ထိုးခွဲလိုက်လေသည်။

"ဘန်း"

"ဘာကွ"

........................

ပြီး...

All Chapters